09/09/2022
ချစ်လှစွာသော လူကြီးမင်းများရှင်. .
မန္တလေး လို့အစချီပြီးရောင်းချတဲ့ မုန့်မျိုးစုံ
ရန်ကုန်မြို့အစားအသောက်စျေးကွက်မှာ
ရောင်းချနေရတာတွေ့မြင်ရတာ
လူကြီးမင်းတို့အသိပါပဲနော်
Admin ဖြစ်သူ ကျွန်မကတော့
မန္တလေးလို့အမည်တပ်ရောင်းပြီး
အင်မတန်မှ ကွဲလွဲတဲ့အရသာနဲ့ ဟင်းပွဲတွေ
ဆိုင်ပေါ်တင်ရောင်းနေတာကို စားခဲ့ရတိုင်း
ရင်နာနာနဲ့(အစစ်ပြောရရင် စိတ်ပါဆိုးမိတဲ့အထိ)
ဆိုင်ကို အမုန်းခံ အကြိမ်ကြိမ်
complain တက် ရန်လုပ်တတ်တဲ့သူပါပဲရှင်. ။😅😁
ဆိုတော့. ရေလုံးဝမရောတဲ့ .
မန္တလေးသူစစ်စစ်တစ်ယောက်ဖြစ်သော
အစားအသောက်ချက်ပြုတ်ပြုလုပ်ခြင်းမှာ
မှော်ဝင် လက်ဆိပ်တက်တဲ့
Admin တို့ရဲ့ ချစ်ခင်လေးစားရတဲ့
ဒေါ်အိဖြူ တစ်ယောက်. . .
အစားအသောက်ဝါသနာရှင်များ foodieလေးတို့အတွက်
မန္တလေးအစားအစာများပြုလုပ်နိုင်စေရန်
သင်တန်းးဖွင့်လှစ်သင်ကြားပြသပေးတော့မှာပဲ
ဖြစ်ပါတယ်ရှင်. . . 👏👏
ဒေါ်အိဖြူနဲ့ သူရဲ့သားဖြစ်သူတို့ဟာ
မူလပထမရွှေဥ (မန္တလေးအထမ်းမြီးရှည်) နာမည်နဲ့
Junction Square နားမယ်
ဆိုင်ဖွင့်လှစ်ရောင်းချခဲ့တာကို
မိတ်ဆွေဟောင်းများလည်း
သတိတရအမှတ်ရလိမ့်မယ်လို့မျှော်လင့်မိပါတယ်။
ကျန်းမာရေးကြောင့် ဆိုင်ကလေးကို
ခေတ္တရပ်နားထားပေမဲ့
ဝါသနာကြောင့် ယခုသင်တန်းကို ဖွင့်လှစ်လိုက်ပါတယ်။
(ဆိုင်ပြန်ဖွင့်ဖို့ မျှော်တလင့်လင့်နဲ့
မကြာခဏနားပူတတ်သော
မိတ်ဆွေကြီးများကိုလည်း အားပေးဝန်းရံမှုအတွက်
ကျေးဇူးတင်ကြောင်း
တပါတည်းမေတ္တာစကားပါးလိုက်ရပါတယ်နော်)
ဟုတ်ပါတယ်။
ကျွန်မတို့ချစ်တဲ့. .
အဲ့ဒီ ရွှေဥ(မန္တလေးအထမ်းမြီးရှည်)ဆိုင်ပိုင်ရှင်
ကိုယ်တိုင်က
မန္တလေးအစားအသောက်စစ်စစ်(လုံးဝ စစ်စစ်နော်)ကို
စနစ်တကျ
ကောင်းစွာသင်ယူတတ်မြောက်သည်အထိ
သင်ကြားပေးမှာပဲဖြစ်ပါတယ်။
သင်တန်းသား
သင်တန်းသူတစ်ဦးတစ်ယောက်ချင်းစီကို
အသေးစိတ် ဂရုတစိုက်ရှိနိုင်ရန်အတွက်လည်း
Class တစ်ခုစီမယ်
သင်တန်းသားအရေအတွက်အကန့်အသတ်နဲ့
private ဆန်ဆန် သင်ကြားပေးမှာပါ။
ဒီနေ့ဒီအချိန်ဒီကာလမယ်
အလုပ်အကိုင်တွေခက်ခဲကြပ်တည်းနေတဲ့အချိန်
ဝမ်းရေးဖြေရှင်းနိုင်မဲ့
အတတ်ပညာအသစ်တစ်ခုကို
အချိန်တိုအတွင်း စနစ်တကျ
ဆရာကောင်းသမားကောင်းနဲ့
လက်တွေ့ကျကျ
သင်ယူတတ်မြောက်လိုသူများအနေနဲ့
မဖြစ်မနေ တက်ရောက်သင့်တဲ့
ရွေးချယ်သင့်တဲ့
သင်တန်းတစ်ခုဖြစ်ကြောင်း .
အထူးအာမခံ ကြေညာလိုပါတယ်။
ချစ်လှစွာသောလူကြီးမင်းများရှင်. .
ကိုယ့်ဂုဏ်ကိုယ်ဖော်မသူတော်ဆိုတာသိပါတယ်.
ဒါပေမဲ့
ကျွန်မတို့အနေနဲ့
နှုတ်ကတိစာကတိနဲ့ အာမခံပြောကြားရဲတဲ့
သတ္တိရှိလောက်သည်အထိ
ကျွန်မတို့ရဲ့ သင်တန်းဆရာမဒေါ်အိဖြူက
Chef ကောင်းပီသသူဖြစ်နေလို့ကို. .
အခုလိုကြေညာရဲတာပါရှင်. . . 😊
ကျွန်မတို့ဖွင့်လှစ်မဲ့ သင်တန်းဟာ
အခုလိုခက်ခဲနေတဲ့အချိန်
မိတ်ဆွေတို့အတွက်
တစ်နိုင်တပိုင်စီးပွားဖြစ်ရောင်းချနိုင်မဲ့
ကိုယ်ပိုင်ဆိုင်ဖွင့်နိုင်တဲ့အထိ အထောက်အကူဖြစ်မဲ့
သင်ကြားပြသပေးနိုင်တဲ့သင်တန်းမျိုးပါ။
သင်ကြားပေးမဲ့menu လေးတွေကတော့. . .
မန္တလေးအစားအစာစစ်စစ်ဖြစ်တဲ့. . .
👉မန္တလေးအထမ်းမြီးရှည်
👉မန္တလေးနန်းကြီးသုပ်
👉မန္တလေးနန်းလတ်သုပ်
👉မန္တလေးနန်းပြားသုပ်
အစရှိသည်တို့ဖြစ်ပါတယ်. . . . .
သင်တန်းကာလကတော့
ဆယ်ရက်တာသင်တန်းဖြစ်ပါတယ်။
အချိန်အားဖြင့်ကတော့ မနက် (9)နာရီမှ နေ့လည်(1)နာရီအထိ ကြာမြင့်ပါမယ်။
သင်တန်းအတွက်လိုအပ်တဲ့
သင်ထောက်ကူပစ္စည်းများလဲ
သင်တန်းဘက်ကပဲ
လိုလေးသေးမရှိဖြည့်ဆည်းပေးထားမှာပါ။
သင်တန်းသားတစ်ဦးချင်းရဲ့
လိုက်နိုင်တဲ့နှုန်းပေါ်မူတည်ပြီးလည်း
တစ်ဦးချင်း ဂရုစိုက်ပေးသွားမှာဖြစ်လို့
မလိုက်နိုင်မှာ မတတ်မှာကိုလဲ
လုံးဝလုံးဝ စိတ်မပူပါနဲ့နော်. . 😊😊
ချက်ရင်းပြုတ်ရင်း မြည်းရင်းစားရင်းနဲ့
ပျော်ပျော်ကြီးအတူတကွဖြတ်သန်းကြပါမယ်ရှင်။
(တစ်ဦးချင်းသီးသန့်သင်ယူလိုသူများအနေဖြင့်လည်း
လွတ်လပ်စွာ ညှိနှိုင်း၍ရပါသည်)
📣ချစ်လှစွာသော လူကြီးမင်းများရှင်. . .
💞မန္တလေးအစားအစာစစ်စစ်ကို
ပြုလုပ်တတ်ချင်သူများ
💞ဆိုင်ပြန်ဖွင့်လှစ်ရောင်းချလိုသူများ
💞အိမ်တွင် ကိုယ်တိုင်ချက်ပြုတ်လုပ်စားချင်သူများ
လာရောက်လေ့လာသင်ကြားနိုင်ဖို့ရာ
အမြန်စာရင်းပေးသွင်းဖို့အတွက်
ဖိတ်ခေါ်ပါတယ်နော် 🤝🤝. ။
သင်တန်းနေရာလေးကတော့. . .
တိုက်၂၄ ပထမထပ်
ဗဟိုလမ်းနှင့်စိတ္တသုခလမ်းဒေါင့်
လှိုင်မြို့နယ် ။
09 428380912