14/06/2025
ရွှေပိုး ကို မသိသေးတဲ့ ကာကာလေးတွေကို ရှင်းပြပေးချင်လို့ပါ။
ရွှေပ်ိုးဆိုတာ သဘာဝ မန်ကျည်းသီးရဲ့ အသားကို အနှစ်တိုက်ပြီး ရလာတဲ့ မန်ကျည်းအနှစ်ကို ရေစိမ်းလုံးဝ မပါဘဲ ရေသန့်၊ ရေကျက်အေးသုံးပြီး သဘာဝ ထန်းလျက်ခဲစစ်စစ်နဲ့ရောကာ အသင့်ဖျော်စပ် သောက်သုံးနိုင်အောင် ပြုလုပ်ထားတဲ့ Organic ဖျော်ရည်အနှစ်ပဲ ဖြစ်ပါတယ်။
မန်ကျည်းနှစ် တစ်ဆကို ရေ (၆) ဆနဲ့ ရောစပ်ပြီးဖျော်စပ်ရုံနဲ့ အပူငြိမ်း ဝမ်းမှန်တဲ့ မန်ကျည်းဖျော်ရည် တစ်ခွက်ကို အလွယ်တကူ အဆင်သင့် ဖျော်စပ်သောက်သုံးနိုင်မှာပါ။
ဆိုးဆေး၊ chemical လုံးဝ မပါဝင်လို့ စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။ ပြည်တွင်းဖြစ် ကုန်ကြမ်းတွေပဲ အသုံးပြုထားတာမို့ ပစ္စည်းပြတ်မှာ လုံးဝ (လုံးဝ) စိတ်ပူစရာမလိုဘူးနော်။ 😉