Boo Online Shop

Boo Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Boo Online Shop, Food & Beverage, Yangon.

၁ မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် ၆၀ ရှိသလဲ ❓ငယ်ငယ်ကတည်းက သိလာတဲ့အသိတစ်ခုကစက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီးမိနစ် (၆၀) ဟာ ၁ နာ...
15/06/2023

၁ မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် ၆၀ ရှိသလဲ ❓
ငယ်ငယ်ကတည်းက သိလာတဲ့အသိတစ်ခုက
စက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီး
မိနစ် (၆၀) ဟာ ၁ နာရီဖြစ်ပါတယ်။
ဘာ့ကြောင့် ၆၀ ဖြစ်သလဲ..?
ဘာ့ကြောင့် ၁၀၀ မဖြစ်တာလဲ..? စသည်ဖြင့်
စဉ်းစားကြည့်ဖူးကြမည် ထင်ပါတယ်။
စဉ်းစားတတ်တဲ့ကျောင်းသားကမေးတဲ့အခါ..
ဆရာတို့ ဘယ်လိုဖြေကြမလဲ..?
အခုလို (၆၀) ကို အခြေထားပြီး တွက်တဲ့စနစ်ဟာ
ခရစ်တော်မပေါ်မီ ၃၅၀၀ ခုနှစ် (BC 3500)
ကတည်းက ဆူမားရီးယမ်း လူမျိုးတွေ စတင်
အသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။
စက်ဝိုင်းတို့ တြိဂံတို့ဟာ (၆၀) နဲ့ တွက်လို့ရသော ပုံစံများဖြစ်ပါတယ်။
ဒီစနစ်ကို ဘေဘီလိုနီယန်း (ဘေဘီလုံ)တွေက
ဆက်လက် ကျင့်သုံးခဲ့ပြီး
သင်္ချာပညာ နဲ့ နက္ခတ္တဗေဒ ပညာရပ်များမှာ
အသုံးချခဲ့ကြပါတယ်။
(၆၀) ကို အခြေယူတဲ့ နည်းစနစ်ကို စက်စီဂျက်စီမယ် (sexagesimal) လို့ခေါ်ပါတယ်။
ရှေးအခါက နေ့ နှင့် ည အချိန်များကို
နေ နာရီ၊ ကြယ်တာရာ များကိုကြည့်ပြီး
တွက်ခဲ့ကြတာဖြစ်ပါတယ်။
နေ့ နှင့်ည ကို ၂၄ နာရီအဖြစ် စတင်သတ်မှတ်တာကတော့ ရှေး အီဂျစ်များ ဖြစ်ပါတယ်။
နေနာရီိရဲ့ အရိပ်ကိုကြည့်ပြီး
နေ့ (၁၀) နာရီ အဖြစ်သတ်မှတ်ကာ
မိုးသောက်ချိန် ၁ နာရီ၊ ညနေ ၁ နာရီ ရှေ့နောက်ထည့်ပေါင်းပါတယ်။
ညကတော့ ကြယ်တာရာတွေကို ကြည့်ပြီး
၁၂ နာရီအဖြစ် သတ်မှတ်ပါတယ်။
စုစုပေါင်း ၂၄ နာရီပါ။ sexagesimal (၆) နဲ့ စားလို့ ပြတ်တဲ့ ဂဏန်းတွေပါပဲ။
စက္ကန့် (၆၀) ကို ၁ မိနစ်လို့ စပြီး သတ်မှတ်ခေါ်ဆိုခဲ့တာကတော့ ဂရိ နက္ခတ်ပညာရှင် Hipparchus ဖြစ်ပါတယ်
၁ နာရီကို sexagesimal သင်္ချာနည်းနဲ့ ၆၀ ပိုင်းလိုက်တာကို “Prime Minute” ပထမပိုင်းသေးလို့ သတ်မှတ်ပါတယ်။
အဲ့ဒီ့ သေးငယ်ခြင်း Minute (မိုင်နျု) ကနေ မိနစ် ဖြစ်လာပါတယ်။
Prime Minute ကို နောက်ထပ် (၆၀) နဲ့ ဆက်ပိုင်းတဲ့အခါ “Second minute” လို့ခေါ်တဲ့ ဒုတိယ အပိုင်း (သေးငယ်ခြင်း) ကို ရပါတယ်။
အဲ့ဒီ့ ဒုတိယ Second ကနေ စက္ကန့် ဖြစ်လာတာ ဖြစ်ပါတယ်။ (Third Minute နဲ့ Fourth Minute တို့လည်း ရှိပါသေးတယ်။)
ကျနော်တို့ သုံးနေတဲ့ နာရီကိုတော့..
၁၆၅၆ မှာ ဒတ်ခ်ျလူမျိုး အာကာသပညာရှင်
ခရစ်ရှန် ဟူဂျင်း (Christiaan Huygens) က စတင်တီထွင် အသုံးပြုခဲ့တာပါ။
ဒါပေမယ့် သူသုံးခဲ့တာ ချိန်သီးပါတဲ့ နာရီမျိုး (Pendulum clock) ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့.. သူ့ရဲ့ နာရီပုံစံဒီဇိုင်းကိုပဲ
တစ်ကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာပဲ ဖြစ်ပါတော့တယ်…။
စာရေးသူ - သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

✨ဆံသားခြောက်တဲ့သူ✨ဆံသား ပြတ်ထွက်တဲ့သူ✨ဆံသား နှစ်ခွဖြစ်တဲ့သူတွေအတွက်💛 B&P ရဲ့ 10 Oils Mix Hair Serum- ဆံသား နဲ့ ဦးရေပြားအ...
08/06/2022

✨ဆံသားခြောက်တဲ့သူ
✨ဆံသား ပြတ်ထွက်တဲ့သူ
✨ဆံသား နှစ်ခွဖြစ်တဲ့သူတွေအတွက်
💛 B&P ရဲ့ 10 Oils Mix Hair Serum

- ဆံသား နဲ့ ဦးရေပြားအတွက် အကောင်းဆိုတဲ့
သဘာဝအဆီ(၁၀)မျိုးကို အဓိကထားလုပ်ထားလို့ ဆံသားကို Repair လုပ်ပေးပါတယ်

- စေးကပ်တာလုံးဝမရှိပဲ သဘာဝအတိုင်း ပုံကျလှပစေပါတယ်

- Luxury ဆန်တဲ့ မွှေးရနံ့လေးကလည်း လိမ်းပြီးတိုင်း Confident အပြည့်နဲ့ လှစေလို့

- သုံးဖူးသူတိုင်းကြိုက်တဲ့ Beauty & Power 10 Oils Mix Hair Serum



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Boo Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share