Aung Min Khant ရှယ်မုန့်ဖတ်ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Yangon
  • Aung Min Khant ရှယ်မုန့်ဖတ်ရောင်းဝယ်ရေး

Aung Min Khant ရှယ်မုန့်ဖတ်ရောင်းဝယ်ရေး မိတ်ဆွေတို့ လွယ်ကူအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက်ကျွန်တော်တို့ အကောင်းဆုံးဝန်ဆောင်မှုပေးပါရစေခင်ဗျာ❤️

ရခိုင်မုန့်တီကို မိန်းကလေး အများစု ကြိုက်နှစ်သက်ရုံသာမက တစ်ချို့သော ယောက်ျားလေးတွေလည်း ကြိုက်နှစ်သက်ကြပါတယ်။ ရခိုင်အစားအ...
23/01/2024

ရခိုင်မုန့်တီကို မိန်းကလေး အများစု ကြိုက်နှစ်သက်ရုံသာမက တစ်ချို့သော ယောက်ျားလေးတွေလည်း ကြိုက်နှစ်သက်ကြပါတယ်။ ရခိုင်အစားအစာတွေက တခြားအစားအစာတွေလို ဆီတွေ သိပ်မများဘဲ ချဉ်ချဉ်စပ်စပ်လေးနဲ့ စားကောင်းတာကြောင့် ယနေ့ခေတ်မှာ ရခိုင်အစားအစာက တွင်ကျယ်ခေတ်စား လူသိများလာကြပါတယ်။
ရခိုင်အစားအစာလို့ ဆိုလိုက်တာနဲ့ လူတိုင်းသိတဲ့ အစားအစာကတော့ ရခိုင်မုန့်တီပါပဲ။ တစ်ချို့ဆို ၀ိတ်ချတဲ့ အနေနဲ့လည်း ရခိုင်မုန့်တီကို စားသုံးကြပါတယ်။ ဒီလို လူကြိုက်များတဲ့ ရခိုင်မုန့်တီချက်နည်းလေးကို မျှဝေချင်ပါတယ်။ အိမ်မှာနေရင်းဖြစ်ဖြစ်၊ ကိုယ် ချစ်သူ၊ ခင်သူတွေကို ချက်ကျွေးချင်လို့ပဲဖြစ်ဖြစ် ဒီနည်းလေးအတိုင်း ချက်ကျွေးနိုင်ပါတယ်။

(၁) အာပူ ဟင်းရည် ပြုလုပ်နည်း
- ငါးကို သန့်စင်ပြီး ဆား၊ ဆနွင်းနှင့် ရေနည်းနည်း ထည့်ပြုတ်ပါ (ဆနွင်းကို အများကြီး မသုံးမိဖို့တော့ မှာချင်ပါတယ်)။ ငါးပြုတ်ရည်များကို သပ်သပ်ဖယ်ထားပါ။
- ခဏအကြာ ငါးအသားနွှင်ပြီး တစ်ဝက်ကို ဂျင်း၊ ကြက်သွန်ဖြူ နဲ့ ရေတို့ကို စပ်၍ ခြောက်အောင် လှော်ပါ။
- ထို့နောက် ငါးပြတ်ရည်နှင့် ရေအနည်းငယ် ရော၍ ဆူအောင်တည်ပါ။
- ပုဇွန်ငပိ ကို ရေဖျော်ပြီး အရေကြည်လေးသာ စစ်ထည့်ပါ။
- အပေါ့ အငံ မြည်းပြီး ညက်နေအောင် ထောင်းထားသော ငရုတ်ကောင်း ထည့်ပါ။
- အစပ်လိုချင်လျှင်် ငရုတ်သီးစိမ်း လိုသလောက်ထောင်း ထည့်ပါ ။ ထိုအခါ အာပူဟင်းရည် ရပါပြီ။
(၂) မုန့်တီသုပ် အတွက် ငါးဆီသက်နည်း
- ငါးဖယ်ကြော်ပါ
- ကြက်သွန်ဖြူ ဆီသက်ထားပါ
- ကျန်တဲ့ ဆီအနည်းငယ်နှင့် ငါးအသား တစ်ဝက်ကို ဂျင်းကြက်သွန်ဖြူနှင့် ရောပြီး ဆီသက်ပါ။ (ပုဇွန်ငါးပိ အနည်းငယ် ထည့်နိုင်ပါတယ်။)
- ပုဇွန်ငံပြာရည်နှင့် ဟင်းခတ်မှုန့်ထည့်ပါ။ ငရုတ်သီးစိမ်း လိုသလောက် ထည့်ပါ။
- ရေအနည်းငယ် ထည့်ပြီ ကြော်ပါ။ ဒါဆိုရင် အသုပ်အတွက် ငါးဟင်း ကျက်ပါပြီ။
(၃) မုန့်တီသုပ်နည်း
- မုန့်ဖတ် ထည့်ပြီး ငါး ဆီသက်ထားတာကို ထည့်ပါ။
- ကြက်သွန်ဖြူ ဆီချက်ထည့်ပါ။
- ပုဇွန်ငံပြာရည်၊ အချိုမှုန့် (ပဲသီး ကြိုက်ရင်ထည့်ပါ) ၊ နံနံပင်၊ သံပုရာရည် (သို့မဟုတ်) မန်ကျည်းရည် ထည့်သုပ်ပါ။
ထို့နောက် အရသာရှိစွာ သုံးဆောင်နိင်ပါတယ် ။ အိမ်မှာ ချက်စားတဲ့ နည်းလေးလေးမို့ အလွယ်တကူ ချက်စားနိုင်ပါတယ်။ အကြိုက်တူရင်လည်း သူငယ်ချင်းတွေကို ဒီနည်းလမ်းလေး မျှဝေပေးနိုင်ပါတယ်။ ရခိုင်မလေး တွေရဲ့ ချက်နည်းကိုတော့ မီမယ် မထင်ဘူးပေါ့နော်။
အားလုံးပဲ အရသာ ရှိရှိ သုံးဆောင်နိုင်ကြပါစေ…

နေ့ရော ညပါ အားပေးကြတဲ့ ကျွန်တော်တို့ မိတ်ဆွေများ ကျေးဇူးအထူးတင်ရှိပါတယ် နောက်လဲ ဒီထပ်တိုးပြီး လှူဒါန်းနိုင်ပါစေခင်ဗျာ💚
27/11/2023

နေ့ရော ညပါ အားပေးကြတဲ့ ကျွန်တော်တို့ မိတ်ဆွေများ ကျေးဇူးအထူးတင်ရှိပါတယ်

နောက်လဲ ဒီထပ်တိုးပြီး လှူဒါန်းနိုင်ပါစေခင်ဗျာ💚

🔸 လူ(၁၀၀)စာ မုန့်ဟင်းခါး အိုးကြီးချက်နည်း 🔸လမ်းထဲ ရပ်ကွက်ထဲ စတုဒီသာ အလှူလုပ်ချင်တဲ့အခါ လူအနည်းစာတော့ ချက်တတ်ကြပေမယ့် အမျ...
25/11/2023

🔸 လူ(၁၀၀)စာ မုန့်ဟင်းခါး အိုးကြီးချက်နည်း 🔸

လမ်းထဲ ရပ်ကွက်ထဲ စတုဒီသာ အလှူလုပ်ချင်တဲ့အခါ လူအနည်းစာတော့ ချက်တတ်ကြပေမယ့် အများကြီးစာအတွက်ဆို ပါဝင်ပစ္စည်းအချိုးအစား မသိကြတာမျိုး ကြုံလေ့ရှိပါတယ်………

ဒါကြောင့် အလှူလုပ်ချင် တဲ့ အခါလဲ ကိုယ်တိုင် ဝယ်ပြီး ချက်လို့ရအောင် လူအများစာအတွက်
ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ် …….

လူ(၁၀၀)စာအတွက်

ပါဝင်ပစ္စည်းအချိုးအစား 🔸🔸🔸🔸

- မုန့်ဖတ် (၃၀)ပိသာ
- ငါး (၁၂)ပိသာ
- ဆီ (၅)ပိသာ
- အချိုမှုန့် (၁)ထုပ်
- ကြက်သွန်နီ (၅)ပိသာ
- ကြက်သွန်ဖြူ (၇၅)ကျပ်သား
- ဂျင်း (၅၀)သား
- ငရုတ်ပွ (၂၅)သား
- ငရုတ်စိမ်းမှုန့်(အရောင်တင်မှုန့်) (၂၅)သား
- ကုလားပဲဆန် (၂)ပိသာ
- ဆန်မှုန့် (၁)ပိသာ
- စပါးလင် (၁၀)ပင်
- ငှက်ပျောပင် (၄)ပင်ခန့်
- ဘဲဥ (၅၀)လုံး
- နံနံပင် (၁)ပိသာ
- ရှောက်သီး (၁၀)လုံးခန့်
- ငံပြာရည် (၁)ပုလင်း
- ဆား (၃)ထုပ်ခန့်

ချက်ပြုတ်နည်း 🔸🔸🔸🔸

၁။ ပထမဆုံး ငါးတွေကို ခေါင်းတွေဖယ် ခုတ်ထစ် ပြီး ဆားများများ ငံပြာရည် အချိုမှုန့် နနွင်းမှုန့် စတာတွေနဲ့ နယ်ပြီနှပ်ထားပါမယ်။

၂။ ပြီရင် အိုးကြီးတစ်လုံးအောက်ခြေမှာ စပါးလင် ၅ပင်ခန့်ဖြန့်ခင်းပါ။ ပြီးရင်ငရုတ်အပွတောင့်တွေရေဆေးပြီးစပါးလင်ပေါ်ထပ်ပီး ဖြန့်ခင်းရပါမယ်။
စပါးလင်နှင့် ငရုပ်အပွတောင်း တတွအပေါ်မှာ ငါးတွေကိုစီထည့်ပြီး ပြုတ်ပါမယ်။


၃။ အရိုးနူးပြတ်ရင်တော့ ပိုကောင်းပေမယ့်
အချိန်ကြာမှာဖြစ်လို့ အိုးထဲကနေ စပါးလင် ငရုတ်သီး အနံ့နဲ့ငါးပြုတ် ငံပြာရည်အနံ့တွေလှိုင်တက်လာအောင်ပြုတ်ပါမယ်။

၄။ ငါးပြုတ်အသားကျက်ပြီး မာမာတင်းတင်း ဖြစ်သွားရင် အရိုးနွင်ပါမယ်။ အရိုးနွင်တဲ့အခါ ငါးအသားတွေကို နနွင်းမှုန့် နဲ့နယ်ပြီး အနည်းငယ်စီလုံးပြီး အရိုးရှာရပါမယ်။

၅။ နနွငိးဝါဝါကြားမှာ အရိုးဖြူဖြူလေးတွေမို့လို့
နွင်လို့လွယ်ပါတယ်။ တစ်ဖက်မှာလည်း ငါးပြုတ်ပြီးရင် ပဲဆန်တွေကိုနူးအိနေအောင်ပြုတ်ထားရပါမယ်။

၆။ နူးသွားရင် လက်ဆုံနဲ့ပဲထောင်းထောင်း ဇကာနဲ့ပဲ တိုက်တိုက်အဆင်ပြေသလို အနှစ်ရအောင်လုပ် ထား ပါမယ်။

၇။ ငါးပြုတ်အိုးထဲက ငရုတ်ပွတောင့်တွေကို
ညက်နေအောင်ထောင်းရပါမယ်။
ငါးပြုတ်ရည်တွေကိုလည်း အိုးတစ်လုံးထဲသေချာ
စစ်ထည့်ထားရပါမယ်။

၈။ ကြက်သွန်နီ ၃ပိသာခန့်လှီးထားပါမယ်။
ကြက်သွန်ဖြူကိုလည်း အခွံခွါပြီးကြိတ်ထားပါ။
ဂျင်းလည်းအခွံနွာပြီးထောင်းထားရပါမယ်။
စပါးလင် ၅ပင်ခန့်လည်း ပါးပါးလှီးပြီးထောင်းထားပါ။

၉။ အားလုံးပြီးရင်တော့ ငါးဆီသတ်ပါမယ်။
ဒယ်တစ်ခုထဲကို ဆီများများထည့်ပြီး ငရုတ်သီးထောင်း ထားတာရော ငရုတ်အရောင်တင်မှုန့်ရေဖျော်တာရော ထည့်ပြီးဆီသတ်ပါမယ်။

၁၀။ ငရုတ်သီးကျက်လောက်ရင် ကြက်သွန်နီ ဖြူ ဂျင်း စပါးလင် ထည့်ကြော်ပါမယ်။
ခဏကြော်လို့အနံ့မွှေးလာရင် ငါးအရိုးထွင်ပြီး
သိပ်ထားတာတွေထည့်ကြော်ပြီး ဆီသတ်ရပါမယ်။

၁၁။ ငါးဆီသတ်တာ အဓိကပါ။ အိုးမကပ်အောင်
မပြတ်မွှေပေးနေရပြီးတော့ ငါးအသားတွေနဲ့ ဆီ ငရုတ်သီး ကြက်သွန်တွေ လုံးပြီး အနံ့တွေမွှေးကြိုင်လာပြီဆို ချလို့ရပါပြီ။

၁၂။ ဆီသတ်ကြော်တာနည်းရင် မုန့်ဟင်းရည်က ငါးပြုတ်အနံ့ကြီးထွက်ပြီး သိပ်မမွှေးသလို ကြော်တာများသွားရင်လည်း မုန့်ဟင်းရည်ထဲမှာ ကြက်သွန် ကြော်ဖတ်တွေက မပျော်သွားဘဲ ပေါလော ပေါ်နေတတ်တယ်။ အဲဒါကြောင့် အကြော်များလို့ မရသိလို
နည်းလို့လည်းမရပါ။

၁၃။ ငါးအသားတွေလုံးပြီး ကြက်သွန်ဖတ်တွေလည်း အိနေပြီးတော့ ငါးဆီသတ်အနံ့မွှေးလာတဲ့အချိန်ကို ချိန်ဆပြီးချရပါမယ်။

၁၄။ အဲဒီမွှေးကြိုင်နေတဲ့ ငါးဆီသတ်က မုန့်ဟင်းခါးရဲ့အသက်ပါ။ ပြီးရင်တော့ ဟင်းရည်စချက်လို့ရပါပြီ။ ရေထမ်းပုံး ၄ပုံးလောက်ဆံ့တဲ့ ဒန်အိုးကြီး ရေ ၃ပုံး ခွဲခန့် ထည့်ပြီးကျိုထားပါ။

၁၅။ ဆူလာရင် ငါးပြုတ်အိုးထဲမှာကျန်ခဲ့တဲ့
ငါးပြုတ်ရည် ရယ် ပဲဆန်ထောင်းထားတာရယ် ဆန်မှုန့် ရယ်ထည့်ပြီး မွှေပေးနေရပါမယ်။
ဆန်မှုန့်က ကပ်တတ်လို့ အောက်ခြေခြစ်ပြီးမွှေပေးပါ။

၁၆။ ခဏကြာလာရင်တော့ ငါးဆီသတ်ထားတာတွေလောင်းထည့်ပြီး ခဏမွှေပြီး အဖုံးအုပ်ထားပါ။
မွှေးကြိုင်နေတဲ့ မုန့်ဟင်းရည်အနံ့စရပါပြီ။

၁၇။ ဘဲဥပြုတ်ပြီး စိတ်ထည့်ပါ။
ဟင်းရည် အပျစ် အကျဲ အပေါ့ အချို အငံ လိုသလိုညှိပါမယ်။ ကြာကြာတည်ထားမှ ငါးဆီသတ်သား ရော ဆန်မှုန့်ရော ပွလာပြီး ဟင်းရည်က ခပ်ပျစ်ပျစ် လေး ဖြစ်လာမှာပါ။


၁၈။ ချခါနီးရင်တော့ ငှက်ပျောပင်လှီးထည့်ပါ။ကြက်သွန်နီ အလုံးလိုက်(၁)ပိသာလောက်ထည့်ပါ။
ဟင်းရည်လည်း အနေတော်ကြက်သွန်နီ ငှက်ပျော
ပင် တွေလည်း နူးလာပြီး ဂျင်း စပါးလင် အနံ့တွေနဲ့ မွှေးကြိုင်နေတဲ့ မုန့်ဟင်းခါး ကောင်းကောင်း တစ်အိုးရပါပြီ။

ကြက်သွန်ဖြူ ဆီချက်၊ နံနံပင်၊ ငရုတ်သီးမှုန့်စပ်စပ်လေးနဲ့ မိမိကြိုက်နှစ်သက်ရာ အကြော်ကို ထည့်ပီး သုံးဆောင်နိုင်ပါတယ်😋😋😋



Credits t

မုန့်ဟင်းခါး (သမိုင်းအကျဉ်း)မြန်မာ့ရိုးရာ အစားအစာ ဖြစ်သည်။မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်သော မုန့်ဟင်းခါးသည် အချဉ်ဖေါက...
12/11/2023

မုန့်ဟင်းခါး (သမိုင်းအကျဉ်း)

မြန်မာ့ရိုးရာ အစားအစာ ဖြစ်သည်။

မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်သော မုန့်ဟင်းခါးသည် အချဉ်ဖေါက် ပြုလုပ်သည့် ဆန်ခေါက်ဆွဲဖတ် (မုန့်ဖတ်) လေးများနှင့် ငါးဖြင့်အဓိက ချက်လုပ်သော ဟင်းခါးရည် တို့ကို အတူတွဲဖက် စားသုံးရသည့် သာရေစာ တစ်မျိုးဖြစ်သည်။ မုန့်ဟင်းခါးအား မြန်မာနိုင်ငံ၏ အမျိုးသား စားဖွယ် အဖြစ် အချို့က ယူဆကြသည်။ မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့၊ ရွာတိုင်း တွင် မုန့်ဟင်းခါး ရောင်းချ ကြပြီး နံနက်စာ မှ နေ့လယ် နေ့ခင်း အစာပြေ အပြင် ညလည်စာ အဖြစ်ပါ နှစ်ခြိုက်စွာ စားသုံး လေ့ရှိကြသည်။ ထို့အပြင်မုန့်ဟင်းခါးသည် အာဟာရအားဖြင့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိုတ် နှင့် ဓာတ်ဆားများ ပါဝင်ပြီး ချက်ပုံ ချက်နည်း ရိုးရှင်းလွယ်ကူ သည့်အပြင် စရိတ်ပါ သက်သာ သောကြောင့် မြန်မာလူမျိုးတိုင်း နှစ်သက်သော အစား အစာ လည်းဖြစ်သည်။

မုန့်ဟင်းခါး

အခြားအမည်များ မုန့်၊ မုန့်ဟင်း
အဓိကသုံးဆောင်မှု နံနက်စာ၊ အစာပြေ
မူရင်းနိုင်ငံ မြန်မာ
ဖန်တီးသူ မသိ
သုံးဆောင် အပူချိန် အပူ
အဓိက ပါဝင်ပစ္စည်း မုန့်ဖတ်၊ ညှပ်ခေါက်ဆွဲ၊ ငါး

သမိုင်းကြောင်း

ရှေးမြန်မာ့သမိုင်း တစ်လျောက်တွင် မုန့်ဟင်းခါးနှင့် ပတ်သတ်၍ ကျောက်စာ၊ ပေစာများဖြင့် မှတ်တမ်းတင် ခဲ့ခြင်း မရှိသဖြင့်မုန့်ဟင်းခါး ပေါ်ပေါက်ရာ ဇာတိ နှင့် ခေတ်ကာလအား သိရှိရန် များစွာ ခက်ခဲလှသည်။ မုန့်ဟင်းခါးအား အစောဆုံး အထောက်အထား ဖြင့် တွေ့ရှိရသည့် နေရာမှာ ကုန်းဘောင်ခေတ် စာဆို ဦးပုည၏ လင်္ကာများ အနက်မှ တစ်ခုတွင် ဖြစ်ပြီး "မုန့်ဟင်း"ဟု သုံးနှုန်းခဲ့သည်။ ကုန်းဘောင်ခေတ် ဒုတိယပိုင်း၌ ဘကြီးတော်ဘုရား လက်ထက်နှင့် ကုန်းဘောင်ရွှေဘိုမင်း လက်ထက်တွင် ပေါ်ပေါက်သော ကဗျာစာဆိုတစ်ဦးဖြစ်သည့် ဖိုးသူတော်ဦးမင်းက ခေတ်ပြိုင်စာဆို လူဦးမင်း(စာဆိုတော်ဦးမင်း) နှင့် မုန့်ဟင်းခါး အကြောင်း အပြိုင်စပ်ဆိုရာတွင် "မုန့်တီ" ဟုသုံးနှုန်းခဲ့သည်။ ယခုအခါတွင် မုန့်ဟင်းခါးကို "မုန့်တီ" ဟု ပြောဆိုသောသူသည် အနည်းငယ်သာရှိတော့သည်။ ဤသို့ဆိုလျှင် "မုန့်တီ"သည် မုန့်ဟင်းခါးကို ဆိုလိုပြီး ရခိုင်မုန့်တီ သည်ကား ရခိုင်လူမျိုးများ၏ ရှေးရိုးရာအစားအစာ အာပူလျှာပူနှင့် ရိုးရိုးရခိုင်မုန့်တီ၊ ရခိုင်မုန့်တီသုပ် အစရှိသည်တို့ကိုဆိုလိုပေမည်။ ယနေ့တိုင် အချို့ဒေသများတွင်မုန့်ဟင်းခါးအား "မုန့်" "မုန့်ဟင်း" အစရှိ သဖြင့် ခေါ်ဝေါ် လျှက်ရှိဆဲ ဖြစ်သောကြောင့် ကုန်းဘောင်ခေတ်တွင် မုန့်ဟင်းခါးပေါ်ပေါက်ပြီး ဖြစ်သည်ဟု ယူဆကြသည်။ တဖန် ပျူမြို့ဟောင်းများ တူးဖေါ်ရာတွင် ဆန်မှုန့်နှင့် အချဉ်ဖေါက်ပြုလုပ်သော ကိရိယာအများအပြား တူးဖေါ် ရရှိခဲ့သောကြောင့် ထမင်းအစားထိုး၊ ဆန်ဖြင့်ပြုလုပ်သည့် မုန့်နှင့် မုန့်ဟင်းခါးပေါ်ပေါက်နေခဲ့ နိုင်ကြောင်း ကောက်ချက် ဆွဲကြသည်။ ထို့အပြင် မုန့်ဟင်းခါး သမိုင်းကို စနစ်တကျ သုတေသန ပြုရန် ကြိုးစားခဲ့သော ဒေါက်တာ ခင်မောင်ညွန့်၏ အဆိုအရ၊ မုန့်ဟင်းခါးချက်နည်းသည် ရှေးနန်းတွင်း ဟင်းချက်နည်းမျိုးစုံ စာရင်းတွင် ရှာမတွေ့ ခဲ့ခြင်းကြောင့် သာမာန် အရပ်သား လူအများတို့ ၏အစားအစာသာ ဖြစ်နိုင်ကြောင်း။ ထို့ကြောင့်ပင် မည်သူတစ်ဦး တစ်ယောက်မျှ အရေးတယူ မှတ်တမ်း မတင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

Credit : original uploader

10/11/2023

ကျွန်တော်တို့ မိတ်ဆွေများ ဝယ်ယူစားသုံးလို့အဆင်ပြေတာ ကြားရတော့ ဝမ်းသာပီတိဖြစ်ရပါတယ်ဗျာ☺️

အကောင်းဆုံးဝန်ဆောင်မှု ပေးချင်တာမို့ လိုအပ်တာများရှိရင်လဲ ဝေဖန်အကြံပြုပေးဖ်ို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 💚

Available now- မုန့်ဖတ် ၊ညှပ်ခေါက်ဆွဲ ၊နန်းကြီး၊ ဆန်ပြား၊ခေါက်ဆွဲ၊ခေါက်ဆွဲစိမ်း၊ပဲကြော်

☎️ 09794345462,09448040140

ကျွန်တော်တို့ မိတ်ဆွေများ စိတ်ဝင်စားလို့မှာယူ စုံစမ်းချင်ရင် page messenger or ph ဆက်ရင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျ

အားပေးတဲ့ ချစ်မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ💚
09/11/2023

အားပေးတဲ့ ချစ်မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ💚

မင်္ဂလာရှိသော နေရက်လေးပိုင်ဆိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ဗျ💚
09/11/2023

မင်္ဂလာရှိသော နေရက်လေးပိုင်ဆိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ဗျ💚

နန်းကြီးသုပ်လုပ်နည်း----------------------- မေးထားတဲ့မိတ်ဆွေများနဲ့မိသားစုဆုံတဲ့နေ့၊သူငယ်ချင်းတွေစုပြီး မုန့်လုပ်စားကြမဲ...
08/11/2023

နန်းကြီးသုပ်လုပ်နည်း
----------------------- မေးထားတဲ့မိတ်ဆွေများနဲ့မိသားစုဆုံတဲ့နေ့၊သူငယ်ချင်းတွေစုပြီး မုန့်လုပ်စားကြမဲ့နေ့မှာ " နန်းကြီးသုပ် "
လုပ်စားကြရအောင်နော်....

ပါဝင်ပစ္စည်းများ
နန်းကြီး(ရန်ကုန်) ၁ပိဿာ
ကြက်ရင်ပုံ ၄၀သား
ဘဲဥ ၅လုံး(နှစ်သက်သလောက်)
ကြက်သွန်နီ ၃၀သား
ကြက်သွန်ဖြူ ၁ ၁/၂လုံး
မုန့်ကြွပ် ၁၅ကျပ်သား
ပဲမှုန့်အကျက် ၁၀သား
ရှောက်သီး(သို့)သံပုရာသီး(သို့)မန်ကျည်းသီး
နံနံပင် ၁စည်း
ငံပြာရည် စားပွဲဇွန်း၅ဇွန်း
ငရုတ်ကောင်းမှုန့် အရည်သောက်ဟင်းချိုတွင်ခပ်ရန်
ငရုတ်သီးအကျက်မှုန့် အသုပ်မှာထည့်စားရန်
ငရုတ်သီးအစိမ်းမှုန့်
နနွင်းမှုန့်
ဆီ
ဆား
အသားမှုန့်

ပြုလုပ်နည်း
၁။ ကြက်သားအတုံးလိုက်ကို ရေဆေးပြီး ဆား၊နနွင်း၊အသားမှုန့်နဲ့နှံ့အောင်နယ်ပြီးနှပ်ပါ။
၂။ ကြက်သွန်ဖြူ၁လုံးကို ဓားပြားရိုက်ပြီး ကြက်သားကိုပြုတ်ရပါမယ်။ရေကိုကြက်သားနူးရုံအပြင် ဟင်းရည်သောက်အတွက်ပါပိုထည့်ပေးပါ။အရသာအတွက်ဆား၊အသားမှုန့်တို့ကိုထည့်ပေးပါ။
၃။ ကြက်သားနူးရင်ဆယ်ပြီး ဇလုံတစ်လုံးထဲထည့်ပါ။အေးရင်အသားများကို အရှည်လိုက်လေးမျှင်ထားလိုက်ပါ။
၄။ မုန့်ကြွပ်ကို ဆီပူပူမှာ ပွပြီးကြွပ်လာအောင်ကြော်ပြီး ဆီစစ်ထားလိုက်ပါ။
၅။ ဘဲဥကိုပြုတ်ပြီးအခွံနွှာထားပါ။သုပ်တဲ့အချိန်မှာထည့်ဖို့ ကြက်သွန်နီ၁၅ကျပ်သားကို အခွံခွာ ပါးပါးလှီးပြီးရေဆေးရေစစ်ပါ။နံနံပင်ကိုပါးပါးညှပ်ပါ။
၆။ ကြက်သွန်နီ၁၅ကျပ်သား၊ကြက်သွန်ဖြူ၁/၂လုံးကို ညက်အောင်ပြုလုပ်ပါ။ချက်မည့်အိုးက ဆီပူလာရင် ကြက်သွန်နီ၊ကြက်သွန်ဖြူတို့ကိုနနွင်း၊ငရုတ်သီးအစိမ်းမှုန့်တို့နဲ့ဆီသတ်ပါ။
၇။ ကြက်သွန်များနွမ်းရင်တော့ ငံပြာရည်၃ဇွန်းထည့်ပါ။အနံ့မွှေးလာရင် မျှင်ထားတဲ့ကြက်သားများကိုထည့်ပြီးနှံ့အောင်မွှေပြီးချက်ပါ။အရသာအတွက်ဆား၊အသားမှုန့်ထည့်လိုကထည့်နိုင်ပါတယ်။အသုပ်နယ်တဲ့ပန်းကန်ထဲရောက်မှလည်းထည့်နိုင်ပါတယ်။
၈။ နန်းကြီးသုပ်ဖို့အတွက် ကြက်သားဟင်းရပြီမို့ မုန့်ပွဲပြင်နိုင်ပါပြီ။အရသာအပေါ့အငံအတွက် ဆား၊ငံပြာရည်၊အသားမှုန့်တို့ကို လိုတိုးပိုလျော့ပြုလုပ်ပေးပါ။

#
ှယ်မုန့်ဖတ်ဆိုင် #မုန့်ဖတ်် #ညှပ်ခေါက်ဆွဲ #နန်းကြီး #ခေါက်ဆွဲ #ခေါက်ဆွဲစိမ်း #ဆန်ပြား

မုန့်ဖတ်ထောင်းလို့ နံမည်တတ်ပေမဲ့ ငရုတ်ဆုံထဲထည့်ပြီး တအားကြီး ထောင်းတာမဟုတ်ဘဲ ခပ်ဖွဖွထောင်းမွှေမွှေတဲ့ သဘောပါဘဲ ဒါကြောင့်...
07/11/2023

မုန့်ဖတ်ထောင်းလို့ နံမည်တတ်ပေမဲ့ ငရုတ်ဆုံထဲထည့်ပြီး တအားကြီး ထောင်းတာမဟုတ်ဘဲ ခပ်ဖွဖွထောင်းမွှေမွှေတဲ့ သဘောပါဘဲ ဒါကြောင့်မို့လို့ မုန့်ဖတ်ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

🥒ပါ၀င်ပစ္စည်းများ🥒
___——____—-
မုန့်ဖတ် - ဆယ်ငါးကျပ်သား
ပဲတောင့်ရှည် - လေးတောင့်
ချယ်ရီခရမ်းချဉ်သီး - ၇လုံးခန့်
ကြက်သွန်ဖြူ အမွှာကြီးကြီး - ၃မွှာ
ငရုတ်သီး အစပ်အခြောက်တောင့် - ၇တောင့်ခန့်
ထန်းလျှက်ခဲ - ကွမ်းသီးဆံလုံးလောက် တစ်ခဲ
မြေပဲလှော် - မိမိနှစ်သက်သလောက်ထည့်ပါ
ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
သံပုရာသီး - တစ်ခြမ်း

👩‍🍳ပြင်ဆင်ပုံ🧑‍🍳
————————
-မုန့်ဖတ်နှင့်အတူ ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
ကြက်သွန်ဖြူကို အခြံခြာကာ ရေဆေးထားပါ
ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် လှီးထားပါ
-ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်၀က်ခြမ်းထားပါ
-ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးထားပါ
-မြေပဲလှော်ကို ပြင်ထားပါ
သံပုရာသီးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
-ငရုတ်ဆုံထဲမှာ အရင်ဆုံး ထန်းလျှက်ခဲ ငရုတ်သီးတောင့်နှင့်ကြက်သွန်ဖြူကို မညက်တညက် အနေအထားရအောင် ထည့်ထောင်းပါ
ပြီးတာနဲ့မြေပဲလှော်နှင့် ပဲသီးတို့ကို ခပ်ဖွဖွလေး ထည့်ထောင်းပါ
-ထောင်းထားတာတွေကို သမအောင် ဇွန်းနဲ့မွှေပေးပြီး မုန့်ဖတ် ခရမ်းချဉ်သီး ငံပြာရည်နှင့် သံပုရာရည်ကို ညှစ်ပြီး အခွံပါတို့ထည့်ကာ ခပ်ဖွဖွထည့်ထောင်းကာ ဇွန်းနှင့်သမအောင် မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
-အရသာပြင်ပြီးတာနဲ့ ပန်းကန်တခုထဲထည့်ကာ မုန့်ဖတ်ထောင်း ချိုချဉ်ငံစပ်လေးကို မိမိနှစ်သက်တဲ့ အသားကင် ငါးကင် တစ်မျိုးမျိုးနဲ့ တွဲဖက်ပြီး သုံးဆောင်နိူင်ပါပြီ။

ှယ်မုန့်ဖတ်ဆိုင် #မုန့်ဖတ်် #ညှပ်ခေါက်ဆွဲ #ညှပ်ခေါက်ဆွဲ #ဆန်ပြား #နန်းကြီး #ခေါက်ဆွဲ #ရွှေပြည်သာ

မုန့်ဖတ်နဲ့ပတ်သတ်ပြီး ကျွန်တော်တို့မိတ်ဆွေများ အများဆုံးကြုံနေရတဲ့ ပြသာနာတစ်ခုဆို ဘာဖြစ်မလဲ?
07/11/2023

မုန့်ဖတ်နဲ့ပတ်သတ်ပြီး ကျွန်တော်တို့မိတ်ဆွေများ အများဆုံးကြုံနေရတဲ့ ပြသာနာတစ်ခုဆို ဘာဖြစ်မလဲ?

ဒီနေ့ order လေး 💚အားပေးတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ
06/11/2023

ဒီနေ့ order လေး 💚
အားပေးတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ

Address

Yangon

Telephone

+959794345462

Website

Alerts

Be the first to know and let us send you an email when Aung Min Khant ရှယ်မုန့်ဖတ်ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category