25/08/2026
Premium Set Yoghurt (အဆင့်မြင့် အဆင်သင့်စားသုံးနိုင်သောဒိန်ချဉ်)
----------------------------------------------------------------------------
လူတစ်ယောက်က နေ့စဉ်ကျန်းမာသန်စွမ်းစေရန်ခုခံအားကောင်းနေရုံသာမက အရိုးအဆစ်သန်မာပြီး အစာခြေစနစ်ကိုကောင်းမွန်စေတဲ့ဒိန်ချဉ်ကိုနေ့စဉ်စားသုံးရန်လိုအပ်ပါတယ်။ WALCO မှထုတ်လုပ်ထားတဲ့ Premium Set Yoghurt ( အဆင့်မြင့် အဆင်သင့်စားသုံးနိုင်သောဒိန်ချဉ် )ကို (၃) မျိုးထုတ်လုပ်ထားပါသည်။
Full Cream Set Yoghurt (မလိုင်ပြည့်ဒိန်ချဉ်) မှာမွေးကင်းစကလေး ၆ လမှစပြီးတိုက်ကျွေးနိုင်ရုံသာမက ဝမ်းလည်းမှန်ကာကျန်းမာရေးအတွက်အထူးကောင်းမွန်စေတဲ့ Probiotic လည်းများစွာပါဝင်ပါတယ်။
Low Fat Set Yoghurt (အဆီလျှော့ထားသောဒိန်ချဉ်) ကတော့ ကိုယ်အလေးချိန်ထိန်းချင်သူများ၊ Diet လုပ်နေသောသူများစားသုံးရန်သင့်တော်သလို အသားအရည်ဂရုစိုက်လိုတဲ့အမျိုးသမီးများ မျက်နှာပေါင်းတင်တဲ့နေရာမှာလည်း အသုံးပြုကြပါတယ်။
No Added Sugar Set Yoghurt ( သကြားမထည့်ထားသောဒိန်ချဉ်) ကိုတော့ ဆီးချို၊သွေးချိုသမားများနှင့် ကျန်းမာရေးကို အခြားသူများထက်ပိုပြီးဂရုစိုက်ရသည့်သူများအတွက်သင့်တော်ပြီး သကြားလုံးဝမပါပဲ ခုခံအားစနစ်ကိုကောင်းစေသည့်ဒိန်ချဉ်မို့ ရွေးချယ်စားသုံးသင့်ပါတယ်။ WALCO ရဲ့ Premium Set Yoghurt များကိုကျန်းမာရေးအတွက်အထူးဂရုစိုက်ထုတ်လုပ်ထားတဲ့အတွက် အချဉ်ဖောက်လုပ်ထားတာမဟုတ်ပဲ အဆင့်မြင့် European Culture နဲ့ ပြုလုပ်ထားပြီး တာရှည်ခံဆေးနှင့် မည်သည့်ဓါတုပစ္စည်းအရောအနှောမျှမပါဝင်တာကြောင့် ယုံကြည်စိတ်ချစွာစားသုံးနိုင်ပါတယ်ရှင့်…။
ဆက်သွယ်မှာယူရန် - 095416207, 09256738374, 09446445815 သို့နေ့စဉ်ရုံးချိန်အတွင်း (မနက် ၉နာရီမှ ညနေ ၅နာရီအထိ) ဆက်သွယ်မှာယူနိုင်ပါတယ်။
We always care for you !