18/02/2024
ငှက်ပျောသီး ဆနွင်းမကင်း 😊
(7"11" မုန့်ဗန်းတစ်ဗန်းစာ)
ဖီးကြမ်းငှက်ပျောသီးမှည့် ၅လုံး
မွှေးဂျုံမှုန့် ၁ထုပ်
မွှေးရွှေကြည်မှုန့် အထုပ်တစ်ဝက်
သကြား ထမင်းစားဇွန်း ၁၀ဇွန်း (အချိုကြိုက်ရင် ပိုထည့်ပါ)
ဆား လဘက်ရည်ဇွန်းတစ်ဝက်
အုန်းသီးခြစ်မှုန့် တူစားပန်ကန်းလုံးတစ်ဝက်ခန့်
နွားနို့ ကော်ဖီပန်းကန်လုံးတစ်လုံးလျော့လျော့ (၁၀၀ ml ခန့်)
အုန်းနို့ဗူးကြီး တစ်ဝက် (၂၀၀ ml ခန့်)
ထောပတ် ထမင်းစားဇွန်း ၇ဇှနျး
ဂျုံနဲ့ရွှေကြည်မှအပ ကျန်အမယ်အားလုံးကို blender နဲ့ မွှေပါ ကြေညက်သွားပြီဆိုမှ
ဇလုံတစ်ခုထဲလောင်းထည့်ပြီး
ဂျုံမှုန့် ရွှေကြည်မှုန့်တို့နဲ့ ရောပြီး သမအောင်နယ်
ပေးပါ
နောက်ဆုံးမှာ Food colour အနီရောင် လဘက်ရည်ဇွန်း သုံးပုံတစ်ပုံခန့်ထည့်ပြီး နှံ့စပ်အောင်
မွှေပေးပါ
မုန့်ဖုတ်မယ့်ဗန်းကို ထောပတ်အနည်းငယ်သုပ်ပြီး မုန့်နှစ်လောင်းထည့်ပါ မျက်နှာပြင်ညှိပေးပြီး
ထောပတ်အနည်းငယ်သုပ်ပေးပါ
ဘိန်းစေ့ဖြူးပါ oven ထဲမှာ အပေါ်မီးအောက်မီး ၂၅ဝံ စင်တီဂရိတ်နဲ့ မိနစ် ၄၀လောက် ထားပေး
လိုက်ရင် ရပါပြီ
(ငှက်ပျောသီးအစား ကန်စွန်းဥ အာလူးတို့နဲ့လဲ
လုပ်လို့ရပါတယ်)
မူရင်းရေးသားသူအားလေးစားစွာဖြင့် Creditပေးပါတယ်
/Photo