17/08/2026
ခင်။ ။ "ကိုမြမောင်ရှင့် မိုးတွေလည်း ကောင်းနေတော့ ဆိုင်ဘက်ကို မရောက်ဖြစ်တာတောင် ကြာပြီ။"
ကိုမြမောင်။ ။ "ဟုတ်ပါ့ ခင်ရယ်... ခင် အလာကျဲနေလို့ စိတ်ပူနေရတာ။"
ခင်။ ။ "ဟုတ်ပါပြီ လူပျိုကြီးရယ်... ဒါနဲ့လေ ကိုမြမောင်၊ ရာသီဥတုကြောင့် ခံတွင်းပျက်နေလို့ ဘာစားလို့ အဆင်ပြေမလဲ အကြံဉာဏ်လေး ပေးပါဦးရှင်။"
ကိုမြမောင်။ ။ "ဘာများခက်လို့လဲ ခင်ရယ်... ဒီလို ရာသီဥတုမျိုးမှာ ခံတွင်းပြန်ပွင့်သွားဖို့ ခင်စားနေကျ 'ကြက်အူခိုတောင်' ကအလိုက်ဆုံးပဲဗျာ့”
ခင်။ ။ "ဟုတ်ပါရဲ့… ခိုတောင်မုန့်တီဆို ခင့်အသည်းစွဲပဲလေ။ မုန့်ဖတ်အိအိလေးကို ကြက်အူနဲ့ ကြက်သားအနှစ် ခပ်ပျစ်ပျစ်၊ ဆီချက်မွှေးမွှေး၊ ပဲအကျက်မှုန့်စိမ့်စိမ့်လေးနဲ့ သုပ်ထားတာ… သံပုရာသီးလေး ညှစ်၊ ငရုတ်သီးလေး ခပ်စပ်စပ်ထည့်လိုက်ရင် ခံတွင်းပျက်တာ ချက်ချင်း ပျောက်သွားတာပဲ။"
ကိုမြမောင်။ ။ "ခင် ကြိုက်တတ်မှန်းသိလို့ ကြက်အူခိုတောင်မုန့်တီလေးကို သေချာ ပြင်ဆင်ပေး ထား တာပေါ့ဗျာ။"
ခင်။ ။ "ရာသီဥတုကြောင့် ခံတွင်းပျက်ပြီး အရသာရှိတာလေး စားချင်တယ်ဆိုရင်တော့ ကာကာဆိုင်က ခိုတောင်မုန့်တီစစ်စစ်ကို လာရောက်မြည်းစမ်းဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်…"
ဆိုင်ဖွင့်ချိန် - မနက် ၇ နာရီမှ ည ၇ နာရီ
ပုလဲကွန်ဒိုဆိုင်လိပ်စာ - ကမ္ဘာအေးဘုရားလမ်း ၊ တိုက်D ၊ G-08 မြေညီထပ်၊ပုလဲကွန်ဒို၊ဗဟန်းမြို့နယ်။
Diamond Condo ဆိုင်လိပ်စာ - တိုက်-D, မြေညီထပ်, ဆိုင်ခန်းအမှတ် (111,113,115), Diamond Condo,ပြည်လမ်းနှင့် နာနတ်တောလမ်းထောင့်၊ ကမာရွတ်မြို့နယ်။