Mushsey Organic Mushroom Farm

Mushsey Organic Mushroom Farm Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mushsey Organic Mushroom Farm, Farm, Yangon.

04/05/2023

ကုန်းမြေပေါ်မှာတော့ လိပ်က ယုန်လောက်အပြေးမမြန်ပါဘူး။
ဒါပေမဲ့ ရေထဲမှာတော့ ယုန်ထက် အကူးမြန်ပါတယ်။

*** ကိုယ့်ကိုကိုယ် နေရာအထား မမှားပါနဲ့။

ကျီးကန်းက သိန်းငှက်ကို အတုခိုးပြီး သိုးကို သွားဖမ်းတယ်။
ကိုယ့်လက်သည်းတွေ သိုးအမွှေးမှာ ငြိနေခဲ့လို့ နောက်ဆုံးမှာ သိုးကျောင်းသားလက်ချက် နဲ့ သေပွဲဝင်ခဲ့ရတယ်။

*** ငှက်တိုင်းက သိန်းငှက် မဖြစ်နိုင်ဘူး။ကိုယ့်ကို ကိုယ်သိမှ လှလှပပ ရှင်သန်နိုင်တယ်။

မြင်းက ကုလားအုတ်ကို တွေ့တော့ကုလားအုတ်ရဲ့ နောက်ကျောဖုကို ရုပ်ဆိုးလွန်းလို့ ဆိုပြီး လှောင်ရယ်တယ်။
ကုလားအုတ်က မြင်းကို ဘာမှပြန်မပြောခဲ့ဘူး။ သဲကန္တရမှာ ခရီးအတူသွားတော့ ကုလားအုတ်က သဲကန္တရကို ဖြတ်ကျော်နိုင်တယ်။ မြင်းက သေသွားတယ်။ မြင်းသေကိုတွေ့တော့ ကုလားအုတ်က ရယ်တယ်။

*** တစ်ခြားသူရဲ့ ပြင်ပန်းသဏ္ဌာန်ကို မလှောင်ပြောင်မကဲ့ရဲ့ပါနဲ့။ တစ်နေ့ သင်လည်း အရယ်ခံရတတ်တယ်။

နွေရာသီမှာ ပူပြင်းလွန်းတော့ မြင်းကျားကမြစ်ဘေးမှာ ရေသွားသောက်တယ်။ ရေမြင်း ရေထဲစိမ်နေတာတွေ့တော့ သူတောင်ရေကစားနိုင်သေးတာပဲ ငါလည်း ကစားနိုင်တယ် ဆိုပြီး မြစ်ထဲခုန်ဆင်းတယ်။ သိပ်မကြာပါဘူး ... မိကျောင်းစားတာ သူခံလိုက်ရတယ်။

*** ခွန်အားမရှိရင် မကစားပါနဲ့ ... အရှုံးကိုသင်ခံနိုင်မှာ မဟုတ်လို့ပါ။

လေထဲမှာ သိမ်းငှက် လွတ်လွတ်လပ်လပ် ပျံသန်းနေတာကို တွေ့တော့ ဘဲတစ်ကောင်က အားကျတယ်။ ငါလည်း သူ့လိုလုပ်နိုင်တယ် ဆိုပြီး အမြင့်ပေါ်တက်ခုန်ချတယ်။အတောင်ပံ နှစ်ချက် မခတ်ရသေးခင် အောက်ကျပြီး သေသွားတယ်။

*** ကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှု မလုပ်ထားခင် မှာတော့ ကိုယ်မသိတဲ့အရာ၊ နယ်ပယ်ကိုမျက်ကန်းတောတိုး မစမ်းမိစေနဲ့။

#နိုင်းနိုင်းစနေ

Credit.Photo

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Mushsey Organic Mushroom Farm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mushsey Organic Mushroom Farm:

Share

Category