MediFood For You

MediFood For You Think Healthy First!

ဒီတပတ်ကတော့ အရမ်းထူးခြားပြီးအရမ်းသိသာတဲ့ fastingလုပ်နည်းတင်ပေးလိုက်ပါတယ်။16.8 Fasting လေးလုပ်ကြည့်ကြနော်။  Food For You ...
11/09/2026

ဒီတပတ်ကတော့ အရမ်းထူးခြားပြီးအရမ်းသိသာတဲ့ fastingလုပ်နည်းတင်ပေးလိုက်ပါတယ်။
16.8 Fasting လေးလုပ်ကြည့်ကြနော်။

Food For You
Healthy Lifestyle Products Yangon

စျေးသက်သာပြီးလုပ်စားရလွယ်ကူတဲ့ပါဝင်ပစ္စည်းအများကြီးမပါတဲ့Healthy Saladလုပ်နည်းလေးပါ🥕🧅🍋  Food For You Healthy Lifestyle P...
07/09/2026

စျေးသက်သာပြီးလုပ်စားရလွယ်ကူတဲ့ပါဝင်
ပစ္စည်းအများကြီးမပါတဲ့Healthy Salad
လုပ်နည်းလေးပါ🥕🧅🍋

Food For You
Healthy Lifestyle Products Yangon

နှစ်ကုန်တာနဲ့ နောက်နှစ် ဘာပိတ်ရက်တွေရှိလဲ အရင်ကြည့်တဲ့အဖွဲ့တွေရှိလား😄ပိတ်ရက်မျှော်နေကြတဲ့ သူတွေအတွက်  2027ခုနှစ်ရဲ့ လတစ်...
28/08/2026

နှစ်ကုန်တာနဲ့ နောက်နှစ် ဘာပိတ်ရက်တွေရှိလဲ အရင်ကြည့်တဲ့အဖွဲ့တွေရှိလား😄

ပိတ်ရက်မျှော်နေကြတဲ့ သူတွေအတွက် 2027ခုနှစ်ရဲ့ လတစ်လစီရဲ့ ပိတ်ရက်လေးတွေတင်ပေးလိုက်ပါတယ်ရှင့်

Food For You
Healthy Lifestyle Products Yangon

Diet လုပ်မယ်ဆို အကုန်အကျမများစေချင်ရင် 💚Diet လုပ်တယ်ဆိုပြီးဈေးကြီးတဲ့ diet food တွေ၊ supplement တွေ မဖြစ်မနေဝယ်စရာမလိုပါ...
21/08/2026

Diet လုပ်မယ်ဆို
အကုန်အကျမများစေချင်ရင် 💚

Diet လုပ်တယ်ဆိုပြီး
ဈေးကြီးတဲ့ diet food တွေ၊ supplement တွေ မဖြစ်မနေဝယ်စရာမလိုပါဘူး။

အိမ်မှာပုံမှန်စားနေတဲ့ အစားအစာတွေနဲ့ပဲ ပမာဏ portion ကိုထိန်းပြီး စားလို့ရပါတယ်။

🍚 ထမင်း — ပုံမှန်စားတာထက် အနည်းငယ်လျှော့ပါ။
🥚 ကြက်ဥ — စျေးသက်သာပြီး protein ရလွယ်ပါတယ်။
🐟 ငါး — အချို့ဒေသတွေမှာ အသားစျေးထက် ပိုသက်သာပါတယ်။
🥬 ဟင်းသီးဟင်းရွက် — များများထည့်စားပါ။
🍌 ငှက်ပျောသီး၊ သင်္ဘောသီးလို
ရာသီပေါ်သစ်သီးတွေ၊ အခြားအသီးတွေနဲ့စာရင် ဈေးသက်သာတာရွေးပါ။
💧 ရေ — အချိုရည်အစား ရေများများသောက်ပါ။

အဓိကက “Diet food” ဝယ်စားတာမဟုတ်ဘဲ
#ကိုယ်စားတဲ့ပမာဏ နဲ့ #အစားအစာရွေးချယ်မှု ကို ထိန်းတာပါ။

တစ်နေ့တစ်နေ့ ဈေးကြီးတဲ့အစားအစာတွေဝယ်ဖို့မလိုဘဲ
ကိုယ်တတ်နိုင်တဲ့အစားအစာနဲ့ ရေရှည်လုပ်နိုင်တဲ့ Diet ဖြစ်မှ အကောင်းဆုံးပါနော်။

ပိုက်ဆံလည်းမကုန်၊ ကိုယ်အလေးချိန်လည်းထိန်းနိုင်တဲ့ Diet ဖြစ်ပါစေ။ ❤️

Food For You
Healthy Lifestyle Products Yangon

✳ဝမ်းပျက်ဝမ်း​လျော ရောဂါကာကွယ်ရေးနှင့် ရှေးဦးပြုစုနည်း✳ဝမ်းပျက်ဝမ်းလျောခြင်းဟာ ရာသီမရွေး ဖြစ်ပွားနိုင်ပြီး ကလေးသူငယ်တွေန...
12/08/2026

✳ဝမ်းပျက်ဝမ်း​လျော ရောဂါကာကွယ်ရေးနှင့် ရှေးဦးပြုစုနည်း✳

ဝမ်းပျက်ဝမ်းလျောခြင်းဟာ
ရာသီမရွေး ဖြစ်ပွားနိုင်ပြီး
ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ရေဓာတ်ခန်းခြောက်မှုကြောင့် အသက်အန္တရာယ်အထိ
စိုးရိမ်ရနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

⏩ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများ
-မသန့်ရှင်းသော အစားအစာနှင့် သောက်သုံးရေများကို စားသောက်မိခြင်း
-မစင်မှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ် (သို့မဟုတ်) ဘက်တီးရီးယားပိုးများ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ခြင်း
-တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း (ဥပမာ - အိမ်သာတက်ပြီး (သို့မဟုတ်) အစာမစားမီ လက်ကို စနစ်တကျ မဆေးကြောခြင်း)

⏩ဝမ်းပျက်ဝမ်းလျောဖြစ်ပါက
ဆောင်ရန်များ
1. ဓာတ်ဆားရည် သောက်ပါ။
ဝမ်းသွားသည့်အခါတိုင်း ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော ရေနှင့် ဆားဓာတ်များကို ပြန်လည်ဖြည့်တင်းရန် ဓာတ်ဆားရည်ကို နည်းနည်းနှင့် ခဏခဏ သောက်ပေးပါ။
2. ကျန်းမာရေးနှင့် ညီညွတ်သော အစာ ပျော့ပျော့ စားပါ။
ဆန်ပြုတ်၊ စွပ်ပြုတ်၊ ငှက်ပျောသီး စသည့် ကြေလွယ်သော အစားအစာများကို အနည်းငယ်စီ စားသုံးပါ။
3. နို့စို့ကလေးများကို နို့ဆက်တိုက်ပါ။
မိခင်နို့တိုက်ကျွေးနေသော ကလေးဖြစ်ပါက ပုံမှန်ထက် နို့ပိုတိုက်ပေးပါ။

⏩ရှောင်ရန်များ
-ဝမ်းရပ်ဆေးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိသဘောဖြင့် ဝယ်မသောက်ပါနှင့်။
-အချိုရည်များ၊ ကဖိန်းဓာတ်ပါသော သောက်စရာများနှင့် အဆီများသော အစားအစာများကို ရှောင်ကြဉ်ပါ။

မည်သည့်အချိန်တွင် ဆရာဝန်နှင့် ပြသရမည်နည်း။
-ဝမ်းသွားသည့်အကြိမ်အရေအတွက် များလွန်းခြင်း
- မူးဝေခြင်း၊ နုံးခွေခြင်း ၊ သတိလစ်ခြင်း
- ပြင်းထန်စွာ ဗိုက်အောင့်ခြင်း ၊ဖျားခြင်း
-ဝမ်းထဲတွင် သွေးပါခြင်း
-ကလေးငယ်များတွင် မျက်တွင်းဟောက်ပက်ဖြစ်ခြင်း၊ ငိုလျှင် မျက်ရည်မထွက်ခြင်း၊ ဆီးနည်းသွားခြင်း

⏩ကာကွယ်နည်းများ
-အစာ မစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ အောင် စနစ်တကျ ဆေးကြောပါ။
-ရေကို ကြိုချက်သောက်ပါ။
-ယင်မနားသော အစားအစာများကိုသာ ပူပူနွေးနွေး စားသုံးပါ။

For You
Healthy Lifestyle Products Yangon

🚶‍♀️ ဒူးနာတာကို အသက်ကြီးမှ ဖြစ်တာလို့ ထင်နေသေးလား?💢တကယ်တော့ ဒူးနာတာက အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။📌 ဖြစ်ရတဲ့ အကြောင်းအရ...
07/08/2026

🚶‍♀️ ဒူးနာတာကို အသက်ကြီးမှ ဖြစ်တာလို့ ထင်နေသေးလား?

💢တကယ်တော့ ဒူးနာတာက အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။

📌 ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့…
✅ အရိုးနု ယိုယွင်းခြင်း (Osteoarthritis)
✅ ဒူးအရွတ်၊ ကြွက်သား ထိခိုက်ဒဏ်ရာရခြင်း
✅ ကိုယ်အလေးချိန် များခြင်း
✅ ဒူးကို ဖိအားများစေတဲ့ လှုပ်ရှားမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။

❗ ဒူးနာတာကို လျစ်လျူမရှုပါနဲ့။

စောစောဂရုစိုက်ပြီး ကုသနိုင်ရင် နေ့စဉ်လှုပ်ရှားမှုတွေကို ပိုမိုအဆင်ပြေစေနိုင်ပါတယ်။

အကယ်၍…
🔸 ဒူးဖောင်းလာခြင်း
🔸 ဒူးမဆန့်နိုင်၊ မကွေးနိုင်ခြင်း
🔸 လမ်းလျှောက်ရခက်ခြင်း
🔸 နာကျင်မှု ဆက်တိုက်ရှိနေခြင်း

ရှိလာရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

💚 ဒူးကို ဂရုစိုက်ခြင်းက အနာဂတ်လှုပ်ရှားမှုကို ကာကွယ်ခြင်းပါပဲ။

"Like & Share လုပ်ပြီး မိသားစုနဲ့ မိတ်ဆွေတွေကို အသိပေးလိုက်ပါ"


Healthy Lifestyle Products Yangon

တနေ့တာကို Detox water  လေး သောက်ပြီးဝိတ်လဲကျ   အသားရေလဲလှ မယ်နော်14ရက်တိတိစမ်းသောက်ကြည့်ကျပါရှင်  For You  Lifestyle Pro...
31/07/2026

တနေ့တာကို Detox water လေး သောက်ပြီးဝိတ်လဲကျ အသားရေလဲလှ မယ်နော်

14ရက်တိတိစမ်းသောက်ကြည့်ကျပါရှင်

For You
Lifestyle Products
Yangon

🌼တနေ့တာဒီလိုလေးပုံမှန်စားပေးရင်ဝိတ်လဲကျ   အသားရေလဲလှ ☺️  For You  Lifestyle Products Yangon
25/07/2026

🌼တနေ့တာဒီလိုလေးပုံမှန်စားပေးရင်ဝိတ်လဲကျ အသားရေလဲလှ ☺️

For You
Lifestyle Products
Yangon

◀ခါးနာခြင်း (Low Back Pain)ခါးနာခြင်းဆိုတာ ဘာလဲ?ခါးနာခြင်းသည် လူအများကြုံတွေ့ရသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ကြွက်သား၊...
17/07/2026

◀ခါးနာခြင်း (Low Back Pain)

ခါးနာခြင်းဆိုတာ ဘာလဲ?
ခါးနာခြင်းသည် လူအများကြုံတွေ့ရသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ကြွက်သား၊ အရိုး၊ အဆစ်၊ အရွတ် (သို့မဟုတ်) အာရုံကြောများကြောင့် ဖြစ်ပေါ်နိုင်သည်။

📌အဖြစ်များသော အကြောင်းရင်းများ
➡အလေးအပင်ကို မမှန်ကန်သောနည်းဖြင့် မခြင်း
➡အချိန်ကြာမြင့်စွာ ထိုင်ခြင်း (သို့မဟုတ်) မတ်တပ်ရပ်ခြင်း
➡ကိုယ်ဟန်အနေအထား မမှန်ခြင်း
➡လေ့ကျင့်ခန်း မလုံလောက်ခြင်း
➡အသက်အရွယ်ကြောင့် ကျောရိုးအဆစ်များ ယိုယွင်းလာခြင်း

📌သက်သာစေရန် နည်းလမ်းများ
👉🏻အနားယူပါ၊ သို့သော် အိပ်ရာထဲတွင် အချိန်ကြာကြာ မနေပါနှင့်။
👉🏻ရေနွေးအိတ် (သို့မဟုတ်) ကပ်ပေးပါ။
👉🏻ပေါ့ပါးသော လမ်းလျှောက်ခြင်းနှင့် အကြောလျှော့လေ့ကျင့်ခန်းများ ပြုလုပ်ပါ။
👉🏻ထိုင်သည့်အခါ၊ အလုပ်လုပ်သည့်အခါ ကိုယ်ဟန်အနေအထား မှန်ကန်စွာ ထိန်းသိမ်းပါ။
👉🏻လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်အတိုင်းဆေး သောက်သုံးပါ။

📌ဘယ်အချိန်မှာ ဆရာဝန်ကို ပြသသင့်လဲ?
➡နာကျင်မှု ၂–၄ ပတ်ကျော် အထိ
မသက်သာပါက
➡ခြေထောက်အထိ နာကျင်မှု (သို့မဟုတ်) ထုံကျင်မှု ပျံ့နှံ့လာပါက
➡ဆီး/ဝမ်း မထိန်းနိုင်ခြင်း ဖြစ်ပါက
➡ပြုတ်ကျခြင်း (သို့မဟုတ်) ထိခိုက်ဒဏ်ရာရပြီးနောက် ခါးနာလာပါက
➡ဖျားခြင်း၊ ကိုယ်အလေးချိန်ကျခြင်းနှင့်အတူ ခါးနာပါက

📌ကာကွယ်ရန်
✅ကိုယ်အလေးချိန်ကို ထိန်းထားပါ။
✅ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။
✅အလေးအပင်မသည့်အခါ ဒူးကွေးပြီး မပါ။
✅အချိန်ကြာကြာ ထိုင်ရပါက မကြာခဏ ထပြီး လှုပ်ရှားပါ။


Healthy Lifestyle Products
Yangon

မင်းနဲ့ ငါ့ကြား...စည်းများ ခြားလို့ထား😁  Food For You Photo Credits:
11/07/2026

မင်းနဲ့ ငါ့ကြား...စည်းများ ခြားလို့ထား😁

Food For You

Photo Credits:

Address

Yangon

Telephone

+959967898887

Website

Alerts

Be the first to know and let us send you an email when MediFood For You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MediFood For You:

Shortcuts

Share