09/05/2025
April 02,2025 မှ စတင်ပြီး ငလျင်ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင် ရေး လုပ်ငန်း များ အတွက် ထည့်ဝင်လှူဒါန်း နိုင်ပါရန် ဆိုင်၏ Pick Up Counter တွင် အလှူခံပုံးလေး ထားရှိခဲ့ပါသည်။
April 02 မှ April 11 ရက်နေ့ အထိ Sweets & Treats Customers များ နှင့် Sweets & Treats Supplier များ ၏ လှူဒါန်းထည့်ဝင် မှု မှ ရရှိငွေ ၁၁၄၇၅၀ ကျပ် ( တစ်သိန်းတစ်သောင်းလေးထောင်ခုနှစ်ရာငါးဆယ်ကျပ်) ဖြစ်ပါသည်။ ငလျင် ဘေးသင့်ပြည်သူများ ပြန်လည်ထူ ထောင်ရေး အတွက် Customer များ လှူဒါန်း ငွေ အပါ နှင့် Sweets & Treats မှ ၂ ဆ ထပ်တိုး ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်း ၃၄၄၂၅၀ ကျပ် ကို နာရေးကူညီမှု အသင်း(ရန်ကုန်) မှ တစ်ဆင့် ပြည်သူများ သို့ တစ်ဖက်တစ်လမ်း မှ ထည့်ဝင်လှူဒါန်းပြီး ဖြစ်ပါကြောင်း ဝမ်းမြောက် နုမော် သာဓာ ခေါ်ဆို နိုင်ပါစေရန် အသိပေး အပ်ပါသည်ရှင့်...
သာဓု သာဓု သာဓု ပါရှင့်