Blue Sea

Blue Sea ပင်လယ်ဒေသထွက် ငါးပိ၊ ငါးခြောက်၊ ပုဇ?

မျှင်ငပိ  ၃ ထပ်​ထောင်း ​တ​နေ့ ခြင်း ​ခြောက် ​ပြီး​ထောင်းထားတာပါ (ညသိပ်မဟုတ်ပါ) ဂဲ ၊သဲ မပါ၊ ​ဓါတု​ဆေးဝါးလုံးဝမပါပါ​တပိသာ ...
02/11/2025

မျှင်ငပိ
၃ ထပ်​ထောင်း
​တ​နေ့ ခြင်း ​ခြောက် ​ပြီး​ထောင်းထားတာပါ
(ညသိပ်မဟုတ်ပါ)
ဂဲ ၊သဲ မပါ၊ ​ဓါတု​ဆေးဝါးလုံးဝမပါပါ​
တပိသာ ၃​သောင်း
လက်ကား​စျေးသီးသန့် ရှိပါတယ်
ပိသာချိန် ၁၀၀ ​လောက်ရပါမယ်
Ph 09266416592

ဘာတွေစျေးတက်တက် စျေးမတက်ပါဘူးခမျာငါးစုံငပိ /ငံပြာရည်အိုးတက်ရည် မျှင်ငပိ များလက်လီ လက်ကားရနိုင်ပါတယ်
16/08/2025

ဘာတွေစျေးတက်တက်
စျေးမတက်ပါဘူးခမျာ
ငါးစုံငပိ /ငံပြာရည်အိုးတက်ရည်
မျှင်ငပိ များလက်လီ လက်ကားရနိုင်ပါတယ်

 #ငပိ ၊ ငံပြာ ရည် ဆိုတဲ့စကားဟာ မွန်ဘာသာကဆင်းသက်လာတယ်လို့ မြန်မာစာမှာသင်ဖူးပါတယ် #ငါးငပိ #မျှင်ငပိ #ပုဇွန်ငပိ #ပဲငပိအမျို...
04/08/2025

#ငပိ ၊ ငံပြာ ရည် ဆိုတဲ့စကားဟာ မွန်ဘာသာကဆင်းသက်လာတယ်လို့ မြန်မာစာမှာသင်ဖူးပါတယ်
#ငါးငပိ
#မျှင်ငပိ
#ပုဇွန်ငပိ
#ပဲငပိ

အမျိုးမျိုး ရှိတဲ့အနက် ကျနော်ရင်းနှီးတာတော့ မျှင်ငပိပါ
မျှင်ငပိဆိုရင် နေရာတော်တော်များများကရပါတယ် ရခိုင်ကနေ တနသာ်ရီ အထိကမ်းခြေဒေသတော်တော်များများ ရကြပါတယ်
ဘယ်ဒေသကငပိ အကောင်းဆုံးလဲမေးရင် ကိုယ်ဒေသကငပိ ကောင်းတယ် ၊တချို့ကကိုယ်စားဖူးတဲ့ ငပိ ကိုညွှန်းကြပါလိမ့်မယ်
တချို့ကစျေးကြီးတယ် တချို့ကစျေးသက်သာတယ် မျှင်ငပိစျေးကြီးရတဲ့အကြောင်းရင်းက အချိန်တိုင်းမရတာပါ
သီတင်းကျွတ်ရင် ပုံမှန်ရတတ်ပေမယ့် တခါတရံ မိုးကျခါနီးမှရတတ်ပါတယ် မီုးတွင်းကာလလဲတခါတရံမျှင်ရတတ်ပေမယ့် နေရောင်အလုံအလောက်မရတာကြောင့် ငပိကောင်းမရတတ်ပါဘူး
မျှင်ငပိကောင်း ဖို့ဆိုရင် နေ့ချင်းခြောက်တဲ့မျှင်ကို တနေ့ချင်းထောင်း ပြီးရလာတဲ့ငပိက အကောင်းဆုံးပါ ၊
ရာသီဥတုမကောင်းလို့ သို့မဟုတ် ဖမ်းမိတဲ့ အချိန်နောက်ကျလို့ တညသိပ်ထားပြီးမနက်မှငပိထောင်းမယ်ဆိုရင် အနံ့ ၊အရောင်အဆင်း မကောင်း ပါ သုံးမရတဲ့အဆင့်မဟုတ်သော်လဲ
ညသိပ်ငပိဆိုလျင် လူကြိုက်နည်းပါတယ်
မျှင်ကောင်လေးတွေရဲ့အမွှေးတွေက အနီရောင်လေးတွေဖြစ်တာကြောင့်ငပိအရောင်ကလဲ မူလအရောင်ကိုကအနီရောင် အနည်းငယ်ပါနေပါတယ် မျှင်ကောင်လေးတွေရဲ့ မျက်စိတွေပါပါတယ်၊
ရှေးယခင်အချိန်များကတော့ မျှင် တင်းချိန်(ကျနော်တို့ဒေသတွင်တင်းတောင်းနဲ့ချိန်ကြပါတယ်) ရာထောင်ချီရကြပေမယ့် ယ္ခုကာလာများတွင်တော့ တရက်ထဲတင်းတရာ ရဖို့
အတော်ပင်ခက်ခဲနေပါပြီ ၊
ယ္ခင်ကမ်းနီးတွင် ဖမ်းကြသော်လဲယခုအခါကမ်းဝေး စက်တပ် ခေတ်မှီကျော့ပိုက် များနှင့်
ဖမ်းကြသဖြင့် ရှားပါးလာသလား ဘာကြောင့်မှန်းမသိတစစအရ နည်းလာသည်တော့အမှန်ပါ။
မျှင်ငပိဆို ရင် အသစ်အဟောင်း ကွာပါတယ် ကျနော်တို့ ကမ်းခြေဒေသတော်တော်များများကတော့ အသစ်ဆိုရင် ဟောင်းသွားတဲ့ထိ ၆လ တနှစ် အိုးမှာသိပ်ထားပြီးမှစားကြပါတယ် အရသာလေး တယ် ငပိအသစ်က ​ေပါ့တယ်လို့ဆိုကြပါတယ် ၊ ငပိဝယ်မယ်ဆိုရင်လဲ နေ့ခြင်းသွေ့(ခြောက်)လား ညသိပ်ထားလားမေးတတ်ကြပါတယ်၊ တနေ့ခြင်းခြောက်ထားသောမျှင်ကို လက်ထောင်းဆုံတွင် တကြိမ်ထောင်း ပြီး နေပြန်လှန်း နောက်တကြိမ် ထပ်ထောင်းပြီးလျင် ရောင်းတန်းဝင် ၂ထပ်ထောင်းရပါတယ် ၊တပိသာအလုံး လုံးပြီးရောင်းကြပါတယ် ၊ တနှစ်စာ လှောင်ထားသူများက တော့နောက်တထပ်ထောင်းပြီး အိုးများနဲ့ သိပ် ကာလှောင်ကြပါတယ်၊ စပါးဝမ်းစာလှောင်သလို ငပိဝမ်းစာလှောင်ကြတဲ့သဘောဖြစ်ပါတယ်၊
ငပိဟာ မျှင်ကောင်ခြင်းတူရင်တောင် အထားအသို ၊လုပ်ကိုင်သူရဲ့နည်းစနစ် ကွာသွားရင် တောင် အရောင်အဆင်း အနံ့ အရသာ ကွာသွားနိုင် တဲ့ အတွက်ကြောင့်
ဘယ်ငပိအကောင်းဆုံးလဲ မေးရင်ဖြင့်
ကိုယ်ငါးချဥ် အဲယောင်လို့
ကိုယ့် ငပိသာ အကောင်းဆုံးဖြစ်ကြောင်းပါ ခမျာ😆

ရိုးရှင်းသောမနက်စာ😋
29/07/2025

ရိုးရှင်းသောမနက်စာ😋

ငပိရည်ကျို ၁ပိသာ ဗူးသွတ်ပြီး ၈၅၀၀ဗူးမပါ. ၇၀၀၀ငံပြာရည် ၁လီတာ ဗူး ၂ ထောင်( အိုးတက်ရည်)ငံပြာရည် ဗူးသေး ၁၅၀၀ ဓါတုဗေဒ ဆေးဝါးလ...
27/07/2025

ငပိရည်ကျို ၁ပိသာ ဗူးသွတ်ပြီး ၈၅၀၀
ဗူးမပါ. ၇၀၀၀
ငံပြာရည် ၁လီတာ ဗူး ၂ ထောင်( အိုးတက်ရည်)
ငံပြာရည် ဗူးသေး ၁၅၀၀
ဓါတုဗေဒ ဆေးဝါးလုံးဝမပါပါ
ယုံကြည်စိတ်ချစွာစားသုံးနိုင်ပါတယ်

ငပိရေကျို  ငံပြာရည် လက်လီ လက်ကားရပါမယ် ငပိရည်ကျိုတပိသာ လက်လီ ၇ထောင်၁၅ ပိဿာ ပုံးလိုက်အများစျေး ရှိပါတယ်ငံပြာရည်( အိုးတက်ရ...
26/07/2025

ငပိရေကျို ငံပြာရည် လက်လီ လက်ကားရပါမယ်
ငပိရည်ကျိုတပိသာ လက်လီ ၇ထောင်
၁၅ ပိဿာ ပုံးလိုက်အများစျေး ရှိပါတယ်
ငံပြာရည်( အိုးတက်ရည်) ဗူးကြီး ၂ ထောင်
ဗူးသေး၁၅၀၀ ပါ
မျှင် ငပိ ၁ပိသာ ၃သောင်း
ပင်လယ်ငါးခြောက် /ပုဇွန်ခြောက်တွေကတော့ မိုးတွင်းကာလမို့ နားထားပါတယ်
မိုးကုန်မှပြန်တင်ပါမယ်
ကြည့်မြင်တိုင်မြို့နယ် အနီးဆိုအရောက်ပို့ပေးပါမယ်
Phone: 09266416592

စျေးပြန်ရောင်းတော့မယ်😊
03/02/2025

စျေးပြန်ရောင်းတော့မယ်😊

Address

Kyimyindaing Strand Road
Yangon
11101

Website

Alerts

Be the first to know and let us send you an email when Blue Sea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share