23/09/2024
ဒီဆိုင်က ချင်းမိုင်က Steak Siam တဲ့။ ညစာကို ထမင်းတွေ ခေါက်ဆွဲတွေ အထောင်းအသုပ်တွေ မစားချင်လို့ ဘိုစာစားချင်တယ်ဆိုရင် ဈေးမကြီးဘဲ အရသာရှိရှိလေးစားလို့အဆင်ပြေတဲ့ လမ်းဘေးဆိုင်လေး။
ကြက်/ဝက်/ငါး နဲ့ sides လေးတွေရတယ်။ သူ့ဆီက ကြက်သားနဲ့ ငါးကိုတော်တော်လေးကြိုက်တယ်။ နှစ်ခုရောတဲ့ တပွဲကို ၁၂၀ဘတ်ထင်တယ်။ ပေးတဲ့ salads လေးကလဲ အသီးအရွက်လေးတွေ ကြွပ်ကြွပ်ဆတ်ဆတ်လေးဖြစ်တဲ့အပြင် စပျစ်သီးလေးတွေပါပါတော့ အတော် နှုတ်မြိန်တယ်ပြောရမယ်။
နေရာက
https://maps.app.goo.gl/rYB6ZX8zLT98nC6f7