Movie Night

Movie Night Movies နဲ့ Series ကောင်းတွေ ကြည့်ကြမယ်

13/07/2026

#စိတ်ခွန်အားပေးစာစု"

12/07/2026

ဒီတစ်ခါညွှန်းပေးမှာကတော့ ဒီ ၂၀၂၆ ခုနှစ် ဖေဖော်ဝရီလ ၂၁ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့ပြီး အပိုင်း ၃၀ ပါဝင်တဲ့ တရုတ် drama series တစ်ခု ဖြစ်တဲ့ love story in the 1970s ပဲ ဖြစ်ပါတယ်။

အဓိကဇာတ်ကောင်တွေအနေနဲ့ Chen Feiyu နဲ့ Sun Qian တို့ပါဝင်ထားပြီး တရုတ်နိုင်ငံရဲ့ ၁၉၇၀ ခုနှစ်များဆီက အငွေ့အသက်အပြည့်နဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်ပါတယ်။

Slice-of-life (နေ့စဉ်ဘဝသရုပ်ဖော်) အချစ်ဇာတ်လမ်း ဖြစ်ပြီး ဒီဇာတ်လမ်းမှာ ခမ်းနားတဲ့သူဌေးတွေ၊ ဇိမ်ခံအိမ်ကြီးတွေ၊ ပုံကြီးချဲ့ထားတဲ့ အချစ်ဇာတ်လမ်းတွေ မပါပါဘူး။ အားနည်းချက်ကိုယ်စီနဲ့ သာမန်လူသားနှစ်ယောက်က ဘဝကို ဖြတ်သန်းရင်း၊ တစ်ယောက်ကိုတစ်ယောက် ချစ်တတ်အောင်သင်ယူရင်း၊ ကိုယ့်ကိုယ်ကိုယ်ရော၊ တစ်ယောက်အတွက်နဲ့တစ်ယောက်ပါ ပိုကောင်းတဲ့လူတွေဖြစ်အောင် ကြိုးစားနေကြတဲ့ ပုံစံမျိုးလေးပါ။

မိသားစုဖြစ်စေ ဇနီးမောင်နှံဖြစ်စေ အချင်းချင်း ဖြစ်တည်မှုကို တန်ဖိုးထားပြီး နားလည်မှုရှိစွာနဲ့ စည်းစည်းလုံးလုံး ဖြတ်သန်းတာဟာ အဆိုးလောကဓံ ဘယ်လောက်ရှိပါစေ ဘဝကို ပျော်ရွှင်ချမ်းမြေ့စေတယ်ဆိုတာ ဒီကားလေးက တစ်ဆင့် မြင်တွေ့နိုင်မှာဖြစ်ပြီး heart-warming ဖြစ်စေတဲ့ ဇာတ်ကားကောင်းလေးတစ်ခု ဖြစ်ပါတယ်။

The pursuit of happyness ဆိုတဲ့ ဇာတ်ကားကတော့ ကမ္ဘာပေါ်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အကြီးမားဆုံးသော စိတ်ခွန်အားပေးစရာ ပုံ...
11/07/2026

The pursuit of happyness ဆိုတဲ့ ဇာတ်ကားကတော့ ကမ္ဘာပေါ်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အကြီးမားဆုံးသော စိတ်ခွန်အားပေးစရာ ပုံပြင်တစ်ပုဒ်လို့ ဆိုနိုင်တဲ့ အမေရိကန်လူမျိုး စီးပွားရေးလုပ်ငန်းရှင် နဲ့ motivational speaker တစ်ဦး​ဖြစ်တဲ့ Chris Gardner ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။

Chris ဟာ ဆင်းရဲမွဲတေမှုနဲ့ အဆိုးရွားဆုံးအခက်အခဲတွေ ကြုံတွေ့နေရတဲ့ ဘဝကနေ မီလျံနာတစ်ယောက်ဖြစ်လာအောင် ကြိုးစားရုန်းကန်ခဲ့သူ ဖြစ်ပါတယ်။

​"Don’t ever let somebody tell you… you can’t do something. Not even me. You got a dream, you gotta protect it. People can’t do something themselves, they wanna tell you you can’t do it. If you want something, go get it. Period."

ဒါကတော့ အကျော်ကြားဆုံးနဲ့ စိတ်ခွန်အားအဖြစ်ဆုံး (ရုပ်ရှင်ထဲမှာ သူ့သားလေးကို ပြောခဲ့တဲ့) Chris Gardner ရဲ့ စကားပဲ ဖြစ်ပါတယ်။

အိပ်မက်တွေ အကောင်အထည်ဖော်နေတဲ့ လမ်းဟာ တစ်ဦးနဲ့တစ်ဦး ထပ်တူကျနိုင်စရာ မရှိပါဘူး။ လုပ်နိုင်၊ မလုပ်နိုင်ဆိုတာ ဘယ်သူ့အမြင်၊ ဘယ်သူ့စကားကမှ အမှန်တကယ် မဆုံးဖြတ်နိုင်ပါဘူး။ ဒါကြောင့် အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့အခါ ဘယ်သူ့ကိုမှ "မင်း မလုပ်နိုင်ဘူး" လို့ ပြောခွင့်မပေးပါနဲ့။

ဒီဇာတ်ကားကို တော်တော်များများ ကြည့်ဖူးကြမှာ ဖြစ်ပြီး မကြည့်ရသေးရင်လဲ ကြည့်ဖို့ recommend လုပ်ချင်ပါတယ်
Happy Weekend! Everyone ☺

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Movie Night posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share