Kyay Zue-ကျေးဇူး

Kyay Zue-ကျေးဇူး Food Service

🔸🔸 #ဟင်္သာတ မုန့်ဟင်းခါး🔸🔸ဟင်္သာတ မုန့်ဟင်းခါး ချက်နည်းတွင် လှို့ဝှက်ချက် နှစ်ခုရှိတယ်။(၁) ကုလားပဲပြုတ်သည့်အခါ ဆီ၊ နနွင်...
06/03/2022

🔸🔸 #ဟင်္သာတ မုန့်ဟင်းခါး🔸🔸

ဟင်္သာတ မုန့်ဟင်းခါး ချက်နည်းတွင် လှို့ဝှက်ချက် နှစ်ခုရှိတယ်။

(၁) ကုလားပဲပြုတ်သည့်အခါ ဆီ၊ နနွင်းမှုန့်၊ ဂျင်း ထောင်းပြီး ထည့်ပါ။ ဆားလုံးဝမထည့်ရ။ ပဲနူးသည့်အခါတွင် ဆားထည့်ပါ။ ပဲနံ့မရတော့ပါ ဆိမ့်သည့်အရသာ ဖြစ်ပါလိမ့်မည်။

(၂) ငါးပြုတ်လျှင် စပါးလင် အရင်းပိုင်းများထောင်းပြီး အိုး၏အောက်မှာထားပြီး ငါးကိုတင်ပါ။ ငံပြာရည်၊ ငရုတ်သီး အပွခြေက် ၃ တောင့်၊ ထန်းလျက်ညို ၂ ခဲထည့်ကာ ပြုတ်ပါ။ ငါးများ နူးလာရင် ဆယ်၍ အအေးခံပါ။ ငါးပြုတ်ရည်ကို စကာနှင့်စစ်ပြီး ပြန်တည်ထားပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းထောင်းကာ ဆီသတ်၊ ငရုတ်သီးအရောင်တင်မှုန့်၊ နနွင်းမှုန့်ထည့်ကာ အနံ့မွေးလာရင်ငါးပြုတ်နွှင်ထားတာ တည့်လိုက်ပါ။ ငါးဆီသတ်ရင် ခြေက်မသွားစေရပါ။ ငါးကြော်လို မဖြစ်စေရ။ အရောင်ညီလာလျှင် ငါးဆီသတ်ထဲသို့ ငါးပြုတ်ရေအနည်းငယ် ထည့်ရမယ်။ငါးမွှေ အိအိလေးဖြစ်ပါစေ။ အဲတာက အဓိက။

ပြီးရင် ငါးဆီသတ်ထားတာကို ငါးပြုတ်ရေအိုးထဲသို့ ထည့်ပေးလိုက်။ ဟင်းရည်ဆူလာရင် ဆန်လှော်မှုန့် ရေကျဲကျဲဖျော်ထည့်ပေးနော်။ ကြက်သွန်နီဥ၊ ငရုတ်ကောင်းမှုန့်ခတ်ပေးပါက အရသာ ရှိလွန်းသော ဟင်္သာတ မုန့်ဟင်းခါးကို မိသားစု ပျော်ရွင်စွာသုံးဆောင်နိုင်ကြပါစေ။

မူရင်းရေးသားသူကို credit ပေးပါတယ်။


ဝက်အူစွပ်ပြုတ်အူ တွေကို အတွင်းပြင် ရေစင်အောင်ဆေးတယ် အူအကြီးထဲကိုအူအသေး တူလေးနဲ့ထိုးပြီးသွင်းပေးတယ်နှစ်ထပ်ပဲ သိပ်မခက်ပါပြ...
06/03/2022

ဝက်အူစွပ်ပြုတ်

အူ တွေကို အတွင်းပြင် ရေစင်အောင်ဆေးတယ် အူအကြီးထဲကိုအူအသေး တူလေးနဲ့ထိုးပြီးသွင်းပေးတယ်
နှစ်ထပ်ပဲ သိပ်မခက်ပါ
ပြီးပြီဆိုရင်အချောင်းလိုက် စပါးလင် ဂျင်း ပဲငံပြာရည် ဆား
ထည့် ၁၅မိနစ်လောက်ပြုတ်ပြီး ရေပြန်ဆေးတယ်
ပြီးမှ ရေသန့်ပြန်ထည့်ပြီး ဆားချိုမှုန့် (ကြက်သားမှုန့်/အချိုမှုန့်အစားထိုးမှုန့် ) ပဲငံပြာရည် ငြုပ်ကောင်းလေးနဲ့နူးအောင်ပြန်ပြုပ်တယ် နူးရင် ရှောက်ရွက် ငြုပ်လှော်မှုန့် သံပရာသီး ငံပြာရည်လေးထည့်စား သိပ်ကောင်း ။

Credit Win Win

ထိုင်းစတိုင်ကျောက်ပွင့်သုပ်နည်း..😍ရေနွေးဆူဆူထဲ ဆားနည်းနည်းထည့်တည်ပါရေဆူလာရင် ၁မိနစ်ခန့်ကျောက်ပွင့်ထည့်ပြုတ်ပြီးပြန်ဆယ်ရေ...
05/03/2022

ထိုင်းစတိုင်ကျောက်ပွင့်သုပ်နည်း..😍

ရေနွေးဆူဆူထဲ ဆားနည်းနည်းထည့်တည်ပါ
ရေဆူလာရင် ၁မိနစ်ခန့်ကျောက်ပွင့်ထည့်ပြုတ်ပြီးပြန်ဆယ်ရေစစ်ပါ ပါးပါးလှီးထားပါ ငရုတ်သီးစိမ်း/အနီကြက်သွန်ဖြူထောင်းထားပါ

ပန်းကန်တစ်ခုထဲသို့ သကြား သံပုရာရည် ငါးငံပြာရည် နှမ်း ထောင်းထားတာများ နဲ့ မြေပဲ ကြက်သွန်စိမ်း ကျောက်ပွင့်ထည့်သုပ်ပါ ကြက်သွန်မြိတ်နံနံပင်စိမ်းကြိုက်ရင်ထည့်ပါ

လေးစားလျှက်..crd
Crd Original Uploader

 #ပုဇွန်စတော်ဘယ်ရီသုပ်ချဉ်ချဉ်စပ်စပ်နှစ်သက်သူများအတွက်အစာပြေစာအဖြစ်သော်၎င်းဟင်းပွဲတခုအဖြစ်သော်၎င်းတည်ခင်းနိုင်မဲ့စတော်ဘယ...
04/03/2022

#ပုဇွန်စတော်ဘယ်ရီသုပ်
ချဉ်ချဉ်စပ်စပ်နှစ်သက်သူများအတွက်အစာပြေစာအဖြစ်သော်၎င်းဟင်းပွဲတခုအဖြစ်သော်၎င်းတည်ခင်းနိုင်မဲ့စတော်ဘယ်ရီအသုပ်လေးဖြစ်ပါတယ်။စားနေကျနဲ့မတူအနံ့အရသာတမူထူးတဲ့ချဉ်ငံစပ်စတော်ဘယ်ရီသုပ်လေးသုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ပုဇွန် - ဆယ်ကောင်
စတော်ဘယ်ရီအကြီး - ၅လုံး
ကြက်သွန်နီ - တစ်လုံး
ပူစီနံ - လက်တစ်ဆုပ်
ငရုပ်သီးစိမ်း - ၅တောင့်
သကြားညို - တစ်ဇွန်း စားပွဲဇွန်း
ငံပြာရည် - ၂ဇွန်း
သံပုရာရည် - ၂ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဦးစွာပုဇွန်ကိုအခွံသင်ကျောခွဲသန့်စင်ကာရေဆေးထားပါ။စတော်ဘယ်ရီကိုလိုသလိုစိတ်ထားပါ။
(၂)ကြက်သွန်နီပါးပါးစိတ်ငရုပ်သီးသေးသေးစိတ်ထားပါ။ပူစီနံချွေထားပါ။
(၃)အိုးသေးသေးတခုဖြင့်ရေဆူတည်ထား ပါ။ရေပွက်ပါကသံပုရာသီးတစိတ်ညစ်ထည့်ပြီးရေဆေးသန့်စင်ထားသောပုဇွန်ထည့်ပြီးသုံးမိနစ်ခန့်ပြုတ်ပြီးဆယ်ယူကာရေခဲရေစိမ်ထားပေးပါ။
(၄)ပန်းကန်တခုတွင်ကြက်သွန်နီစတော်ဘယ်ရီငရုပ်သီးစိမ်းပူစီနံတို့ကိုထည့်ပါ။ရေခဲရေစိမ်ထားသောပုဇွန်ကိုရေစစ်ပြီးထည့်ပါ။
(၅)ငရုပ်သီးစိမ်းငံပြာရည်သံပုရာရည်သကြားတို့ကိုထည့်ပြီးသမအောင်မွေပေးပြီးချဉ်ငံစပ်စတော်ဘယ်ရီပုဇွန်သုပ်ကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။........
Sofia

ပင်လယ်စာချဉ်စပ်ခေါက်ဆွဲစပ်စပ်လေးလုပ်စားမယ်🤤အရည်ကတော့ ငရုတ်သီးစိမ်းထောင်းပီး သံပုရာရည်နဲ့ ငံပြာရည်နဲ့ထည့်ပါတယ်ပီးတော့ မာမ...
02/03/2022

ပင်လယ်စာချဉ်စပ်ခေါက်ဆွဲစပ်စပ်လေးလုပ်စားမယ်🤤
အရည်ကတော့ ငရုတ်သီးစိမ်းထောင်းပီး
သံပုရာရည်နဲ့ ငံပြာရည်နဲ့ထည့်ပါတယ်
ပီးတော့ မာမားပင်လယ်စာချဉ်စပ်ထဲကအမှုန့်လဲထည့်ပါ

မာမားခေါက်ဆွဲပြုတ်ပီးရင် ကိုယ်စားချင်တဲ့အသားတွေ
ပင်လယ်စာတွေ ကိုရီးယားကင် အရွက်တွေပါပြုတ်ပီးထည့်ပင်စိမ်း နံနံပင် ပူစီနံပါထည့်တယ် ထိကရုန်းရွက်ပါထည့်တယ် ကိုယ်တော့ ရှယ်ဘဲ🤤🤤🤤🤤
ရှယ်ဘဲ အပေါ့အငံတော့ မြည်းပေါ့ရှင့်
လုပ်စားကြည့်နော်🤤🤤

Credit pic

ျေးဇူး

ဝက်သားလုံးကြော်နည်းအရမ်းစားလို့ ကောင်းပါတယ်ရှင့်👍👍 ကြော်စားကြည့်ကြနော်😍😍ပါဝင်ပစ္စည်းများ👇ဝက်သား             ၂၅ကျပ်သားဆီ ...
28/02/2022

ဝက်သားလုံးကြော်နည်း
အရမ်းစားလို့ ကောင်းပါတယ်ရှင့်👍👍

ကြော်စားကြည့်ကြနော်😍😍

ပါဝင်ပစ္စည်းများ👇

ဝက်သား ၂၅ကျပ်သား
ဆီ ၁၀သား
ဘဲဥ ၁လုံး
ဂျုံ စားပွဲတင်ဇွန်း ၃ဇွန်း
ကြက်သွန်ဖြူ ၃ဥ
အရက် စားပွဲတင်ဇွန်း ၁ဇွန်း
တရုတ်မဆလာ စားပွဲတင်ဇွန်း ၁ဇွန်း
ဆား ၊ အချိုမှုန့် ၊ ငရုတ်ကောင်း သင့်ရုံ

ပြင်ဆင်ပုံ

ဝက်သားကို ရေဆေးပြီး နုပ်နုပ်စင်းပါ။ ဘဲဥကို ခေါက်ထားပါ။ ဝက်သားကို အရက် ၊ ဆား ၊ ကြက်သွန်ဖြူ ၊ ငရုတ်ကောင်းမှုန့် ၊ ဂျုံမှုန့် ၊ ခေါက်ထားသော ဘဲဥတို့ဖြင့် ရောနယ်ပါ။

ချက်ပြုတ်ပုံ👩‍🍳👩‍🍳

နှစ်သက်ရာ အရွယ်လုံးလေးများ ပြုလုပ်ထားပါ။ ဆီအိုူ တည်ပြီး ဆီကျက်လျှင် ဝက်သားလုံး တို့ကို ထည့်ကြော်ပါ။ တစ်ဖက်စီ လှန်ပေးပါ။ မီးမပြင်းပါစေနှင့် 👈👈

ကျက်လျှင် ဆယ်၍ ဆီစစ်ပြီး ပန်းကန်တွင် ထည့်ပါ။ ပန်းကန်ဘေးမှ နံနံပင် ၊ ကြက်သွန်မြိတ် ၊ သံပရာသီးစိပ် တို့ဖြင့် လှပစွား ပြင်၍ စားသုံးနိုင်ပါပြီရှင်။

အဆင်ပြေကြပါစေရှင်🥰🥰
လေးစားလျှက်..crd.
credit: photo 🙏🙏🙏

ျေးဇူး

ယိုးဒယားကြက်ဥပေါင်းလုပ်နည်း..😋========================ပါဝင်ပစ္စည်းများ၁။ ကြက် ဥ - ၁၀ လုံး၂။ ဆား - လဘက်ရည်ဇွန်း တဝက်၃။ ပဲ...
27/02/2022

ယိုးဒယားကြက်ဥပေါင်းလုပ်နည်း..😋
========================

ပါဝင်ပစ္စည်းများ

၁။ ကြက် ဥ - ၁၀ လုံး
၂။ ဆား - လဘက်ရည်ဇွန်း တဝက်
၃။ ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၁ ဇွန်း
၄။ ငရုတ်ကောင်းမှုန့် - အနည်းငယ်
၅။ ခရုဆီ -လဘက်ရည်ဇွန်း ၁ဇွန်း(မထည့်လည်းရပါတယ်)

ပြုလုပ်ပုံ

၁။ ကြက်ဥများကို အရင်ဆုံးရေဆေးရပါမယ်။

၂။ ပြီးရင် ကြက်ဥရဲ့ ချွန်တဲ့ထိပ်ဘက်ကို အပေါက်သေးသေးဖောက်ပြီး အနှစ်၊ အကာများကိုထုတ်ထားပါ။

၃။ ကြက်ဥအခွံများကို အခွံအစ‌လေးများမကျန်အောင် ရေပြန်ဆေးထားရပါမယ်။

၄။ ထိုအချိန်တွင် ကြက်ဥပေါင်းရန် ရေနွေးအိုးတည်ထားရပါမယ်။

၅။ ကြက်ဥအရည်ထဲ အခွံများကျတတ်သဖြင့် ကြက်ဥရည်ကိုစစ်ထားရပါမယ်။

၆။ ကြက်ဥထဲသို့ ပါဝင်ပစ္စည်းများအားလုံးကိုထည့်ပြီး သမအောင်မွှေပါ။ မွှေပြီးလျှင် ကြက်ဥအမြှုပ်များကိုဖယ်ရှားပါ။

၇။ ထို့နောက် ရေပြန်ဆေးထားသော ကြက်ဥခွံများထဲသို့ ကြက်ဥအရည်များကိုအပြည့်မထည့်ပဲ ၉၀% လောက်ပဲထည့်ပေးရပါမယ်။(အပြည့်ထည့်လျှင် ပေါင်းသည့်အခါ လျှံကျလာတတ်ပါတယ်)

၈။ ထို့နောက်ပေါင်းအိုးထဲထည့်၍ မီးအေးအေးနှင့် အိုးဖုံးအနည်းငယ်ဟပြီး တစ်နာရီခန့်ပေါင်းပေးရပါမယ်။ မီး‌အားများပြီး အိုးဖုံးမဟလျှင် ကြက်ဥများကွဲထွက်တတ်ပါတယ်။ (မင်မင်ကတော့ ပေါင်းအိုးထဲ ကြက်ဥများထောင်ထည့်ရန်အတွက် ကြက်ဥထည့်တဲ့စက္ကူကတ်နဲ့ အသုံးပြုထားပါတယ်)

၉။ တစ်နာရီပြည့်လျှင် ကြက်ဥများ မာ မမာကို သွားကြားထိုးတံလေးနှင့် စမ်းကြည့်လို့ရပါတယ်။ ကြက်ဥများ မာလာပြီဆိုလျှင် ကြက်ဥပေါင်း အတိုင်းဖြစ်စေ၊ ကြော်၍ဖြစ်စေ မိမိကြိုက်နှစ်သက်သလိုစားသုံးနိုင်ပါပြီရှင်...😋🤤

*** ပေါင်းအိုးနဲ့ပေါင်းမယ့်သူများအတွက် ကြက်ဥထည့်တဲ့စက္ကူကဒ်ကိုအိုးနဲ့ဆန့်တဲ့အရွယ်ဖြတ်ထည့်ပြီးပေါင်းလို့ရပါတယ်(ကြက်ဥဆိုင်‌တွေမှာဝယ်လို့ရပါတယ်ရှင်)
ပလတ်စတစ်နဲ့လုပ်တဲ့ကဒ်တွေကျတော့ အပူနဲ့ဆိုအဆင်မပြေမှာစိုးလို့ပါ...
ထမင်းပေါင်းအိုးနဲ့ဆို မီးအချိန်အဆ ပြောင်းလို့မရတဲ့အတွက် ပေါင်းအိုးဖုံးကိုအနည်းငယ်ဟပြီး ပေါင်းပေးပါ၊ အဖုံးပိတ်ပေါင်းလျှင် ကြက်ဥများ‌ ပေါက်ထွက်တတ်ပါတယ်..

credit.original

‌zueကျေးဇူး

မင်္ဂလာပါနော်...ခဏခဏမေးကြပေမယ့် မအားလပ်လို့ မပြောပြဖြစ်တဲ့"ရွှေရိုး"ရဲ့ ရှယ်အရသာပူတင်းလုပ်နည်းလေးပါ..ခုတလော ဖျားနာနေကြတဲ...
26/02/2022

မင်္ဂလာပါနော်...
ခဏခဏမေးကြပေမယ့် မအားလပ်လို့ မပြောပြဖြစ်တဲ့
"ရွှေရိုး"ရဲ့ ရှယ်အရသာပူတင်းလုပ်နည်းလေးပါ..

ခုတလော ဖျားနာနေကြတဲ့သူတွေများလာလို့ မိသားစုတွက် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ပြည့်လုပ်စားနိုင်အောင် ကိုယ်တတ်တာလေးပြောပြမယ်ရှင်...

ခုလုပ်ပြတဲ့အချိုးက မိသားစု 6ယောက်စာပါ....

ပါဝင်ပစ္စည်းတွေကတော့

ကြက်ဥ၉လုံး
နွားနို့ တစ်ပုလင်း
ဆား ဇွန်းဖြားလေးနဲ့အနည်းငယ်
သကြား ထမင်းစားဇွန်း ၆ဇွန်း(အချိုပေါ့ပေါ့ကြိုက်လို့)
နယူးဇီလန်နို့မှုန့် 2ဇွန်း(pep /premier လည်းရ)
ဂျုံမှုန့် 1 ဇွန်း
ဗင်နီလာရနံ့ ၅စက်ခန့်(မပါလည်းရ)
အအီ အဆိမ့်ကြိုက်သူက နို့ဆီ 2ဇွန်း နို့စိမ်း2ဇွန်း
(မခိုင်လေးက မထည့်ထားပါဘူး)

သကြားတူးရေတွက်က သကြား 6ဇွန်း
ရေ 10ဇွန်းပါ....

ပထမဦးစွာ နွားနို့ဆူအောင်လောက်သာတည်ပါ
ပြထားတဲ့ပစ္စည်းတွေကို ကြေညက်အောင် ရောခလောက်ပါ...(ကြိတ်စက်နဲ့လည်းရ)
နွားနို့နွေးနွေးကို ခလောက်ထားတဲ့အရောထဲ
လောင်းထည့်ပြီးသမလောင်မွှေပေးပါ...
ပြီးရင် မုန့်သားညက်ညောစေဖို​့ စကာလေးနဲ့စစ်ချပေးပါ...

သကြားကိုဒယ်အိုးထဲအရင်ထည့်
အရည်ပျော်ကျပြီး ကိုယ်လိုချင်တဲ့ကာလာရရင်
ရေထည့်ပြီး ပြစ်လာတဲ့ထိပြန်ကြို...
ပီးရင်နှစ်သက်ရာခွက်ထဲ သကြားတူးရည်လေး ထည့်..
(လက်မြန်ဖို့တော့လိုပါတယ် ..သကြားတူးရေက ခဲမြန်လို့)

ရေကိုအရင်ဆူအောင်လုပ်ပြီးမှ
နာရီဝက်ပေါင်းပေးပါ...
(ပေါင်းအိုးအဖုံးကို အဝတ်လေးပတ်ထားပေးပါ
ရေစက်ပြန်ကျရင် မုန့်မလှလို့ပါ)

နာရီဝက်ပြည့်လို့...အပြင်မာခဏထား...ပီးရင်
frz ထဲ အအေးဓာတ်လေးပေးလိုက်ရင်
ထိမိဂွိတဲ့ ရှယ်ပူတင်းလေးရပီပေါ့.....

ကဲ....မိတ်ဆွေလည်း ချစ်ရတဲ့ မိဘ...ဖိုးဘွား...သားသား...မီးမီး....တို့ကိုလုပ်ကျွေးကြည့်နော်.....😘

Credit to ရွှေရိုး...ရဲ့... မန်းနေးဂျင်းဒါရိုက်တာ....K.K.T😁

ျေးဇူး

ပုဇွန်ငပိချက်ချက်နည်း...ကြက်သွန်ဖြု ပုဇွန်ခြောက်ကို နူတ်နူတ်စင်းပီးဆီသတ်မယ်..အရောင်ရဲလာရင် ငုတ်သီးအစပ်ခြောက်မူန့်ရယ် ကြက...
25/02/2022

ပုဇွန်ငပိချက်

ချက်နည်း...
ကြက်သွန်ဖြု ပုဇွန်ခြောက်ကို နူတ်နူတ်စင်းပီးဆီသတ်မယ်..အရောင်ရဲလာရင် ငုတ်သီးအစပ်ခြောက်မူန့်ရယ် ကြက်သွန်နီရယ်ထဲပီးမွေပါမယ်...ပီးရင်တော့ ခရမ်းချဉ်သီးထဲ့ပီးလုံးရေခြာက်ပီဆိုရင် ...ငပိသဲစစ်ထားတာထဲ့... မန်ကျည်းရေထဲ့....အဖုံးအုပ်ပီးဆူလာတဲ့ထိတည်ထားမယ်...ရေခမ်းဆီပြန်လာရင်...အရသာမူန့် ငါးငံပြာရည်ထည်းပီးမွေ ပုဇွန်ထဲ့ပါမယ်.... နီလာအောင်အိုးကပ်ဆီပြန်ထဲထိမီးအေးအေးလေးနဲ့ တည်ပီးရင်တော့ နှစ်သက်ရာတို့မြုပ်နဲ့ အားရပါးရစားလို့ရပါပီဆင့်...

လေးစားလျှက်.. crd.

Credit Thiri san

ျေးဇူး

အာလူးကပ်သလိတ်ကြော်​ပြုလုပ်နည်းအပြင်းပြေဖြစ်ဖြစ် အစာပြေဖြစ်ဖြစ် လုပ်စားလို့ရပီ🤤တစ်ပုံချင်းစီမှာ လုပ်နည်းလေးတွေ ပါတယ် ။Cre...
24/02/2022

အာလူးကပ်သလိတ်ကြော်​ပြုလုပ်နည်း
အပြင်းပြေဖြစ်ဖြစ် အစာပြေဖြစ်ဖြစ် လုပ်စားလို့ရပီ🤤
တစ်ပုံချင်းစီမှာ လုပ်နည်းလေးတွေ ပါတယ် ။

Credit မူရင်း

ျေးဇူး

မကြာခင်မရမ်းသီးပေါ်ရင်🥰မရမ်းသီး ငပိထောင်း ချဉ်ငံစပ်====================================ပါ၀င်ပစ္စည်းများ---မရမ်းသီးအစိမ်း...
23/02/2022

မကြာခင်မရမ်းသီးပေါ်ရင်🥰
မရမ်းသီး ငပိထောင်း ချဉ်ငံစပ်

==================
==================

ပါ၀င်ပစ္စည်းများ

---

မရမ်းသီးအစိမ်း
ငြုတ်စိမ်းတောင့်
ကြက်သွန်ဖြူ
ကြက်သွန်နီ
ငပိစိမ်းစား အကောင်းစား
ပုဇွန်ခြောက်မှုန့်
ငြူတ်ပုကျက်မှုန့်

---

ပြင်ဆင်ပြုလုပ်နည်း

---

မရမ်းသီးကို ထက်ခြမ်းခွဲ အစေ့ထုတ် ၊ ရေစိမ်ထားပါ ။
ငြုတ်စိမ်းတောင့်များကို အညှာခြွေ ၊ ရေဆေးပြီး ဒယ်အိုးလေးနဲ့ လှော်ထားပါ ။ ကြက်သွန်ဖြူ ကို ထက်ခြမ်းခွဲပြီး လှော်ထားပါ ။ ကြက်သွန်နီ ၃ ဥ လောက် မပြတ်အောင် စိတ်ပြီး ကျက်အောင် မီးကင်ထားပါ ။ ချောင်းသာ ငပိစိမ်းစားအကောင်းစား ယောင်းမမှာ ကပ်ပြီး ကျက်အောင်မီးကင်ထားပါ ။
စထောင်းပါမယ် - ငြုတ်ဆုံထဲကို ငြုတ်သီးစိမ်းလှော်ထားတာ အရင်ထည့်ပါ ။ ညက်ရင် ကြက်သွန်ဖြူ လှော်တာထည့်ထောင်းပါ ။ ညက်ရင် ကြက်သွန်နီမီးကင်ထားတာ ထည့်ထောင်းပါ ။ ညက်ရင် ပုဇွန်ခြောက်မူန့်ထည့့် ။ အချိုမူန့် အနည်းငယ်ထည့်ထောင်းပြီး ငပိစိမ်ိးစားမီးကင်ထည့်ထောင်းပါ ။ အားလုံးသမအောင် ဇွန်းတချောင်းနဲ့ မွှေလိုက်ထောင်းလိုက် လုပ်ပါ ။ ငြုတ်ကျက်မူန့် ထည့်ထောင်းပါ ။ နောက်ဆုံးမှ မရမ်းသီးခွဲခြမ်းတွေ ထည့်ထောင်းပါ ။ အရမ်းညက်အောင် မထောင်းရပါ ။ အရည်တွေထွက်တတ်လို့ မညက်တညက်လောက်ထောင်းပြီးရင် မရမ်းသီးစိမ်းငပိထောင်း ချဉ်ငန်စပ်ရပါပြီ ။ ကြက်သွန်နီနဲ့ မရမ်းသီးပါလို့ အပြင်မှာကြာကြာ ထားစားလို့မခံပါ ။ ရေခဲသေတ္တာထဲ ထည့်ပြီး နည်းနည်းချင်း ထုတ်စားရင် ကြာကြီးထားစားလို့ရပါတယ် ။

---

Credit: Ohnmar Kyi

ျေးဇူး

 #ခရမ်းသီးမီးဖုတ်သုပ်နည်း===================ဒီတစ်ပတ်တော့ အသားတွေ စားရတာ ရိုးအီလာတဲ့သူတွေ အတွက် ခရမ်းသီးမီးဖုတ်သုပ်လေး တင...
22/02/2022

#ခရမ်းသီးမီးဖုတ်သုပ်နည်း
===================
ဒီတစ်ပတ်တော့ အသားတွေ စားရတာ ရိုးအီလာတဲ့သူတွေ အတွက် ခရမ်းသီးမီးဖုတ်သုပ်လေး တင်ဆက်ပေးပါမယ်။ အချိုဓာတ် လေးလေးပင်ပင် ရှိလှတဲ့ ခရမ်းသီးမီးဖုတ်သုပ်ကို ကြိုက်နှစ်သက်လှသူက ခပ်များများပါ။ သားသတ်လွတ်စားတတ်သူတွေအတွက်လည်း အဆင်ပြေလှတဲ့ ဟင်းတစ်မယ်ပါ။

အခု လိုအပ်တာတွေ အရင် ပြင်ဆင်ကြရအောင်။

ခရမ်းသီး အရွယ်တော် ၂လုံး

ကြက်သွန်နီ ၁ဥ (ပါးပါးလှီးပြီး ရေဆေး၊ ရေစစ်ထားပါ)

နှမ်းလှော် အနည်းငယ် (မညက်တညက်လေး ထောင်းထားပါ)

ပဲဆီ အနည်းငယ်

ကြက်သွန်နီ ကြော် အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ကြက်သွန်ကြော်ဖို့ အဆင်မပြေရင် အသင့်ကြော်ထားတဲ့ ကြက်သွန်နီကြော်ကို အသုံးပြုလို့ ရပါတယ်။

ဆီကိုတော့ ဆီစိမ်းကို အသုံးပြုမှာဖြစ်လို့ အနံ့ အရသာ အဆင်ပြေတဲ့ မြေပဲဆုံဆီလေး အသုံး ပြုထားပါတယ်။

အခု ခရမ်းသီးမီးဖုတ်သုပ်လေး လုပ်ဖို့ ခရမ်းသီးကို မီးဖုတ်ပါမယ်။ မီးသွေးမီးနဲ့က ပိုပြီးအဆင်ပြေလို့ မီးသွေးမီးအနေတော်နဲ့ စပြီး မီးဖုတ်ပါတယ်။

ခရမ်းသီး အကျက်ညီအောင် မကြာခဏ တစ်ဖက်လှန်ပေးပါ။

အပေါ်အခွံတွေ မည်းပြီး အသီး အိလာပြီဆိုရင် ရပါပြီ။

ခရမ်းသီးမီးဖုတ်ကို ခဏ အအေးခံထားပါ။ ပြီးရင်တော့ အပေါ်က တူးနေတဲ့ အခွံတွေကို ဖယ်ထုတ်ပစ်ပါ။

ခရမ်းသီးကို အနေတော်လေးတွေ မျှင်ပြီး ကြက်သွန်နီ၊ ကြက်သွန်နီကြော်၊ နှမ်းထောင်း ဆီအနည်းငယ်နဲ့ ဆား ပါလေရုံလေး ထည့်ပြီး သုပ်ပါ။ နံနံပင်၊ ကြက်သွန်မြိတ် ကြိုက်နှစ်သက်ရင် ပါးပါးလှီးထည့်လို့ရပါတယ်။

အခုဆိုရင်တော့ အရသာချိုချို အနံ့မွှေးမွှေးနဲ့ ခရမ်းသီးမီးဖုတ်သုပ်လေး ရပါပြီ။ အသားတွေမစားချင်လို့ ၊သားသတ်လွတ်စားချင်လို့ဆိုသူတွေအတွက် ထမင်းမြိန်စေမယ့် ဟင်းတစ်မယ်ပါ။



ျေးဇူး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Kyay Zue-ကျေးဇူး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share