Fresh Box Lunch Box Delivery

Fresh Box Lunch Box Delivery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fresh Box Lunch Box Delivery, Food Delivery Service, Yangon.

Fresh Box မှာ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ သန့်ရှင်းပြီး အရသာရှိတဲ့ အိမ်ချက်လက်ရာ အစားအစာလေးတွေကို စိတ်ချယုံကြည်စွာ၊ အဆင်ပြေပြေ စားသုံးနိုင်ဖို့ ဂရုတစိုက် ပြင်ဆင်ပေးပါတယ်။ 💚

Your Daily Fresh Box

🍱 အလုပ်များလို့ နေ့လယ်စာကိုကျော်နေပြီလားအလုပ်တွေများပြီး အချိန်မလောက်တဲ့အခါ နေ့လယ်စာကို အမြန်စားလိုက်တာ၊ မုန့်တစ်ခုနဲ့ပြ...
17/08/2026

🍱 အလုပ်များလို့ နေ့လယ်စာကိုကျော်နေပြီလား

အလုပ်တွေများပြီး အချိန်မလောက်တဲ့အခါ နေ့လယ်စာကို အမြန်စားလိုက်တာ၊ မုန့်တစ်ခုနဲ့ပြီးလိုက်တာ ဒါမှမဟုတ် လုံးဝမစားဘဲကျော်လိုက်တာမျိုး ဖြစ်တတ်ပါသလား။

နေ့လယ်စာက နေ့လယ်ပိုင်းမှာ အားအင်ပြည့်ဝစွာ အလုပ်ဆက်လုပ်နိုင်ဖို့နဲ့ အာရုံစူးစိုက်မှုကောင်းမွန်ဖို့ အရေးကြီးပါတယ်။ အာဟာရပြည့်ဝတဲ့ နေ့လယ်စာတစ်နပ်ဖြစ်ဖို့ အောက်ပါအစားအစာအုပ်စုတွေကို မျှတစွာထည့်သွင်းစားသုံးနိုင်ပါတယ်။

🍚 အားအင်ရရှိစေသောအစားအစာ
ထမင်း၊ အာလူး၊ ပြောင်းဖူးနဲ့ ခေါက်ဆွဲကဲ့သို့သော အစားအစာများကို သင့်တော်တဲ့ပမာဏ စားသုံးပေးပါ။

🥚 အသားဓာတ်ပါသောအစားအစာ
ငါး၊ ကြက်သား၊ ကြက်ဥ၊ တို့ဖူးနဲ့ ပဲအမျိုးမျိုးက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အသားဓာတ်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

🥬 ဟင်းသီးဟင်းရွက်
အစိမ်းရောင်အရွက်များနဲ့ အရောင်စုံဟင်းသီးဟင်းရွက်တွေကို နေ့လယ်စာမှာ ထည့်သွင်းစားသုံးပေးပါ။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ရရှိစေပါတယ်။

🍎 သစ်သီး
အချိုပွဲအဖြစ် သကြားများတဲ့မုန့်တွေအစား ငှက်ပျောသီး၊ ပန်းသီး၊ လိမ္မော်သီး ဒါမှမဟုတ် ရာသီပေါ်သစ်သီးတစ်မျိုးကို ရွေးချယ်နိုင်ပါတယ်။

💧 ရေ
အချိုရည်တွေအစား ရေသန့်ကို လုံလောက်စွာသောက်ပေးပါ။ ကော်ဖီနဲ့ လက်ဖက်ရည်ကိုသာ အားထားမနေဘဲ နေ့လယ်ပိုင်းမှာလည်း ရေသောက်ဖို့ မမေ့ပါနဲ့နော်။
အလုပ်များသူတွေအတွက် လွယ်ကူတဲ့နေ့လယ်စာတစ်နပ်ကတော့—
✅ ထမင်းပမာဏသင့်တင့်စွာ
✅ ငါး၊ ကြက်သား၊ ကြက်ဥ သို့မဟုတ် တို့ဖူးတစ်မျိုး
✅ ဆီနည်းနည်းနဲ့ချက်ထားတဲ့ ဟင်းသီးဟင်းရွက်
✅ ရာသီပေါ်သစ်သီးတစ်မျိုး
✅ ရေသန့်တစ်ဘူး

အလုပ်များနေတယ်ဆိုပေမယ့် ကိုယ့်ကျန်းမာရေးအတွက် နေ့လယ်စာစားချိန်လေးကို သီးသန့်ဖယ်ထားပေးပါ။ စျေးကြီးတဲ့အစားအစာဖြစ်ဖို့ မလိုပါဘူး။ သန့်ရှင်းပြီး အစားအစာအုပ်စုစုံလင်မျှတဖို့က ပိုအရေးကြီးပါတယ်။ 💚

သင့်ရဲ့ပုံမှန်နေ့လယ်စာမှာ ဘယ်လိုအစားအစာတွေ ပါဝင်လဲရှင်။ မှတ်ချက်မှာ မျှဝေပေးခဲ့ပါဦးနော်။

#နေ့လယ်စာ
#အာဟာရပြည့်ဝသောအစားအစာ
#အလုပ်များသူများအတွက်
#ကျန်းမာသောစားသောက်မှု
#အိမ်ချက်လက်ရာ

“မြန်မာနိုင်ငံအတွင်းရရှိနိုင်သော လူအများစားသုံးလေ့ရှိသည့်အစားအစာများ၏ အာဟာရတန်ဖိုးများ " ကို ပုံပါအတိုင်းတွက်ချက်စားသုံး...
15/08/2026

“မြန်မာနိုင်ငံအတွင်းရရှိနိုင်သော လူအများစားသုံးလေ့ရှိသည့်အစားအစာများ၏ အာဟာရတန်ဖိုးများ " ကို ပုံပါအတိုင်းတွက်ချက်စားသုံးနိုင်ပါတယ်ရှင်🤗🤗🤗

crd
ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန

“အစားမှားလို့ ဝမ်းပျက်တာလေးပဲ” ဆိုပြီး ပေါ့ပေါ့လေးမနေသင့်ပါဘူးနော်🚨အစားအသောက်ရွေးချယ်ရာမှာ ဒီအချက်လေးတွေကို အထူး သတိထားပ...
14/08/2026

“အစားမှားလို့ ဝမ်းပျက်တာလေးပဲ” ဆိုပြီး ပေါ့ပေါ့လေးမနေသင့်ပါဘူးနော်

🚨အစားအသောက်ရွေးချယ်ရာမှာ ဒီအချက်လေးတွေကို အထူး သတိထားပေးပါ။

ဘယ်လိုအစားအစာမျိုးကို မစားသင့်ဘူးလဲ🤔

❌ မကျက်တကျက် အသား၊ ငါး၊ ပင်လယ်စာနှင့် ကြက်ဥ
❌ ယင်ကောင်နားပြီး ဖုံးအုပ်မထားသော အစားအစာ
❌ မသန့်ရှင်းသော လမ်းဘေးအစားအစာ
❌ ပိုးသတ်မထားသော နို့နှင့် နို့ထွက်ပစ္စည်း
❌ အနံ့၊ အရောင် သို့မဟုတ် အရသာပြောင်းနေသော အစားအစာ
❌ အပြင်မှာအချိန်ကြာကြာထားသော ဟင်းကျန်၊ ထမင်းကျန်
❌ မသန့်ရှင်းသောရေဖြင့် ပြုလုပ်ထားသည့် ရေခဲနှင့် ဖျော်ရည်
❌ သေချာမဆေးကြောထားသော အသီးအရွက်နှင့် သစ်သီးများ

စားသောက်တဲ့အခါ ဘယ်လိုပြင်ဆင်
စားသောက်သင့်ပါလဲ? 🤗

✅ အစားအစာကို ကျက်အောင်ချက်ပါ
✅ ချက်ပြီးသားနှင့် အသားငါး ဟင်းသီးဟင်းရွက်အစိမ်းကို ခွဲထားပါ
✅ ပူပူနွေးနွေးစားပြီး ကျန်တာကို အချိန်မီအအေးခံသိမ်းပါ
✅ လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ
✅ သန့်ရှင်းစိတ်ချရသောရေကိုသာ သောက်ပါ

🫕 သန့်ရှင်းစွာရွေးချယ်စားသောက်ခြင်းက ကိုယ်တိုင်သာမက မိသားစုဝင်တွေကိုပါ ဝမ်းပျက်ဝမ်းလျှောနဲ့ အစာအဆိပ်သင့်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်ရှင် 🫕


Address

Yangon

Telephone

+95251999963

Website

Alerts

Be the first to know and let us send you an email when Fresh Box Lunch Box Delivery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share