Sar Kyee Like - စားကြည့်လိုက်

Sar Kyee Like - စားကြည့်လိုက် ဒေသထွက်စားသောက်ကုန်မျိုးစုံ

16/01/2023
GOOᗪ ᗰOᖇᑎIᑎG
15/01/2023

GOOᗪ ᗰOᖇᑎIᑎG


 #စောင်းလျားသီးနှင့်ကျန်းမာရေးအထောက်အပံ့များစောင်းလျားသီး Star Fruit (Carambola)~~~~~~~~~~~~~~~~~~~~~~~~~~~နေလောင်ဒဏ်နှင...
14/01/2023

#စောင်းလျားသီးနှင့်ကျန်းမာရေးအထောက်အပံ့များ

စောင်းလျားသီး Star Fruit (Carambola)
~~~~~~~~~~~~~~~~~~~~~~~~~~~
နေလောင်ဒဏ်နှင့် အရက်နာကျခြင်းတို့အတွက် အိမ်တွင်း ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပြီး ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ ပြည်တည်နာနှင့် လည်ချောင်းနာခြင်းတို့ အတွက်လည်း အသုံးတည့်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါကိုလည်း သက်သာစေပြီး အစာချေစနစ်ကို ကောင်းမွန်စေကာ အစာအိမ်နာခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် လျော့ချပေးခြင်း
-----–----------–---------------
စောင်းလျားသီးမှာ ကယ်လိုရီ ၃၀ ပဲ ပါဝင်ပြီး အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက် ဝိတ်ချချင်သူများအတွက် အကောင်းဆုံးရွေးချယ်မှုပဲဖြစ်ပါတယ်။ Antioxidants နဲ့ Flavonoids များ မြင့်မားစွာပါဝင်ပြီး တစ်နေ့တာအတွက် လိုအပ်တဲ့ ကာဘိုဟိုက်ဒြိုက်ဓာတ်များကိုလည်း စောင်းလျားသီးထံမှ ရရှိနိုင်ပါတယ်။

ဆံကေသာ ထူထဲကျန်းမာလာအောင်ကူညီပေးခြင်း
---–--------------------------------
စောင်းလျားသီးက ဆံကေသာကျန်းမာရေးအတွက် လိုအပ်သော အာဟာရဓာတ်များ ခန္ဓာကိုယ်တစ်လျောက် ကောင်းစွာလှည့်ပတ် စီးဆင်းနိုင်အောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် ဈောင်းလျားသီး စားသုံးပေးခြင်းကြောင့် ဆံပင်ကျွတ်ခြင်းကို ကုသပေးနိုင်ပြီး ဆံကေသာ ထူထဲလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

မျက်စိနာခြင်းအတွက် ကုသပေးခြင်း
-----------------------------------
စောင်းလျားသီးမှာ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ဗီတာမင် B6 တို့ ပါဝင်တဲ့အတွက်ကြောင့် မျက်စိများ နီရဲရောင်ရမ်းပြီး မျက်စိနာခြင်းမှလည်း ကာကွယ်ပေးပါတယ်။

အသားအရေ အလှအပအတွက် အထောက်အကူပြုခြင်း
-----------------------------------
စောင်းလျားသီးက သွေးကို သန့်စင်ပေးပြီး အသားအရေကို Glow စေပါတယ်။ ဝက်ခြံနဲ့ အမဲစက်များကိုလည်း သက်သာစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။ မျက်နှာအဆီပြန်သူများ၊ ဝက်ခြံပေါက်သူများအနေနဲ့ စောင်းလျားသီးကို သဘာဝပေါင်းတင်နည်းအဖြစ် အသုံးပြုကာ မျက်နှာပေါ်မှာ ကပ်ထားနိုင်ပါတယ်။
Source From
👇🏼👇🏼👇🏼
https://myfoodmyanmar.com/amazing-benefits-of-star-fruit/amp/

👋မင်မင်တို့ဆီမှာတော့ သရေစာအနေဖြင့်သုံးဆောင်နိုင်တဲ့ စောင်းလျားသီးယိုအစပ်လေးရှိပါတယ်

ဆက်သွယ်မှာယူလိုပါက
☎️ 09778112068
m.me/sarkyeelike သို့နေ့ညမရွေးဆက်သွယ်နိုင်ပါတယ်ခင်ဗျာ

မနက်စာအစာပြေစားလဲသူပါတာပါပဲ 🥤မင်မင်တို့လို "မုန့်ဟင်းခါး"လေးစားပြီး ရင်ပူတတ်သူတွေအတွက် ဖျော်ရလဲလွယ် သောက်ရတာလဲကောင်းတဲ့ ...
14/01/2023

မနက်စာအစာပြေစားလဲသူပါတာပါပဲ 🥤

မင်မင်တို့လို "မုန့်ဟင်းခါး"လေးစားပြီး ရင်ပူတတ်သူတွေအတွက် ဖျော်ရလဲလွယ် သောက်ရတာလဲကောင်းတဲ့ ရှောက်ဖျော်ရည်လေးတခွက်နဲ့ရွှေရင်အေးလို့ရပါပြီ 🥰

ကောင်းမွန်သာယာအဆင်ပြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်နိုင်ပါစေ 😇
14/01/2023

ကောင်းမွန်သာယာအဆင်ပြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်နိုင်ပါစေ 😇


13/01/2023

ကြက်အရေခွံကြော်လေးနဲ့လိုက်ဖက်နေသော ရှောက်ဖျော်ရည် 🥤

13/01/2023

ယိုများအားလုံး instock ရှိပါတယ်
ရဲရဲကြီးသာမှာလိုက်ပါ😁

Good Morning ☀️
13/01/2023

Good Morning ☀️

12/01/2023

⚠️ အမိုးနီးယားဓာတ်ငွေ့နဲ့ ထိတွေ့မိခြင်း ⚠️

ခုနက အမိုးနီးယား ဓာတ်ငွေ့ယိုစိမ့်တယ်ဆိုတာ တွေ့လိုက်ပါတယ်။ တချို့က ရေစွတ်ပြီး မျက်နှာမှာဖုံးထားဖို့ပြောတာတွေ့မိလို့ပါ။ အန္တရာယ်ရှိပါတယ်။ ရေနဲ့ဆေးတာမဟုတ်ဘဲ အချိန်ကြာကြာထိရင် အဲဒီရေတွေက အက်ဆစ်လိုသဘောမျိုး (အက်ဆစ်တော့မဟုတ် base ပါ) ဖြစ်သွားပြီး သူနဲ့ထိတွေ့တာတွေကို ပိုစားစေနိုင်ပါတယ် (ဓာတုသမားတွေပိုသိမယ်ထင်ပါတယ်)။ အဲဒီလိုလုပ်ရမှာမဟုတ်ပါဘူး။ ရေနဲ့ဆပ်ပြာသုံးပြီးဆေးရမှာပါ။ အမိုးနီးယားတွေနဲ့ ဆက်ပြီးမထိတွေ့နေဖို့က အရေးကြီးပါတယ်။

အမိုးနီးယားက ခန္ဓာကိုယ်ထဲကို သုံးမျိုးနဲ့ ရောက်နိုင်တယ်။ ဓာတ်ငွေ့ကို ရှူသွင်းတာ၊ မျိုချတာနဲ့ အသားနဲ့ ထိတွေ့တာတွေပါ။ အမိုးနီးယားဓာတ်ငွေ့ဟာ အရာဝတ္ထုတွေကို စားတဲ့ဂုဏ်သတ္တိရှိပါတယ်။ ထိတွေ့မှုပုံစံပေါ်မူတည်ပြီး ကျန်းမာရေးဆိုးကျိုးပြင်းထန်မှုကွာပါတယ်။ လေထုကနေတဆင့် အမိုးနီးယားဓာတ်ငွေ့ပမာဏများများနဲ့ ထိတွေ့မိမယ်ဆိုရင် ချက်ခြင်းအနေနဲ့ မျက်စိ၊ နှာခေါင်းနဲ့ လည်ချောင်းတွေပူစပ်ခြင်းတို့ဖြစ်နိုင်ပြီး ပမာဏပြင်းထန်မယ် အချိန်ကြာမယ်ဆိုရင် မျက်စိကန်းတာ၊ အဆုတ်ပျက်စီးတာနဲ့ သေဆုံးတာဖြစ်နိုင်ပါတယ်။ ရှူမိမယ်ဆိုရင် ချောင်းဆိုးတာ၊ နှာခေါင်းနဲ့ လည်ချောင်းယားယံတာတွေဖြစ်နိုင်ပါတယ်။

အမိုးနီးယားဓာတ်ငွေ့နဲ့ ထိတွေ့တဲ့အခါ
- ဖြစ်တဲ့နေရာကနေ မြန်မြန်ဆန်ဆန်ထွက်ခွာရမယ်။ ပြီးသွားပြီပဲဆိုပြီး ဆက်နေလို့မရဘူး။ အနံ့ရှိနေတယ်ဆိုရင် ဓာတ်ငွေ့ရှိနေဦးမယ်ဆိုတဲ့သဘောပဲ။
- ဓာတ်ငွေ့ထိထားတဲ့ အဝတ်အစားတွေကို ချွတ်ပစ်ရမယ်။ အဲဒီအဝတ်အစားတွေကို အလုံပိတ်ထားရမယ်။
- အရေပြားကို ဆပ်ပြာနဲ့ ရေများများသုံးပြီး ဆေးရမယ်။ မျက်လုံးကိုလည်း ရေများများနဲ့ဆေးကြောရမယ်။
- ရေများများသောက်ရမယ်။
- မျက်ကပ်မှန်တပ်ထားတာရှိရင် ချက်ခြင်းချွတ်ပစ်ရမယ်။
- မျက်မှန်တပ်ရင် မျက်မှန်ကို ဆပ်ပြာနဲ့ရေနဲ့ဆေးကြောပြီးမှ ပြန်ဝတ်ရမယ်
- အရေပြားကိုဆေးတဲ့အခါ ဆပ်ပြာမရှိလို့ဆိုပြီး အစွန်းချွတ်ဆေးမသုံးရဘူး။
- အဓိကအချက်ကတော့ အမိုးနီးယားက သူနဲ့ထိတွေ့တာတွေကိုစားတဲ့အတွက်ကြောင့် ထိတွေ့မှုမဖြစ်အောင်၊ ထိတွေ့ပြီးရင် အမိုးနီးယားတွေလုံးဝကုန်သွားအောင် ဆေးကြောပစ်ရမယ်။ ရေနဲ့ဆပ်ပြာများများသုံးပြီးဆေးရမယ်။

Crd
Dr.Thurein Hlaing Win

ချဉ်ချဉ် 🍋စပ်စပ် ဝါးလိုက်ရင်လဲလျှာ 👅 မှာခိုက်တဲ့ရှောက်မျှင်ယိုအစပ်😋  တွေတက်ရင်းအိပ်ချင်ပြေပဲဝါးဝါး #အပျင်းပြေ   ကြည့်ရင်...
12/01/2023

ချဉ်ချဉ် 🍋စပ်စပ် ဝါးလိုက်ရင်လဲလျှာ 👅 မှာခိုက်တဲ့ရှောက်မျှင်ယိုအစပ်😋

တွေတက်ရင်းအိပ်ချင်ပြေပဲဝါးဝါး
#အပျင်းပြေ ကြည့်ရင်းပဲစားစား

ဘယ်လိုအကြောင်းပြချက်နဲ့ပဲစားစား 😋 အဆင်ပြေတဲ့ ရှောက်မျှင်ယို (အစပ်) လေးပါ😁

အိပ် 💤 ချင်နေသူများ သရေကျစေကုန် 😘

#ဈေးနှုန်း ကတော့ 1700Kyat ပါ
ဆက်သွယ်မှာယူချင်ပါက

☎️ 09778112068
m.me/sarkyeelike ကိုဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ

 #ဈေးနှုန်း ၂၅၀၀ ကျပ်ထဲနဲ့ သဘာဝရှောက်ဖျော်ရည်ကို ရေသုံးစရောပြီးအမောဖြေလိုက်ပါသင်ဟာ   ပါတဲ့စက်ရုံထုတ်အအေးတွေထက်သဘာဝဖျော်ရ...
11/01/2023

#ဈေးနှုန်း ၂၅၀၀ ကျပ်ထဲနဲ့ သဘာဝရှောက်ဖျော်ရည်ကို ရေသုံးစရောပြီးအမောဖြေလိုက်ပါ

သင်ဟာ ပါတဲ့စက်ရုံထုတ်အအေးတွေထက်သဘာဝဖျော်ရည်တွေကိုနှစ်သက်သူလား

ချွေးထွက်များပြီးရေဓာတ်ဆုံးရှုံးလို့မူးဝေမောပန်းနေသူမျိုးလား

ဒါဆိုရင်တော့ သဘာဝရှောက်ဖျော်ရည်လေးကသင့်အတွက်လက်တွဲဖော်ကောင်းဖြစ်လာနိုင်ပါတယ်😁

ဆက်သွယ်မှာယူချင်ပါက
Phone ☎️ 09778112068
m.me/sarkyeelike

18/11/2022

မင်မင်တို့ internet အခက်ခဲကြောင့် လေးတွေမတင်ဖြစ်လို့မေ့မသွားပါနဲ့နော်
ဝယ်ယူအားပေးသူအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်🥰

Address

Yangon

Alerts

Be the first to know and let us send you an email when Sar Kyee Like - စားကြည့်လိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sar Kyee Like - စားကြည့်လိုက်:

Shortcuts

Share