08/09/2026
အမဲသားက သွေးအားကောင်းရုံတင်ပဲမဟုတ်ပါဘူး 💁
သူ့မှာ လူတွေအတွက် အကျိုးပြုတဲ့ အာဟာရဓာတ်တွေများစွာပါဝင်နေပါတယ်။ အဲ့ထဲကမှ တချို့ကို မင်မင်က ဒီနေ့ပြောပြပေးလိုက်ပါတယ်။
(၁) ပရိုတိန်း အများဆုံးပါဝင်တယ်
ပရိုတိန်းဆို ခန္ဓာကိုယ်ရဲ့ ကြွက်သား တည်ဆောက်ဖို့၊ ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြင်ဆင်ဖို့၊ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် ထောက်ပံ့ပေးတဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ ဒါက အမဲသားမှာ အများကြီးပါတာမို့လို့ အားကစားလုပ်နေတဲ့သူတွေ ကြွက်သားကြီးချင်တဲ့ Gym သမားတွေဆိုရင်တော့ စားပေးဖို့အသင့်တော်ဆုံးဖြစ်ပါတယ်။
(၂) သံဓာတ်ပါဝင်တယ်
သံဓာတ်ကတော့ အားလုံးသိကြတဲ့ သွေးအားကောင်းစေတဲ့ ဓာတ်ဖြစ်ပါတယ်။ အမဲသားမှာပါဝင်တဲ့ သံဓာတ်ကို ခန္ဓာကိုယ်က ပိုပြီးစုပ်ယူနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးသမီးများ ဓမ္မတာလာစဉ်နဲ့ သွေးအားနည်းတတ်တဲ့သူတွေ စားပေးသင့်ပါတယ်။
(၃) ဇင့်ဓာတ်ပါဝင်ပါတယ်
ဇင့်ဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် စွမ်းအားကောင်းမွန်စေဖို့နဲ့ ဒဏ်ရာတွေကို အနာကျက်မြန်စေဖို့ ကူညီပေးပါတယ်။ ပျက်စီးသွားတဲ့ ဆဲလ်နဲ့ တစ်ရှူးတွေကို မြန်မြန်ပြန်လည် ပြင်ဆင်ပေးနိုင်တာကြောင့် ဒဏ်ရာ ဒါမှမဟုတ် ခွဲစိတ်ကုသပြီး ပြန်လည်သက်သာအောင်လုပ်နေတဲ့ လူနာတွေလည်း စားဖို့သင့်တော်ပါတယ်။
(၄) ဗီတာမင် B complex ပါဝင်ပါတယ်
ကိုယ်စားလိုက်တဲ့ အစားအသောက်တွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့နေရာမှာ အထောက်အကူပေးတာကတော့ ဗီတာမင် B complex ပဲဖြစ်ပါတယ်။ ဒီ အာဟာရဓာတ်ကလည်း အမဲသားထဲမှာပါဝင်နေပါတယ်။
ဒါကြောင့် အမဲသားကို နည်းလမ်းမှန်မှန်နဲ့သာ အချိုးကျ နေ့စဉ်အစားအသောက်ထဲမှာ ထည့်စားပေးမယ်ဆိုရင် ခန္ဓာကိုယ်က အရင်ကထက်ပိုပြီးကြံခိုင်လာမှာပါ။
အမဲသားက ချက်ရမလွယ်လို့ မစားဖြစ်တဲ့သူတွေအတွက် အလွယ်တကူအဆင်သင့်ဖောက်စားလို့ရအောင် Aye ကနေ အသင့်စားအမဲသားတွေထုတ်ပေးထားပါတယ်။
ဘာ Product တွေရလဲဆိုတာ သိချင်ရင်တော့ Page Chat Box ကိုလာခဲ့ပါ။ Admin တို့က သေချာရှင်းပြပေးပါလိမ့်မယ်။
အကောင်းဆုံးကိုရွေး - အမဲသားဆို AYE
#အေး #မြန်မာစားသောက်ကုန် #စားသောက်ကုန်
#အမဲသား #အသင့်စားဟင်း #အကောင်းဆုံးကိုရွေးအမဲသားဆို Aye