ဦးမှန်ကြီး-မြန်မာ့ရိုးရာစားသောက်ကုန်

  • Home
  • Myanmar
  • Yangon
  • ဦးမှန်ကြီး-မြန်မာ့ရိုးရာစားသောက်ကုန်

ဦးမှန်ကြီး-မြန်မာ့ရိုးရာစားသောက်ကုန် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဦးမှန်ကြီး-မြန်မာ့ရိုးရာစားသောက်ကုန်, No. 72/74, Daw Thein Tin Road, 89th st , Mingalar Taung Nyunt Township, Yangon.

Authentic Myanmar Traditional Foods 🍲
Famous U Man Gyi Nga Pi Yay Kyo
📍 Yangon | 📦 Delivery Available
⏰ Open Daily (9AM - 6PM)
📩 Order Now via Messenger / Call

Japan 🇯🇵
25/08/2026

Japan 🇯🇵

19/08/2026

🔥 Special Promotion 🔥

စားလိုက်တိုင်း မွှေးမွှေးလေးနဲ့ အရမ်းစားကောင်းတဲ့ ငါးခြောက် 😋

✅ တစ်ထုပ် — 160g
✅ ဈေးနှုန်း — 35000 ကျပ်
✅ အထုပ် ၃၀၀ သာ ရရှိနိုင်ပါမယ်

မှာယူရန် Viber 👉 09 458 511 969

#ငါးခြောက် #မြန်မာအစားအစာ #အိမ်ချက်အစားအစာ #ဦးမှန်ကြီး

Mandalay
18/08/2026

Mandalay

🔥 Special Promotion 🔥နူးညံ့မွှေးပျံ့ပြီး စားလို့ကောင်းတဲ့ ငါးရံ့ခြောက် အချို😋✅ တစ်ထုပ် — 160g✅ ဈေးနှုန်း — 30,000 ကျပ်✅ ...
17/08/2026

🔥 Special Promotion 🔥
နူးညံ့မွှေးပျံ့ပြီး စားလို့ကောင်းတဲ့ ငါးရံ့ခြောက် အချို😋

✅ တစ်ထုပ် — 160g
✅ ဈေးနှုန်း — 30,000 ကျပ်
✅ အရေအတွက်အကန့်အသတ်ရှိပါတယ်

မှာယူလိုပါက Viber သို့ စာပို့ပေးပါရှင့်👇
📞 09 458 511 969

#ငါးခြောက် #မြန်မာအစားအစာ #ဦးမှန်ကြီး #အိမ်ချက်အစားအစာ

 #ငါးငပိချက်ဗူးသေး ထမင်းမြိန်စေမယ့် "ဦးမှန်ကြီး" ငရုတ်သီးစိမ်းငါးငပိချက် 🤤🐟ထမင်းပူပူလေးနဲ့ နယ်စားမလား၊ တို့စရာလေးတွေနဲ့ ...
09/08/2026

#ငါးငပိချက်ဗူးသေး

ထမင်းမြိန်စေမယ့် "ဦးမှန်ကြီး" ငရုတ်သီးစိမ်းငါးငပိချက် 🤤🐟
ထမင်းပူပူလေးနဲ့ နယ်စားမလား၊ တို့စရာလေးတွေနဲ့ တို့စားမလား... ဘယ်လိုပဲစားစား ပါးစပ်ထဲမှာ စွဲကျန်ရစ်စေမယ့် အရသာစစ်စစ်!
✨ ဘာလို့ "ဦးမှန်ကြီး" ငါးငပိချက်ကို ရွေးချယ်သင့်တာလဲ?

သန့်ရှင်းလတ်ဆတ်စွာ သေချာထုတ်လုပ်ထားခြင်း

အဆင်သင့် သုံးဆောင်နိုင်လို့ အချိန်ကုန် သက်သာခြင်း

ဟင်းချက်ရတာ ပျင်းနေတဲ့နေ့တွေအတွက် အသင့်တော်ဆုံးနံပါတ် (၁) အဖော်မွန်

📦 ပစ္စည်းအသင့်ရှိလို့ အခုပဲ မှာယူလိုက်ပါနော်။

📞 မှာယူရန် ဖုန်းနံပါတ်များ -

09-458511969 / 09-952192704

Sunday Off 🔊

😮
05/08/2026

😮

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်းရှိ လုံကျန်း ရေအားလျှပ်စစ်စက်ရုံရဲ့ ရေသိုလှောင်ကန်အတွင်း ရေပြည့်လုနီးပါး ဖြစ်လာတာကြောင့် ရေပိုလွှဲတံခါးဖွင့်ပြီး ရေထုတ်လွှတ်မယ်လို့ အသိပေးထားပြီး မြစ်အောက်ပိုင်းမှာ နေထိုင်သူတွေနဲ့ မြစ်ကြောင်းအသုံးပြုသူတွေ သတိထားဖို့ သတိပေးထားပါတယ်။

လုံကျန်းမြစ်ဟာ မံစီမြစ်နဲ့ ပေါင်းဆုံပြီး ရွှေလီမြစ်အဖြစ် စီးဆင်းတဲ့ မြစ်ကြောင်းဖြစ်တာကြောင့် ရေထုတ်လွှတ်မှုတွေကြောင့် ရွှေလီမြစ်အောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ဒေသတချို့မှာ ရေတက်လာနိုင်ကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

Photo: GoogleMap
အပြည့်အစုံ Comment မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

"Little Knowledge is dangerous”
01/08/2026

"Little Knowledge is dangerous”

ကြက်ဥအစရှာပြဿနာ (၇)
-ငါးပိပဟေဠိ
#ဒေါက်တာခင်မောင်ညို

အာဟာရအတွက် မြန်မာ့အကြိုက် စားသုံးတဲ့အထဲမှာ ကြက်ဥ၊ ဘဲဥအပြင် ငါးပိလည်း ပါပါတယ်။
ငါးပိဟာ ကျွန်တော်တို့ မြန်မာပြည်သား (အချို့)တွေအတွက် Staple Food (အဓိက စားသောက်ကုန်) ဖြစ်ပါတယ်။ ငါးပိဟာကျွန်တော်တို့အတွက် ပရိုတင်းရရာ အရင်းအမြစ် (Protein Source) လည်း ဖြစ်တယ်။ ကျွန်တော်တို့ စားသုံးတဲ့ ငါးပိ နှစ်မျိုးရှိတယ်။
တစ်မျိုးက ငါးငါးပိ၊ နောက်တစ်မျိုးက ပုဇွန်ငါးပိ ဖြစ်တယ်။
ပုဇွန်ငါးပိကို စိမ်းစားငါးပိ၊ မျှင်ငါးပိ စသဖြင့် ခေါ်ကြပါတယ်။ နှစ်မျိုးလုံးဟာ သူ့နေရာနဲ့သူ အသုံးဝင်ပါတယ်။
အထူးသဖြင့် မွန်ပြည်နယ်က လူတွေဆိုရင် ဟင်းချက်တဲ့အထဲမျှင်ငါးပိ အမြဲပါတယ်။ များသောအားဖြင့် ငါးဟင်း၊ ဟင်းချို(အရည်သောက်) တွေမှာ ငါးပိပါတယ်။ မုန့်ဟင်းခါးချက်တာကျတော့ ငါး၊ ငှက်ပျောအူနဲ့ ငံပြာရည်ကို သုံးကြပြီး နေရာအချို့မှာ မုန့်တီသုတ်ကို ငါးပိရည်ကျို (ငါးငါးပိ) နဲ့ သုပ်တတ်တယ်။ သင်္ဘောသီးသုပ်ကိုတော့ မျှင်ငါးပိ သုံးပါတယ်။ (အချို့ဟင်းတွေမှာ ငါးငါးပိလည်း ထည့်ကြပါတယ်။) ဆိုလိုတာက မြန်မာပြည်မှာ ငါးပိအစားများကြပါတယ်။
ကျွန်တော် အမေရိကန်ပြည်ထောင်စုမှာ ခေတ္တနေတော့ ငါးငါးပိအင်မတန်ကောင်းကောင်းကို စားရတယ်။ ဘယ်ကရလဲဆိုတော့ကရင်ပြောင်းရွှေ့လုပ်သားတွေဟာ သူတို့မိသားစုတွေနဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်လာကြတာ ဖြစ်တယ်။ သူတို့နဲ့ပါလာတဲ့အသက်ကြီးတဲ့သူတွေ (အဖိုးအဖွားတွေ) ဟာ အလုပ်မရှိတော့ ကန်တွေမှာ ငါးမျှားကြတယ် (လိုင်စင်တော့ ယူကြရပါတယ်)။
ရာသီဥတုသာတဲ့ အခါတွေမှာ သားသမီးတွေဟာ အလုပ်မသွားမီလူကြီးတွေကို ထမင်းချိုင့်နဲ့ ကန်မှာ ပို့ထားခဲ့တယ်။ သူတို့ ငါးမျှားကြတယ်။ ရလာတဲ့ငါးကို ကြော်လှော်ချက်ပြုတ် စားသောက်ကြတယ်။ ပိုတဲ့ငါးတွေကို ငါးပိသိပ်ကြတယ်။

ငါးငါးပိလုပ်နည်း (အိမ်မှာ အဖွားတို့လုပ်တဲ့နည်းပါ)
ငါးကို ရေဆေး၊ ခါးကျိုးရုံ ထောင်းတယ်။ ဆား ဆတူလောက်ထည့်တယ်။ ပြီးတော့ စဉ့်အိုးထဲမှာ သိပ်တယ်။ မသိပ်မီ ထမင်းပြုတ်(ဆန်ပြုတ်) ကို သုံးပုံတစ်ပုံခန့် ရောထည့်တယ်။ အိုးကို ဝါးဖတ်နဲ့ ဖုံးကာ ဝါးကြောနဲ့ ဂုတ်သိပ်တယ်။
တစ်လလောက်မှာ ငံပြာရည် ထွက်လာတယ်။ ငံပြာရည်က လပြည့်လကွယ်မှာ တက်လာတာပါ။ သုံးလလောက်မှာ အထူး (ရှယ်) ကောင်းတဲ့ ငါးပိကို ရတယ်။ ရေထည့်ပြီး အိုးလေးနဲ့ ကျိုလိုက်ရင်မွှေးနေတာပါပဲ။

မျှင်ငါးပိလုပ်နည်း (ပြင်စလူရွာမှာ ကိုယ်တိုင်လုပ်ခဲ့ပါတယ်)
ဂွေး သို့မဟုတ် မျှင်လို့ခေါ်တဲ့ ပုဇွန်အမှုန်အမွှား အကောင်သေးသေးလေးတွေကို ပင်လယ်ရေဆေးကာ ဆားနဲ့ ထောင်းရပါတယ်။ ငါးပိထောင်းတာ သစ်သားဆုံကြီးတွေပါ။ ပြီးရင် နေလှန်းတယ်။ နှစ်ရက်လောက်ကြာရင် ထပ်ထောင်းတယ်။ ပင်လယ်ရေနဲ့ နှပ်လိုက်ရင် ငါးပိရတယ်။ နှစ်ပတ်လောက်ပဲ စောင့်ရပါတယ်။
ပြင်စလူက ငါးပိတွေကို လပွတ္တာ ငါးပိဒိုင်ကို ပို့ရတယ်။ အဲဒီခေတ်က တရားဝင် ရောင်းဝယ်ဖောက်ကားလို့ မရပါဘူး။
မှတ်မှတ်ရရ ပြောစရာလေး ရှိတယ်။
ကျွန်တော် ပြင်စလူကနေ ရန်ကုန်ပြန်တော့ လပွတ္တာကို ညဘက် မော်တော်စီးရပါတယ်။ မော်တော်ဝမ်းဗိုက်ထဲမှာ ငါးပိတွေ သယ်လာတယ် (မှောင်ခိုပစ္စည်းပေါ့)။ မော်တော်က ညနေထွက်တယ်၊မှောင်လည်းလာရော ခရီးသည်တွေ မော်တော်ခေါင်မိုးပေါ် တက်စီးကြတယ်။ ကျွန်တော်က သူတို့တက်သွားတော့ သဘောကျတာပေါ့။ အောက်မှာ ကျယ်ကျယ်လွင့်လွင့် ရှိတာကိုး။
ညအိပ်ပျော်သွားပြီး မကြာပါဘူး၊ ကိုယ်ပေါ်မှာ အကောင်တွေလှုပ်လှုပ်ရွရွနဲ့၊ မျက်နှာပေါ်ရော၊ နားထဲ၊ နှာခေါင်းထဲရော... ဒုက္ခပါပဲ။ ဘာလဲကြည့်လိုက်တော့...
“လောက်တွေဗျာ”
လောက်တွေဟာ အမှောင်ထဲမှာ အပြင်ထွက်လာတာကိုး။ မော်တော်က တုန်ခါမှု (Vibration) ကြောင့်လည်း ပါမယ်ထင်တယ်။ ဒါကို သိလို့ လူတွေ ခေါင်မိုးပေါ် တက်ကြတာကိုး။ ကျွန်တော်လည်းမော်တော်ကို ရပ်ခိုင်းပြီး ကြိုးတစ်ချောင်းနဲ့ မြစ်ထဲ ခုန်ချရတယ်(တော်သေးတာပေါ့၊ မိကျောင်းမရှိတဲ့နေရာ ဖြစ်လို့)။

▪️▪️▪️

လှေသမားတွေဟာ သူတို့မော်တော် ငါးပိတင်လာရင် နဝလီမကောက်ဘူး၊ ပို့ဆောင်ခ မပေးရဘူး။ ဘာကြောင့်လဲဆိုတော့ ထွက်လာတဲ့ ငံပြာရည်ကို လှေသမားက ရလို့ပါပဲ။ တစ်ခါတစ်ခါ လှေသမားတွေဟာ ငါးပိပုံပေါ် ပင်လယ်ရေ လောင်းချတယ် (မြစ်ရေသုံးရင် ငါးပိပုတ်ပါတယ်)။ ဒီအခါ ထွက်လာတဲ့ ငံပြာရည် အများအပြားကို လှေသမား ရတာပေါ့။

ငါးပိတွေမှာ ဘာတွေပါလဲ
တန်ဖိုးအရှိဆုံးက အမိုင်နိုအက်ဆစ် (Amino Acid) ပါပဲ။ သူကကိုယ်ခန္ဓာက အလွယ်တကူ လက်ခံတဲ့ ပျော်ဝင်ပရိုတင်း (Soluble protein) ပါပဲ။ ကယ်စီယံ၊ ဖော့စဖရပ်စ်တို့အပြင် မဂ္ဂနီစီယံ စတဲ့သတ္တုဓာတ်တွေ ပါတယ်။ သို့သော် ဆိုဒီယံကတော့ အလွန်အကျွံဖြစ်လောက်အောင် များတယ်။ ဒါကြောင့် ငါးပိကို သင့်တင့်ရုံသာစားသုံးသင့်ပါတယ်။

▪️▪️▪️

ပြဿနာတစ်ခုက ငါးငါးပိမှာ ယူရီးယား (Urea) ပါလာခြင်းပါပဲ။
ယူရီးယားဟာ အပင်တွေအတွက် ဓာတ်မြေဩဇာပါ (မြန်မာအခေါ်ပုလဲဓာတ်မြေဩဇာပေါ့)။ ဒါကို အချို့ (တစ်ပိုင်းတစ်စ ပညာတတ်) တွေက ငါးပိမှာ ဓာတ်မြေဩဇာတွေ ပါတယ်ဆိုပြီး ပြဿနာလုပ်တော့တာပဲ။ ငါးပိလုပ်တဲ့သူတွေ ဓာတ်မြေဩဇာတွေ ထည့်တယ်ဆိုပြီး စွပ်စွဲတော့တယ်။
သူတို့က ငါးပိကို ဓာတ်ခွဲခန်းတွေ ပို့တယ်၊ ဓာတ်ခွဲခန်းကဓာတ်မြေဩဇာမှာပါတဲ့ ယူရီးယားတွေ ပါကြောင်း ထောက်ခံတာပေါ့။ ဒီအခါ အဲဒီလူတွေက “ငါးပိလုပ်တဲ့သူတွေ အဓမ္မလောဘသားတွေ” ဆိုပြီး “အန္တရာယ်ရှိတဲ့ ယူရီးယား မြေဩဇာတွေထည့်တယ်” ဆိုကာ မီဒီယာတွေမှာ ရေးကြတယ်။ ငါးပိအရောင်းကျတယ်။ လူအများ ငါးပိမစားရဲတော့ဘူး။
ဒီတော့ ကျွန်တော် စဉ်းစားတယ်။ ငါးပိလုပ်သူတွေကို တွေ့ကြည့်တယ်။
သူတို့က ယူရီးယား မထည့်ကြောင်း ပြောတယ်။ ကိုယ်ခန္ဓာတွေထဲမှာလည်း ယူရီးယားတွေ ရှိတယ်။ ဆီးသွားတဲ့အခါ ယူရီးယား ထွက်တယ်။
(တကယ်တော့ ယူရီးယား (Urea) ဆိုတဲ့ အမည်ဟာ ယူရင်း(Urine) - ဆီး ဆိုတဲ့ အမည်က ရတာပါ။ ပညာရှင်တစ်ဦးက ယူရီးယားကို ဆီးကနေ စတင်ထုတ်လုပ်ခဲ့လို့ ယူရီးယား အမည်ရလာတာပါ။ မှတ်တမ်းထဲမှာ အိန္ဒိယ သမ္မတဟောင်း ဒေဆိုင်းဟာ အသက် ၉၀ ကျော်အထိ နေသွားတယ်။ သူဟာ နေ့စဉ် နံနက်တိုင်းသူရဲ့ဆီးကို ပြန်သောက်တယ်။ သင့်တင့်ရုံသာပါတဲ့ ယူရီးယားဟာ အန္တရာယ် မရှိပါဘူး။)
တကယ်တော့ ယူရီးယားဟာ ငါးပိဖြစ်တာ မြန်စေပါတယ်။ ဒါပေမဲ့ သူဟာ ငါးအကောင်တွေကို ကြေမွစေပြီး ရောင်းပန်းမလှဘူး။ ဒါကြောင့် ငါးပိလုပ်တဲ့သူတွေ မသုံးဘူးလို့ ဆိုပါတယ်။
ဒါဟာ “Little knowledge is dangerous” (အသိနည်းတာအန္တရာယ်ကြီးတယ်) ဆိုတာကို ပြတာပဲ။

ယူရီးယားပါတယ်လို့ ပြောတဲ့အတွက်...
၁။ ရောင်းချသူတွေ အခက်အခဲတွေ့ရတယ်။
၂။ ဆင်းရဲတဲ့ စားသုံးသူတွေ အာဟာရရှိတဲ့ ငါးပိကို မစားရဲတော့အဆင်မပြေဘူး။

အထူးသဖြင့် ကျန်းမာရေးကဏ္ဍမှာ ကျေးဇူးပြုပြီး လူတတ်ကြီးလုပ်ကာ ကြားဖူးသမျှ ဗဟုသုတကို မိမိသိသလို ပညာမပေးပါနဲ့။ဆရာဝန်တွေတောင် အတွက်မှားတာတွေ အများကြီးပါပဲ။ကျန်းမာရေးဟာ ခင်ဗျားတို့သိတာထက် သိမ်မွေ့ပါတယ်။
တကယ်တော့ အားလုံး သွားရာလမ်းကို သိကြတာပဲ။ အပြန်မှာပုဆိုးလေး၊ ထမီလေးတောင် ပါမှ မသွားဘဲ။

#ဒေါက်တာခင်မောင်ညို

🦌 ဦးမှန်ကြီး ရဲ့ ရှယ်စားကောင်းတဲ့ "ဆတ်သားပဲဆီမွှေး" အသင့်စား 🦌ထမင်းပူပူလေးနဲ့ဖြစ်ဖြစ်၊ အလွတ်ပဲမြည်းမြည်း ပါးစပ်ထဲ စွဲကျန...
10/07/2026

🦌 ဦးမှန်ကြီး ရဲ့ ရှယ်စားကောင်းတဲ့ "ဆတ်သားပဲဆီမွှေး" အသင့်စား 🦌

ထမင်းပူပူလေးနဲ့ဖြစ်ဖြစ်၊ အလွတ်ပဲမြည်းမြည်း ပါးစပ်ထဲ စွဲကျန်နေစေမယ့် အရသာ! 🤤

အသားဓာတ်ပြည့်ဝပြီး နူးညံ့အိစက်နေတဲ့

ဆတ်သားကိုမှ သန့်ရှင်းလတ်ဆတ်တဲ့ ပဲဆီမွှေးမွှေးလေးနဲ့

အချိုးကျ စီမံထားတာမို့ တစ်လုပ်စားရုံနဲ့တင်
အရသာစစ်စစ်ကို ခံစားရမှာပါ။

✨ အထုပ်လေးကလည်း ဇစ်ပိတ်အိတ်နဲ့ သေသပ်လှပစွာ ထုပ်ပိုးထားလို့ ခရီးသွားရင်း ဆောင်သွားမလား၊

အိမ်မှာပဲ အလွယ်တကူ ဖောက်စားမလား အရမ်းအဆင်ပြေတယ်နော်။

⏰ ဆိုင်ဖွင့်ချိန်: မနက် (၉) နာရီ ကနေ ည (၆) နာရီအထိ။

Sunday တိုင်းဆိုင်ဘေးပိတ်ပါတယ်ဗျ

📞 ဆက်သွယ်မှာယူရန်: 09-458511969

Address

No. 72/74, Daw Thein Tin Road, 89th St , Mingalar Taung Nyunt Township
Yangon
11222

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959458511969

Website

Alerts

Be the first to know and let us send you an email when ဦးမှန်ကြီး-မြန်မာ့ရိုးရာစားသောက်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဦးမှန်ကြီး-မြန်မာ့ရိုးရာစားသောက်ကုန်:

Shortcuts

Share