အောင်မြန်မာ မြန်မာထမင်းဆိုင်

  • Home
  • Myanmar
  • Yangon
  • အောင်မြန်မာ မြန်မာထမင်းဆိုင်

အောင်မြန်မာ မြန်မာထမင်းဆိုင် ဟင်းအကျန်များလုံးဝမရောင်းပါ

ကဲ အမျိုးတို့လာအားပေးလို့ရပြီနော်နံနက်စာအစုံရပါတယ်ဗျ...အလုပ်မသွားခင်ပဲဖြစ်​ဖြစ်မနက်အစောပိုင်းလမ်းလျှောက်အပြန်ပဲဖြစ်ဖြစ်တ...
02/02/2024

ကဲ အမျိုးတို့လာအားပေးလို့ရပြီနော်
နံနက်စာအစုံရပါတယ်ဗျ...
အလုပ်မသွားခင်ပဲဖြစ်​ဖြစ်
မနက်အစောပိုင်းလမ်းလျှောက်အပြန်ပဲဖြစ်ဖြစ်
တနေ့တာအလုပ်တွေကောင်းကောင်းလုပ်နိုင်ဖို့အရသာရှိတဲ့နံနက်စာကိုအဟာရဖြစ်အောင်စားသုံးဖို့ဖိတ်ခေါ်ပါတယ်ဗျ
ရနိုင်တဲ့ Menu များကိုပုံနဲ့တကွတင်ပေးထားပါတယ်
အမှတ် ၄၅၅
ရတနာလမ်းမကြီး
၁၂ ရပ်ကွက်
တောင်ဥက္ကလာပ
ကျိုက္ကစံဘုရားရှေ့
09766011142
09766011148

23/01/2024

ဆိုင်ကြော်ငြာလေးပါ,ဇာတ်လမ်းလေးကလဲကောင်း
ရိုက်ပေးတဲ့ မင်းသား မင်းမြတ်စိုးစံလဲဒီ့ထပ်မကအောင်မြင်ပါစေဗျာ

ကျွန်တော်တို့ဆိုင်ရဲ့ညနေပိုင်းမုန့်ဟင်းခါးကို Food Panda ကနေမှာလို့မရသေးဘူးလားမေးနေကြတဲ့ကာကာတွေမှာစားလို့ရပြီနော်ညနေ ၃ န...
30/11/2023

ကျွန်တော်တို့ဆိုင်ရဲ့ညနေပိုင်းမုန့်ဟင်းခါးကို Food Panda ကနေမှာလို့မရသေးဘူးလားမေးနေကြတဲ့ကာကာတွေမှာစားလို့ရပြီနော်
ညနေ ၃ နာရီခွဲကနေစမှာစားလို့ရပါပြီဗျ

ကျန်းမာရေးနဲ့ညီညွှတ်အောင်ချတ်ပြုတ်ထားပါတယ်ဗျ အစစ်ဆေးခံပြီးပါပြီ စိတ်ချလက်ချလာရောက်သုံးဆောင်နိုင်ပါတယ်ခင်ဗျ
30/11/2023

ကျန်းမာရေးနဲ့ညီညွှတ်အောင်ချတ်ပြုတ်ထားပါတယ်ဗျ အစစ်ဆေးခံပြီးပါပြီ စိတ်ချလက်ချလာရောက်သုံးဆောင်နိုင်ပါတယ်ခင်ဗျ

ကျွန်တော်တို့ဆိုင်မှာဒါမျိုးလုံးဝမဖြစ်စေရပါဘူးဗျာ အိုးဘဲဥအစစ်ကိုပဲရောင်းပါတယ် နံနံပင်ဆိုတာကလဲအလျှံပယ်ပါ ပဲကြော်ကလဲတစ်ခုခ...
29/11/2023

ကျွန်တော်တို့ဆိုင်မှာဒါမျိုးလုံးဝမဖြစ်စေရပါဘူးဗျာ အိုးဘဲဥအစစ်ကိုပဲရောင်းပါတယ် နံနံပင်ဆိုတာကလဲအလျှံပယ်ပါ ပဲကြော်ကလဲတစ်ခုချင်းစီပဲထည့်ပေးတာပါ လာစားကြည့်ကြပါ

#မုန့်ဟင်းခါးရောင်းသူတချို့ကို
ပြောချင်တာက

1.အကြော်ကို ချေထားပြီး လက်မှန်းနဲ့မထည့်ပါနဲ့... တခုမပြည့်ဘူးဆိုပြီး တွေးရင်း
စိတ်မကျေနပ်မှုက တော်တော်အဆင်မပြေပါ

2.အိုးဘဲဥရှိလားလို့မေးရင်
တကယ် အိုးဘဲဥရှိမှသာ ရှိတယ်ပြောပေးပါ...
ကြက်ဥနဲ့ဘဲဥ စားရတာအတော့်ကို
ကွာပါတယ်နော်

3.နံနံပင်ကုန်နေရင် ကြိုပြောပါ...နံနံပင် ကြိုက်တဲ့သူက နံနံပင်မပါရင်လုံး၀ကို မစားတတ်တာနော်...

အပြင်မှာသွားမပြောရဲလို့ သိရအောင် ဒီမှာလာပြောတာပါ..

😒😏

ဝိတ်ချဖို့စဉ်းစားနေတဲ့သူတွေ လက်ရှိဝိတ်ချနေတဲ့သူတွေ ပိန်ချင်တဲ့သူတွေ ဝမှာကြောက်တဲ့သူတွေကိုတစ်ခုလောက်ပြောချင်ပါတယ်..အဲ့ဒါက...
20/11/2023

ဝိတ်ချဖို့စဉ်းစားနေတဲ့သူတွေ လက်ရှိဝိတ်ချနေတဲ့သူတွေ ပိန်ချင်တဲ့သူတွေ ဝမှာကြောက်တဲ့သူတွေကိုတစ်ခုလောက်ပြောချင်ပါတယ်..
အဲ့ဒါကတော့
ကျွန်တော်တို့ရဲ့အောင်မြန်မာ မြန်မာထမင်းဆိုင်ကိုလုံးဝလာမစားဖို့ပြောချင်ပါတယ် လာစားမိလို့ကိုယ်ရဲ့ပိန်ချင်တဲ့ရည်ရွယ်ချက်တွေပျက်စီးသွားခဲ့ရင်ကျွန်တော်ကို့ပြသနာမရှာပါနဲ့နော် တာဝန်မယူဘူးနော် ကြိုပြောထားတာ 😆
ကဲမယုံရင်အဲ့မှာကြည့်ဗျာ...
စားကောင်းလွန်းလို့ပြောင်သလင်းရှင်းအောင်စားသွားတဲ့ကာကာတို့ရဲ့စားပွဲဝိုင်းလက်ကျန်ပုံလေးတွေသာကြည့်ကြပေတော့ဗျာ...

ဆွဲပြီဗျို့
19/11/2023

ဆွဲပြီဗျို့

ဒီနေ့တော့မုန့်ဟင်းခါးပွဲ ၄၀ စာ လုပ်ထားပါတယ်ဗျ လာအားပေးကြပါဦး
18/11/2023

ဒီနေ့တော့မုန့်ဟင်းခါးပွဲ ၄၀ စာ လုပ်ထားပါတယ်ဗျ လာအားပေးကြပါဦး

ဒီနေ့အတွက် မုန့်ဟင်းခါးကတော့ကုန်သွားပါပြီဗျလာစားကြတဲ့သူတွေကစားကောင်းတော့ ပါဆယ်တွေထုပ်သွားကြလို့မြန်မြန်ကုန်သွားတာပါ...အေ...
17/11/2023

ဒီနေ့အတွက် မုန့်ဟင်းခါးကတော့ကုန်သွားပါပြီဗျ
လာစားကြတဲ့သူတွေကစားကောင်းတော့ ပါဆယ်တွေထုပ်သွားကြလို့မြန်မြန်ကုန်သွားတာပါ...

အောင်မြန်မာ မြန်မာထမင်းဆိုင်
အမှတ် (၄၅၅) ရတနာလမ်းမကြီး , ၁၂ ရပ်ကွက် , တောင်ဥက္ကလာပ , ရန်ကုန်မြို့
ကျိုက္ကစံဘုရားရှေ့
09766011148
09766011142

ဒီနေ့ညနေပိုင်းကစပြီး မုန့်ဟင်းခါးရပြီနော်,ညပိုင်းကတော့ ထမင်းကြော်နဲ့ဟင်းမျိုးစုံပေါ့မနက်ပိုင်းကတော့ ဟင်းမျိုးစုံနဲ့အဝစား...
17/11/2023

ဒီနေ့ညနေပိုင်းကစပြီး မုန့်ဟင်းခါးရပြီနော်,

ညပိုင်းကတော့ ထမင်းကြော်နဲ့ဟင်းမျိုးစုံပေါ့

မနက်ပိုင်းကတော့ ဟင်းမျိုးစုံနဲ့အဝစားပါ...

အောင်မြန်မာ မြန်မာထမင်းဆိုင်
အမှတ် (၄၅၅) ရတနာလမ်းမကြီး , ၁၂ ရပ်ကွက် , တောင်ဥက္ကလာပ , ရန်ကုန်မြို့
ကျိုက္ကစံဘုရားရှေ့
09766011148
09766011142

ဒီနေ့ညပိုင်းထမင်းကြော်လာစားတဲ့ညီလေးတစ်ယောက်က ပြန်ခါနီးလက်ဆွဲနှုတ်ဆက်ပြီးကျေးဇူးတင်စကားပြောသွားတယ်,သူမှာစားတာက ကြက်ကြော်ရ...
08/11/2023

ဒီနေ့ညပိုင်းထမင်းကြော်လာစားတဲ့ညီလေးတစ်ယောက်က ပြန်ခါနီးလက်ဆွဲနှုတ်ဆက်ပြီးကျေးဇူးတင်စကားပြောသွားတယ်,သူမှာစားတာက ကြက်ကြော်ရယ် ထမင်းကြော်တစ်ပွဲရယ် လိုက်ပွဲရယ်မှာစားတာပါ အနှစ်အနေနဲ့ကြက်သားဆီပြန်အနှစ်လေးပေးလိုက်တယ် အရည်သောက်ကတော့ကုလားပဲနဲ့ပဲကြာဆံပေါ့ အားလုံးပေါင်း ၆၀၀၀ ကျတာကိုဘေရှင်းတဲ့အခါကျတော့ထပ်မေးတယ် ၆၀၀၀ ပဲလားတဲ့ ဟုတ်တယ်ညီ ၆၀၀၀ ပါဆိုတော့ အစ်ကိုပေးတဲ့အရသာနဲ့ယူတဲ့ငွေအမောင့်နဲ့ကအရမ်းတန်နေတယ်တဲ့ အစ်ကိုဒီပုံစံအတိုင်းဆိုရောင်းကောင်းမှာတဲ့ အောင်မြင်ဦးမှာတဲ့ လက်သေချာလက်ဆွဲနှုတ်ဆက်ပြီးတော့ကိုပြောသွားတာ နောက်လဲလာစားမယ်တဲ့ သူငယ်ချင်းတွေကိုလဲကြေငြာပေးမယ်ဆိုပြီးပြောသွားတာ ပီတိဖြစ်လိုက်တာဗျာ....
လက်တလောအရှုံးနဲ့ရင်ဆိုင်နေရပေမယ့်ကိုယ့်ဆိုင်မှာလာစားပြီးဘေရှင်းခါနီးကိုယ့်ကိုကျေးဇူးတင်ပါတယ်ပြန်ပြောသွားတဲ့ပီတိကဘာနဲ့မှလဲလို့မရတာတော့အမှန်ပဲဗျာ...

26/10/2023

Ples Admin တင်ခွင့်ပြုပါဗျ.
အလုပ်ရှင်ကိုယ်တိုင်အလုပ်ခေါ်စာ

အောင်မြန်မာ
မြန်မာထမင်းဟင်းဆိုင်တွင်
တာဝန်ထမ်းဆောင်ရန်
ဝန်ထမ်းအလိုရှိသည်။

ရန်ကုန်မြို့တွင်းတာဝန်ထမ်းဆောင်ရန်,

(၁) စားပွဲထိုးနှင့်အထွေထွေ - ကျား ၄
မ ၂
လစာ (စမ်းခန့်ကာလ) ၁၂၀၀၀၀ (နေစားငြိမ်း)

(၂) စားဖိုးမှူးအကူ
ကျား ၂
မ ၅
လစာ (စမ်းခန့်ကာလ)
၁၃၀၀၀၀ (နေစားငြိမ်း)
(၃) အရောင်းစာရေး/ငွေကိုင်
မ ၁ ဦး
ပညာအရည်အချင်း - ၁၀ တန်းအောင်
စာရင်းပိုင်းအတွေ့အကြုံရှိသူဦးစားပေးမည်၊
ရုပ်ရည်သန့်ပြန့်ပြီး အပြောအဆိုယဉ်ကျေးသူဖြစ်ရမည်
လစာ (စမ်းခန့်ကာလ)
၁၆၀၀၀၀ (နေစားငြိမ်း)

တကယ်လုပ်လုပ်ချင်သောသူ ရေရှည်လုပ်ကိုင်နိုင်သောသူများကိုသာဦးစားပေးမည်။
လျှောက်ထားရန်လိပ်စာ - အမှတ်(၄၅၅)ရတနာလမ်းမကြီး,၁၂ ရပ်ကွက်,တောင်ဥက္ကလာမြို့နယ်,ရန်ကုန်မြို့(ကျိုက္ကဆံဘုရားရှေ့)
ဆက်သွယ်ရန်ဖုံးနံပါတ် - 095194131
အင်တာဗျူးကာလ - ၂၆/၁၀/၂၀၂၃ မှ ၃၀/၁၀/၂၀၂၃ ထိ
အင်တာဗျူးအချိန် - မနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအတွင်း
အလုပ်လုပ်ချင်သူများ CV form ရပ်ကွက်ထောက်ခံစာ အိမ်ထောင်စုစာရင်းမိတ္တူ မှတ်ပုံတင်မိတ္တူ ဓာတ်ပုံတစ်ပုံတို့ကိုယူဆောင်လာ၍ကိုယ်တိုင်လာရောက်လျောက်ထားနိုင်ပါတယ်....
အလုပ်ရှင်တိုက်ရိုက်ဖြစ်ပါတယ်

Address

Yangon
11111

Telephone

+9595194131

Website

Alerts

Be the first to know and let us send you an email when အောင်မြန်မာ မြန်မာထမင်းဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share