ရွှေအိမ်သူ မြန်မာဒန်ပေါက်နှင့်ကြက်ဆီထမင်းဟင်းမျိုးစုံ

  • Home
  • Myanmar
  • Yangon
  • ရွှေအိမ်သူ မြန်မာဒန်ပေါက်နှင့်ကြက်ဆီထမင်းဟင်းမျိုးစုံ

ရွှေအိမ်သူ မြန်မာဒန်ပေါက်နှင့်ကြက်ဆီထမင်းဟင်းမျိုးစုံ အရသာရှိပီး စျေးနှုန်း သက်သာ တာ

13/12/2025
13/12/2025

ရွှေအိမ်သူကို အားပေးခဲ့တယ့်မိတ်ဟောင်းမိတ်သစ်များကို
အမြဲကျေးဇူးတင်ပါတယ်ရှင်🙏🙏🙏

📣📢🔔အရသာလည်းရှိရမယ်
စျေးနှုန်းလည်းချိုသာရမယ်
Orderမှာပီးသူတိုင်းလည်း
ထပ်ထပ်မှာပီး
စိတ်ချမ်းသာရတဲ့ ရွှေအိမ်သူ

#ရွှေအိမ်သူ
#မြန်မာဒန်ပေါက်နှင့်ကြက်ဆီထမင်း
#ထောပတ်ထမင်းဟင်းမျိုးစုံမှ
#မွေးနေ့ပွဲအလှူပွဲမင်္ဂလာပွဲများအတွက်
အထူးအော်ဒါလက်ခံပါတယ်ရှင်

မြန်မာဒန်ပေါက် တပွဲ 7500
မလေးရှားဒန်ပေါက် တပွဲ 7500
ကြက်ဆီထမင်း တပွဲ 4500
ထောပတ်ထမင်း တပွဲ 7500

👉👉👉ပွဲ100မှာယူပါက
အသားနဲ.အသည်းအ​မြစ်
10 ပွဲလက်ဆောင်အပြင်
လိုက်ပွဲ 10ပွဲလက်ဆောင်
လာပို့ခfree😊

ပွဲ100မှာရင်
20ပွဲလက်ဆောင်ဆိုတော့
အရမ်းကိုတန်နေပါပီနော်😍😍😍

👉👉👉ပွဲ50မှာယူပါက
​အသားအသည်းအ​မြစ်နဲ့ 5ပွဲ
ပွဲလက်ဆောင်အ​​​ပြင်
လိုက်ပွဲ 5ပွဲထ​ည့်ပေးပါတယ်ရှင်

ပွဲ50မှာရင်
လာပို့ခfreeအပြင်
10ပွဲလက်ဆောင်
အချစ်တို့ရေ မြန်မြန်လေးသာorderတင်ထားလိုက်တော့နော်😘😘😘

မြန်မာဒန်ပေါက်
ထောပတ်ထမင်းကြက်သားဟင်းအတွက်

*ပုဇွန်ခြောက်ကြော်
*သရက်ချဉ်သုပ်
(or) သရက်သီးသနပ်
(or)သဘော်သီးထောင်း
*အရည်သောက်ဟင်းချို တို့ပါဝင်ပါတယ်ရှင်

(ကြက်ဆီထမင်းအတွက်
ဆော့စ်နဲ့
ပုဇွန်ခြောက်အစပ်ကြော် ​​
ကြက်ရိုးဟင်းချိုနှင့်
သခွားသီး.ခါကြက်ဥ.နံနံပင်များထည့်ပေးပါသည်)

🙋🙋‍♂️ အလှူပွဲမင်္ဂလာပွဲမွေးနေ့ပွဲများအတွက်
ပန်းကန်ခွက်ယောက်အပြည့်အစုံနဲ့
ပွဲပြင်ဝန်ထမ်းလိုက်ပေးပါတယ်ရှင်🙏🙏🙏

မလေးရှားမှာ သင်ယူပီး
သေချာချက်ပြုတ်ရောင်းချလို့
နာမည်တခုရမှ
မြန်မာပြည်မှာပြန်လည်အခြေချရောင်းတာမို့
စိတ်ချလက်ချအားပေးလို့ရပါတယ်ရှင့်😊

#စေတနာနဲ့ဝါသနာပေါင်းစပ်ပီးချက်ပြုတ်ထားပါသည်ရှင့်

Orderမှာယူလိုပါက

☎09680964424

🏠🏠🏠အမှတ်၆၄၉.ပိတောက်ရွှေဝါ ၂လမ်း
၁၉ရပ်ကွက် တောင်ဒဂုံမြို့နယ် ရန်ကုန်မြို့

ရွှေအိမ်သူ

မြန်မာဒန်ပေါက် တပွဲ ၇၅၀၀
မလေးရှားဒန်ပေါက် တပွဲ ၇၅၀၀
ကြက်ဆီထမင်း တပွဲ ၄၅၀၀
ထောပတ်ထမင်း တပွဲ ၇၅၀၀

👉ပွဲ ၁၀၀မှာယူပါက
ကြက်အသည်းအမြစ်နဲ့၂၀ပွဲလက်ဆောင်
👉ပွဲ၅၀မှာယူပါက
ကြက်အသည်းအမြစ်နဲ့၁၀ပွဲလက်ဆောင်ထည့်ပေးပါတယ်ရှင်

*ပုဇွန်ခြောက်ကြော်
*သရက်ချဉ်သုပ်
(or) သရက်သီးသနပ်
(or)သင်္ဘေသီးထောင်း
*အရည်သောက်ဟင်းချို

(ကြက်ဆီထမင်းအတွက် ဆော့စ်နဲ့ပုဇွန်ခြောက်ကြော် ဟင်းချိုနှင့်
သခွားသီး.နံနံပင်များထည့်ပေးပါသည်)

ပွဲပြင်လိုက်ပေးပါတယ်ရှင်🙏🙏🙏

မလေးရှားမှာ သင်ယူပီး
နာမည်တခုရမှ


Orderမှာယူလိုပါက

☎09680964424


မင်မင်မြန်မာပြည်ကိုအပီးပြန်လာပီမို့ ရွှေအိမ်သူကိုအားပေးသူများ 1.1.2026မှ စတင်ပီး orderပြန်လက်ခံပါတော့မယ်ရှင်😍😍😍
13/12/2025

မင်မင်မြန်မာပြည်ကိုအပီးပြန်လာပီမို့ ရွှေအိမ်သူကိုအားပေးသူများ 1.1.2026မှ စတင်ပီး orderပြန်လက်ခံပါတော့မယ်ရှင်😍😍😍

💔💔💔💔💔
အကြောင်းအမျိုးမျိုးကြောင့်
ရွှေအိမ်သူ မြန်မာဒန်ပေါက်နှင့်ကြက်ဆီထမင်း ထောပတ်ထမင်းကို
#အချိန်အကန့်အသတ်မရှိရပ်နားလိုက်ပါကြောင်း
ရွှေအိမ်သူကို အားပေးသောချစ်ရသူအားလုံးကိုအသိပေးလိုက်ပါတယ်ရှင့်😔😔😔

အခုအချိန်ထိဖုန်းတေဆက်ပီး အော်ဒါမှာကျသူတေကို
အော်ဒါလက်မခံတော့ကြောင်းပြောရတာလောက် နာကျင်ရတာမရှိပါဘူး😢

ဘယ်နှနှစ်ကြာမယ်မှန်းမသိသေးပေမယ့်
မင်မင်မြန်မာပြည်ကိုပြန်လာဖြစ်ခဲ့ရင်တော့
ဒီpageလေးကနေ ပြန်ပီးကြော်ငြာပေးပါ့မယ်ရှင😔

အကောင်းဆုံးတေပဲပေးခဲ့တာမို့ ကိုယ့်ကိုအားပေးတယ့်သူတေကိုနှုတ်ဆက်ရတာ ဝမ်းနည်းမိပါတယ်😥

မြန်မာပြည်သူပြည်သားအားလုံး
စိတ်ချမ်းသာကိုယ်ကျန်းမာပီး
ချမ်းသာပြည့်စုံတယ့်တိုင်းပြည်အမြန်ဆုံးဖြစ်ကျပါစေ

ကဆုန်လပြည့် - ဗုဒ္ဓနေ့ကဆုန်လပြည့်နေ့အကြောင်း🙏🙏🙏🙏🙏ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ရက်မြတ်များ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏(၁) ဗ...
22/05/2024

ကဆုန်လပြည့် - ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့အကြောင်း
🙏🙏🙏🙏🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။

#မူရင်းရေးသားသူကိုလည်း_ဂါရဝပြုပါသည်။
#ဓမ္မဒါန_ကုသိုလ်_အဖြစ်ပြန်လည်မျှဝေပါသည် ။
Date:22-05-24

နှစ်ပေါင်း ၂၀ ကျော်အတွင်း အင်အားအပြင်းဆုံး နေမုန်တိုင်း တိုက်ခတ်နှစ်ပေါင်း ၂၀ ကျော်အတွင်း အင်အားအပြင်းဆုံး နေမုန်တိုင်းတ...
11/05/2024

နှစ်ပေါင်း ၂၀ ကျော်အတွင်း အင်အားအပြင်းဆုံး နေမုန်တိုင်း တိုက်ခတ်

နှစ်ပေါင်း ၂၀ ကျော်အတွင်း အင်အားအပြင်းဆုံး နေမုန်တိုင်းတစ်ခု မေ ၁၀ ရက်က တိုက်ခတ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံ တက်စ်မေးနီးယားပြည်နယ်မှ ဗြိတိန်နိုင်ငံအထိ ညဘက်ကောင်းကင်ယံတွင် လှပသည့် ရောင်ခြည်များကို မြင်တွေ့ခဲ့ရပြီး ယခုသီတင်းပတ် ကုန်ကာလအတွင်း ဂြိုဟ်တုဆက်သွယ်ရေးများနှင့် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်မည့်အလားအလာရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

နေမုန်တိုင်းဟု လူသိများသည့် နေမျက်နှာပြင်ပေါ်တွင် ဓာတ်ငွေ့များနှင့် သံလိုက်လှိုင်းများ ပေါက်ကွဲမှုသည် ဂရင်းနစ်စံတော်ချိန် မွန်းလွဲ ၄ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း အမျိုးသားအဏ္ဏဝါနှင့် လေထုအုပ်ချုပ်ရေးအဖွဲ့(NOAA)၏ အာကာသ မိုးလေဝသခန့်မှန်းရေးစင်တာက ထုတ်ပြန်ခဲ့သည်။

ထို့နောက် ထိုမုန်တိုင်းကို အလွန်ပြင်းထန်သည့် ပထဝီသံလိုက် မုန်တိုင်းအဖြစ်သတ်မှတ်ဖော်ပြခဲ့ပြီး ယင်းမုန်တိုင်းသည် ၂၀၀၃ ခုနှစ်အောက်တိုဘာလက ဆွီဒင်တွင် လျှပ်စစ်ဓာတ်အားများပြတ်တောက်ပြီး တောင်အာဖရိကတွင် စွမ်းအင်အခြေခံ အဆောက်အအုံများကို ထိခိုက်စေသည့် ဟော လိုးဝင်းမုန်တိုင်းများအပြီးတွင် ပထမဆုံးတိုက်ခတ်သည့် မုန်တိုင်းဖြစ်သည်။

လာမည့်ရက်ပိုင်းများအထိ နေမျက်နှာပြင်တွင် ပေါက်ကွဲမှုများဆက်လက်ဖြစ်ပွားနေဖွယ်ရှိကြောင်း NOAA က ထုတ်ပြန်ခဲ့သည်။

ဥရောပမြောက်ပိုင်းနှင့် သြစတြေးလျနိုင်ငံတွင် နေထိုင်သူများသည် နေမုန်တိုင်းတိုက်ခတ်မှုကြောင့် ကောင်းကင်ယံတွင် လှပသည့် ရောင်ခြည်များကို မြင်တွေ့ခဲ့ရပြီး ထိုရောင်ခြည်များကို ရိုက်ကူးထားသည့်ဓာတ်ပုံများသည် လူမှုမီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။

■ Read More - - - >>>https://news-eleven.com/article/291561

■Photo: AFP

►► (Zawgyi ဖြင့်ဖတ်ရန်)

နှစ်ပေါင်း ၂၀ ကျော်အတွင်း အင်အားအပြင်းဆုံး နေမုန်တိုင်း တိုက်ခတ်

နှစ်ပေါင်း ၂၀ ကျော်အတွင်း အင်အားအပြင်းဆုံး နေမုန်တိုင်းတစ်ခု မေ ၁၀ ရက်က တိုက်ခတ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံ တက်စ်မေးနီးယားပြည်နယ်မှ ဗြိတိန်နိုင်ငံအထိ ညဘက်ကောင်းကင်ယံတွင် လှပသည့် ရောင်ခြည်များကို မြင်တွေ့ခဲ့ရပြီး ယခုသီတင်းပတ် ကုန်ကာလအတွင်း ဂြိုဟ်တုဆက်သွယ်ရေးများနှင့် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်မည့်အလားအလာရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

နေမုန်တိုင်းဟု လူသိများသည့် နေမျက်နှာပြင်ပေါ်တွင် ဓာတ်ငွေ့များနှင့် သံလိုက်လှိုင်းများ ပေါက်ကွဲမှုသည် ဂရင်းနစ်စံတော်ချိန် မွန်းလွဲ ၄ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း အမျိုးသားအဏ္ဏဝါနှင့် လေထုအုပ်ချုပ်ရေးအဖွဲ့(NOAA)၏ အာကာသ မိုးလေဝသခန့်မှန်းရေးစင်တာက ထုတ်ပြန်ခဲ့သည်။

ထို့နောက် ထိုမုန်တိုင်းကို အလွန်ပြင်းထန်သည့် ပထဝီသံလိုက် မုန်တိုင်းအဖြစ်သတ်မှတ်ဖော်ပြခဲ့ပြီး ယင်းမုန်တိုင်းသည် ၂၀၀၃ ခုနှစ်အောက်တိုဘာလက ဆွီဒင်တွင် လျှပ်စစ်ဓာတ်အားများပြတ်တောက်ပြီး တောင်အာဖရိကတွင် စွမ်းအင်အခြေခံ အဆောက်အအုံများကို ထိခိုက်စေသည့် ဟော လိုးဝင်းမုန်တိုင်းများအပြီးတွင် ပထမဆုံးတိုက်ခတ်သည့် မုန်တိုင်းဖြစ်သည်။

လာမည့်ရက်ပိုင်းများအထိ နေမျက်နှာပြင်တွင် ပေါက်ကွဲမှုများဆက်လက်ဖြစ်ပွားနေဖွယ်ရှိကြောင်း NOAA က ထုတ်ပြန်ခဲ့သည်။

ဥရောပမြောက်ပိုင်းနှင့် သြစတြေးလျနိုင်ငံတွင် နေထိုင်သူများသည် နေမုန်တိုင်းတိုက်ခတ်မှုကြောင့် ကောင်းကင်ယံတွင် လှပသည့် ရောင်ခြည်များကို မြင်တွေ့ခဲ့ရပြီး ထိုရောင်ခြည်များကို ရိုက်ကူးထားသည့်ဓာတ်ပုံများသည် လူမှုမီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။

■ Read More - - - >>>https://news-eleven.com/article/291561

■Photo: AFP

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

Happynewyear2024 နှစ်သစ်လက်ဆောင်ပါရှင့်😘
31/12/2023

Happynewyear2024 နှစ်သစ်လက်ဆောင်ပါရှင့်😘

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

31/12/2023

Notiယူထားပေးကျ
နှစ်သစ်လက်ဆောင်ဖုန်းဘေလ်တေတင်ပေးမယ်နော်😍😍😍

Welcome 2024😍😍😍နှစ်သစ်အစကနေ အဆုံးထိ အေးချမ်းသာယာပျော်ရွင်ကျပါစေ😍😍bye 2023 😔စိတ်မကောင်းစရာအားလုံးပီးဆုံးသွားတဲ့2023😔
31/12/2023

Welcome 2024😍😍😍
နှစ်သစ်အစကနေ အဆုံးထိ အေးချမ်းသာယာပျော်ရွင်ကျပါစေ😍😍

bye 2023 😔
စိတ်မကောင်းစရာအားလုံးပီးဆုံးသွားတဲ့2023😔

Address

Patauk Shwe War 3 Street
Yangon

Telephone

+959680964424

Website

Alerts

Be the first to know and let us send you an email when ရွှေအိမ်သူ မြန်မာဒန်ပေါက်နှင့်ကြက်ဆီထမင်းဟင်းမျိုးစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share