Grand Palace Myanmar

Grand Palace Myanmar မြန်မာ့ဓလေ့ မြန်မာ့အရသာ ဂရန်း(ဒ်)ပဲလေ့(စ်)မြန်မာ

"ကောင်းနိုးရာရာတွေထဲကမှ အကောင်းဆုံးကိုပဲ ရွေးချယ်လိုသူတွေအတွက် Grand Palace က အသင့်ရှိနေပါတယ်""" သဘာဝရဲ့ အနှစ်သာရကို အပြ...
19/09/2026

"ကောင်းနိုးရာရာတွေထဲကမှ အကောင်းဆုံးကိုပဲ ရွေးချယ်လိုသူတွေအတွက် Grand Palace က အသင့်ရှိနေပါတယ်"

"" သဘာဝရဲ့ အနှစ်သာရကို အပြည့်အဝ ပုံဖော်ထားတဲ့ လက်ဖက်ရွက်တွေကနေ တစ်ရွက်ချင်းစီ ရွေးချယ်ထုတ်လုပ်ထားလို့ Grand Palace ရဲ့အရသာဟာ အမြဲတမ်း စစ်မှန်နေတာပါ။

လျှာဖျားမှာ စွဲငြိသွားမယ့် အဲဒီအရသာလေးက နောက်ဆုံးတစ်ကျိုက်အထိ သင့်ကို ဆွဲဆောင်နေမှာမို့ သာမန်လက်ဖက်ရည်ထက်ပိုတဲ့ အတွေ့အကြုံကို ခံစားလိုက်ပါ။"

#လက်ဖက်ရည်အရသာ #မြန်မာ့ဓလေ့မြန်မာ့Taste #နွေးထွေးသောဧည့်ခံမှု

16/09/2026
အပြောင်းအလဲတွေကြားမှာတောင် ဘာမှမပြောင်းလဲဘဲ ကျန်ရစ်တာက "အရည်အသွေး" ပါ။ စစ်မှန်တဲ့အရသာဆိုတာ အပိုအလိုတွေကို ဖယ်ရှားပြီး အက...
12/09/2026

အပြောင်းအလဲတွေကြားမှာတောင် ဘာမှမပြောင်းလဲဘဲ ကျန်ရစ်တာက "အရည်အသွေး" ပါ။ စစ်မှန်တဲ့အရသာဆိုတာ အပိုအလိုတွေကို ဖယ်ရှားပြီး အကောင်းဆုံးဖြစ်တည်မှုကိုပဲ ထိန်းသိမ်းထားတဲ့ စံနှုန်းတစ်ခုပါ။ Grand Palace ကော်ဖီနဲ့ လက်ဖက်ရည်တို့ရဲ့ ဂန္တဝင်အရသာဟာ အဲဒီစံနှုန်းအတိုင်း ခိုင်မာစွာရပ်တည်နေပြီး၊ ဘယ်တော့မှ မရိုးသွားတဲ့ အရသာစစ်စစ်ကို သင့်လက်ထဲ အရောက်ပို့ဆောင်ပေးမှာပါ။

#မြန်မာ့အစဉ်အလာ #မြန်မာ့ဓလေ့မြန်မာ့Taste

မြန်မာ့သမိုင်းမှာ ပုဂံမပါရင် မ ပြည့်စုံသလိုပဲ၊ မြန်မာ့ရိုးရာ အရသာတွေကို ပြောကြတဲ့ အခါမှာလည်း ဂရန်း(ဒ်)ပဲလေ့(စ်)က မပါမဖြစ...
10/09/2026

မြန်မာ့သမိုင်းမှာ ပုဂံမပါရင် မ ပြည့်စုံသလိုပဲ၊ မြန်မာ့ရိုးရာ အရသာတွေကို ပြောကြတဲ့ အခါမှာလည်း ဂရန်း(ဒ်)ပဲလေ့(စ်)က မပါမဖြစ်ပါပဲ..... ။ ခမ်းနားတဲ့ ပုဂံရဲ့ အမွေအနှစ်တွေလိုပဲ၊ ဂရန်း(ဒ်)ပဲလေ့(စ်) ဟာလည်း မြန်မာတို့ရဲ့ အရသာကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ ထိန်းသိမ်း ထားတဲ့ "ခမ်းနားထည်ဝါသော အရသာ" တစ်ခု ဖြစ်ပါတယ်။

#မြန်မာ့အစဉ်အလာ

#မြန်မာ့ဓလေ့မြန်မာ့Taste

မြန်မာ့ရိုးရာစကားပုံမှာ လိုနေတဲ့ ကွက်လပ်လေးတွေကို ဖြေဆိုခဲ့ကြအုံးနော် ....ဂရန်း(ဒ်)ပဲလေ့(စ်) ချစ်သူတို့ရေ  မြန်မာ့ရိုးရာ...
07/09/2026

မြန်မာ့ရိုးရာစကားပုံမှာ လိုနေတဲ့ ကွက်လပ်လေးတွေကို ဖြေဆိုခဲ့ကြအုံးနော် ....
ဂရန်း(ဒ်)ပဲလေ့(စ်) ချစ်သူတို့ရေ မြန်မာ့ရိုးရာ စကားပုံလေးတွေကို မင်မင်နဲ့အတူ အဖြေညှိကြရအောင်နော်....
လိုအပ်နေတဲ့ အဖြေမှန်လေးတွေကိုလည်း မန့်မှာဖြေဆိုပေးခဲ့အုံးနော်....


#မြန်မာ့အစဉ်အလာ

အလုပ်နောက်ကျမှာစိုးလို့၊ အိပ်ရာထနောက်ကျလို့ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် သင့်ရဲ့ ကော်ဖီသောက်ချိန်ကို အလျှော့မပေးလိုက်ပ...
05/09/2026

အလုပ်နောက်ကျမှာစိုးလို့၊ အိပ်ရာထနောက်ကျလို့ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် သင့်ရဲ့ ကော်ဖီသောက်ချိန်ကို အလျှော့မပေးလိုက်ပါနဲ့။ Grand Palace ကော်ဖီဟာ ရေနွေးပူပူလေးနဲ့ဆိုရင်ပဲ ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို ဂန္တဝင်အရသာကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ အလောတကြီး မဟုတ်ဘဲ အေးအေးဆေးဆေးနဲ့ အရသာကို ခံစားလိုက်ပါ။




#မြန်မာ့ဓလေ့မြန်မာ့Taste

ချစ်ခင်ရသူတွေအတွက် အကောင်းဆုံးဆိုတာ အမြဲတမ်း ဂရုတစိုက်ရှိပေးခြင်းပါပဲ။ မေမေ့အတွက် ဖျော်ပေးတဲ့ လက်ဖက်ရည်တိုင်းမှာ Grand P...
02/09/2026

ချစ်ခင်ရသူတွေအတွက် အကောင်းဆုံးဆိုတာ အမြဲတမ်း ဂရုတစိုက်ရှိပေးခြင်းပါပဲ။ မေမေ့အတွက် ဖျော်ပေးတဲ့ လက်ဖက်ရည်တိုင်းမှာ Grand Palace Teamix ကိုပဲ အမြဲယုံကြည်စွာ ရွေးချယ်ဖြစ်ပါတယ်။ မျှတတဲ့ အရသာရှိတဲ့ Grand Palace လက်ဖက်ရည်ဟာ မိသားစုရဲ့ မနက်ခင်းတိုင်းအတွက် အသင့်တော်ဆုံး အဖော်မွန်ပါ။

#လက်ဖက်ရည်အရသာ #မြန်မာ့ဓလေ့မြန်မာ့Taste

"တော်သလင်းလ"ရဲ့ပွဲတော်လေးကိုဖြေဆိုပေးခဲ့အုံးနော်..    #တော်သလင်းလ  #မြန်မာ့ဓလေ့မြန်မာ့Taste
30/08/2026

"တော်သလင်းလ"ရဲ့ပွဲတော်လေးကိုဖြေဆိုပေးခဲ့အုံးနော်..


#တော်သလင်းလ
#မြန်မာ့ဓလေ့မြန်မာ့Taste

27/08/2026

လက်ဖက်ရည်ဝိုင်းလေးဟာ မြန်မာ့လူနေမှုဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုပါ။ မနက်ခင်းရဲ့ ပထမဆုံး စွမ်းအင်ဖြစ်စေဖို့ပဲဖြစ်ဖြစ်၊ ဧည့်သည်တွေကို အကောင်းဆုံး ဧည့်ခံဖို့ပဲဖြစ်ဖြစ်၊ ချစ်ခင်ရသူတွေနဲ့ စကားလက်ဆုံကျဖို့ပဲဖြစ်ဖြစ် Grand Palace က အသင့်ရှိနေပါတယ်......

နေ့စဉ်ဘဝရဲ့ ပျော်ရွှင်မှုတွေ၊ နွေးထွေးမှုတွေထဲမှာ Grand Palace လက်ဖက်ရည်ရဲ့ အရသာက အမြဲတမ်း တစ်ထောင့်တစ်နေရာကနေ ပါဝင်နေမှာပါ
Grand Palace နဲ့အတူ သင့်ရဲ့ နေ့ရက်တိုင်းကို တန်ဖိုးရှိရှိ ဖြတ်သန်းလိုက်ပါ။

#မြန်မာ့အစဉ်အလာ #လက်ဖက်ရည်အရသာ #မြန်မာ့ဓလေ့မြန်မာ့Taste

အပိုင်း (၂)ဝါခေါင်လပြည့်နေ့ကိုလည်း တစ်နည်းအားဖြင့် မေတ္တာအခါတော်နေ့ဟုလည်း သတ်မှတ်ထားကြသည်။ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့...
22/08/2026

အပိုင်း (၂)

ဝါခေါင်လပြည့်နေ့ကိုလည်း တစ်နည်းအားဖြင့် မေတ္တာအခါတော်နေ့ဟုလည်း သတ်မှတ်ထားကြသည်။ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့သည် မြတ်ဗုဒ္ဓ၏ မေတ္တသုတ်တော်ဟောကြားခြင်းနှင့် ဆက်စပ်ပေသည်။ မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းယူ၍ တောအုပ်အတွင်း ပုရိမဝါဆိုတရား အားထုတ်ကြသည်။ ထိုအခါ ရဟန်းတို့၏သီလကြောင့် သစ်ပင်ဗိမာန်မှ နတ်တို့ဆင်းပေးရလေရာ ရဟန်းတော်များ မနေနိုင်အောင် ခြောက်လှန့်ခြင်းကို ပြုလုပ်ကြသည်။ ထိုအခါ ရဟန်းတို့တရားရှုမှတ်၍ မရသဖြင့် ဝါခေါင်လပြည့်နေ့တွင် ကြုံတွေ့ရသော အခက်အခဲကို မြတ်စွာဘုရားအားလျှောက်ထားရာ မြတ်စွာဘုရားက မေတ္တာကမ္မဋ္ဌာန်းကို မပွားများကြသည့် အတွက် နှင်ထုတ်ခံရခြင်းဖြစ်ကြောင်း ဟောပြောပြီး မေတ္တာကမ္မဋ္ဌာန်းကို သင်ပြလေသည်။ ထို့နောက် ရဟန်းငါးရာသည် မူလတောအုပ်သို့ ပြန်လာကြပြီး ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့မှစ၍ ဒုတိယဝါကပ်ကြပြီး မြတ်စွာဘုရားသင်ပြသည့်အတိုင်း နတ်တို့နှင့်တကွ အားလုံးသော သတ္တဝါဝေနေယျတို့အပေါ်မေတ္တာ ဖြန့်ကြက်ပို့လွှတ်သောအခါ နတ်များက ကြည်ညိုချစ်ခင်လာကြသည်။ နတ်အပေါင်းတို့ စောင့်ရှောက်မှုဖြင့် ငါတွင်းကာလ၌ တရားအားထုတ်ကြရာ ရဟန်းငါးရာစလုံး ရဟန္တာဖြစ်လာကြသည်။ ရဟန်းငါးရာတို့ ဝါခေါင်လပြည့်နေ့တွင် မြတ်စွာဘုရားရှင် မေတ္တသုတ်ဟောကြားတော်မူသည်ကို ရည်မှန်း၍ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ အဖြစ် ပြုလုပ်ကြသည်။
မြတ်စွာဘုရားဟောကြားတော်မူအပ်သော မေတ္တသုတ္တန်သည် ပရိတ်ကြီး ၁၁ သုတ်၌ အပါအဝင်ဖြစ် သည်။ ဗုဒ္ဓဘာသာဝင်တို့ အထူးတလည်ရွတ်ဖတ်သရဇ္ဈာယ်ပွားများရာ သုတ်တော်လည်းဖြစ်သည်။ ထို့ကြောင့် မေတ္တသုတ္တန် ၏အနက်အဓိပ္ပာယ်ကို သိရှိ ရန်လိုအပ်လာသည်။ အနက်ကိုသိလျှင် ပို၍ထက်မြက်မည်ဖြစ်သည်။ မေတ္တသုတ်တော်ကို ညဉ့်အခါ၌ လည်းကောင်း၊ နေ့အခါ၌လည်းကောင်း မပျင်းမရိရွတ်ဖတ်လေ့ရှိသော သူသည် (၁) ချမ်းချမ်းသာသာ အိပ်စက်ရခြင်း၊ (၂) ချမ်းသာစွာ နိုးထရခြင်း၊ (၃) အိပ်မက်ဆိုးများ မမြင်မက်ခြင်း၊ (၄) လူချစ်လူခင်ပေါများခြင်း၊ (၅) နတ်တို့၏ ချစ်ခင်နှစ်သက်မှုကို ရရှိခြင်း၊ (၆) နတ်တို့၏ အစောင့်အရှောက်ကိုရခြင်း၊ (၇) အဆိပ်၊ မီး၊ ဓား စသည့် လက်နက် အန္တရာယ်မှ ကင်းဝေးခြင်း၊ (၈) လျင်မြန်စွာ စိတ်တည်ကြည်နိုင်ခြင်း၊ (၉) မျက်နှာအဆင်း ကြည်လင်ခြင်း၊ (၁၀) မတွေမဝေသေရခြင်း၊ (၁၁) မဂ်ဖိုလ်ရခွင့်မကြုံခဲ့သော် သေပြီးနောက်၌ ဗြဟ္မာ့ပြည်သို့ လားရောက်ရခြင်း ဟူသော မေတ္တာအကျိုး (၁၁) မျိုးကိုခံစားနိုင်လေသည်။
မေတ္တာဟူသည်မှာ ချစ်ခင်သောသဘော၊ သတ္တဝါအားလုံး၏ ကောင်းကျိုးချမ်းသာကို လိုလားသော စိတ်ဓာတ်များ သက်ဝင်နေသည့်ချစ်ခြင်းသဘောဟုအဓိပ္ပာယ်ရသည်။မေတ္တာဟူသည်အေးမြသောဓာတ်လည်းရှိသည်။ ရှေးလူကြီးများကသတ္တဝါအားလုံးအပေါ်တွင်မေတ္တာထားပါ၊မေတ္တာဖြင့်သာဆက်ဆံပါ၊၊ မေတ္တာရောင်ပြန်ဟူသည် သာယာချမ်းမြေ့သော ဘဝကိုပိုင်ဆိုင်စေသည်ဟု ဆိုဆုံးမလေ့ရှိသည်။ လူအချင်းချင်း ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ စကားပြောဆိုရာ၌ လည်းကောင်း၊ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာ၌ လည်းကောင်း မေတ္တာဟူသည့် ချစ်ခြင်းသဘောကို အခြေခံကြရမည်ဖြစ်သည်။ လောကတွင် မေတ္တာတရားဖြင့် အသက်ရှင် နေထိုင်ခြင်းသည် လူသားအားလုံးအတွက် အေးမြလုံခြုံသောဘဝကိုသာ ပိုင်ဆိုင်ရရှိစေပါသည်။

#ဝါခေါင်လအကြောင်း



#မြန်မာ့အစဉ်အလာ

Address

No. 89/90 Mat Kha Yar Min Thar Gyi Maung Pyoe Street, Industrial Zone(2), Hlaing Thar Yar
Yangon
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+951685855

Alerts

Be the first to know and let us send you an email when Grand Palace Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Grand Palace Myanmar:

Shortcuts

Share

Category