Poe Wah - ပိုးဝါ

Poe Wah - ပိုးဝါ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Poe Wah - ပိုးဝါ, Food stall, Myanmar imperial University, Yangon.

မင်္ဂလာပါ❤️ပိုးဝါတို့ရဲ့နေ့လေးရောက်လာပါပြီရှင့် 🥳ဒီနေ့ မှာတော့ ပိုးဝါ ရဲ့ members တွေက MIU students တွေ ကို သန့်ရှင်း  လ...
11/03/2023

မင်္ဂလာပါ❤️
ပိုးဝါတို့ရဲ့နေ့လေးရောက်လာပါပြီရှင့် 🥳

ဒီနေ့ မှာတော့ ပိုးဝါ ရဲ့ members တွေက MIU students တွေ ကို သန့်ရှင်း လတ်ဆတ် စွာ ဝတ်ဆင်ပြီးတော့ သုပ်ပေး မှာ ဖြစ်ပါတယ်။

ပိုးဝါ တို့ရဲ့ ရခိုင်မုန့်တီသုပ် ရခိုင်သင်္ဘောသီးသုပ်နဲ့ သာခွေယိုင်တို့ကိုလာရောက် အားပေးလို့ရပါပြီရှင့် ။




#ပိုးဝါ

07/03/2023
မင်္ဂလာပါရှင့် ❤️ပိုးဝါရဲ့ ရခိုင်မုန့်တီသုပ် ၊ သင်္ဘောသီးသုပ် နဲ့ သာခွေယိုင် လေးတွေ ထိမိဂွီဖြစ်ပါရဲ့လားရှင် ။🫣ပြီးတော့ က...
09/02/2023

မင်္ဂလာပါရှင့် ❤️
ပိုးဝါရဲ့ ရခိုင်မုန့်တီသုပ် ၊ သင်္ဘောသီးသုပ် နဲ့ သာခွေယိုင် လေးတွေ ထိမိဂွီဖြစ်ပါရဲ့လားရှင် ။🫣ပြီးတော့ ကြိတ်ကြိတ်တိုးအားပေးကြတဲ့ ချစ်လှစွာသော customer များအတွက် giveaway လေးစီစဉ်ထားတာလေး ရှိပါတယ်ရှင့် ။🥳Giveaway မှာ ပါဝင်မယ့် လက်ဆောင်လေးတွေကတော့ ကျောက်စိမ်းနဲ့ လုပ်တဲ့ မြန်မာရိုးရာ accessories လေးတွေ ဖြစ်ပါတယ်။Giveaway winners များကိုလဲ မကြာခင်ကြေညာပေးသွားမှာဖြစ်ပါတယ်ရှင့် ။❤️



#ပိုးဝါ

ညီမလေးရဲ့ အပြုံးပိုချိုတယ်ထင်တဲ့ ကိုကြီးတို့လဲ ပိုးဝါရဲ့ သာခွေယိုင်လေး လာမြည်းစမ်းလို့ရပါပြီ 🥰    #ပိုးဝါ
09/02/2023

ညီမလေးရဲ့ အပြုံးပိုချိုတယ်ထင်တဲ့ ကိုကြီးတို့လဲ ပိုးဝါရဲ့ သာခွေယိုင်လေး လာမြည်းစမ်းလို့ရပါပြီ 🥰



#ပိုးဝါ

မင်္ဂလာပါရှင့် ❤️ပိုးဝါတို့ရဲ့နေ့လေးရောက်လာပါပြီရှင့် 🥳ပိုးဝါ တို့ရဲ့ ရခိုင်မုန့်တီသုပ် ရခိုင်သင်္ဘောသီးသုပ်နဲ့ သာခွေယို...
09/02/2023

မင်္ဂလာပါရှင့် ❤️
ပိုးဝါတို့ရဲ့နေ့လေးရောက်လာပါပြီရှင့် 🥳

ပိုးဝါ တို့ရဲ့ ရခိုင်မုန့်တီသုပ် ရခိုင်သင်္ဘောသီးသုပ်နဲ့ သာခွေယိုင်တို့ကိုလာရောက် အားပေးလို့ရပါပြီရှင့် ။




#ပိုးဝါ

စပ်တာဒေး မှာ စပ်တာလေး စားချင်နေတဲ့သူတွေရှိလား ❓❓အဲတာဆို ကိုကြီးရင်ခွင်ထက်နွေးထွေးစေပြီး တစ်လုတ်တည်းနဲ့ ချွေးထွက်သွားစေတဲ...
04/02/2023

စပ်တာဒေး မှာ စပ်တာလေး စားချင်နေတဲ့သူတွေရှိလား ❓❓
အဲတာဆို ကိုကြီးရင်ခွင်ထက်နွေးထွေးစေပြီး တစ်လုတ်တည်းနဲ့ ချွေးထွက်သွားစေတဲ့ ပိုးဝါရဲ့ ရှူးရှူးရှဲရှဲ ရခိုင်မုန့်တီသုပ် နဲ့ ရခိုင်သင်္ဘောသီး သုပ်လေး တွေကိုသတိရလိုက်ပါနော် ❤️

See U guys on Thursday🥰



#ပိုးဝါ

See U guys on Thursday🥰    #ပိုးဝါ
03/02/2023

See U guys on Thursday🥰




#ပိုးဝါ

ဟယ်လို ဟယ်လို ဟယ်လို 🙋‍♂️🙋‍♀️📣ပိုးဝါရဲ့နောက်ဆုံး menu လေးကိုတော့ အားလုံးပဲစောင့်မျှော်နေမယ်လို့ထင်ပါတယ် အဲ့တာလေးကတော့…သာ...
01/02/2023

ဟယ်လို ဟယ်လို ဟယ်လို 🙋‍♂️🙋‍♀️📣
ပိုးဝါရဲ့နောက်ဆုံး menu လေးကိုတော့ အားလုံးပဲစောင့်မျှော်နေမယ်လို့ထင်ပါတယ် အဲ့တာလေးကတော့…
သာခွေယိုင် ပဲဖြစ်ပါတယ် 😍

ရှေ့ကမိတ်ဆက်ခဲ့တဲ့ ပူပူစပ်စပ် မုန့်တီသုပ်/သင်္ဘောသီးသုပ်တို့ စားပြီးရင် ချိုချိုစိမ့်စိမ့် အချိုပွဲလေးတစ်ခုအနေနဲ့ သာခွေယိုင် လေးကို အားဖြည့်လိုက်မယ်ဆိုရင် ပူတာစပ်တာကို လုံးဝပျောက်သွားစေမယ်လို့ယုံကြည်ပါတယ်နော်…
ဒီသာခွေယိုင်ကလဲ ပိုးဝါရဲ့ မင်မင်ချောချောလေးတွေကိုယ်တိုင်ပြုလုပ်မှာဖြစ်တဲ့အတွက် ပျော်စရာလေးတစ်ခုအနေနဲ့ သာခွေယိုင် ကိုပြုလုပ်တဲ့နေရာမှာ ဘယ်လိုပစ္စည်းလေးတွေပါမလဲဆိုတာကို comment မှာခန့်မှန်းပြီးဖြေပေးခဲ့ကြပါဦးနော်🫶🏻




#ပိုးဝါ

ဒီရက်ပိုင်း အစားအသောက်ကလည်းပျက်နေတယ် 😪ပူပူစပ်စပ်ချဉ်ချဉ်ငံငံလေးတစ်ခုစားချင်လိုက်တာဆိုပြီး ပူဆာတဲ့သူများရှိခဲ့ရင်….🌝ပိုးဝ...
31/01/2023

ဒီရက်ပိုင်း အစားအသောက်ကလည်းပျက်နေတယ် 😪
ပူပူစပ်စပ်ချဉ်ချဉ်ငံငံလေးတစ်ခုစားချင်လိုက်တာဆိုပြီး ပူဆာတဲ့သူများရှိခဲ့ရင်….🌝

ပိုးဝါ campaign လေးမှာ ရောင်းပေးမယ့် ရခိုင်သင်္ဘောသီးသုပ်/ ပဒကာသီးသုပ် (ဒေသအခေါ်အဝေါ်) လေးက ဖေဖော်ဝါရီလ ၉ ရက်နေ့ မှာ ရှိနေပါမယ်ရှင့် 🔥🥰
ပိုးဝါ ရဲ့ ဒုတိယ menu လေးဖြစ်တဲ့ ရခိုင်သင်္ဘောသီးသုပ်ဟာ ဆိုရင်ဖြင့် လတ်လတ်ဆတ်ဆတ်နဲ့ ကြွပ်ကြွပ်ရွရွလေးဖြစ်နေအောင် သင်္ဘောသီးတစ်ခုချင်းစီတိုင်း ကို အရသာဝင်အောင်သေချာ အတုံးလေးတုံးထားတဲ့ ရခိုင်လက်ရာ သင်္ဘောသီးသုပ်လေး ဖြစ်ပါတယ်။

ရခိုင်သင်္ဘောသီးသုပ်/ပဒကာသီးသုပ် လေးကိုလည်း မင်မင် ချောချောလေးတွေက အကောင်းဆုံးပြုလုပ်ရောင်းချပေးသွားမှာမို့လို့ လာရောက်အားပေးသုံးဆောင်ကြဖို့ ဒီကနေပြီးတော့ဖိတ်ခေါ်ပါရစေရှင့် 🙏

ရခိုင်ရိုးမ တောင်တန်းကြီး ကို ကျော်စရာမလိုဘဲ ရခိုင်စာ စစ်စစ် စားရမယ့် အခွင့်အရေးကို လက်လွှတ် မခံဖို့ ချစ်ရတဲ့ imperians များကို ပိုးဝါ တို့က တိုက်တွန်းလိုက်ရပါတယ်ရှင့် 😘




#ပိုးဝါ

မင်္ဂလာပါရှင့်ပိုးဝါ ရဲ့ menu တစ်ခုချင်းစီနဲ့ မိတ်ဆက်ပေးပါရစေရှင့်🤍ပထမ menu လေးကတော့….🌝ရခိုင်မုန့်တီသုပ်….🔥🔥🔥ရခိုင်မုန့်...
30/01/2023

မင်္ဂလာပါရှင့်

ပိုးဝါ ရဲ့ menu တစ်ခုချင်းစီနဲ့ မိတ်ဆက်ပေးပါရစေရှင့်🤍

ပထမ menu လေးကတော့….🌝

ရခိုင်မုန့်တီသုပ်….🔥🔥🔥

ရခိုင်မုန့်တီဟာ နန်းတွင်းအစားအစာဖြစ်တယ်။
ရခိုင်တွေရဲ့နာမည်ကျော်အစားအစာတစ်ခု စားဖူးကြတဲ့ ဘယ်လူမျိုးမဆို မကြိုက်နှစ်ကြဘူးလို့ ပြောမယ်မထင်ရအောင် အရသာတမျိုးနဲ့ထူးခြားတယ်။

ရခိုင်မုန့်တီဟာ ​မြောက်ဦးခေတ်က စတင်ဖြစ်ပေါ်လာပြီး နန်းတွင်းရိုးရာအစားအစာအဖြစ် ဘုရင်ကသတ်မှတ်လိုက်တယ်။ ဒုတိယမြောက်ဦးခေတ်ကို အခမ်းနားဆုံးတည်ထောင်ခဲ့တဲ့ဘုရင် မင်းဘာကြီးရဲ့ မိဖုရားစောမင်းလှဟာ မုန့်ပဲသရေစာ လုပ်စားရတာဝါသနာထုံပြီး အခြွေအရံတွေနဲ့ အမြဲတစေလုပ်စားကြပါတယ်တဲ့။ အခြွေအရံတွေထဲ သူ့ရဲ့ငယ်သူချင်းတွေလည်းအများကြီးဆိုတော့ ရှောက်သီးသုတ်စားတာတို့ ပဒါကာသီးသုတ်(သင်္ဘောသီးသုပ်)တို့ ထုံးမုန့်လုပ်စားတာတို့ မုန့်လုံးချိုလုပ်စားတာတို့အမြဲလုပ်စားကြပါတယ်တဲ့။ တစ်နေ့ မှာတော့ မုန့်စားနေတုန်း တထွာလောက်ရှိတဲ့ ဆံပင်တပင်ဟာမိဖုရားစားနေတဲ့အထဲပါလာတော့
အပြစ်ပေးတဲ့အနေနဲ့ အခြွေအရံတွေကို ဒီဆံပင်လောက်မုန့်မျှင်လုပ်ခဲ့ဆိုပြီးပြောလိုက်တယ်။
အခြွေအရံတွေလည်း နည်းမျိုးစုံနဲ့ကြိုးစားကြတယ်။ အခြွေအရံထဲကတစ်ယောက်ဟာ ဇွဲမလျော့ပဲ အမျိုးမျိုးစမ်းသတ်တော့နောက်ဆုံးမှာမုန့်တီဖြစ်မယ့်အကြံလေးတခုကိုသွားမြင်တယ်။ တီကောင်လေးတစ်ကောင်ဟာ လျှောက်ရောက်သွားနေပြီး အခေါင်းလေးထဲဝင်သွားတာမြင်တော့ အဝတ်စကို အပေါက်လေးဖောက်ပြီး ရွံ့ပျော့ကိုထည့် လက်နဲ့ညှစ်ကျလိုက်တော့ အမျှင်လေးကျလာတယ်။ အရမ်းပျော်သွားပြီး သူငယ်ချင်းတွေကိုခေါ်တယ်။ဆန်ကိုရေစိမ်ထောင်းပြီးရေနဲ့နယ် ပျော့ပြောင်းလာတော့ အပေါက်လေးပါတဲ့ အဝတ်စပေါ်ထည့်ပြီးညှစ်ချတော့ ရှည်မျောမျောအမျှင်လေးတွေရလာတယ်။ ဒီအတိုင်းစားကြည့်တော့ အရသာကမရှိဘူး။ဒါနဲ့ပဲဒီအတိုင်းထားလိုက်ကြတယ်။အ​​ဖေဖြစ်သူဟာနေ့လည်လောက်မှာ ဗိုက်ဆာလာတော့ ထမင်းချမ်းစားတယ်။မဝတာနဲ့ သမီးလုပ်ထားတဲ့ ရှည်မျောမျောမုန့်လေးကိုထည့်စားကြည့်တော့စားကောင်းတာနဲ့စားတာအမေဖြစ်သူပါစားခိုင်းတော့တယ်။ အမေဖြစ်သူလည်း ငါးငရုပ်သီးချက်ထဲထည့်ပြီးစားတော့စပ်လာတော့​တယ်။ စပ်လာတော့ ဟင်းချိုထဲ ထည့်ပြီးစားတယ်။ ပိုပြီးအရသာကောင်းတော့ လင်မယားနှစ်ယောက်စားလိုက်တာ ကုန်သွားတော့တယ်။ သမီးဖြစ်သူကိုပြောပြတော့ ဟင်းချိုနဲ့ငရုပ်သီးချက်ကိုသေချာချက်ပြီးနောက်တစ်နေ့လုပ်စားကြတယ်တဲ့။ မိဖုရားကြီးကိုဆက်သတော့ ထူးခြားတဲ့အရသာတမျိုးကြောင့် အလွန်တရာကြိုက်နှစ်သက်ပြီးဆုငွေတွေအများကြီးပေးတယ်။မိဖုရားကြီးလည်း ဘုရင်ကြီးကိုဆက်သတော့ ဘုရင်ကြီးလည်းစားလိုက်တာ ထိုင်ရာမှမထနိုင်အောင်ဖြစ်သွားတယ်ဆိုပဲ။ ဘုရင်ကြီးဟာ မုန့်ဖြစ်အောင်ပြုလုပ်ခဲ့တဲ့ အခြွေအရံကိုခေါ်ပြီး လုပ်ပုံလုပ်နည်း အကြံတွေကိုမေးမြန်းတော့ အခြွေအရံလည်းအကြောင်းစုံလျှောက်တင်တယ်။ တီကောင်ကိုမြင်လို့ဖြစ်လာခဲ့တဲ့မုန့်ကို (မုန့်တီ) လို့ နာမည်ခေါ်စေပြီး နန်းတွင်းအစားအစာအဖြစ်သတ်မှတ်လိုက်တော့သည်။ ခုဆိုခေတ်တွေပြောင်းလာတာနဲ့အမျှ မုန့်တီမှာ နံနံပင်တွေ ပဲကြော်တွေ ငါးဆုပ် တွေစသည်တွေထည့်ပြီးစားလာတော့ ပိုပြီးအရသာကောင်းလာတာပေါ့လေ။

ဒါကြောင့် မင်မင်တို့ရဲ့ ပိုးဝါ campaign လေးမှာ
ရခိုင်မုန့်တီသုပ် အာပူလျှာပူ စပ်စပ်လေးကိုမှငါးဖယ်ရယ် ပဲကြော်ရယ်နဲ့ဆိုတော့ ရခိုင်လက်ရာ စစ်စစ်လေး စားချင်တယ်ဆိုရင်တော့ ticket လေးတွေဝယ်ပြီးတော့အပြေးလေးလာစားလိုက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော် 🥳




#ပိုးဝါ

Address

Myanmar Imperial University
Yangon

Telephone

+959773136460

Website

Alerts

Be the first to know and let us send you an email when Poe Wah - ပိုးဝါ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Poe Wah - ပိုးဝါ:

Share

Category