𝐏𝐨𝐞 𝐏𝐡𝐲𝐮 𝐏𝐚𝐫𝐚𝐝𝐢𝐬𝐞

  • Home
  • Myanmar
  • Yangon
  • 𝐏𝐨𝐞 𝐏𝐡𝐲𝐮 𝐏𝐚𝐫𝐚𝐝𝐢𝐬𝐞

𝐏𝐨𝐞 𝐏𝐡𝐲𝐮 𝐏𝐚𝐫𝐚𝐝𝐢𝐬𝐞 🦐မေမေလက်ရာငပိထောင်း🦐
HC Hair Care 🌿🧴🧼💆🏻
ရွှေရုပ်သွင်𝐇𝐞𝐫𝐛𝐚𝐥 𝐃𝐞𝐭𝐨𝐱 💚🌿
🌊🪻 𝐂𝐡𝐚𝐫𝐥𝐢𝐞 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 𝐈𝐧𝐬𝐩𝐢𝐫𝐞𝐝 𝐏𝐞𝐫𝐟𝐮𝐦𝐞 🌹💐
☎️ 𝟎𝟗𝟐𝟔𝟒𝟖𝟓𝟔𝟑𝟗𝟑
(1)

မြန်မာ့ပြည်တွင်းထုတ်ကုန်များဂုဏ်ယူစွာရောင်းချပါသည်။

ငါးခေါင်းချဥ်ပေါင်ရွက်ဟင်း ချက်နည်းအရင်ဆုံး ရေဆေးသန့်စင်းထားတဲ့ငါးခေါင်းတွေကိုဆားနနွင်းနယ်ထားပါရေဆေးသန့်စင်ထားတဲ့ချဥ်ပေါ...
19/09/2026

ငါးခေါင်းချဥ်ပေါင်ရွက်ဟင်း ချက်နည်း
အရင်ဆုံး ရေဆေးသန့်စင်းထားတဲ့ငါးခေါင်းတွေကိုဆားနနွင်းနယ်ထားပါ
ရေဆေးသန့်စင်ထားတဲ့ချဥ်ပေါင်ရွက်တွေကိုကြေအောင်ချေထားပေးပါ
ပြီးရင် ကြက်သွန်နီ ဖြူ.ငရုပ်အရောင်တင်မှုန့်ထောင်းထာတာလေးဆီသတ်ပေးပါ
စိမ်းစားငပိလေးနည်းနည်းထည့်ပြီးဆီသတ်ပါ
ဆီသတ်တာအနံ့လေးမွှေးလာရင်ငံပြာရည်လေးနည်းနည်းပေါက်ပေးပါ
ပြီးရင်အရသာနယ်ထားတဲ့ငါးခေါင်းတွေထည့်လုံးပါ
ကြေအောင်ခြေထားတဲ့ချဥ်ပေါင်ရွက်တွေထည့်ပါ
သေချာလေးလုံးပေးပြီးရေကိုယ်လိုသလောက်ထည့်ပါ
အရသာအတွက် ဆားအချိုမှုန့် ထည့်ပါ
ငါးတွေကျက်အောင်တည်ပေးပြီး အရသာလေးလိုတာမြည်းထပ်ထည့်ပါ
ပြီးရင်ငရုပ်သီးစိမ်းတောင့်လေးထည့်ပါ
နောက်ဆုံး နံနံပင် နဲ့ပင်စိမ်းလေးအုပ်ပေးပြီးရင်အရမ်းကိုမွှေးပြီးစားကောင်းတဲ့ငါးခေါင်းချဥ်ပေါင်းဟင်းလေးရပါပြီရှင်

အနံ့လေးမွှေးပြီး သရေကျလောက်တဲ့ ဒေါ်ရီမြင့်မေမေလက်ရာငပိထောင်း 🤤စားပြီးရင်းအထပ်ထပ်စားချင် ထမင်းပူပူလေးနဲ့ ထမင်းဝိုင်းမှာ ဖ...
19/09/2026

အနံ့လေးမွှေးပြီး သရေကျလောက်တဲ့ ဒေါ်ရီမြင့်မေမေလက်ရာငပိထောင်း 🤤

စားပြီးရင်းအထပ်ထပ်စားချင် ထမင်းပူပူလေးနဲ့ ထမင်းဝိုင်းမှာ ဖွယ်ဖွယ်ရာရာနဲ့စုံလင်ဖို့ထက် အရသာရှိရှိ မိန်မိန်လေး စားရဖို့က အဓိကနော်

မွှေးကြိုင်ပြီး အရမ်းစားကောင်း ရှယ်ပါဘဲကွယ် 😋
စားပြီးသူတိုင်းအသဲစွဲ စားပြီးရင်းအထပ်ထပ်စားချင် 😋

အပိုမပြော သူ့ထက်ငါအရင် လုပြီး‌တော့တောင် ဝယ်နေရတဲ့ ဒေါ်ရီမြင့် မေမေလက်ရာငပိထောင်းလေးပါရှင်

တခြား အရံသင့်စားတမူထူးစားသောက်ကုန်များလည်းရပါတယ်နော်

#𝐏𝐨𝐞𝐏𝐡𝐲𝐮စားသောက်ကုန်လက်လီလက်ကားဖြန့်ချီရေး
#𝐏𝐡𝐨𝐧𝐞𝟬𝟵𝟮𝟲𝟰𝟴𝟱𝟲𝟯𝟵𝟯

😋  ကဲ ထမင်းမြိန်ဖို့သာဆိုရင် မေမေလက်ရာပုဇွန်ငပိထောင်းတစ်ဗူးသာဆောင်ထားလိုက်တော့ 🌶 နေကောင်းခါစ 🌶အရသာပျက်နေသူတွေ 🍛ဟင်းတွေဘယ...
28/08/2026

😋 ကဲ ထမင်းမြိန်ဖို့သာဆိုရင်

မေမေလက်ရာပုဇွန်ငပိထောင်း
တစ်ဗူးသာဆောင်ထားလိုက်တော့

🌶 နေကောင်းခါစ
🌶အရသာပျက်နေသူတွေ
🍛ဟင်းတွေဘယ်လောက်ကောင်းကောင်းစားလို့မကောင်းသူတွေ

🌶ငပိထောင်းလေးကို
ကြက်သွန်နီလေးနဲ့ သံပုရာသီးလေးညှစ်ထည့်ပြီးဖျော်
အစပ်များများကြိုက်ရင် ငရုပ်သီးစိမ်းလေးပါထည့်

ဟင်းရည်ကျဲကျဲလေးတခွက်ချက် တို့စရာအစုံလေးနဲ့သာ
စားကြည့်လိုက်ပါ ရှင့်

ထိမိဂွိ ရူးရူးရှဲရှဲ အရသာတွေ့စေရမယ်ရှင့်

1ဗူး 14500ကျပ်

#𝐏𝐨𝐞𝐏𝐡𝐲𝐮𝐏𝐚𝐫𝐚𝐝𝐢𝐬𝐞လက်လီလက္ကားဖြန့်ချီရေး
#𝟎𝟗𝟐𝟔𝟒𝟖𝟓𝟔𝟑𝟗𝟑𝐯𝐢𝐛𝐞𝐫ကနေလဲဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

🦞မေမေလက်ရာငပိထောင်းလတ်လတ်ဆက်ဆက်အသစ်တွေအများကြီးထက်၀င်ပြီရှင့် လက်လီလက်ကားအားပေးနိုင်ပါတယ်ရှင့်အရသာအရမ်းကောင်းအစပ်ဟပ်တည့်...
05/07/2026

🦞မေမေလက်ရာငပိထောင်း
လတ်လတ်ဆက်ဆက်အသစ်တွေအများကြီး
ထက်၀င်ပြီရှင့် လက်လီလက်ကားအားပေးနိုင်ပါတယ်ရှင့်
အရသာအရမ်းကောင်းအစပ်ဟပ်တည့်
အထားလဲခံ
🦞ငပိထောင်း၁ဗူးကို၄လ၅လထိအထားခံတော့နိုင်ငံခြားရောက်နေတဲ့ငပိကြိုက်တဲ့ရွှေမြန်မာများ
အတွက်ပိုအဆင်ပြေစေပါတယ်နော်
🦐ထုတ်ပိုးမှု၄ဆင့်နဲ့ပါကင်သေချာစွာထုတ်ပေးထားတာမို့ယုံကြည်စိတ်ချစွာမှာယူနိုင်ပါတယ်ရှင့်

🦐1ဘူး 14500ကျပ်

10ဘူးကစပြီးလက်ကားယူလို့ရပါတယ်

#𝐏𝐨𝐞𝐏𝐡𝐲𝐮𝐏𝐚𝐫𝐚𝐝𝐢𝐬𝐞
#𝟎𝟗𝟐𝟔𝟒𝟖𝟓𝟔𝟑𝟗𝟑𝐯𝐢𝐛𝐞𝐫ကနေလဲဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်
#မေမေလက်ရာငပိထောင်း #လက်လီလက်ကားရ

ဒီအညွန့်ကစားဘူးကြလား၊ကြိုကကြပါသလား၊ဒီအညွန့်ကမြန်မာလိုဘယ်ခေါ်ကြလဲ၊ ကိုယ့်ဘာသာစကားပဲသိတယ်၊သိတဲ့သူ ပြောပေးနော် 🤗
10/06/2026

ဒီအညွန့်ကစားဘူးကြလား၊ကြိုကကြပါသလား၊ဒီအညွန့်ကမြန်မာလိုဘယ်ခေါ်ကြလဲ၊ ကိုယ့်ဘာသာစကားပဲသိတယ်၊သိတဲ့သူ ပြောပေးနော် 🤗

အဖွားမှစ မြေးတွေထိတိုင် 🫠🤤နေ့တိုင်းအော်ဒါမပြတ် ထောင်းပေးနေရတဲ့ ဒေါ်ရီမြင့်မေမေလက်ရာ ငပိထောင်း 😋🤤 ဗူးဖွင့်လိုက်တာနဲ့ အနံ့...
01/06/2026

အဖွားမှစ မြေးတွေထိတိုင် 🫠🤤

နေ့တိုင်းအော်ဒါမပြတ် ထောင်းပေးနေရတဲ့ ဒေါ်ရီမြင့်မေမေလက်ရာ ငပိထောင်း 😋🤤 ဗူးဖွင့်လိုက်တာနဲ့ အနံ့လေးမွေးလို့ ဝိုးခနဲ ဖြစ်သွားစေတာ မေမေလက်ရာ တမျိုးတည်းသာရှိတာနော်😍✅

တအိမ်တဗူးဆောင်ထားသင့်သော မေမေလက်ရာငပိထောင်း အရသာတွေထပ်ထည့်စရာမလို အစပ်အဟပ်အရသာတွေ တည့်သော 🤤😍

စားမကောင်းဘူး မကြိုက်ရင် ငွေပြန်အမ်းပေးတဲ့ထိ အရသာနဲ့ Quality ပိုင်းကိုအာမခံတယ်နော် 😍

ပုံမှန်ငပိထောင်းတွေထက် အစပ်ကဲလေးဆိုတော့ နေမကောင်း ခံတွင်းပျက်နေတဲ့ သူတွေအတွက် ထိမိဂွီဖြစ်သွားစေမှာမျိုး ✅

- Halal လူမျိုးဘာသာမရွေးစားသုံးနိုင်ပါတယ် 🙏
- ဆိုးဆေး တာရှည်ခံဆေးမပါ ❌


#မေမေလက်ရာငပိထောင်း #ဒေါ်ရီမြင့်မေမေလက်ရာငပိထောင်း #မြို့နယ်ပေါင်း၃၀၀ကျော်အိမ်ရောက်ငွေချေ #စားသောက်ကုန်

ကြက်သားရဲ့ ချိုမြိန်မှုနဲ့ ကုလားပဲရဲ့ ဆိမ့်အိတဲ့အရသာ ပေါင်းစပ်ထားတဲ့ “ကြက်သားကုလားပဲဟင်း” က ထမင်းနဲ့တင်မကဘဲ နံပြား၊ ပလာတ...
30/04/2026

ကြက်သားရဲ့ ချိုမြိန်မှုနဲ့ ကုလားပဲရဲ့ ဆိမ့်အိတဲ့အရသာ ပေါင်းစပ်ထားတဲ့ “ကြက်သားကုလားပဲဟင်း” က ထမင်းနဲ့တင်မကဘဲ နံပြား၊ ပလာတာတို့နဲ့ပါ အလွန်လိုက်ဖက်တဲ့ ဟင်းတစ်ခွက် ဖြစ်ပါတယ်။ အိမ်သားတွေ ခဏခဏ တောင်းဆိုရမယ့် မင်မင့်ရဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
🛒 လိုအပ်သော ပါဝင်ပစ္စည်းများ
• ကြက်သား - ၅၀ ကျပ်သား (အနေတော် အတုံးများ တုံးထားပါ)
• ကုလားပဲခြမ်း - ၂၀ ကျပ်သား (အနည်းဆုံး ၃ နာရီခန့် ရေစိမ်ပြီး နူးအောင်ပြုတ်ထားပါ)
• ဆီ - ၁၀ ကျပ်သား (ပဲဟင်းဖြစ်လို့ ဆီဝါဝါလေးနဲ့မှ ပိုစားကောင်းပါတယ်)
အသားနှပ်ရန်
• နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
• ဆား၊ ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ
• မဆလာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (အသားထဲ အနံ့စွဲစေဖို့ပါ)
ဟင်းအနှစ်အတွက် (ရောထောင်းရန်)
• ကြက်သွန်နီ - ၃ လုံး
• ကြက်သွန်ဖြူ - ၅ တက်
• ဂျင်း - လက်မဝက်ခန့်
• ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ (အစပ်ကြိုက်သလို ချိန်ညှိပါ)
အနံ့မွှေးစေရန်
• ပျဉ်းတော်သိမ်ရွက် - ၂ ခက်
• မဆလာ - အနည်းငယ် (ဟင်းချခါနီး ထပ်ဖြူးရန်)
👨‍🍳 ချက်ပြုတ်ပုံ အဆင့်ဆင့်
၁။ အသားနှင့် ပဲကို ပြင်ဆင်ခြင်း
ကုလားပဲကို ရေစင်အောင်ဆေးပြီး နူးအိနေအောင် သီးသန့်ပြုတ်ထားပေးပါ။ ကြက်သားကိုတော့ နနွင်း၊ ဆား၊ ဟင်းခတ်မှုန့်၊ မဆလာတို့နဲ့ သမအောင်နယ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါ။
၂။ ဟင်းအနှစ် ပြင်ဆင်ခြင်း
ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ ဆေးကြောပြီး ငရုတ်သီးမှုန့်နဲ့အတူ ညက်နေအောင် ရောထောင်းထားပါ။
၃။ ဆီသတ်ပြီး အသားလုံးခြင်း
အိုးထဲတွင် ဆီပူလာပါက ပျဉ်းတော်သိမ်ရွက်ကို အရင်ထည့်ပြီး မွှေးလာလျှင် ထောင်းထားတဲ့ ဟင်းအနှစ်များ ထည့်ပါ။ ဆီသတ်နံ့ မွှေးလာပြီဆိုမှ နှပ်ထားတဲ့ ကြက်သားများကို ထည့်ပြီး အသားများ တင်းလာသည်အထိ လုံးပေးပါ။
၄။ ပဲနှင့်ရော၍ တည်ခြင်း
ကြက်သားများ တင်းလာရင် ပြုတ်ထားတဲ့ ကုလားပဲများကို ထည့်ပြီး အသားနဲ့ပဲ အရသာဝင်အောင် ခေတ္တထပ်လုံးပါ။ ပြီးနောက် ကြက်သားနူးဖို့နဲ့ ဟင်းရည်ရစေဖို့ ရေသင့်တော်ရုံ ထည့်ပေးပါ။
၅။ အရသာအချောသတ်ခြင်း
ကြက်သားလည်းနူး၊ ပဲလည်း အိအိလေး ဖြစ်သွားတဲ့အထိ တည်ထားပါ။ ဟင်းရည် ပျစ်ပျစ်လေး ဖြစ်လာရင် အရသာအပေါ့အငန်မြည်း၊ မဆလာလေး ထပ်ဖြူးပြီး မီးဖိုပေါ်မှ ချနိုင်ပါပြီ။
• ကုလားပဲပြုတ်တဲ့အခါ အနည်းငယ် ကြေအောင်ပြုတ်ပေးရင် ဟင်းရည်ကို ပိုပြီး ပျစ်ပျစ်ဆိမ့်ဆိမ့်လေး ဖြစ်စေပါတယ်။
• မဆလာကို ကြက်သားနှပ်တဲ့အချိန်မှာ တစ်ကြိမ်၊ ဟင်းချခါနီးမှာ တစ်ကြိမ် ထည့်ပေးတာက ဟင်းရဲ့အနံ့ကို ပိုမိုမွှေးပျံ့စေတဲ့ လျှို့ဝှက်ချက်ပါပဲ။
ဒီနည်းအတိုင်း ချက်ကြည့်မယ်ဆိုရင်တော့ လူတိုင်းကြိုက်တဲ့ ဆိမ့်စပ်စပ် ကြက်သားပဲဟင်းလေးကို ရရှိမှာဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေရှင်။

#𝐏𝐨𝐞𝐏𝐡𝐲𝐮𝐏𝐚𝐫𝐚𝐝𝐢𝐬𝐞 #ကြက်သားပဲဟင်း #ချက်နည်းကောင်းများ

ပြည်မြို့ကို ရောက်ရင် မစားမဖြစ် စားကြရတဲ့ "ပြည်ထမင်းသုပ်" ကို စားဖူးသူတိုင်း သိကြမှာပါ။ တခြားထမင်းသုပ်တွေနဲ့မတူဘဲ ဘာကြော...
28/04/2026

ပြည်မြို့ကို ရောက်ရင် မစားမဖြစ် စားကြရတဲ့ "ပြည်ထမင်းသုပ်" ကို စားဖူးသူတိုင်း သိကြမှာပါ။ တခြားထမင်းသုပ်တွေနဲ့မတူဘဲ ဘာကြောင့် ဒီလောက် ဆိမ့်မွှေးပြီး စွဲလမ်းဖို့ကောင်းနေရတာလဲ?
😋😋
ပြည်ထမင်းသုပ်ကို တစ်ခါစားဖူးရင် မေ့မရအောင် ဆိမ့်မွှေးနေရတဲ့ အသက်က "ဆီချက်" မှာ ရှိပါတယ်။ မုန့်ကြွပ်တွေကို အရင်ကြော်ပြီး၊ အဲဒီမုန့်ကြော်ထားတဲ့ မွှေးနေတဲ့ဆီကိုမှ ကြက်သွန်ဖြူဆီချက် ပြန်ချက်ရတာပါ။ အဲဒီလိုချက်မှသာ မုန့်ကြွပ်ရဲ့ ဆိမ့်တဲ့အနံ့လေးက ဆီမှာစွဲကျန်ခဲ့ပြီး ထမင်းသုပ်ကို နယ်လိုက်တဲ့အခါ တခြားထမင်းသုပ်တွေထက် ပိုပြီး ထူးခြားတဲ့ ရနံ့နဲ့ အရသာကို ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်ရှင်။
🥣 ပါဝင်ပစ္စည်းများ
• ထမင်း: အစေ့အဆန် လှလှလေးတွေဖြစ်အောင် ခပ်နူးနူးချက်ထားပြီး အအေးခံထားပါ။
• အာလူး: ပြုတ်ပြီး ပါးပါးလှီးထားပါ။
• ပဲကြာဇံ: ရေစိမ်ပြီး ရေနွေးဖျောကာ အနေတော်ဖြတ်ထားပါ။
• မုန့်ကြွပ်: မုန့်ကြွပ်ကြော် (သို့) ဆန်ပြားကြော်။
• ဂေါ်ဖီ: ပါးပါးလှီးထားပါ။
• အရန်သင့်ပစ္စည်းများ: ပဲကျက်မှုန့် (ပဲယဉ်မှုန့်)၊ ငံပြာရည်၊ မန်ကျည်းမှည့်အနှစ်၊ ငရုတ်သီးအလှော်မှုန့်၊ ကြက်သားမှုန့်။
🍳 ပြင်ဆင်ပုံအဆင့်ဆင့်
၁။ အဓိကကျတဲ့ ဆီချက်ချက်နည်း
• ဒယ်အိုးထဲမှာ ဆီများများထည့်ပြီး မုန့်ကြွပ်တွေကို ကြွပ်နေအောင် အရင်ကြော်ပါ။
• မုန့်ကြွပ်များ ဆယ်ပြီးပါက ထိုဆီထဲသို့ နနွင်းမှုန့်လေးခတ်၊ လှီးထားတဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ။
• ကြက်သွန်ဖြူ ဝါဝင်းလာရင် ဆယ်ယူပြီး ဆီချက်ကို အေးအောင်ထားပါ။ (ဒီဆီချက်ကမှ ပြည်ထမင်းသုပ်ရဲ့ စစ်မှန်တဲ့ အရသာကို ပေးမှာပါ)။
၂။ ဟင်းခါးပူပူလေး ချက်ခြင်း
• ပုဇွန်ခြောက်မှုန့်၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူဓားပြားရိုက်နဲ့ ဂေါ်ဖီထုပ်လေးထည့်ကာ ခပ်စပ်စပ်လေး ချက်ထားပါ။
🍽️ အသုပ်တစ်ပွဲစာ ပြင်ဆင်သုပ်နည်း
ဇလုံတစ်ခုထဲမှာ အောက်ပါအတိုင်း အစီအစဉ်တကျ ထည့်ပြီး နယ်ပေးပါ-
1. အခြေခံ: ထမင်း၊ ဂေါ်ဖီ၊ အာလူး နှင့် ပဲကြာဇံတို့ကို ထည့်ပါ။
2. အရသာ: မုန့်ကြွပ်ကြော်ထားတဲ့ "ဆီချက်" (၂ ဇွန်းခန့်)၊ ငံပြာရည်၊ ပဲကျက်မှုန့်၊ ငရုတ်သီးအလှော်မှုန့်၊ ကြက်သားမှုန့်နဲ့ မန်ကျည်းမှည့်ရည်တို့ကို ထည့်ပါ။
3. အချောသတ်: ကြွပ်ရွနေတဲ့ မုန့်ကြွပ်ကြော်လေးတွေကို လက်နဲ့ချေပြီး အပေါ်ကနေ အုပ်ထည့်ကာ လက်နဲ့ ခပ်ဖွဖွလေး သမအောင် နယ်ပေးပါ။
💡 သုံးဆောင်ရန်အညွှန်း
အသုပ်ပွဲလေး ရပြီဆိုရင်တော့ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ အစိမ်းမြည်းလေး တို့နဲ့ တွဲဖက်ပြီး၊ ဂေါ်ဖီဟင်းခါး ပူပူစပ်စပ်လေးကို မှုတ်သောက်ရင်း သုံးဆောင်နိုင်ပါပြီရှင်။
မုန့်ကြွပ်ရဲ့ ကြွပ်ရွမှု၊ ဆီချက်ရဲ့ ဆိမ့်မွှေးမှုတို့ကြောင့် တစ်ပွဲစားပြီးရင် နောက်တစ်ပွဲ ထပ်တောင်းရလောက်တဲ့အထိ ခံတွင်းတွေ့စေမှာ အသေအချာပါပဲ။
မိသားစုဝင်တွေအားလုံး ခံတွင်းမြိန်ပြီး ကျန်းမာကြပါစေရှင်။
Crd

Address

ShweLi Street, Shwepyithar
Yangon
09264856393

Alerts

Be the first to know and let us send you an email when 𝐏𝐨𝐞 𝐏𝐡𝐲𝐮 𝐏𝐚𝐫𝐚𝐝𝐢𝐬𝐞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐏𝐨𝐞 𝐏𝐡𝐲𝐮 𝐏𝐚𝐫𝐚𝐝𝐢𝐬𝐞:

Shortcuts

Share