EAT- Eat Any Time

Call Directions Contact the business

EAT- Eat Any Time မြန်မာ့အရသာစစ်စစ် အသင့်ချက် ရန်ကုန်မုန့်ဟင်းခါးအနှစ်ထုပ် နှင့် အခြားစားဖွယ်ရာများ

17/09/2026
EAT ရဲ့ မုန့်ဟင်းခါးအနှစ်ကို ကိုယ်ကြိုက်နှစ်သက်ရာပုံစံနဲ့ အဆင်ပြေအောင် အစိုထုပ်နဲ့ အခြောက်ထုပ်ဆိုပြီး ၂ မျိုး ထုတ်လုပ်ပေ...
11/09/2026

EAT ရဲ့ မုန့်ဟင်းခါးအနှစ်ကို ကိုယ်ကြိုက်နှစ်သက်ရာပုံစံနဲ့ အဆင်ပြေအောင် အစိုထုပ်နဲ့ အခြောက်ထုပ်ဆိုပြီး ၂ မျိုး ထုတ်လုပ်ပေးထားပါတယ်။

၁။ EAT မုန့်ဟင်းခါးအနှစ် (အစိုထုပ်)
ပါဝင်ပစ္စည်းများ: ကြက်သွန်ဥ၊ ငှက်ပျောအူ၊ ငါးဖယ်၊ ဘဲဥ စတာတွေအကုန် ပြည့်စုံအောင် ထည့်ပေးထားပါတယ်။
ချက်ပြုတ်ရတာလွယ်ကူပုံ: ရေနွေးအိုးတည်၊ အနှစ်ထုပ်ထည့်ပြီး ဆူလာတာနဲ့ အရသာရှိတဲ့ မုန့်ဟင်းခါးတစ်ခွက်ကို ချက်ချင်း ရရှိနိုင်ပါတယ်။
သိုလှောင်ရန်: အစိုထုပ်ဖြစ်တာကြောင့် ပြင်ပအပူချိန်မှာ လုံးဝ (လုံးဝ) ထားလို့မရဘဲ ရေခဲသေတ္တာ အခဲခန်းထဲမှာသာ ထားရပါမယ်။

၂။ EAT မုန့်ဟင်းခါးအနှစ် (အခြောက်ထုပ်)
ထူးခြားချက်: ကြက်သွန်၊ ငှက်ပျောအူ၊ ငါးဖယ်၊ ဘဲဥ စတဲ့ အပိုပစ္စည်းတွေ မပါဝင်ဘဲ မုန့်ဟင်းခါးအနှစ်ကို သီးသန့်ခြောက်သွေ့အောင် စီမံထားပြီး လေစုတ်အိတ် (Vacuum Pack) နဲ့ သေသေချာချာ ထည့်ပေးထားပါတယ်။
သိုလှောင်ရန်: ပြင်ပအပူချိန်မှာ (၆) လအထိ အထားခံတာကြောင့် နိုင်ငံရပ်ခြားကို ခရီးသွားတဲ့အခါ၊ မိသားစုဆွေမျိုးတွေဆီ ပို့ဆောင်တဲ့အခါ သယ်ယူရတာ အရမ်းအဆင်ပြေပါတယ်။

ဝယ်ယူရရှိနိုင်မည့်နေရာများနှင့် မှာယူရန်လမ်းညွှန်

မုန့်ဟင်းခါးအနှစ်ထုပ်လေးတွေကို ကိုယ်ကြိုက်နှစ်သက်ရာ နေရာတွေကနေ အောက်ပါအတိုင်း အလွယ်တကူ ဝယ်ယူအားပေးနိုင်ပါတယ်နော်—
Makro (စက်ဆန်းနှင့် ခဝဲခြံဆိုင်များ): မုန့်ဟင်းခါးအနှစ် အစိုထုပ်များကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဝယ်ယူချင်သူများအတွက် Makro ဆိုင်ခွဲတွေမှာ ရရှိနိုင်ပါတယ်။

MSME by G3G Application: မုန့်ဟင်းခါးအနှစ် အစိုထုပ်ရော အခြောက်ထုပ်ပါ နှစ်မျိုးလုံးကို App ကနေ တစ်ဆင့် အလွယ်တကူ မှာယူနိုင်ပါတယ်။

EAT Chat Box: မုန့်ဟင်းခါးအနှစ် အခြောက်ထုပ်များကို EAT ရဲ့ ဖေ့ဘွတ်ခ် မက်ဆေ့ချ် (Chat Box) ကနေ တိုက်ရိုက်ဆက်သွယ် မှာယူနိုင်ပါတယ်။

EAT - Eat Any Time ရဲ့ ထုတ်ကုန်လေးတွေကို အစဉ်တစိုက် အားပေးနေကြတဲ့ မိတ်ဆွေတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

နိုင်ငံရပ်ခြားရောက် ရန်ကုန်မုန့်ဟင်းခါးချစ်သူများအတွက် သတင်းကောင်း! 🍜✈️ရန်ကုန်မုန့်ဟင်းခါးကို အရမ်းလွမ်းနေကြပြီလား? EAT ...
26/07/2026

နိုင်ငံရပ်ခြားရောက် ရန်ကုန်မုန့်ဟင်းခါးချစ်သူများအတွက် သတင်းကောင်း! 🍜✈️

ရန်ကုန်မုန့်ဟင်းခါးကို အရမ်းလွမ်းနေကြပြီလား? EAT - Eat Any Time က ထုတ်လုပ်တဲ့ ရန်ကုန်မုန့်ဟင်းခါးအနှစ်ခြောက်ထုပ်လေးတွေဟာဆိုရင်ဖြင့် နိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့ ရန်ကုန်မုန့်ဟင်းခါးချစ်သောလေးတွေအတွက်အထူးထုတ်လုပ်ပေးထားတာပါ။

အခုဆိုရင် EAT ရဲ့ ရန်ကုန်မုန့်ဟင်းခါးအနှစ်ခြောက်ထုပ်လေးတွေကို:

✅ Page Messenger မှလည်းကောင်း

✅ MSME by G3G Application (https://www.facebook.com/share/1BgBZPG5Y4/?mibextid=wwXIfr) မှ လည်းကောင်း လွယ်ကူစွာ မှာယူနိုင်ပါပြီ!

ဒါ့အပြင် ပြည်ရွှေတောင်ဒေသမှ EAT ချစ်သူများအတွက် သတင်းထူး!
TT အထည်တိုက် ရွှေတောင်မြို့မဈေးအထည်ရုံရှေ့ ရွှေတောင်မြို့ ၀၉၇၉၄၁၁၂၃၆၆ မှာလည်း အနှစ်ခြောက်ထုပ်လေးတွေကို ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ 🏬

"မုန့်ဟင်းခါးကစားတာလား... သောက်တာလား?"အဖွဲ့ နှစ်ဖွဲ့ ကွဲသွားပြီဗျို့!အဖွဲ့ (က) - "စားတာပါ"အကြောင်းပြချက် - မုန့်ဖတ်ကို ဝ...
03/07/2026

"မုန့်ဟင်းခါးက

စားတာလား... သောက်တာလား?"

အဖွဲ့ နှစ်ဖွဲ့ ကွဲသွားပြီဗျို့!

အဖွဲ့ (က) - "စားတာပါ"

အကြောင်းပြချက် - မုန့်ဖတ်ကို ဝါးရတယ်၊ ငါးဖယ်ကြော်တွေ၊ ကြက်သွန်ဥတွေ၊ အိုးဘဲဥတွေ၊ အကြော်စုံတွေ၊ ပဲသီးတွေပါတာမို့လို့ ဒါဟာ အစားအစာပဲ။ "သောက်" တယ်လို့ ပြောလို့မရဘူး။

အဖွဲ့ (ခ) - "သောက်တာပါ"

အကြောင်းပြချက် - ဟင်းရည်က အဓိကပဲ။ ဇွန်းနဲ့ မွှေပြီး ဟင်းရည်ကို အရင် "သောက်" တာ။ ဟင်းရည်က ခပ်ကျဲကျဲ အရည်တွေပဲများတာမို့လို့ သောက်တယ်လို့ပဲ ခေါ်ရမယ်။

ကျွန်တော်ကတော့ အလယ်အလတ်သမားပါဗျာ...
မုန့်ဟင်းခါးပွဲကို ကြည့်လိုက်ရင် "စားရတာ" ဆိုတာထက် "ဆွဲလိုက်တာ" လို့ ခေါ်ရင် ပိုမှန်မယ်ထင်တယ်။ 😂

သင်ရော... မုန့်ဟင်းခါးကို စား တာလား၊ သောက် တာလား?
Comment မှာ အကြောင်းပြချက်လေးနဲ့ ပြောခဲ့ပေးဦးဗျာ။ အငြင်းပွားကြရအောင်! 👇

🍜 EAT မှ EAT ဆိုတဲ့ ချစ်ရသူတို့ရေ... ❤️အိမ်မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာရောက်ရောက် ရန်ကုန်မုန့်ဟင်းခါး စစ်စစ်ရဲ့ အရသာကို အလွယ်တ...
24/06/2026

🍜 EAT မှ EAT ဆိုတဲ့ ချစ်ရသူတို့ရေ... ❤️

အိမ်မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာရောက်ရောက် ရန်ကုန်မုန့်ဟင်းခါး စစ်စစ်ရဲ့ အရသာကို အလွယ်တကူ စားသုံးနိုင်ဖို့အတွက် EAT မှ လတ်တလော ထုတ်လုပ်ရောင်းချပေးနေတဲ့ ပစ္စည်းလေးတွေနဲ့ ဈေးနှုန်းတွေကို စုစည်းပြောပြပေးမယ်နော်။ 👇

🌟 EAT ရဲ့ ရန်ကုန်မုန့်ဟင်းခါးအနှစ် Menu နှင့် ဈေးနှုန်းများ 🌟

၁။ ရန်ကုန်မုန့်ဟင်းခါးအနှစ် (အစို) - 500G
💰 ဈေးနှုန်း - ၁၂,၀၀၀ ကျပ်

၂။ ရန်ကုန်မုန့်ဟင်းခါးအနှစ် (အစို) - 300G
💰 ဈေးနှုန်း - ၆,၀၀၀ ကျပ်

၃။ ရန်ကုန်မုန့်ဟင်းခါးအနှစ် (အစို) - 600G (တစ်ခါစား အထုပ်သေး ၅ ထုပ် ပါဝင်ပါတယ်)
💰 ဈေးနှုန်း - ၁၂,၀၀၀ ကျပ် (အိမ်မှာ အလွယ်တကူ ခွဲချက်စားချင်သူများအတွက် ပိုအဆင်ပြေပါတယ် )

၄။ ရန်ကုန်မုန့်ဟင်းခါးအနှစ် (အခြောက်) - 200G
💰 ဈေးနှုန်း -၉,၅၀၀ ကျပ် (ရေခြားမြေခြား သယ်ဆောင်သွားမယ့်သူများအတွက် အထူးသင့်လျော်ပါတယ် ။)

EAT ရဲ့ အရသာရှိလှတဲ့ မုန့်ဟင်းခါးအနှစ်လေးတွေကို မိမိတို့ အဆင်ပြေမယ့် နည်းလမ်းလေးတွေနဲ့ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီရှင်။ 👇

📩 Online မှ တိုက်ရိုက်မှာယူရန်အတွက်

Page Messenger ကနေတစ်ဆင့် မိမိလိုချင်တဲ့ အမျိုးအစား၊ အမည်၊ ဖုန်းနံပါတ်နဲ့ လိပ်စာလေး ပေးပို့ပြီး တိုက်ရိုက်မှာယူနိုင်ပါတယ်။

Viber နံပါတ် +959766445544 ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ်နော်။

📱 Application မှတစ်ဆင့် မှာယူရန်

MSME by G3G Application ကို အသုံးပြုပြီးတော့လည်း အလွယ်တကူ Order တင် ဝယ်ယူရရှိနိုင်ပါတယ်ရှင်။

🛒 Supermarket & Mart ကြီးများတွင် ကိုယ်တိုင်ဝယ်ယူရန်
အောက်ပါ Mart ကြီးတွေရဲ့ စင်ပေါ်မှာလည်း EAT ရဲ့ မုန့်ဟင်းခါးအနှစ်လေးတွေကို အလွယ်တကူ သွားရောက်ဝယ်ယူနိုင်ပါပြီ။

Makro (စက်ဆန်း)

Makro (ခဝဲခြံ)

Infinity Mart

အရသာရှိပြီး သန့်ရှင်းလတ်ဆတ်တဲ့ မုန့်ဟင်းခါးလေးကို မိသားစုနဲ့အတူတူ မြိန်ရေရှက်ရေ သုံးဆောင်ဖို့ အခုပဲ EAT မှာ မှာယူလိုက်တော့နော်... 🍲✨


#ရန်ကုန်မုန့်ဟင်းခါးအနှစ်
#အိမ်ချက်အရသာစစ်စ

18/06/2026

📢 အရေးကြီးကြေညာချက်

EAT - Eat Any Time ကို

❌ "အိ အိအဲနီးတိုင်း(မ်း)" လို့ မဖတ်ပါနဲ့

✅ "အီးအေတီ - Eat Any Time" လို့ ဖတ်ပေးပါ

ဘာလို့လဲဆိုတော့...

ဈေးလာဝယ်တိုင်း အိ ရှိလား အိရှိလားနဲ့ တချို့က Admin ကို မအိ မအိ နဲ့ ခေါ်ကြတာ

Eat Any Time
ဗိုက်ဆာတိုင်း စားစေချင်တာဗျ

"EAT" ဆိုတာ
🍔 Eat
🍕 Any
🍗 Time

အချိန်မရွေး စားလို့ရတဲ့ သဘောပါခင်ဗျာ။

ဒါပေမယ့်...

"အိ အိအဲနီးတိုင်း" လို့ ဖတ်တဲ့ Customer တွေကိုတော့
ပိုချစ်ပါတယ် ❤️

EAT - Eat Any Time နော်
Admin မမအိ မဟုတ်ပါဘူးလို့

Address

သံသုမာလမ်း
Yangon
11011

Telephone

+959766445544

Website

Alerts

Be the first to know and let us send you an email when EAT- Eat Any Time posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EAT- Eat Any Time:

Shortcuts

Share

Category