27/09/2026
ကရင် မုန့်ဟင်းခါး နှင့် အသင့်စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း.....
အကြောင်းအရာ။ ။ ကုန်ပစ္စည်းအချို့ ဈေးနှုန်းပြောင်းလဲရောင်းချမည်ဖြစ်ကြောင်း အသိပေးပန်ကြားခြင်း.....
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက် လူကြီးမင်းများခင်ဗျား -🙏🙏
မိမိတို့ "ဦးကရင်" မုန့်ဟင်းခါးနှင့် အသင့်စားသောက်ကုန်လုပ်ငန်းမှ စတင်ဖွင့်လှစ်သည့်နေ့မှစ၍ ယနေ့အထိ သန့်ရှင်းလတ်ဆတ်မှု၊ ကောင်းမွန်သောအရသာနှင့် အရည်အသွေးကို စေတနာအပြည့်ဖြင့် အစဉ်တစိုက် အလေးထားပြင်ဆင်ရောင်းချပေးခဲ့ပါသည်။🥰
မိမိတို့လုပ်ငန်းအပေါ် အစဉ်တစိုက် အားပေးကြသော Customers လူကြီးမင်းများကိုလည်း အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။🙏🙏🙏
သို့ရာတွင် လက်ရှိဖြစ်ပေါ်နေသော ဈေးကွက်အတွင်း ကုန်ကြမ်းပစ္စည်းများ၏ ကုန်ဈေးနှုန်းမြင့်တက်လာမှု အရ အစားအသောက်များ၏ နဂိုမူလအရည်အသွေးနှင့် သန့်ရှင်းလတ်ဆတ်မှုကို လျှော့ချခြင်းမပြုဘဲ မူလအတိုင်း ထိန်းသိမ်းရောင်းချနိုင်ရေးအတွက် လာမည့်.......
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ မှစ၍ အောက်ပါ အစားအသောက်ဈေးနှုန်းများကို ပြောင်းလဲပြင်ဆင် သတ်မှတ်ရောင်းချသွားမည်ဖြစ်ပါကြောင်း အသိပေး ပန်ကြားအပ်ပါသည် -🙏🙏🙏
၁။ မုန့်ဟင်းခါး အလွတ် (၁) ပွဲ - မူလရောင်းဈေး (၂,၅၀၀) ကျပ် မှ (၃,၀၀၀) ကျပ်
၂။ အုန်းနို့ခေါက်ဆွဲ အလွတ် (၁) ပွဲ - မူလရောင်းဈေး (၃,၀၀၀) ကျပ် မှ (၃,၅၀၀) ကျပ်
၃။ အကြော်အမျိုးမျိုး - မူလရောင်းဈေး (၅၀၀) ကျပ် မှ (၈၀၀) ကျပ်
၄။ ဘဲဥ / ငါးဖယ် - မူလရောင်းဈေး (၁,၀၀၀) ကျပ် မှ (၁,၅၀၀) ကျပ်
၅။ မုန့်ဟင်းရည်အလွတ် (၁) ပွဲ - (၂,၀၀၀) ကျပ် ဖြင့် သတ်မှတ်ရောင်းချပေးမည်ဖြစ်ပါသည်။
ယခုကဲ့သို့ ဈေးနှုန်း ပြောင်းလဲသတ်မှတ်ရခြင်းအတွက် ချစ်ကြည်လေးစားရပါသော စားသုံးသူ Customer များအားလုံးကို လှိုက်လှဲစွာ တောင်းပန်အပ်ပါသည်။🙏🙏
မိမိတို့ "ဦးကရင်" လုပ်ငန်းအနေဖြင့် ရှေ့ဆက်၍လည်း အရသာနှင့် အရည်အသွေးကို ပိုမိုကောင်းမွန်အောင် အစဉ်အမြဲ ကြိုးစားအားထုတ်သွားမည်ဖြစ်ပါသဖြင့် ဆက်လက်၍ မေတ္တာရှေ့ထား အားပေးကြပါရန် လေးစားစွာဖြင့် အသိပေး ပန်ကြားအပ်ပါသည်။🙏🙏🙏
လေးစားစွာဖြင့်....
ဦးကရင် မုန့်ဟင်းခါး နှင့် အသင့်စားသောက်ကုန်လုပ်ငန်း(မိသားစု)...
#မြန်မာပြည်တလွှားပြိုင်စံရှားဦးကရင်မုန့်ဟင်းခါး #အင်းစိန်ဈေး #ဈေးနှုန်းပြောင်းလဲခြင်းပန်ကြားလွှာ