Max & Co Co

Max & Co Co Providing clean, safe & refreshing drinking water for your daily needs.

📢 အလုပ်အကိုင် အခွင့်အလမ်း (JOB VACANCY)Myanmar Max Water Co., Ltd. (ရေသန့်စက်ရုံ) မှ Pre-Sales ဝန်ထမ်း (၅) ဦးအား တိုက်ရိ...
13/11/2026

📢 အလုပ်အကိုင် အခွင့်အလမ်း (JOB VACANCY)

Myanmar Max Water Co., Ltd. (ရေသန့်စက်ရုံ) မှ Pre-Sales ဝန်ထမ်း (၅) ဦးအား တိုက်ရိုက်ခေါ် ယူနေပါသည်။

🔹 ရာထူး – Pre-Sales (၅) ဦး

📌 အလုပ်တာဝန်များ (Job Responsibilities)
• သောက်ရေသန့် Order များ ကောက်ခံခြင်း။
• ဆိုင်အသစ်များ (New Outlets) ရှာဖွေခြင်း။
• ကုမ္ပဏီမှ သတ်မှတ်ထားသော နေ့စဉ်အရောင်းသတ်မှတ်ချက် (Daily Sales Target) များ ပြည့်မီအောင် ရောင်းချခြင်း။

📌 လိုအပ်သော အရည်အချင်းများ (Job Requirements)
• ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး စကားပြောပြေပြစ်သူ ဖြစ်ရမည်။
• အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
• အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။
• ကုမ္ပဏီမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်။
• ပညာအရည်အချင်း အထက်တန်းအဆင့်ရှိသူ ဖြစ်ရမည်။
• အရောင်းလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိသူ ဖြစ်ရမည်။
• အသက် (၁၈) နှစ်မှ (၂၅) နှစ်အတွင်း ဖြစ်ရမည်။

🔹 အလုပ်နှင့်ပတ်သက်သော အချက်အလက်များ (Other Information)

💰 Salary (လစာ)
အခြေခံလစာနှင့် Incentive ပေါင်းလျှင် ၄၅၀,၀၀၀ ကျပ်မှ ၅၅၀,၀၀၀ ကျပ်အထိ ရရှိနိုင်ပါသည်။

📅 Off Days: တနင်္ဂနွေနေ့ (Sunday Only)
🕗 Working Days: တနင်္လာနေ့မှ စနေနေ့အထိ
⏰ Working Hours: နံနက် ၈:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ
📍 Working Location: မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

📞 ဆက်သွယ်လျှောက်ထားရန် (Contact)

Phone / Viber – 09421038161

စိတ်ပါဝင်စားသူများအနေဖြင့် ဖော်ပြပါ ဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

Myanmar Max Water Co., Ltd.
Choose Better, Drink Better, Live Better.

💧 တစ်ပတ်တာရဲ့ အစကို အကောင်းဆုံးရွေးချယ်မှုတွေနဲ့ စတင်လိုက်ပါ။ 💧 နေ့သစ်တစ်နေ့၊ ရည်မှန်းချက်အသစ်တွေနဲ့အတူ ကိုယ့်ရဲ့နေ့စဉ်ဘ...
09/11/2026

💧 တစ်ပတ်တာရဲ့ အစကို အကောင်းဆုံးရွေးချယ်မှုတွေနဲ့ စတင်လိုက်ပါ။ 💧

နေ့သစ်တစ်နေ့၊ ရည်မှန်းချက်အသစ်တွေနဲ့အတူ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ဘယ်အရာတွေကို ရွေးချယ်မလဲဆိုတာလည်း အရေးကြီးပါတယ်။

စားသောက်နေထိုင်မှုကအစ ကိုယ်နေ့စဉ်သောက်သုံးနေတဲ့ ရေအထိ အရည်အသွေးကို ဦးစားပေးရွေးချယ်ဖို့ လိုပါတယ်။

သန့်ရှင်းမှု၊ အရည်အသွေးနဲ့ ထုတ်လုပ်မှု နည်းစနစ်တွေကို အလေးထားတဲ့ Myanmar Max Purified Drinking Water နဲ့အတူ Co Co Purified Drinking Water နဲ့ပါ တစ်ပတ်တာရဲ့ နေ့ရက်တိုင်းကို လန်းဆန်းစွာ ဖြတ်သန်းလိုက်ပါ။

💙 Choose Better. Drink Better. Live Better. 💙

📩 မှာယူလိုပါက Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

📞 09 763 366 999
📞 09 965 546 557



💧 လေ့ကျင့်ခန်းတိုင်းမှာ ရေဓာတ်ပြည့်ဝနေဖို့ မမေ့ပါနဲ့နော်။အားကစားလုပ်ခြင်းက ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေသလို ချွေးထွက...
06/11/2026

💧 လေ့ကျင့်ခန်းတိုင်းမှာ ရေဓာတ်ပြည့်ဝနေဖို့ မမေ့ပါနဲ့နော်။

အားကစားလုပ်ခြင်းက ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေသလို ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုလည်း ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပါတယ်။

လှုပ်ရှားမှုတိုင်းမှာ လန်းဆန်းတက်ကြွနေဖို့၊ သင့်ရဲ့နေ့စဉ်ရေဓာတ်ဖြည့်တင်းမှုအတွက် Myanmar Max သောက်ရေသန့်ကို ရွေးချယ်လိုက်ပါ။

💙 Myanmar MAX – Choose Better. Drink Better. Live Better.

02/11/2026

CHOOSE BETTER
DRINK BETTER
LIVE BETTER


“သင်ပေးချေလိုက်တဲ့ ငွေကြေးနဲ့ ထိုက်တန်တဲ့ ရေကို ရွေးချယ်ပါ”မိမိသုံးစွဲလိုက်ရတဲ့ ငွေကြေးတိုင်းအတွက် တန်ဖိုးနဲ့ထိုက်တန်တဲ့...
30/10/2026

“သင်ပေးချေလိုက်တဲ့ ငွေကြေးနဲ့ ထိုက်တန်တဲ့ ရေကို ရွေးချယ်ပါ”

မိမိသုံးစွဲလိုက်ရတဲ့ ငွေကြေးတိုင်းအတွက် တန်ဖိုးနဲ့ထိုက်တန်တဲ့ စိတ်ကျေနပ်မှုကို ရရှိနေပါရဲ့လား။ 🤔

နေ့စဉ်သောက်သုံးဖို့ ရေသန့်တစ်ဘူးကို ရွေးချယ်တဲ့အခါမှာလည်း ဈေးနှုန်းတစ်ခုတည်းကိုသာ ကြည့်ပြီး ဆုံးဖြတ်ဖို့ မသင့်ပါဘူး။

ရေဘူး တစ်ဘူးရဲ့ အပြင်ပန်းပုံသဏ္ဍာန် ကြည့်ကောင်းနေရုံနဲ့လည်း မလုံလောက်ပါဘူး။

အရေးကြီးတဲ့အချက်က ရေရရှိရာ အရင်းအမြစ်ကနေ စတင်ပြီး သန့်စင်ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်တွေအထိ ဖြစ်ပါတယ်။

Myanmar Max မှာတော့
💧 သဘာဝ ရေအရင်းအမြစ်မှ ရေကို ရယူခြင်း
💧 ခေတ်မီစက်ယန္တရားများဖြင့် ရေကို စုပ်ယူခြင်း
💧 Filtration System ၈ ဆင့်ဖြင့် အဆင့်ဆင့် စစ်ထုတ်ခြင်း
💧 Ultrafiltration (UF) နှင့် Reverse Osmosis (RO) နည်းပညာများဖြင့် သန့်စင်ခြင်း

စတဲ့ အချက်တွေနဲ့ ထုတ်လုပ်ထားပါတယ်။

ဒါကြောင့် မိမိ ပေးချေလိုက်တဲ့ ငွေကြေးနဲ့ ထိုက်တန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်စေဖို့အတွက် ရေသန့်ရဲ့ အရည်အသွေးနဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကိုလည်း အလေးထားစဉ်းစားပါ။

အရည်အသွေးကို ဦးစားပေးရွေးချယ်ပါ။

Myanmar Max -- Choose Better. Drink Better. Live Better.

📩 မှာယူလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ အောက်ဖော်ပြပါ ဖုန်းနံပါတ်များကိုလည်း ဆက်သွယ်နိုင်ပါတယ်။

📞 09 763 366 999
📞 09 965 546 557

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်မြန်မာသက္ကရာဇ် (၁၃၈၈) ခု သီတင်းကျွတ်လပြည့်နေ့ အခါသမယယတွင် မိဘပြည်သူအပေါင်း စိတ်၏ ချမ်းသ...
26/10/2026

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်

မြန်မာသက္ကရာဇ် (၁၃၈၈) ခု သီတင်းကျွတ်လပြည့်နေ့

အခါသမယယတွင် မိဘပြည်သူအပေါင်း စိတ်၏ ချမ်းသာခြင်း

ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း

Myanmar Max Water Company Limited

မိသားစုများမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

💧 တစ်နေ့ကို ရေ ဘယ်နှစ်လီတာ သောက်သင့်လဲ?National Academies ရဲ့ Dietary Reference Intakes for Water, Potassium, Sodium, Ch...
23/10/2026

💧 တစ်နေ့ကို ရေ ဘယ်နှစ်လီတာ သောက်သင့်လဲ?

National Academies ရဲ့ Dietary Reference Intakes for Water, Potassium, Sodium, Chloride, and Sulfate (2005) သုတေသန အစီအရင်ခံစာအရ

အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်အတွက် တစ်နေ့တာ ရေဓာတ်လိုအပ်ချက်က ပျမ်းမျှအားဖြင့်—

💙 အမျိုးသမီး — ၂.၇ လီတာခန့်
💙 အမျိုးသား — ၃.၇ လီတာခန့်

ဖြစ်ပြီး ဒီပမာဏမှာ အစားအစာကရရှိတဲ့ ရေဓာတ်လည်း ပါဝင်ပါတယ်။

☀️ ရာသီဥတုပူတဲ့အခါ၊ ချွေးထွက်များတဲ့အခါ ရေဓာတ်ပိုလိုအပ်နိုင်တာကြောင့် တစ်နေ့တာလုံး ရေကို ပုံမှန်သောက်ပေးဖို့ မမေ့ပါနဲ့နော်။

💧 မိတ်ဆွေတို့ရော ဒီနေ့ ရေဘယ်နှစ်လီတာ သောက်ပြီးပြီလဲ ဆိုတာကို
Comment မှာ မျှဝေပေးခဲ့နိုင်ပါတယ်။

Myanmar Max — Choose Better. Drink Better. Live Better.

ရေသန့်တစ်ဘူးကို ရွေးချယ်တဲ့အခါဘာကို ဦးစားပေးရွေးခြယ်လေ့ရှိလဲ။ 💧အရည်အသွေးလား။ထုတ်လုပ်မှုနည်းပညာလား။နေ့စဉ်အတွက် ယုံကြည်စွာ...
19/10/2026

ရေသန့်တစ်ဘူးကို ရွေးချယ်တဲ့အခါ
ဘာကို ဦးစားပေးရွေးခြယ်လေ့ရှိလဲ။ 💧

အရည်အသွေးလား။
ထုတ်လုပ်မှုနည်းပညာလား။
နေ့စဉ်အတွက် ယုံကြည်စွာ ရွေးချယ်နိုင်မှုလား။

Myanmar Max မှာတော့
ရေသန့်တစ်ဘူးရဲ့ နောက်ကွယ်က
ထုတ်လုပ်မှုနည်းစနစ်နဲ့ အရည်အသွေးကို အလေးထားပါတယ်။

Ultrafiltration (UF) နှင့် Reverse Osmosis (RO) နည်းပညာများကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့အပြင် ISO နဲ့ HACCP Certified လက်မှတ်တွေ ရရှိထားတဲ့ Myanmar Max သောက်ရေသန့်ကို လူကြီးမင်းရဲ့ နေ့စဉ်ရွေးချယ်မှုထဲမှာ
ထည့်သွင်းစဉ်းစားဖို့ အကြံပြုပါရစေ။ 💙

Myanmar Max — Choose Better. Drink Better. Live Better.

FRIDAY VIBES 💙💧သောကြာနေ့ရောက်ပြီဆိုတော့…ဒီတစ်ပတ် လုပ်စရာအလုပ်တွေ အပြီးသတ်ပြီး Weekend ကို ကြိုဆိုဖို့ အဆင်သင့်ပဲလား? ✨အိ...
16/10/2026

FRIDAY VIBES 💙💧

သောကြာနေ့ရောက်ပြီဆိုတော့…

ဒီတစ်ပတ် လုပ်စရာအလုပ်တွေ အပြီးသတ်ပြီး Weekend ကို ကြိုဆိုဖို့ အဆင်သင့်ပဲလား? ✨

အိမ်မှာပဲ အေးအေးဆေးဆေး အနားယူမလား၊

မိသားစုနဲ့အတူ အချိန်ကုန်ဆုံးမလား…

ဘယ်လိုအစီအစဉ်ပဲရှိရှိ သောက်ရေသန့်ကတော့ အမြဲအသင့်ရှိနေဖို့ လိုတယ်နော်။ 💧

Myanmar Max နဲ့ Co Co သောက်ရေသန့် ကို ဖုန်းဆက်ပြီးဖြစ်စေ၊ Message ပို့ပြီးဖြစ်စေ အလွယ်တကူ အော်ဒါမှာယူနိုင်ပါပြီ။ 📲

🏠 အိမ်အရောက် ပို့ဆောင်ပေးဖို့လည်း အသင့်ရှိနေပါတယ်။

ဒီ Weekend လေးမှာ ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ 💙

Choose Better. Drink Better. Live Better.

A BETTER WEEK STARTS WITH YOU. 💧New week. New goals. New opportunities. ✨ကြိုးစားမှုတွေနဲ့ ပြည့်နှက်နေမယ့် ဒီတစ်ပတ်မှာ က...
12/10/2026

A BETTER WEEK STARTS WITH YOU. 💧

New week. New goals. New opportunities. ✨

ကြိုးစားမှုတွေနဲ့ ပြည့်နှက်နေမယ့် ဒီတစ်ပတ်မှာ ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့နော်။ 💙

ရာသီဥတုက တဖြည်းဖြည်း ပူနွေးလာပြီဖြစ်လို့ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။

💧 ရေကို ပုံမှန်နဲ့ လုံလောက်စွာ သောက်သုံးပါ။
☀️ အပူဒဏ်ကို သတိပြုပြီး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ။
✨ နေ့ရက်တိုင်းကို အားအင်အပြည့်နဲ့ အကောင်းဆုံး ဖြတ်သန်းပါ။

💧 Stay refreshed with Myanmar Max!💧

📲 Ready to order?
ဖုန်း (သို့) Message ပေးပို့ပြီး အခုပဲ အော်ဒါ တင်နိုင်ပါပြီ။ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးဖို့ Myanmar Max က အသင့်ရှိနေပါတယ်။

Myanmar Max — Choose Better. Drink Better. Live Better.

Address

NO 524, Mogok Kyaung Street, Sein Shwe Kone Ward, Hmawbi
Yangon
130103

Website

Alerts

Be the first to know and let us send you an email when Max & Co Co posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share