23/09/2025
ဗိုက်အောင့်ခြင်း
Stomach ache or abdominal pain
- ဗိုက်အောင့်ခြင်းသည် ကလေးများတွင် အဖြစ်များပါသည်။
- ဗိုက်နာခြင်း အများစုသည် မပြင်းထန်ပါ၊ ရက်အနည်းအတွင်း ပျောက်ကင်းနိုင်ပါသည်။
- ကလေးများတွင် မည်သည့် အကြောင်းတရားမှ မရှိပဲနှင့်လည်း နာတတ်ပါသည်။
- ဗိုက်နာခြင်း အပြင် အန်ခြင်း၊ ဝမ်းလျောခြင်း၊ ဖျားခြင်းများလည်း ဖြစ်နိုင်ပါသည်။
** အဖြစ်များသော ဗိုက်နာစေသော အကြောင်းတရာများ
@မည်သည့် အကြောင်းတရားမှ မရှိပဲနှင့် နာခြင်း
@ လေထိုးခြင်း
@ အစာမကြေခြင်း
@ ဝမ်းချုပ်ခြင်း/ဝမ်းပျက်ခြင်း
@ ရောဂါပိုးဝင်ခြင်း ( acute Gastroenteritis)
@ ဝမ်းဗိုက်အတွင်းမှ ခုခံအား အကြိတ်များ ရောင်ခြင်း( အများစုမှာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါသည်)
@ အစားအစာနှင့် ဓါတ်မတည့်ခြင်း၊ အစာ အဆိပ်သင့်ခြင်း
@ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
@ စိတ်ဖိစီးမှု/စိတ်လှုပ်ရှားမှုကြောင့်ဖြစ်ခြင်း
** အဖြစ်နည်းသော၊ ဗိုက်နာေစသော အကြောင်းတရားများ
@ အမျိုးသမီးများ ဓမ္မတာလာခါနီးအချိန်၊ လာနေစဉ် ဗိုက်အောင့်ခြင်း
@ အူအတက်ရောင်ခြင်း
@ အူပိတ်ခြင်း
** ဆေးရုံ၊ဆေးခန်း ပြသင့်သော အကြောင်းတရာများ
@ အနာသက်သာစေသော ဆေးသောက်သော်လည်း မသက်သာခြင်း
@ ဗိုက်နာသော နေရာရွေ့သွားခြင်း
@ ဗိုက်နာခြင်းသည် ပို၍ ဆိုးလာခြင်း
@ ဗိုက်နာခြင်း ပျောက်သွားပြီးမှ ပြန်ဖြစ်ခြင်း
@ ဗိုက်နာခြင်းအပြင် ဖျားခြင်း
@ ၂၄ နာရီးကျော်ကြာအောင် အန်တာ မပျောက်ခြင်း၊ အစိမ်းရောင် အန်ခြင်း
@ ဗိုက်နာခြင်း အပြင် ကိုယ်အလေးချိန်လည်း ကျနေခြင်း
@ ဗိုက်နာခြင်း အပြင် ရုတ်တရက် ဆီးနည်းသွားခြင်း သို့မဟုတ် ဆီးမကြာခဏသွားခြင်း
@ အမျိုးသမီးများ ဗိုက်နာခြင်းအပြင် သွေးဆင်းနေခြင်း၊ ပုံမှန်မဟုတ်သော အရည်များဆင်းခြင်း
@ ပေါင်ခြံတွင် နာခြင်း သို့မဟုတ် အလုံး တွေ့ခြင်း
@ ဝမ်းလျောခြင်းသည် ရက်အနည်းကြာသည့်တိုင်အောင် မပျောက်ခြင်း
@ အရေပြားတွင် နာသော အနီ အဖုအပိန့်များေတွ့ခြင်း
@ ထိုသို့ မနာခင် ထိခိုက်မိထားခြင်း
** အရေးပေါ် အခြေအနေများ
@ ဗိုက်နာခြင်းသည် ရုတ်တရက် ပိုဆိုးသွားခြင်း
@ဗိုက်ကို အထိမခံနိုင်ခြင်း
@ သွေးအန်ခြင်း
@ သွေးဝမ်းသွားခြင်း
@ ဆီးမသွားနိုင်ခြင်း
@ ဝမ်းမသွားနိုင်ခြင်း
@ အသက်မရှူနိုင်ခြင်း
@ ရင်ဘတ်အောင့်ခြင်း
@ ဆီးချိုရှိသူများ ဗိုက်အောင့်သည့်အပြင် အန်ခြင်း
@ သတိလစ်ခြင်း
** အိမ်တွင် ကုသမှု
- အိမ်မှာ ခါတိုင်းကဲ့သို့ သောက်ေနကျ အရည်များ များများ ဆက်တိုက်ပါ။
- ကလေး အစာစားချင်သော ဆန္ဒရှိလျှင် ကျွေးပါ။
- ဆီး၊ ဝမ်း တည်ပေးပါ။
- လိုအပ်လျှင် ပါရာစီတမော၊ အိုင်ဗျူပရိုဖန်ဆေးများ တိုက်နိုင်ပါသည်။
- လိုအပ်လျှင် ဆေးရုံ၊ဆေးခန်း ပြပါ။
**ကိုးကား