Delight - သက်သတ်လွတ်စားသောက်ကုန်မျိုးစုံ

  • Home
  • Myanmar
  • Yangon
  • Delight - သက်သတ်လွတ်စားသောက်ကုန်မျိုးစုံ

Delight - သက်သတ်လွတ်စားသောက်ကုန်မျိုးစုံ Veggie Vibes , Pure Delight

ကျန်းမာရေးနဲ့ညီညွတ်ပြီး,အရသာလည်းကောင်းတဲ့အပြင်အသွေး,အသား,အသက်များ လုံးဝလုံးဝမပါဝင်တာကြောင့်
Delight မှ ရောင်းချပေးသော သက်သတ်လွတ်ကုန်များကို
လူမျိုးဘာသာမရွေး ယုံကြည်စိတ်ချစွာစားသုံးနိုင်ပါသည်။

ကျန်းမာရေးအရ Antibiotic (ပိုးသတ်ဆေး)သောက်တဲ့အခါ သက်သတ်လွတ်ပျက်စေလား❤❤❤❤❤❤❤❤❤❤❤❤❤❤"သက်သက်လွတ်" ဆိုတာ တိရစ္ဆာန်တွေအပေါ်တို...
27/05/2026

ကျန်းမာရေးအရ Antibiotic (ပိုးသတ်ဆေး)
သောက်တဲ့အခါ သက်သတ်လွတ်ပျက်စေလား

❤❤❤❤❤❤❤❤❤❤❤❤❤❤

"သက်သက်လွတ်" ဆိုတာ တိရစ္ဆာန်တွေအပေါ်
တိုက်ရိုက်သတ်စားတာကို လျော့ကျစေဖို့အတွက်
ရွေးချယ်တဲ့ နည်းလမ်းတစ်ခုပါ။ ဤလောကမှာ
ရာနှုန်းပြည့် လုံးဝမသတ်မိဖို့ဆိုတာခက်ပါတယ်။
ဒါကြောင့် သက်သတ်လွတ်ဟာ တိရစ္ဆာန်တွေကို
ထိခိုက်မှုလျှော့ချဖို့ ဆန္ဒတစ်ခုလို့ သိရှိရပါမယ်။

လယ်ယာစိုက်ပျိုးရင် ပိုးမွှားတွေသေတယ်...
လမ်းဆောက်ရင် သက်ရှိတချို့ထိခိုက်တယ်...
ဆေးသောက်ရင် ဘက်တီးရီးယားသေတယ်...
လောကမှာ မိမိဖြစ်​စေချင်သလို မထိန်းချုပ်နိုင်သလို
အနတ္တတရားနဲ့အညီ ဘာကိုမှ မချယ်လှယ်နိုင်ပါဘူး။

ဒါကြောင့် သက်သတ်လွတ်စားသုံးခြင်းဆိုတာလည်း
မသတ်ဖြတ်ခြင်းကိုပြည့်စုံစေတဲ့အရာမဟုတ်ပါဘူး။
တတ်နိုင်သလောက် တိရစ္ဆာန်တွေအပေါ် ထိခိုက်မှု
လျော့ကျစေဖို့အတွက် ပိုမိုအလေးထားတဲ့အရာပါ။

ကိုယ်နေမကောင်းလို့ ပိုးသတ်ဆေးသောက်တာဟာ
အသက်ရှင်ဖို့အတွက် ကုသဖို့ ရည်ရွယ်ချက်ဖြစ်ပြီး
သတ်ဖြတ်ခြင်းအရာကိုအဓိကဆွဲယူလို့မသင့်ပါဘူး။

ဒါတွေဟာ ကရုဏာအရ ရွေးချယ်စားသုံးမှုတစ်ခု
ဖြစ်ပါတယ်,အငြင်းပွားစရာကိစ္စတစ်ခုဖြစ်အောင်
လူတွေက မေးခွန်းတွေ ထုတ်ကြပေမယ့် အဓိကက
ကိုယ့်ရဲ့ရပ်တည်ချက်သိနေဖို့ကအရေးအကြီးဆုံးပါ။

"KING" သက်သတ်လွတ်ဟာ Tai Wan နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ Local စားသောက်ကုန်လုပ်ငန်းပါ။ကုန်ကြမ်းများသေချာစိစစ်ပြီး FDA ထောက်ခ...
22/05/2026

"KING" သက်သတ်လွတ်ဟာ Tai Wan နည်းပညာနဲ့
ထုတ်လုပ်ထားတဲ့ Local စားသောက်ကုန်လုပ်ငန်းပါ။
ကုန်ကြမ်းများသေချာစိစစ်ပြီး FDA ထောက်ခံချက်ဖြင့်
အရသာလည်းရှိ , ကျန်းမာရေးနဲ့လည်း ညီညွှတ်အောင်
ထုတ်လုပ်ထားပါတယ်။သက်သတ်လွတ်စားသုံးရာတွင်
နှစ်ကာလကြာမြင့်တဲ့အခါ လူတစ်ယောက်မှာလိုအပ်တဲ့
အသားဓာတ် မမျှတတာ ကြုံရနိုင်ပါတယ်။ ဒါကြောင့်
KING က​တော့ သက်သတ်လွတ်ပေမဲ့ အသားဓာတ်ကို
လျော့နည်းမသွားအောင် "ပဲ"ကနေရတဲ့ ပရိုတင်းတို့ဖြင့်
ထုတ်လုပ်ထားတာဖြစ်ပါတယ်။ချက်ပြုတ်ရာတွင်လည်း
မိမိနှစ်သက်သလို ကြော်၊ပေါင်း၊ချက်၊ပြုတ် နိုင်ပါတယ်။
ဟော့ပေါ့ ၊ မာလာရှမ်းကော ၊ ပီဇာ ၊ ဘာကာတို့နှင့်လည်း
ထည့်စားလို့ကောင်းသလို ချိုချဥ်ဟင်း ၊ တုံယမ်းဟင်း ၊
မာလာဟင်းတို့ပုံစံဖြင့်လည်း အလွန်လိုက်ဖက်ပါတယ်။
တာရှည်ခံပစ္စည်းမပါဝင်တာကြောင့် ထားသိုရာတွင်
ရေခဲသေတ္တာ Freezer ခန်းထဲမှာ ခဲနေအောင်တော့
ထားပေးရပါတယ်။ချက်ပြုတ်ခါနီး ၁၀ မိနစ်လောက်
အပြင်ထုတ်ပြီး ချက်မယ်ဆို အကောင်းဆုံးအရသာ
ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။Enjoy Your Meal ❤

☎Phone
09887766014 / 09765431996

🏠Address
အမှတ် (169),လမ်း (40) အလယ်,
ကျောက်တံတားမြို့နယ်,ရန်ကုန်မြို့
[ Super Top ကုန်မျိုးစုံဆိုင် ]

🚚Delivery
အေးခဲစာဖြစ်သလို နေ့ချင်းပို့မရတဲ့
Delivery အခက်အခဲတွေကြောင့်
အရောက်ပို့စနစ်ကိုနားထားပါတယ်။ 😢

🕘
ဆိုင်ဖွင့်ချိန် "မနက် ၉ နာရီ မှ ည ၁၀ နာရီ"

❌
စျေးဆစ်ခြင်းသီးခံပါ

Address

Delight Vegetarian Foodstuff & Groceries No. 169, 40th Street(middle Block)
Yangon
11182

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959887766014

Alerts

Be the first to know and let us send you an email when Delight - သက်သတ်လွတ်စားသောက်ကုန်မျိုးစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Delight - သက်သတ်လွတ်စားသောက်ကုန်မျိုးစုံ:

Shortcuts

Share