sweet and ample

sweet and ample ဆကာကြီးသူမုန့်ဟင်းခါးအနှစ်ထုပ်ကိုယ်စားလှယ်ပါ တစ်ခြားအစားအသောက်တွေအလျဉ်းသင့်သလိုရောင်းရင်း အစားအစာအကြောင်း/ဗဟုသုတရစရာလေးတွေလဲ တခါတလေ တင်ပါတယ်ရှင့်

ဆံပင်တစ်ခါမညှပ်ခင်ရှာလိုက်ရတဲ့ ပုံ saved လိုက်ရ ရွေးလိုက်ရတဲ့ ဆံပင်ပုံတွေ ကမနည်းဘူး အချိန်တန် ညှပ်ပြီးသွားတော့လဲ မြန်မာပ...
06/09/2026

ဆံပင်တစ်ခါမညှပ်ခင်ရှာလိုက်ရတဲ့ ပုံ saved လိုက်ရ ရွေးလိုက်ရတဲ့ ဆံပင်ပုံတွေ ကမနည်းဘူး
အချိန်တန် ညှပ်ပြီးသွားတော့လဲ မြန်မာပြည်သိန်းတန် ကေ ပဲထွက်လာတာ
ဆံပင် ညှပ်တိုင်း ထရော်မာတွေ ရနေပါပြီရှင် 😭

05/09/2026

M1 Bakery ဆိုင်တွင်
အခြေခံအထွေထွေဝန်ထမ်းအလိုရှိပါသည့်။
((( ကျား/ မ / LGBT )))
အတန်းပညာ/အတတ်ပညာ သတ်မှတ်ချက်မရှိပါ။ နှစ်ရှည်လုပ်နိုင်ပါကအသက်မွေးဝမ်းကြောင်း မုန့်ပညာ၊Kitchen ပညာအစုံသင်ကြားနိုင်မည်။

၁/ အချိန်ပြည့်နေစာစရိတ်ငြိမ်း (၂)ဦး

၂/ အချိန်ပိုင်း မနက်တပိုင်း (သို့မဟုတ်) ညပိုင်းဝန်ထမ်း (၂)ဦး

လစာ/ခံစားခွင့် အသေးစိတ်သိရှိလိုပါက..
09767003029 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Have a good day 😊🍀
05/09/2026

Have a good day 😊🍀

ဒီစာလေးကိုတွေ့ရင်ပြုံးကြည့်ပါပြုံးလိုက်ရင်မသိဘဲတင်းထားမိတဲ့တင်းအားလေးတွေလျော့ပြီး နေရတာ သက်တောင့်သက်သာနဲ့ ကိုယ်တိုင်လဲစိ...
01/09/2026

ဒီစာလေးကိုတွေ့ရင်ပြုံးကြည့်ပါ
ပြုံးလိုက်ရင်မသိဘဲတင်းထားမိတဲ့တင်းအားလေးတွေလျော့ပြီး နေရတာ သက်တောင့်သက်သာနဲ့ ကိုယ်တိုင်လဲစိတ်ပျော် မြင်ရသူကိုလဲအပျော်ကူးစက်စေပါတယ် 😊
ပြုံးပျော်နိုင်ကြပါစေ 🥰

"​နေ့တစ်​​နေ့ကို အပြုံးနဲ့ စတင်ပါ"

ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ လွှမ်းမိုးမှုရှိသူ၊ ထင်ရှားသူ ဖြစ်တဲ့ ဗီယက်နမ်ဘုန်းကြီး Thich Nhat Hanh ရဲ့ အဆိုအမိန့်တစ်ခု ရှိပါတယ်။ (သစ်နက်ဟန်လို့ အနီးစပ်ဆုံး အသံထွက်နိုင်ပါတယ်)

တစ်ခါတလေမှာ စိတ်ပျော်နေလို့ ပြုံးမိတာ ဖြစ်နိုင်သလို၊ တစ်ခါတလေမှာလည်း ပြုံးလိုက်လို့ ပျော်သွားရတာမျိုး ရှိတတ်ပါတယ်တဲ့။

Sometimes your joy is the source of your smile, but sometimes your smile can be the source of your joy.

ဘဝတွေက ခက်ခဲလွန်းပါတယ်။ ရှင်သန်ရတာလည်း ပင်ပန်းတယ်။ အနာဂတ်တွေကလည်း မရေရာဘူး။ လူတွေကလည်း စိတ်အချဉ်တွေပေါက်လို့။ မိသားစုအချင်းချင်းလည်း ပြဿနာတွေ ဖြစ်လို့။

ပြုံးပျော်ရတဲ့ အခိုက်အတန့်တွေက ပိုပိုရှားပါးလာတယ်။

သို့သော်လည်း ကြိုးစားပြီးတော့ ပြုံးကြည့်ပါ။ ပြုံးလိုက်ရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲမှာ Endorphin အပါအဝင်၊ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ ဓါတုပစ္စည်းတွေ ထွက်လာပါတယ်။

ဒီတော့ မျက်နှာကြီးတွေ တင်းမထားပါနဲ့။ လျှော့ချလိုက်ပါ။ အိပ်ခန်းထဲက ထွက်လို့ အိမ်သူအိမ်သားတွေကို တွေ့တာနဲ့ ပြုံးပြလိုက်ပါ။ အိမ်က ထွက်တဲ့အခါ၊ ရုံးရောက်တဲ့အခါမှာလည်း တွေ့တဲ့လူတိုင်းကို ကိုယ့်ဘက်ကပဲ စပြီး အပြုံးနဲ့ နှုတ်ဆက်လိုက်ပါ။

အားလုံးက ကိုယ်စီကိုယ်စီ ခက်ခဲနေကြတဲ့အချိန်မို့ အဲဒီလို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်တာကို ခံလိုက်ရရင် သူ့ခံစားချက်တွေလည်း နည်းနည်းလောက်ဖြစ်ဖြစ် အဆင်ပြေသွားနိုင်ပါတယ်။ အဲဒီကမှတဆင့် သူကလည်း တစ်ပါးသူကို ပြန်ပြုံးပြနဲ့ အပြုံးတွေ ကူးစက်သွားနိုင်တာပေါ့။

ပြုံးခြင်းဟာ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်နဲ့ Personality ကိုလည်း ကောင်းမွန်စေပါတယ်။ ဘယ်လောက်လှတဲ့သူ ဖြစ်ဖြစ်၊ မျက်နှာကြီး စူပုပ်နေမယ်၊ ဒေါသဖြစ်နေမယ်ဆို ကြည့်ရအဆင်မပြေ ဖြစ်သွားတာပဲမို့လား။ ကိုယ့်ကို အပြုသဘောဆောင်တဲ့သူ၊ ချဉ်းကပ်လွယ်တဲ့သူ၊ ပရော်ဖက်ရှင်နယ်ဆန်တဲ့သူ၊ ခင်မင်နှစ်လိုဖွယ် ကောင်းတဲ့သူအဖြစ် မြင်လာစေမှာ အဲဒီအပြုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပြုံးပါ။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ပြုံးထားပါ။ ပြုံးတတ်အောင်လည်း လေ့ကျင့်ပါ။ ရင်ထဲမှာ ရှိနေတဲ့ မကျေနပ်စိတ်တွေ၊ ပူပန်သောကတွေ၊ ဒေါသစိတ်တွေကို ခဏလောက် အနားပေးပြီး အခုပဲ ပြုံးပြလိုက်ပါ။

28 Aug 2023

30/08/2026

ဆကာကြီးသူမုန့်ဟင်းခါးကိုကြိုက်လွန်းလို့ ကိုယ်တိုင်လဲစား သူငယ်ချင်းတွေကိုပါချက်
ကျွေးဖို့ စင်ကာပူကနေအနှစ်ထုပ်အကြီးတွေ လှမ်းမှာ အားပေးတဲ့ညီမလေး ကျေးဇူးပါရှင့်

19/08/2026
19/08/2026

ငါးဖယ်ဖတ်လေးတွေပါတဲ့ဆကာကြီးသူမုန့်ဟင်းခါးအနှစ်ထုပ်တွေ အသစ်ထပ်ရောက်ထားလို့ မိတ်ဟောင်းမိတ်သစ်များအားပေးနိုင်ပါပြီရှင့်

ဝမ်းရောဂါဘေး ကာကွယ်နိုင်ကြပါစေ
12/08/2026

ဝမ်းရောဂါဘေး ကာကွယ်နိုင်ကြပါစေ

ငါးဖယ်ဖတ်လေးတွေပါတဲ့ ဆကာကြီးသူမုန့်ဟင်းခါးအနှစ်ထုပ်လေးတွေ  sweet and ample ဆီမှာ မှာယူအားပေးနိုင်ပါတယ်ရှင့်
03/07/2026

ငါးဖယ်ဖတ်လေးတွေပါတဲ့ ဆကာကြီးသူမုန့်ဟင်းခါးအနှစ်ထုပ်လေးတွေ sweet and ample ဆီမှာ မှာယူအားပေးနိုင်ပါတယ်ရှင့်

Address

လမ်းမတော်
Yangon

Telephone

+959966025297

Website

Alerts

Be the first to know and let us send you an email when sweet and ample posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category