19/09/2026
ပုလဲ ဝတ်ဆင်တဲ့အခါ ဘာတွေ ဆောင်ရ၊ရှောင်ရမလဲ
ဆိုတဲ့ အချက်ကို မင်မင်လေ့လာရလောက် မျှဝေပေးပါရစေရှင့်🍀♥️
မြန်မာလူမျိုး အများစုက
ပုလဲ (Pearl)ကို သန့်ရှင်းမှု၊ပျော်ရွှင်မှု၊စိတ်ငြိမ်းချမ်းမှု
တို့ကို ကိုယ်စားပြုတဲ့ ဂန္ထဝင်အလှဆင်ပစ္စည်းတစ်ခုအဖြစ် ဝတ်ဆင်ကြပါတယ်။
ပုလဲဝတ်ဆင်တဲ့အခါ မြန်မာ့ယဉ်ကျေးမှုအရ
ဆောင်ရန်၊ရှောင်ရန်အချို့ရှိပါတယ်နော်။
ပုလဲဝတ်ဆင်သောအခါ ဆောင်ရန်အချက်များ
1. သန့်ရှင်းသပ်ရပ်မှုကိုဂရုပြုပါ။
ပုလဲသည်စင်ကြယ်တဲ့အရာဖြစ်တဲ့အတွက်
ဝတ်ဆင်သူ၏အကျင့်စာရိတ္တ၊သန့်ရှင်းမှုနှင့်
သက်တောင့်သက်သာကိုဖော်ပြပါတယ်။
2. အကြောင်းအမျိုးမျိုးအတွက် ကိုက်ညီစွာဝတ်ဆင်ပါ။
ပုလဲသည် ဧည့်ခံပွဲ၊အလုပ်သွားရာ၊အခမ်းအနားများ
တွင် ဝတ်ဆင်နိုင်တယ်။ဂုဏ်ကျက်သရေရှိခြင်းကို ကိုယ်စားပြုပါတယ်။
မိန့်ခွန်းပြောဖို့၊အရေးကြီးမိတ်ဆွေတွေ့ဖို့သွားတဲ့အချိန်လည်း ဝတ်ဆင်ရင်လည်း သင့်တော်ပါတယ်။
3. အခြားအလှဆင်ပစ္စည်းနှင့် သင့်လျော်စွာ ဝတ်ဆင်ပါ။
ပုလဲဟာ နူးညံ့သိမ်မွေ့တဲ့အလှရှိတာမို့
တခြား မာကျောသော ကျောက်မြက်ရတနာများနဲ့ တွဲဖက် ဝတ်ဆင်သည့်အခါ အလွန်ကျွံ မဖြစ်စေဖို့သတိထားသင့်ပါတယ်။
ပုလဲဝတ်ဆင်သောအခါ ရှောင်ရန်များကတော့
1. စိတ်အမောနဲ့ ဝတ်ဆင်ခြင်းကိုရှောင်ပါ။
ပုလဲက စိတ်ငြိမ်းချမ်းမှုကိုဖော်ပြတာမို့ စိတ်ရိုင်းဝင်
နေချိန်မဝတ်ဆင်သင့်ပါဘူး။
2. ရေစိုအောင်မထားပါနဲ့နော်။
ပုလဲက ရေစိုခံလား မင်မင်ကို ခဏခဏ မေးကြတယ်။
ပုလဲက သဘာဝဓာတ်နဲ့ ဖန်တီးထားတဲ့အတွက် perfume, lotion တို့ကို ခံနိုင်မှုနည်းပါတယ်။
ရေနဲ့ ကြာရှည် ထိတွေ့တဲ့အခါ ပုလဲရဲ့ luster
ကျသွားတတ်ပါတယ်။ အသုံးပြုပြီးတဲ့အခါလည်း သန့်စင်စွာ ထည့်သိမ်းဖို့ မမေ့ပါနဲ့နော်။
3. ညအိပ်ချိန်တွင် မဝတ်ဆင်ပါနဲ့။
အိပ်ချိန်၌ဝတ်ဆင်ထားမယ်ဆိုရင် သဘာဝပုလဲ
ပျက်စီးနိုင်ခြေရှိတယ်နော်။
ပုလဲဟာ သက်တောင့်သက်သာ ဖြစ်ပြီး ဝတ်ဆင်သူရဲ့ယုံကြည်မှု၊ ကျက်သရေနဲ့ ကြွယ်ဝမှုကို ဖော်ပြနိုင်သော တစ်ခုထဲသော ရတနာဖြစ်ပါတယ်💛
မိမိအတွက် လှပမှုကို အပြင်အဆင်မှာသာမက ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့အတူ တပါတည်း ဝတ်ဆင်နိုင်ဖို့ မမေ့ပါနဲ့နော်🍀