Ti Ti Baby Toy & Accessories

Ti Ti Baby Toy & Accessories Grocery Store 👓🌂🎒👜👛🕶️👒💍🌿☘️

02/07/2026

အရင်းနှီးဆုံးတွေက
အနာကျင်ရဆုံးတွေ ပေးတဲ့အခါ
ရင်ထဲကဒ-ဏ်ရာတွေ မပိုပါစေနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

အယုံကြည်ရဆုံးတွေက
ရင်နာစရာတွေ လုပ်သွားတဲ့အခါ
ပူလောင်စွာ နာကြည်းမှုတွေ မခံယူပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

အချစ်ရဆုံးတွေက
ရက်ရက်စက်စက် လုပ်ရက်ခဲ့တဲ့အခါ
မျက်ရည်စတွေနဲ့
မုန်းတီးလို့ မနေပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

နောက်ထပ်ပြန်ဆုံနိုင်စရာ
အကြောင်းလည်းမရှိတဲ့
ရင်ဘတ်ချင်း
မနီးစပ်တဲ့သူတွေအတွက်
နောက်ထပ်တစ်ခါ ရင်ဘတ်ကြီးနဲ့ရင်းပြီး
ရှုံးနိမ့်ခြင်းတွေနဲ့ ဘဝမှာ နစ်မွန်းမနေပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

ဆုံးရှုံးခဲ့တာတွေ
နစ်နာခဲ့တာတွေ အတွက်

လွယ်လွယ်လေးနဲ့တော့
ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး

လွယ်လွယ်လေးနဲ့တော့
မေ့ပစ်လိုက်နိုင်မှာ မဟုတ်ဘူး

စိတ်တိုစရာတွေ
စိတ်နာစရာတွေ
စိတ်ဒဏ်ရာတွေ ဆိုတာ
ခံစားရသူသာ အသိဆုံးဖြစ်သော်လည်း
လောကမှာ ခွင့်မလွှတ်နိုင်စရာကို
ခွင့်လွှတ်ပေးနိုင်ခြင်းကသာ
စိတ်ချမ်းသာရမှာပါ။

မေ့မပစ်နိုင်စရာကို
မေ့ပစ်လိုက်နိုင်ခြင်းကသာ
စိတ်ငြိမ် အေးချမ်းရမှာပါ။

ဘဝမှာ
သာယာလှပပြီး
စိတ်ငြိမ် အေးချမ်းသောဘဝကို
ပိုင်ဆိုင်ချင်တယ် ဆိုလျှင်
ရိုးရှင်းစွာနဲ့
စိတ်ပင်ပန်း ပူလောင်ဆင်းရဲစရာတွေကို
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

သိထားဖို့က
လောကဓံကို ရင်ဆိုင်တဲ့အခါမှာ
လက်ထဲမှာ
"ဓား" ရှိဖို့ မလိုဘူး
ရင်ထဲမှာ "တရား" ရှိဖို့ပဲ လိုတာပါ။

ဒါကြောင့်
ကိုယ့်အပေါ်မကောင်းလို့ ဆိုပြီး
ဒေါသမဖြစ်နဲ့
ရန်မလိုမိပါစေနဲ့။
ကိုယ်လုပ်ခဲ့တဲ့အတိတ်က
အကြွေးဆပ်ရတယ်လို့ သဘောထားလိုက်။

သူကသာ ကြွေးသစ်ယူနေတာ
သူပြုသည့်ကံက
သူ့ဆီ
ပြန်လာလိမ့်မည်
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

#ဦးအောင်သင်းစာပေ_hein_ဟိဏ်း

12/05/2026

" ကိုယ့်ဘက်ပဲ ကြည့်တတ်တဲ့သူတွေဆီမှာ
ကိုယ်ချင်းစာတရား ဆိုတာ
ဘယ်ရှိပါ့မလည်း ''

#ဦးအောင်သင်းစာပေ_hein_ဟိဏ်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ti Ti Baby Toy & Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category