ဝါးဒီး ဟော့ပေါ့ စားဂျော

  • Home
  • Myanmar
  • Yangon
  • ဝါးဒီး ဟော့ပေါ့ စားဂျော

ဝါးဒီး ဟော့ပေါ့ စားဂျော အစပ်အရသာ အသင့်စား ဟော့ပေါ့ ဟင်းရည်အနှစ်ထုတ်

🌶️🥢 ဟော့ပေါ့နဲ့ အရမ်းလိုက်ဖက်တဲ့ အချဉ်ရည် ၃ မျိုးဟော့ပေါ့ထဲက အသား၊ ပင်လယ်စာနဲ့ အသီးအရွက်တွေကို ဆယ်ယူပြီး အချဉ်ရည်လေးနဲ့ ...
15/08/2026

🌶️🥢 ဟော့ပေါ့နဲ့ အရမ်းလိုက်ဖက်တဲ့ အချဉ်ရည် ၃ မျိုး

ဟော့ပေါ့ထဲက အသား၊ ပင်လယ်စာနဲ့ အသီးအရွက်တွေကို ဆယ်ယူပြီး အချဉ်ရည်လေးနဲ့ နှစ်စားလိုက်ရင်… 🤤🔥

ဒီနေ့တော့ အိမ်မှာ လွယ်လွယ်ကူကူ လုပ်စားလို့ရတဲ့ ဟော့ပေါ့အချဉ်ရည် ၃ မျိုးရဲ့ Recipe ကို မျှဝေပေးလိုက်ပါတယ် 👇

🌶️ ၁။ ကြက်သွန်ဖြူ ငရုတ်သီး မြေပဲအချဉ်ရည်

ပါဝင်ပစ္စည်းများ

• ငရုတ်သီးအနီ — ၅–၈ တောင့်
• ကြက်သွန်ဖြူ — ၅–၆ မွှာ
• မြေပဲလှော်ထောင်း — စားပွဲတင်ဇွန်း ၂ ဇွန်း
• သံပုရာရည် — စားပွဲတင်ဇွန်း ၂ ဇွန်း
• ငါးငံပြာရည် — စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
• သကြား — လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ရေ — စားပွဲတင်ဇွန်း ၂ ဇွန်း
• နံနံပင် — စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ငရုတ်သီးနဲ့ ကြက်သွန်ဖြူကို နုပ်နုပ်စင်းပြီး ပန်းကန်ထဲထည့်ပါ။ မြေပဲထောင်း၊ သံပုရာရည်၊ ငါးငံပြာရည်၊ သကြားနဲ့ ရေထည့်ပြီး သကြားပျော်တဲ့အထိ မွှေပါ။ နောက်ဆုံး နံနံပင်ထည့်ပြီး ၁၀ မိနစ်ခန့် နှပ်ထား လိုက်ရင် ရပါပြီ။

🥜 ၂။ မြေပဲနှမ်း အနှစ်ဆော့စ်

ပါဝင်ပစ္စည်းများ

• မြေပဲထောပတ် — စားပွဲတင်ဇွန်း ၄ ဇွန်း
• နှမ်းအနှစ် (Tahini) — စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
• ပဲငံပြာရည် — စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
• နှမ်းဆီ — လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သကြား — လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ဆန်ရှာလကာရည် — စားပွဲတင်ဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြူ — ၁ မွှာ
• ရေနွေး — စားပွဲတင်ဇွန်း ၄–၆ ဇွန်း
• ငရုတ်သီးဆီ — လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• နှမ်းလှော် — လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

မြေပဲထောပတ်နဲ့ နှမ်းအနှစ်ကို အရင်ရောပါ။ ပဲငံပြာရည်၊ နှမ်းဆီ၊ သကြား၊ ရှာလကာရည်နဲ့ နုပ်နုပ်စင်းထားတဲ့ ကြက်သွန်ဖြူထည့်ပြီး မွှေပါ။ ရေနွေးကို နည်းနည်းချင်းထည့်ပြီး ချောချောမွေ့မွေ့ ဖြစ်လာတဲ့အထိ မွှေပါ။ နောက်ဆုံး ငရုတ်သီးဆီနဲ့ နှမ်းလှော် ဖြူးလိုက်ရင် ရပါပြီ။

🌶️🍋 ၃။ ပဲငံပြာရည် ငရုတ်သီး သံပုရာဆော့စ်

ပါဝင်ပစ္စည်းများ

• ပဲငံပြာရည်အကြည် — ¼ ခွက်
• သံပုရာရည် — စားပွဲတင်ဇွန်း ၃ ဇွန်း
• ငရုတ်သီးအနီ — ၃–၅ တောင့်
• ငရုတ်သီးအစိမ်း — ၂–၃ တောင့်
• ကြက်သွန်ဖြူ — ၂ မွှာ
• သကြား — လက်ဖက်ရည်ဇွန်း ၁–၂ ဇွန်း
• ရေ — စားပွဲတင်ဇွန်း ၂ ဇွန်း
• နှမ်းဆီ — လက်ဖက်ရည်ဇွန်း ½ ဇွန်း
• နံနံပင် — စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ငရုတ်သီးနဲ့ ကြက်သွန်ဖြူကို ပါးပါးလှီး/နုပ်နုပ်စင်းပါ။ ပဲငံပြာရည်၊ သံပုရာရည်၊ သကြားနဲ့ ရေကို အရင်ရောမွှေပြီး ငရုတ်သီး၊ ကြက်သွန်ဖြူ၊ နှမ်းဆီနဲ့ နံနံပင်ထည့်ပါ။ အားလုံးရောမွှေပြီး ၅–၁၀ မိနစ်ခန့် ထား လိုက်ရင် စားလို့ရပါပြီ။

🔥 ဟော့ပေါ့တစ်အိုးကို အချဉ်ရည် ၃ မျိုးထဲက ကြိုက်တဲ့ အရသာလုပ်ပြီး တွဲဖက်စားကြည့်နော်။

သင်က ဘယ်အချဉ်ရည်ကို အကြိုက်ဆုံးလဲ? 👇

#ဟော့ပေါ့ #အချဉ်ရည် #ဝါးဒီး #ဟော့ပေါ့အနှစ် ှစ်

အိုးကိုပဲကြည့်။ 👀ဘယ်လောက်စားကောင်းခဲ့လဲဆိုတာအိုးကြည့်လိုက်တာနဲ့ သိတယ်။အိုးထဲ ဘာမှမကျန်ခဲ့ရင်အရသာကောင်းခဲ့တယ်ဆိုတာ သက်သေပ...
10/08/2026

အိုးကိုပဲကြည့်။ 👀

ဘယ်လောက်စားကောင်းခဲ့လဲဆိုတာ
အိုးကြည့်လိုက်တာနဲ့ သိတယ်။

အိုးထဲ ဘာမှမကျန်ခဲ့ရင်
အရသာကောင်းခဲ့တယ်ဆိုတာ သက်သေပြနေပြီ။

ဝါးဒီးနဲ့ ချက်ထားတာဆိုတော့…
အရသာက ပြောစရာမလိုဘူး။ 🌶️🍲

ှစ် #ဟော့ပေါ့ #ဟော့ပေါ့အနှစ် #ဝါးဒီး

ဝါးဒီးဟော့ပေါ့ ချက်လိုက်တာနဲ့အိမ်နီးချင်းတွေတောင် ငြိမ်မနေနိုင်ဘူး။ 🤭🔥ဟော့ပေါ့အနံ့လေး သင်းလာတာနဲ့…“ဘယ်အိမ်က ချက်နေတာလဲ?”...
01/08/2026

ဝါးဒီးဟော့ပေါ့ ချက်လိုက်တာနဲ့
အိမ်နီးချင်းတွေတောင် ငြိမ်မနေနိုင်ဘူး။ 🤭🔥

ဟော့ပေါ့အနံ့လေး သင်းလာတာနဲ့…
“ဘယ်အိမ်က ချက်နေတာလဲ?” ဆိုပြီး ခေါင်းထွက်ကြည့်ချင်စိတ် ဖြစ်မိတာ သေချာပါတယ်။ 😋

အရသာပြည့်ဝတဲ့ ဝါးဒီး ဟော့ပေါ့အနှစ်ထုတ် နဲ့ဆိုရင်…
မိသားစု၊ သူငယ်ချင်းတွေနဲ့ စားပွဲဝိုင်းတိုင်းက ပိုပြီး ပျော်ရွှင်စရာကောင်းလာမယ်။

🌶️ အရသာကောင်းကောင်း
🍲 ချက်ရလွယ်ကူ
❤️ လူတိုင်းကြိုက်တဲ့ ဟော့ပေါ့အရသာ

ဒီနေ့ပဲ ဝယ်ပြီး အိမ်မှာ စမ်းချက်ကြည့်လိုက်ပါ။

#ဟော့ပေါ့ #ဟော့ပေါ့အနှစ် ှစ် #ဝါးဒီးဟော့ပေါ့စားဂျော

ဝါးဒီးဟော့ပေါ့အနှစ်ထုတ်နဲ့ ချက်နေတဲ့ ဟော့ပေါ့အိုးကို အဖုံးဖွင့်လိုက်တာနဲ့ မွှေးရနံ့က ကိုယ့်အိမ်တင်မကဘဲ ဘေးအိမ်ကိုပါ ဒုက္...
25/07/2026

ဝါးဒီးဟော့ပေါ့အနှစ်ထုတ်နဲ့ ချက်နေတဲ့ ဟော့ပေါ့အိုးကို အဖုံးဖွင့်လိုက်တာနဲ့ မွှေးရနံ့က ကိုယ့်အိမ်တင်မကဘဲ ဘေးအိမ်ကိုပါ ဒုက္ခပေးတော့တာပဲနော် 😬

Premium အနှစ်ရဲ့ ထူးခြားတဲ့ရနံ့ကြောင့် ချက်နေတုန်းမှာတင် အိမ်နီးနားချင်းတွေက ဘာချက်တာလဲလို့ လှမ်းမေးရလောက်အောင်ကို ဆွဲဆောင်မှုရှိလွန်းတာပါ။ 🥰

အနံ့နဲ့တင် တစ်ရပ်ကွက်လုံး ဗိုက်ဆာအောင် လုပ်နိုင်တဲ့ လျှို့ဝှက်ချက်က ဝါးဒီးဟော့ပေါ့အနှစ်ထုတ်ကြောင့်ပါပဲ။ 😋

🍲✨ ဒါကြောင့် တစ်လမ်းလုံး မွှေးပျံ့သွားမယ့် ဟော့ပေါ့အနံ့နဲ့အရသာကို ရှာနေရင်‌တော့ ဝါးဒီးရှိတယ်နော်။

#ဟော့ပေါ့ #ဟော့ပေါ့အနှစ် ှစ် #ဝါးဒီးဟော့ပေါ့စားဂျော

19/07/2026

မမ Khin Su Yee ကတော့ ဝါးဒီးနဲ့ ဝါးတီးဆွဲနေပြီနော်။ အမြဲတမ်းအားပေးလို့လည်း ကျေးဇူးတင်ပါတယ်။

အရသာရှိတဲ့ ဟော့ပေါ့အနှစ်ဆိုရင် ဝါးဒီးကို သတိရပေးပါနော်။

ပုံမှန်ဆိုရင်…အစားစားရင်းနဲ့ ဖုန်းပွတ်နေမိတယ်။ဒါပေမယ့်…ဝါးဒီးရဲ့ အရသာရှိတဲ့ ဟော့ပေါ့တစ်အိုးရှေ့မှာတော့ဖုန်းတောင် မကြည့်အ...
15/07/2026

ပုံမှန်ဆိုရင်…

အစားစားရင်းနဲ့ ဖုန်းပွတ်နေမိတယ်။

ဒါပေမယ့်…

ဝါးဒီးရဲ့ အရသာရှိတဲ့ ဟော့ပေါ့တစ်အိုးရှေ့မှာတော့

ဖုန်းတောင် မကြည့်အားတော့ဘူး။

တစ်လုတ်ပြီးတစ်လုတ် တစ်ဇွန်းပြီးတစ်ဇွန်း ထပ်စားဖို့ပဲ တွေးမိတော့တယ်။

#ဟော့ပေါ့ #ဟော့ပေါ့အနှစ် ှစ်
#ဝါးဒီးဟော့ပေါ့စားဂျော

🌧️ ဒီနေ့ မိုးလေဝသခန့်မှန်းချက်မိုးရွာရန် ရာခိုင်နှုန်း— 90%လေတိုက်ရန် ရာခိုင်နှုန်း— 60%အပူချိန်ကျဆင်းရန် ရာခိုင်နှုန်း—...
09/07/2026

🌧️ ဒီနေ့ မိုးလေဝသခန့်မှန်းချက်

မိုးရွာရန် ရာခိုင်နှုန်း— 90%

လေတိုက်ရန် ရာခိုင်နှုန်း— 60%

အပူချိန်ကျဆင်းရန် ရာခိုင်နှုန်း— 80%

ဟော့ပေါ့စားရန် ရာခိုင်နှုန်း— 100%

တချို့ခန့်မှန်းချက်တွေက လွဲနိုင်ပါတယ်။

ဒါပေမယ့် ဒီလို အေးစိမ့်စိမ့်ရာသီဥတုနဲ့ကတော့ ဟော့ပေါ့စားချင်စိတ်ကတော့ ခန့်မှန်းစရာတောင် မလိုတော့ပါဘူး။

ဒီနေ့ ဝါးဒီးအနှစ်ထုတ်နဲ့ ဟော့ပေါ့ ချက်စားကြရအောင်။

#ဟော့ပေါ့ #ဟော့ပေါ့အနှစ် ှစ် #ဝါးဒီး

ℹ️ ဘာကြောင့် ဝါးဒီးကို ဖန်တီးခဲ့တာလဲ။အိမ်မှာ Premium Hot Pot အရသာကို အလွယ်တကူ ခံစားနိုင်စေဖို့ပါ။ဒါကြောင့်…စနစ်တကျ ရွေးခ...
04/07/2026

ℹ️ ဘာကြောင့် ဝါးဒီးကို ဖန်တီးခဲ့တာလဲ။

အိမ်မှာ Premium Hot Pot အရသာကို အလွယ်တကူ ခံစားနိုင်စေဖို့ပါ။

ဒါကြောင့်…
စနစ်တကျ ရွေးချယ်ထားတဲ့ ပါဝင်ပစ္စည်းတွေကို အချိုးကျ ပေါင်းစပ်ပြီး

ဝါးဒီး ဟော့ပေါ့အနှစ်ထုတ်ကို ယုံကြည်ချက်တွေနဲ့ ဖန်တီးခဲ့ပါတယ်။ 💯

အရသာက စကားပြောတယ်။

#ဝါးဒီးဟော့ပေါ့စားဂျော # hotpotအနှစ် #ဟော့ပေါ့ #ဟော့ပေါ့အနှစ်

ခရီးသွားတဲ့အခါ အစားအသောက်အတွက် အပူအပင်မရှိစေဖို့ ဝါးဒီး ဟော့ပေါ့အနှစ်ထုတ်ကိုသာ ယူသွားလိုက်ပါ။ 🚗🎒 သယ်ရတာ လွယ်ကူတဲ့အပြင် ဘ...
29/06/2026

ခရီးသွားတဲ့အခါ အစားအသောက်အတွက် အပူအပင်မရှိစေဖို့ ဝါးဒီး ဟော့ပေါ့အနှစ်ထုတ်ကိုသာ ယူသွားလိုက်ပါ။ 🚗

🎒 သယ်ရတာ လွယ်ကူတဲ့အပြင် ဘယ်နေရာရောက်ရောက် ရေနွေးလေးဆူရုံနဲ့ ဆိုင်အရသာအတိုင်း ဟော့ပေါ့ပူပူလေးကို စားလို့ရပြီပေါ့။

🧳 ခရီးသွားရတာကြိုက်တဲ့သူများအတွက် ဝါးဒီး ဟော့ပေါ့အနှစ်ထုတ်လေးက မရှိမဖြစ် အိတ်ဆောင်အဖော်မွန်လေးပါပဲ။

ဝယ်ယူနိုင်တဲ့ဆိုင်တွေကို ဒီ ပို့စ်ထဲမှာကြည့်ကြည့်ပေးပါနော် —> https://m.facebook.com/story.php?story_fbid=1242411194713805&id=100068348095693

#ဟော့ပေါ့ #ဟော့ပေါ့အနှစ် ှစ်
#ဝါးဒီးဟော့ပေါ့စားဂျော

ညနက်မှ ဗိုက်က “တဂွီဂွီ” နဲ့ ဆာလာရင် ဘာစားရမလဲဆိုပြီး ခေါင်းစားမနေနဲ့တော့နော် 🌙 💁‍♂️ ဝါးဒီးဟော့ပေါ့အနှစ်ထုတ်တစ်ထုတ်ရှိရုံ...
21/06/2026

ညနက်မှ ဗိုက်က “တဂွီဂွီ” နဲ့ ဆာလာရင် ဘာစားရမလဲဆိုပြီး ခေါင်းစားမနေနဲ့တော့နော် 🌙

💁‍♂️ ဝါးဒီးဟော့ပေါ့အနှစ်ထုတ်တစ်ထုတ်ရှိရုံနဲ့ ၅ မိနစ်အတွင်းမှာတင် ဟော့ပေါ့ပူပူလေးကို အလွယ်တကူ ဖန်တီးပြီး ဗိုက်ဖြည့်လိုက်ပါ။

😋 ညဘက်မှ ဗိုက်ဆာတတ်တဲ့သူတွေအတွက် တကယ့်ကို အဖော်မွန်ကောင်းဖြစ်စေမယ့် ရှယ်အနှစ်အရသာမို့ အိမ်မှာ အခုကတည်းက ကြိုဆောင်ထားဖို့ပဲ လိုတာပါ။

🍲 အချိန်မရွေး ဗိုက်ဆာရင် အဆင်သင့်ဖြစ်နေဖို့ ဝါးဒီးအနှစ်ထုတ်ကို အခုပဲ အပြေးလေးဝယ်ယူလိုက်ပါ။

ဝယ်ယူနိုင်တဲ့ဆိုင်တွေကို ဒီ ပို့စ်ထဲမှာကြည့်ကြည့်ပေးပါနော် —> https://m.facebook.com/story.php?story_fbid=1242411194713805&id=100068348095693

#ဟော့ပေါ့ #ဟော့ပေါ့အနှစ် ှစ်
#ဝါးဒီးဟော့ပေါ့စားဂျော



Address

မြောက်ဒဂုံ၊ ရန်ကုန်
Yangon
11421

Website

Alerts

Be the first to know and let us send you an email when ဝါးဒီး ဟော့ပေါ့ စားဂျော posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share