SNG ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေးဆန်ဖြန့်ချီရေး

  • Home
  • Myanmar
  • Yangon
  • SNG ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေးဆန်ဖြန့်ချီရေး

SNG ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေးဆန်ဖြန့်ချီရေး စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်တွင်စိုက်ပျိုးသော မြန်မာ့မျိုးရင်းပေါ်ဆန်းမွှေးဆန်

11/11/2025

ရွှေသီဟရဲ့မိတ်ဟောင်းမိတ်သစ်များအားလုံး မင်္ဂလာပါရှင့်
ရွှေသီဟမိသားစုမှ ပြုလုပ်မည့်နှစ်ကုန် eventလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ🥰

"Eventလေးကတော့ အနုပညာကိုချစ်တဲ့သားသားမီးမီးတို့အတွက် ပုံဆွဲပြိုင်ပွဲလေးပဲ ဖြစ်ပါတယ် 🎨"

ပါဝင်သူကလေးငယ်များထဲမှ အနိုင်ရရှိသူ ကလေးငယ် (၁၂)ယောက်၏ ပုံများအား ရွှေသီဟမှ ဝယ်ယူသူများကို မေတ္တာလက်ဆောင်တုန့်ပြန်မည့် “၂၀၂၆ ပြက္ခဒိန်” တွင်ထည့်သွင်းသွားမှာဖြစ်တဲ့အပြင်

တစ်ဦးလျှင် ဆုကြေးငွေ ၁၀၀,၀၀၀/(တစ်သိန်းကျပ်) နှင့် ရွှေသီဟရွှေဘိုပေါ်ဆန်းမွှေး၏ ပြက္ခဒိန်တခု လက်ဆောင်ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပါသည်🥰

ပြိုင်ပွဲအကြောင်းအရာအပြည့်စုံလေးကိုတော့အောက်မှာအသေးစိတ်ဖတ်ရှူ့နိုင်ပါတယ်ရှင့်💁🏻‍♀️

✅ပန်းချီ ပြိုင်ပွဲဝင်မည့်ကလေး၏ အသက်မှာ ၁၂နှစ်အောက်ဖြစ်ရပါမည်

✅ကလေးငယ်ကိုယ်တိုင် ရေးဆွဲထားသောပန်းချီကားဖြစ်ရပါမည်

✅ပန်းချီကားထဲတွင် ဆန်(သို့မဟုတ်)ထမင်းနှင့် ပတ်သက်သည့် အကြောင်းအရာ ပါဝင်ရပါမည်

✅အနိုင်ရရှိသည့်ပန်းချီကားများကို ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေး၏ ပြက္ခဒိန်တွင် ထည့်သွင်းအသုံးပြုခွင့်ပေးရပါမည်

✅ပြိုင်ပွဲဝင်မည့် ပန်းချီပုံလေးများကို 09-962132714 ၏ viberသို့ 17November2025(Monday) နောက်ဆုံးထား၍ အောက်ပါအချက်အလက်များနှင့်တကွ ပေးပို့ပေးရပါမည်
(ပန်းချီကို ထင်ရှားစွာမြင်နိုင်စေရန် အထူးသတိပြုစေလိုပါသည်)

ပန်းချီရေးဆွဲသူ၏
◦ ဓာတ်ပုံ
◦ အမည်
◦ မွေးသက္ကရာဇ်
◦ နေရပ်လိပ်စာ
◦ ဖုန်းနံပါတ်
(အထက်ပါအချက်အလက်များအား ပြင်ပသို့ တစုံတရာ ပေါက်ကြားစေချင်းမရှိစေရပါ)

✅အနိုင်ရရှိသူစာရင်းကြေငြာပြီး (၁)ပတ် အတွင်းမူရင်းပန်းချီကားများကို အောက်ပါနီးစပ်ရာ လိပ်စာများသို့ အချိန်မှီပေးပို့ပေးနိုင်ရပါမည်။

🏠ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေးဖြန့်ချီရေး ပင်ရင်း (ရွှေဘိုမြို့)

🏠ဆန်မင်း ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေးဖြန့်ချီရေး (ချမ်း​အေးသာစံမြို့နယ်၊ မန္တ​လေး)

🏠SNG ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေးဖြန့်ချီရေး(အင်းစိန်မြို့နယ်၊ ရန်ကုန်)

✅မူရင်းပန်းချီကားများလက်ခံရရှိပြီး (၂၄)နာရီအတွင်း ဆုကြေးငွေများကို လွှဲအပ်ပေးသွားမည်ဖြစ်ပါသည်။

✅အနိုင်ရရှိသော ပြိုင်ပွဲဝင်ပန်းချီကားများ ရွေးချယ်ခြင်းနှင့်ပတ်သတ်၍ အငြင်းပွါးမှုတစုံတရာဖြစ်ပွါးပါက ရွှေသီဟရွှေဘိုပေါ်ဆန်းမွှေး Admin team၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

အနာဂါတ်ကလေးငယ်များ၏
တီထွင်ဖန်းတီးမှုစွမ်းအား တိုးတက်စေရန်နှင့် အနုပညာကို ခံစားသက်ဝင်တတ်ပြီး နူးညံ့မြင့်မြတ်သော စိတ်နေစိတ်ထားများရှိလာစေရန်ရည်ရွယ်ပါသည်။

ထပ်မံသိရှိလိုသည်များကို page messenger မှတဆင့်လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်🥰

အစဉ်အားပေးလျက်ရှိသောမိတ်ဆွေများအားလုံးကိုကျေးဇူးတင်လျက်

ရွှေသီဟမိသားစု

စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်တွင်စိုက်ပျိုးသော မြန်မာ့မျိုးရင်းပေါ်ဆန်းမွှေးဆန်

Address

Lanthit Street, Myanmar, Burma (Myanmar)
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959974000377

Website

Alerts

Be the first to know and let us send you an email when SNG ရွှေသီဟ ရွှေဘိုပေါ်ဆန်းမွှေးဆန်ဖြန့်ချီရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share