12/09/2022
မိသားစု ဆိုတာ
ဝါးရုံလိုပါပဲ.....
ဘယ်နေ့ ဘယ်သူက
ဘယ်အလုံးခွဲထွက်ရမယ်ဆိုတာ
အချိန် အကန့်သတ်မရှိပါဘူး..
အိုမင်းရင့်ရော်တဲ့အထိ
အတူတူဆိုတာ
မဖြစ်နိုင်ပါဘူး..
အချိန်တန်တော့
ဝါးတွေလည်း သူ့မိသားစုကို
ခွဲခွာကြရတယ်..
အချို့ အလုံးက ခေါင်မိုးမှာရောက်ချင်ရောက်မယ်
အချို့အလုံးကလည်း အဝတ်ကြိုးတန်း
အချို့အလုံးကလည်း စည်းရိုး
အချို့အလုံးကလည်း ဖြာ
အချို့အလုံးကလည်း နှီး
အချို့ အလုံးက လည်း တံတား
အလိုလိုနဲ့ သူ့နေရာနဲ့ သူ
ရောက်ကုန်ကြရသလိုပေါ့..
မိသားစုတွေလည်း ဒီလိုပါပဲ
အချိန်တန် အရွယ်ရောက်လာတော့
တစ်နေရာဆီ ရောက်ကြရမှာ
သဘာဝ ပါ..
အဲ့တာ ကြောင့်
အတူရှိနေတုန်းက
မမုန်းကြနဲ့ မဆဲကြနဲ့
မရှိတော့မှ ဝေးသွားကြမှ
ချစ်တော့ ဘာထူးလဲ..
တနေရာဆီ မရောက်ခင်ချစ်ကြပါ
မေ တ္တာ ထားပါ
မမုန်းကြပါနဲ့..
မိသားစုဆိုတာ
ကံကောင်းလွန်းလို့
မိသားစုဖြစ်ရတာပါ..
အချို့တွေက
ဝေးသွားမှ တမ်းတ
မရှိတော့မှ
တန်ဖိုးနားလည်တတ်လို့ပါ..
အချိန်တန်ရင်
မခွဲချင်လည်းခွဲကြရတာမို့
တန်ဖိုးထားပါ နော်
ပျော်ရွင်သောမိသားစုတွေ ဖြစ်ကြပါစေ...။
👌 👌 👌
credit original writer