14/09/2026
K&T Healthy Bread မှ သင့်အတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာရှိတဲ့ ရွေးချယ်စရာတွေကို ပေးစွမ်းဖို့ အမြဲအလေးထားဆောင်ရွက်နေပါတယ်။
ကျွန်မတို့ရဲ့ ပေါင်မုန့်တွေဟာ -
• သက်သတ်လွတ်သမားများအတွက် သင့်တော်ခြင်း၊
• သကြားလုံးဝမပါဝင်ခြင်း၊
• ကြက်ဥ မပါဝင်ခြင်း၊
• နို့နှင့် နို့ထွက်ပစ္စည်း မပါဝင်ခြင်း၊
• တာရှည်ခံဆေး မပါဝင်ခြင်း၊
• သဘာဝကုန်ကြမ်းစစ်စစ်များဖြင့် လတ်လတ်ဆတ်ဆတ် ဖုတ်ထားခြင်း စတဲ့ အားသာချက်များ ရှိပါတယ်။
အကောင်းဆုံးအရသာကို ရရှိဖို့အတွက် ပေါင်မုန့်ကို သာမန်အခန်းအပူချိန်မှာဆိုရင် ၂ ရက်မှ ၃ ရက်အတွင်း စားသုံးပေးဖို့ အကြံပြုလိုပါတယ်။ အကယ်၍ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းမယ်ဆိုရင်တော့ ၂ ပတ်အတွင်း စားသုံးတာ အကောင်းဆုံးဖြစ်ပါတယ်။ လတ်ဆတ်တဲ့အရသာအတိုင်း ပြန်လည်သုံးဆောင်နိုင်ဖို့အတွက် Oven၊ Microwave၊ Air Fryer၊ ထမင်းပေါင်းအိုး (သို့) pan တို့နဲ့ အလွယ်တကူ ပြန်နွှေးလို့ရပါတယ်ရှင်။
📌 လာမည့်ဗုဒ္ဓဟူး (16.9.26) အတွက် ပေါင်မုန့်မှာနိုင်ပါတယ်ရှင်။
ရရှိနိုင်သည့် ပေါင်မုန့်အမျိုးအစားနှင့် စျေးနှုန်းများကို Comment တွင် ကြည့်ရှုနိုင်ပါသည်။
Healthy Food > Healthy Mood 🤎