ဖွယ်ဖွယ်ရာရာ

ဖွယ်ဖွယ်ရာရာ to share information for audience

ထိုင်းလူမျိုးတွေအရမ်းသွားကြတဲ့ ရန်ကုန် ၁၂ လုံးတန်းက  အကြားအမြင်ဆရာတစ်ဦးအကြောင်း...Battle of Fate reality show နာမည်ကြီးန...
20/02/2026

ထိုင်းလူမျိုးတွေအရမ်းသွားကြတဲ့ ရန်ကုန် ၁၂ လုံးတန်းက အကြားအမြင်ဆရာတစ်ဦးအကြောင်း...

Battle of Fate reality show နာမည်ကြီးနေတော့ ထိုင်းတွေအရမ်းသွားကြတဲ့ ရန်ကုန်က အကြားအမြင်တစ်ယောက်အကြောင်းပြောပြဦးမယ်နော်အကယ်လို့ ရန်ကုန်ကသူတွေ သွားချင်ရင် သွားလို့ရအောင်ပါ။ ဘယ်လောက်တောင်ထိုင်းတွေသွားကြလဲဆိုရင် သူ့ဆီမှာထိုင်းဘာသာပြန်တွေတောင်ရှိတယ်။ သူတို့တွေက ထိုင်းတွေနဲ့အမြဲပါလာကြတာ. တခါလာရင် ထိုင်းတွေက အုပ်လိုက်လာတာ. သူဘန်ကောက်သွားရင်လည်း ထိုင်းတွေက သွားမေးကြတယ်တဲ့.
အဘက ဖုန်းထဲကနေမဟောဘူး. လူကိုယ်တိုင်မြင်မှတဲ့. သူပြောတာ‌တော့ မေးတဲ့သူလာတဲ့အချိန်. ထိုင်တဲ့ပုံစံ စတာတွေကို သူကြည့်ပြီးသေချာတာကိုပဲဟောတာမို့လို့တဲ့.
ဘယ်လိုအဲနေရာကိုသိလဲဆို. ကိုယ်တွေ မြန်မာအချင်းချင်းကြောင့်သိတာမဟုတ်ပဲ. ထိုင်းတွေကြောင့်သိခဲ့တာပါ။ ထိုင်းမှာအလုပ်လုပ်တုန်း ကိုယ့်ရဲ့ဒါရိုက်တာက ရန်ကုန်ကိုသွားချင်တယ်။ အဲဆရာနဲ့တွေ့ချင်လို့ဆိုပြီး ကိုယ်တွေကို ခွင့်ပါသက်သက်ပေးတယ်. ကုန်ကျစရိတ်အကုန်စိုက်ပေးပြီး ဘန်ကောက်ကနေ မြန်မာပြည်ခေါ်လာတာ. သူ့ကိုဘာသာပြန်ပေးဖို့ဆိုပြီး. အဲကတည်းက နည်းနည်းတော့တွေးမိသား.အဲလောက်နာမည်ကြီးလားပေ့ါ။ ကိုယ်တွေက ပြောရရင် အကြားအမြင်တို့ဆိုတာကို အရမ်းယုံတဲ့ထဲမပါဘူး.တစ်ခါမှလည်းကိုယ့်ဘာသာသွားပြီး မမေးဘူးဖူး.
အဲတုန်းက ကိုယ်တွေ့ကြုံရတာလေးလောက်ပြောပြမယ်နော်.
ကိုယ်တွေက ဒီတိုင်းဘာသာပြန်ဖို့ပဲလိုက်လာတာ. ကိုယ်လိုက်ပို့တဲ့ ထိုင်းလူမျိုးကို နာမည်နဲ့မွေးနေ့ပဲမေးပြီး အကုန်‌ဟောချတာ. ဘာမေးမလဲ အရင်မပြောပဲ. ခုလာရတဲ့အကြောင်းရင်းက ဒါတွေကြောင့်ဆိုပြီး စဟောတော့တာပဲ. သူလည်းအံ့သြ ကိုယ်လည်းအံ့သြ. အဲမှာပြောတာတွေ တချက်မှမမှားဘူးတဲ့. အဲအချိန်က ပြောရမယ်ဆို 3နှစ်လောက်ရှိပြီ။ ခု အဲဒါရိုက်တာလည်း စီးပွားရေးမိသားစုရေးမှာ သူဟောပြောတဲ့အတိုင်းပဲ ဖြစ်လာတယ်.. အဲထက် ပိုပြီး အံ့သြဖို့ကောင်းတာက. ကိုယ်တွေကိုပါ အပိုဟောပေးလိုက်တာပဲ. ဘလိုဟောလဲဆို ဒီတိုင်းဘာသာပြန်နေရင်းကို တူလေးကို အဘ လက်ဆောင်ဟောပေးလိုက်မယ်ဆိုပြီး ကောက်ဟောချတာ ကိုယ့်နာမည်လည်းမပြော မွေးနေ့လည်းမပြော. ဘာမှတောင်ကိုယ့်အချက်အလက်မပေးရပဲ. ကွက်တိကြီး. သူပြောတာတခုက ကိုယ်တွေအခန်းက ရေခဲသေတ္တာက နေရာပြောင်းထားတာမှားနေတယ်တဲ့. အရင်နေရာပြန်ထားလိုက်ရင် ငွေ၀င်လာလိမ့်မယ်တဲ့. အဲအချိန်တကယ်အံ့သြသွားတာပါ. ဘယ်ကဘလို ရေခဲသေတ္တာရွေ့ထားတာကို သိပြီး ဘလိုပြောလိုက်မှန်းကိုမသိလိုက်တာ။
နောက်ပိုင်းလည်း တခုခုတွေ‌ေ၀တာရှိရင် အဲအဘဆီပဲသွားဖြစ်တယ်. ကိုယ်တွေကြိုက်တာတစ်ခုက ဘာလဲဆိုရင် ယတြာကို ခက်ခက်ခဲခဲရှာရတာတွေမလုပ်ခိုင်းတာပဲ. ဥပမာ ပုတီးစိပ်တာတို့ ဖယောင်းတိုင်ထွန်းတာတို့ ငါးလွှတ်တာတို့ အဲလိုအလွယ်‌လေးတွေပဲ လုပ်ခိုင်းတော့ စိတ်ချမ်းသာတာတော့အမှန်. မဟုတ်ရင် ထူးထူးဆန်းဆန်းသစ်သားတို့ အရွက်တို့ အပွင့်တို့အဲတာတွေလုပ်ခိုင်းရင် တကယ်ကို မလုပ်ချင်တော့တာ တကယ်။
ဥာဏ်ပူဇော်ခကတော့ အချိန်နဲ့တွက်ယူတာ ၂သောင်းကနေ တသိန်းထိရှိတယ်.
နေရာက ၁၂လုံးတန်းနား မီးပွိုင့်ထောင့်မှာပဲ. ရန်ရှင်းနဲ့ ရန်ကင်းလမ်းထောင့်က မီးပွို့င့်က ရန်ရှင်းလမ်းမပေါ်မှာပါ။ နေရာကတော့ ပြောရနည်းနည်းခက်တယ်..အဲရှေ့မှာ ဘတ်စ်ကားမှတ်တိုင်ရှိတယ်. Google map မှာတော့ စံပါယ်ဆိုတဲ့နာမည်ပေါ်တော့ ကိုယ်တွေကတော့ အဲစံပယ်ဆိုတာကိုပဲမှတ်ထားလိုက်ပါတယ်။
အဲတော့ Battle of Fate ကြည့်ရင်းကိုယ့်နိုင်ငံက အကြားအမြင်ကိုလည်း စိတ်၀င်စားရင်သွားမေးလို့ရပါတယ်. မှန်သည်မမှန်သည်ကတော့ ကိုယ့်အတွေးနဲ့ကိုယ်ဖြစ်တာမို့လို့ ရှေးဖြစ်ဟောတာတွေကိုတော့ လူတိုင်းအတွက်မှန်ပါတယ်လို့တော့ မဆိုလိုချင်ပါ။ ကိုယ်တွေကြု့ခဲ့လို့ စိတ်၀င်စားခဲ့တာလေးကို ပြန်မျှ‌ေ၀ပေးခြင်းတာဖြစ်ပါတယ်ခင်ဗှ.
သွား‌ေမးချင်ရင် ကြိုဘိုကင်တင်ရပါတယ်။
ဦးမောင်မောင်ဆင့်
+9595061780
#အကြားအမြင်ဆရာ #၁၂လုံးတန်း
မူရင်းပို့စ် - My Voyage, My Life

အစားအသောက်နဲ့ လက်အိတ်ကိစ္စလေးပြောချင်နေတာရောင်းသူတွေလက်အိတ်သုံးတာအလွဲတွေတွေ့နေရတော့အသဲတွေယားနေတာပြောချင်တာလက်နဲ့နယ်ရမယ့်...
19/10/2025

အစားအသောက်နဲ့ လက်အိတ်ကိစ္စလေးပြောချင်နေတာ
ရောင်းသူတွေလက်အိတ်သုံးတာအလွဲတွေတွေ့နေရတော့အသဲတွေယားနေတာပြောချင်တာ

လက်နဲ့နယ်ရမယ့်နေရာလက်အိတ်စွပ်နယ်တာတော့သဘောကျပါတယ်။လက်အိတ်အရမ်းဆန်းဆန်းတင့်ဖြစ်နေတာတော့မဟုတ်ပါဘူး

-တချို့က လက်အိပ်ကြီးစွပ်ထားပြီး ဓားတွေကိုင်လှီး ဇွန်းတွေကိုင်ဗူးခွက်‌ေတွထဲကအစာပလာတွေခပ်ထည့်တဲ့ ပြီးရင်အဲလက်အိပ်စွပ်ထားတဲ့လက်နဲ့ပဲ နယ်ပါလေရော ၊🥱

-တချို့ကကျတော့အစာပလာကိုင်တာကျ‌ေတာ့လက်အိတ်မစွပ် နယ်မှသာစွပ်သူတွေလည်းရှိ၊ ဓားကိုတဲ့ဘက်လက်အိတ်စွပ်ပြီးအစားအသောက်ကိုင်တဲ့ဘက်တော့လက်အိတ်မပါတာကရှိသေး :D

-လက်အိပ်စွတ်ကြီးနဲ့ပဲ ပိုက်ဆံအပေးအယူလုပ်တာအဆိုးဆုံးပဲ၊
လက်အိတ်သုံးပြီးမနယ်ရင်တောင် ပိုက်ဆံတွေကိုင်ပြီးလက်ကို‌ေသချာရေမဆေးတန်းနယ်တာ 😭

အသုပ်အရသာကောင်းတဲ့သူတစ်ယောက်ဆိုသူကလက်နဲ့နယ်ရတာပိုအားရတာတဲ့ အဲထိလက်ခံချင်‌ေသးတယ်။ ပိုက်ဆံလည်းအဲလက်နဲ့ယူ ရေလေးစွတ်ရုံဆေး ထပ်သုပ်၊ မဆေးတဲ့အခါလည်းရှိတော့ ကြိုက်ရင်တောင်မစား‌ေတာ့ဘူးလို့ 😊

မချက်ရသေးတဲ့သား၊ငါးကိုင်တာလက်အိတ်ကိုင်မကိုင်တော့မပြောချင်ပါဘူး။ တချို့အရာတွေက လက်အိတ်မပါဘဲလက်သေချာဆေးပြီးအားရပါးရနယ်မှအဆင်ပြေတာတွေလည်းရှိပါတယ်။
အသင့်စားရောင်းတာတွေမှာအလွဲသုံးတွေ့နေရတာတော့စိတ်တွေပျက်

(တခါတည်းပြောထားမယ်ကိုယ့်အိမ်မှာကိုယ်ကအများစုလက်အိတ်သုံးချင်တဲ့အခါသုံးတာ အများဆုံးကလက်သေချာဆေးပြီးလုပ်ကြတာ)

Crd

ဘယ်လိုအလွဲတွေသုံးနေကြလဲတွေ့ပြောသွားကြပါဦး

ပုံကိုကြည့်ပါ စားစရာမြင်နေရင် သင်ဟာအငတ်ပါ😂......တကယ်ကဘာတွေလဲသိရင်ပြောပေး 😃Photo - card #သီတင်းကျွတ်
23/09/2025

ပုံကိုကြည့်ပါ
စားစရာမြင်နေရင် သင်ဟာအငတ်ပါ
😂...
...တကယ်ကဘာတွေလဲသိရင်ပြောပေး 😃
Photo - card
#သီတင်းကျွတ်

ကြက်ဥအကာ၊ ကြက်သွန်နီ၊ ငရုတ်ကောင်းမှုန့်အစွမ်းဆေးဝါးကို အားကိုးစရာမလိုဘဲ ဦးနှောက်သွေးကြောတွေကို သန့်စင်လိုက်ပါ။ ကြက်ဥအကာ၊...
31/07/2025

ကြက်ဥအကာ၊ ကြက်သွန်နီ၊ ငရုတ်ကောင်းမှုန့်အစွမ်း

ဆေးဝါးကို အားကိုးစရာမလိုဘဲ ဦးနှောက်သွေးကြောတွေကို သန့်စင်လိုက်ပါ။ ကြက်ဥအကာ၊ ကြက်သွန်နီ၊ ငရုတ်ကောင်းမှုန့်တို့နဲ့တင် လုံလောက်ပါတယ်။ လက်တွေ၊ ခြေထောက်တွေ ထုံကျင်တာ၊ မှတ်ဉာဏ်မကောင်းတာတွေအတွက် စမ်းစားကြည့်ပါ။ ရိုးရှင်းတဲ့နည်းလမ်းလေးဖြစ်ပေမဲ့ အကျိုးကျေးဇူးကတော့ ရိုးရှင်းတာထက် အများကြီးသာပါတယ်နော်။

#လေဖြတ်ခြင်းကိုကာကွယ်ပြီးကုသဖို့အတွက်အခြေခံနည်းလမ်း..........
အထူးသဖြင့် လက်ဖဝါး၊ လက်ချောင်း၊ ခြေထောက်တွေ ထုံကျင်တတ်တဲ့သူတွေအနေနဲ့ ဒီနည်းလမ်းလေးကို အမြန်ဆုံးစားသင့်ပါတယ်။ ဒါ့အပြင် လစဉ် ပုံမှန်စားပေးမယ်ဆိုရင် ဦးနှောက်သွေးကြောတွေကို သန့်စင်ပေးနိုင်ပါတယ်။

"အရင်တုန်းက ဦးလေးရဲ့ လက်တွေ၊ ခြေထောက်တွေ ထုံကျင်တယ်။ ခြေထောက်တွေအားမရှိတော့တာကြောင့် အကြာကြီးလမ်းလျှောက်ရင် လဲတော့မလိုဖြစ်တယ်။ တချို့ရက်တွေဆို စကားမပီသဘူး၊ ခေါင်းမူးပြီး ဉာဏ်ရည်တွေ ထိုင်းမှိုင်းသလို ခံစားရတယ်။ ကလေးတွေက စိုးရိမ်ပြီး ဆရာဝန်နဲ့ပြတော့ ဦးနှောက်သွေးကြောတွေစပြီး ကျဉ်းလာပြီလို့ပြောတယ်။ ဒါပေမဲ့ သွေ;ကြောပေါက်ပြဲလောက်တဲ့အထိတော့ အန္တရာယ်မရှိသေးဘူးတဲ့။"

"တစ်နေ့မှာ ဦးလေးရဲ့တူက ကြက်ဥအကာကို ကြက်သွန်နီနဲ့ ငရုတ်ကောင်းမှုန့်ထည့်ပြီး ပေါင်းစားတဲ့ ရိုးရှင်းတဲ့နည်းလမ်းလေးကို စမ်းကြည့်ဖို့ အကြံပေးတယ်။ ပထမတော့ သာမန်အရာတွေက ဘာမှအကူအညီဖြစ်မှာမဟုတ်ဘူးလို့ ထင်တာပေါ့။ ဒါပေမဲ့ ပိုကောင်းလာချင်တာနဲ့ စမ်းစားကြည့်လိုက်တယ်။"

"ဦးလေးက တစ်လကို ၇ ရက်ဆက်တိုက်စားတယ်။ ဒါကိုစားပြီးနောက်ပိုင်းမှာ လက်တွေ၊ ခြေထောက်တွေ ထုံကျင်တာ သက်သာလာတယ်။ လမ်းလျှောက်ရတာ ပိုတည်ငြိမ်လာပြီး မှတ်ဉာဏ်လည်း ပိုကောင်းလာတယ်။ စကားပြောတာ ပိုပီသလာသလို အရင်လို ခေါင်းမူးတာမျိုး မဖြစ်တော့ဘူး။ ဆရာဝန်နဲ့ ပြန်ပြကြည့်တော့ အရင်ကထက် သွေးလည်ပတ်မှု ပိုကောင်းလာတယ်လို့ ပြောတယ်။"

"အခုတော့ ဦးလေးက ဒီနည်းလမ်းကို လစဉ် ၇ ရက်ဆက်တိုက် ပုံမှန်စားပေးတယ်။ နေ့တိုင်းလည်း လေ့ကျင့်ခန်းပေါ့ပေါ့ပါးပါးလေးတွေ လုပ်တယ်။ ဒီလိုလုပ်ပေးတာကြောင့် ဘဝသစ်တစ်ခု တစ်ဖန်ပြန်စရသလိုပဲလို့ ခံစားရတယ်။"

#သွေးကြောပိတ်ဆို့ခြင်းသွေးကြောကျဥ်းခြင်းကိုလျှော့ချနည်း
* ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ကြက်သွန်နီ ၄
လုံးနဲ့အတူ ရောပြီး ထောင်းပါ။
* ပြီးရင် ကြက်ဥအကာ ၂ လုံး
(အနှစ်မပါဘဲ အကာကိုသာယူပါ) နဲ့ ရောပြီး အရသာအ
တွက်ပဲငံပြာရည်အကြည်ကို အနည်းငယ်ထည့်ပါ။
* အားလုံးကို သမအောင် ရောမွှေပြီးရင် ကျက်အောင်ပေါင်း
ပြီး မနက်ခင်းမှာ ဆန်ပြုတ်ပူပူနဲ့ ၇ ရက်ဆက်တိုက် စား
ပေးပါ။ ချွေးတွေ အများကြီးထွက်လာတာက ပိတ်ဆို့နေ
တဲ့အဆီတွေ ကို ဖယ်ရှားပေးတာဖြစ်ပါတယ်။

ဉီးနှောက်သွေးကြောတွေကို ပြန်လည်ကောင်းမွန်စေဖို့နံ သန့်စင်ဖို့အတွက် လစဉ် ၇ ရက်ဆက်တိုက် စားသုံးပေးပါ။

ဒီနည်းလမ်းကို ရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ စားနိုင်ပါတယ်။ အထူးသဖြင့် လက်ဖဝါး၊ လက်ချောင်း၊ ခြေထောက်တွေ ထုံကျင်တတ်တဲ့သူတွေအနေနဲ့ ဒီနည်းလမ်းလေးကို အမြန်ဆုံးစားသင့်ပြီး လစဉ်ပုံမှန်စားပေးမယ်ဆိုရင် ဦးနှောက်သွေးကြောတွေကို သန့်စင်ပေးနိုင်ပါတယ်။

ဒီပို့စ်ဟာ သင့်အတွက်ရော သင်ချစ်ခင်ရတဲ့သူတွေအတွက်ပါ အကျိုးရှိမယ်လို့ ယူဆရင် တခြားသူတွေလည်း သိရှိနိုင်စေဖို့ တစ်ယောက်တစ်လက် မျှဝေပေးဖို့ တောင်းဆိုချင်ပါတယ်။

Card -MON SOUNG

 #သပြုသီး_အသုံးဝင်ပုံများ သပြုသီး"လေးဘက်နာ လက်တွေ့သက်သာတဲ့ရွှေထက်တန်ဖိုး ကြီးတဲ့...ဆေးနည်းလေးများ".သပြုသီးနဲ့ဆားကို အချိ...
26/07/2025

#သပြုသီး_အသုံးဝင်ပုံများ

သပြုသီး

"လေးဘက်နာ လက်တွေ့သက်သာတဲ့ရွှေထက်တန်ဖိုး ကြီးတဲ့...ဆေးနည်းလေးများ".

သပြုသီးနဲ့ဆားကို အချိုးတူပြုတ်ပြီးအငွေ့ခံ ချွေးအောင်း
ပေးလိုက်ပါ ။

တစ်ကိုယ်လုံးမှာရှိတဲ့ အပူအပုပ် ချွေးတွေထွက်လာပြီးရင် ရေချိုးပေးပါ ။

အစားရှောင်စရာမလိုအောင် သက်သာတယ် ။

ခြေစစ် လက်စစ် တွေလည်းမကိုက်တော့ပါဘူး။

(တခြားအသုံးဝင်တာတွေရှိရင်ပြောပြပေးသွားပါဦးနော်)

🅲🆁🅴🅳🅸🆃
#ဖွယ်ဖွယ်ရာရာ

💐 ဆီဗူးတွေကို ဆီတွေ၊အနံ့တွေပျောက်အောင်ဘယ်လိုဆေးကြမလဲ💐 ၁-  တစ်ရှုး၊ဆပ်ပြာမှုန့်/ဆီ ၊ရေနွေး၊ ဆန် (သို့ )ကျောက်စလစ်ခဲသေးသေး...
02/07/2025

💐 ဆီဗူးတွေကို ဆီတွေ၊အနံ့တွေပျောက်အောင်ဘယ်လိုဆေးကြမလဲ💐

၁- တစ်ရှုး၊ဆပ်ပြာမှုန့်/ဆီ ၊ရေနွေး၊ ဆန် (သို့ )
ကျောက်စလစ်ခဲသေးသေးလေးတွေ(သို့)
မီးသွေးအကျေပါတဲ့ပြာထည့်‌ပြီးလှုပ်ခါဆေးပါ။ ဆေးနေရင်းဗူးခွံတွေဖွင့်ထားပေးပါ။ရေနဲ့ထပ်ဆေးလိုက်ရင်ရင်ရပါပြီ

၂-
ဗူးထဲမန်ကျီးရည်ထည့်ပြီး စိမ်ထားပါ။ နောက်နေ့မှသွန်ပြီး ဆပ်ပြာနဲ့ဆေးရင် အနံပါ‌ေပျာက်ပါတယ်။နေလှန်းလိုက်ရင်ပိုကောင်းပါတယ်။

၃ - ဆီပုံးတွေထဲကိုထမင်ရေပူလောင်းထည့်၊ဆပ်ပြာဆီထည့်ပြီးလှုပ်ဆေးပါ ။ဘာအနံမှမရှိဘဲ ပြောင်စင်သွားပါတယ်

တခြားသိတဲ့နည်းတွေရှိရင်ပြောပေးသွားကြပါဦးနော်

မေခ + မလိခ flood ဖြစ်ရင် ..အဲသည်နေ့ကို ၁၃ ရက် ထပ်ပေါင်းပါဟင်္သာတ ကို ရေရောက်မယ့်နေ့ပါပဲ- မေခ မလိခ မြစ်ဆုံ မှာ ရေကြီးရင်-...
02/06/2025

မေခ + မလိခ flood ဖြစ်ရင် ..
အဲသည်နေ့ကို ၁၃ ရက် ထပ်ပေါင်းပါ

ဟင်္သာတ ကို ရေရောက်မယ့်နေ့ပါပဲ

- မေခ မလိခ မြစ်ဆုံ မှာ ရေကြီးရင်
- ဟုမ္မလင်းဘက်က ချင်းတွင်းရေ တပြိုင်တည်း ကြီးရင်
- လပြည့်ကျော် ၃ ရက်
သို့မဟုတ် လဆန်း ၃ ရက် မှာ ဟင်္သာတ ရောက်မယ်ဆိုရင်
ပင်လယ်ဒီရေနဲ့ ကချင်ကရေ ဆုံပါမယ်

- ချင်းတောင် ဘက် မိုးကောင်းရင် မုန်း မန်း စလင်း ချောင်းတွေက ဧရာဝတီထဲ တိုးဝင်လာပါမယ်

- ရှမ်းမြောက်နဲ့ ဆက်စပ်တဲ့
ဒုဌဝတီ ရေက မန်းလေး အောက်နားကနေ ဧရာဝတီထဲ ထပ်ဝင်ပါမယ်

- ပဲခူးရိုးမ အနောက်ခြမ်း မှာ မိုးများလို့ ဘော်ဘင် ၊ ဂမုန်း ၊ ဝဲကြီး ၊ နဝင်းချောင်း ၊ မင်းလှချောင်း ၊ သုံးဆယ်ချောင်း ရေကြီးရင် ၂-၃ ရက်အတွင်း
မြန်အောင် အောက်ဖက် ဧရာဝတီ ရေတိုးပါမယ်

- အောက်ဘက်မှာ ရခိုင်ရိုးမ အရှေ့ခြမ်း
မိုးကောင်းရင်

အပေါ်ကလို
မြစ်ကြီးနားရေ + ဟုမ္မလင်းရေ + ပဲခူးရိုးမ အနောက်ခြမ်းရေ+
ရခိုင်ရိုးမ အရှေ့ခြမ်းရေ +
ပင်လယ်ဒီရေ ဆုံရင်

ဧရာဝတီ အကြေအရပ်မှာ high flood ကြုံရပါမယ်

ဧရာဝတီ အထက်ပိုင်း ရေ ကို ၁၃ ရက် ကြိုသိနိုင်ပါတယ်

☝️မြန်မာပြည် မြေပုံရဲ့ ၃ပုံ မှာ ၂ ပုံ ရဲ့ ရေနုတ်မြောင်းကြီး ဧရာဝတီ ဟာ
လာသမျှရေ ကို မသယ်နိုင်တာ ကြာခဲ့ပါပြီ

သူ့ အထဲ ဝင်လာသမျှ ပင်လယ်ဆီ ယူဆောင်ပေးရတဲ့အခါ
သူ့ ဝန်ကို ကူထမ်းပေးတာ ( ဧရာဝတီရဲ့ ရေကြီးမှုကို လျှော့ချပေးနိုင်တဲ့ အကူမြစ် ) မြစ် ၂ ခု ပဲ ရှိပါတယ်

အနောက်ဘက် မှာ ငဝန်
အရှေ့ဘက်မှာ မြစ်မခ ( အောက်ဘက်ရောက်တဲ့အခါ လှိုင်မြစ် လို့ ခေါ် )

“အကြောင်းတွေ အားလုံးဆုံရင် “
ဧရာဝတီ တိုင်း + ပဲခူးအနောက် မုချ ရေကြီးပါမယ်

မြစ်ကြီးနား အခြေအနေ ကို တွက်ဆ ပြီး ဟင်္သာတ က ၁၃ ရက် ကြို ပြင်ချိန် ရပါတယ်

Credit -Tha Htoon Oo

⭐သတင်းအတုပါ၊မယုံပါနဲ့⭐(အခုပျံ့နေတဲ့ စာတွေပုံတွေကအရင်အဟောင်းပါ။မဟုတ်တဲ့သတင်းနဲ့လူတွေပိုလန့်စေပါတယ်။)⭐အတုဖြစ်ကြောင်းပြန်sh...
02/04/2025

⭐သတင်းအတုပါ၊မယုံပါနဲ့⭐

(အခုပျံ့နေတဲ့ စာတွေပုံတွေကအရင်အဟောင်းပါ။မဟုတ်တဲ့သတင်းနဲ့လူတွေပိုလန့်စေပါတယ်။)

⭐အတုဖြစ်ကြောင်းပြန်shareပေးကြပါ။အဲတာမှ အတုကိုဖုံးသွားမှာပါ

၄ ရက်အတွင်းမိုးရွာနိုင်⭐⭐⭐ECMWF CHART(including Cyclone Genesis)အရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဧပြီလ ၉ ရက်နေ့အထိ လေ...
02/04/2025

၄ ရက်အတွင်းမိုးရွာနိုင်
⭐⭐⭐
ECMWF CHART(including Cyclone Genesis)အရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဧပြီလ ၉ ရက်နေ့အထိ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်နိုင်ချေ ၄၀% ရှိနေပါတယ်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဧပြီလ ၄ ရက်နေ့ ညပိုင်းလောက်မှာ အစပျိုးဖြစ်ပေါ်လာနိုင်ပါမယ်။

နောက်လာမဲ့ ၄ ရက်အတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ မိုးအနည်းငယ်ရွာနိုင်ပါမယ်။
https://www.mmweather.org/divisional-cities-weather

ပင်လယ်ပြင်မှာ ထူးခြားသည့်မိုးလေဝသအခြေအနေမရှိပါ။

(ဧပြီလ ၂ ရက် နေ့လည် ၁ နာရီ)

Crd- U Win Naing

post တစ်ခုမှာ ပြိုနေတဲ့တိုက်အောက်ကနေ အသက်ရှင်လျှက်မိန်းကလေးတစ်ဦးနဲ့ သေနေတာကြာပြီးပုပ်နံ့တောင်ထွက်နေတဲ့အမျိုးသမီးတစ်ဦးက...
02/04/2025

post တစ်ခုမှာ ပြိုနေတဲ့တိုက်အောက်ကနေ အသက်ရှင်လျှက်မိန်းကလေးတစ်ဦးနဲ့ သေနေတာကြာပြီးပုပ်နံ့တောင်ထွက်နေတဲ့အမျိုးသမီးတစ်ဦးကို ကယ်ထုတ်လို့ရလာတဲ့အချိန်မှာ အသက်ရှင်ကျန်ပြီးကယ်ထုတ်လာနိုင်ခဲ့တဲ့မိန်းကလေးရဲ့ပြောစကားအရ သူနဲ့အတူတူတိုက်အောက်မှာပိနေတဲ့အမျိုးသမီးက ကယ်ထုတ်မခံရလုခင်အချိန်လေးအထိမသေသေးဘဲ သူနဲ့စကားတွေပြောနေသေးတဲ့အကြောင်း ပြန်ပြောပြတယ်ဆိုတာတွေ၊ ပြိုနေတဲ့တိုက်အောက်ကအကူအညီတောင်းသံကြားလို့ကယ်ထုတ်ပြီးမှ သေနေတာကြာပြီမှန်းသိရတယ်ဆိုတာတွေ၊ လူတွေအများကြီးသေထားတာမို့ ပရလောကသားတွေဝိညာဉ်တွေနဲ့သက်ဆိုင်တဲ့ကိစ္စတွေဖြစ်လာတော့မယ်ဆိုတဲ့ post တွေ တဖြည်းဖြည်းတွေ့လာရပါတယ်။

ပြင်းပြင်းထန်ထန်စိတ်ထိခိုက်စိတ်ခြောက်ခြားစရာအခြေအနေတခုခုကိုကြုံတွေ့ခံစားရပြီးတဲ့အခါမှာ ပြင်းပြင်းထန်ထန်စိတ်ဖိစီးတဲ့အခြေအနေကြောင့် နားထဲမှာအသံတွေကြားယောင်နေတာ၊ ကြုံခဲ့ရတဲ့စိတ်ခြောက်ခြားစရာအခြေအနေကိုပြန်ရောက်သွားသလိုခံစားရပြီးခြောက်ခြားနေတာကြောင့် ပုံမှန်မဟုတ်တဲ့အမူအကျင့်တွေဖြစ်လာတာမျိုးတွေ ကြုံရတတ်ပါတယ်။

ဒီလိုအခြေအနေမျိုးကို Post-traumatic stress disorder (PTSD) လို့ခေါ်ပါတယ်။ စစ်ပွဲရဲ့ဆိုးရွားတဲ့အနိဋာရုံတွေကိုကြုံခဲ့ရပြီးမှ အသက်ဘေးကလွတ်မြောက်လာခဲ့ကြတဲ့စစ်သားတွေမှာ တွေ့ရများပါတယ်။ PTSD အပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတာကြောင့် အခြားစိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ PTSD အပါအဝင် ဒီကာလအလွန်မှာဖြစ်လာနိုင်တဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေအကြောင်း အသေးစိတ်ကိုတော့ စိတ်ကျန်းမာရေးပါရဂူတွေ၊ စိတ်ပညာရှင်တွေရေးတာဖတ်ရရင် ပိုပြည့်စုံပါလိမ့်မယ်။

လူတွေတင်မကဘဲ ဘေးအန္တရာယ်ခံစားခဲ့ရတဲ့ခွေးလေးတွေ၊ ရှာဖွေကယ်ဆယ်ရေးတာဝန်ထမ်းဆောင်ကြတဲ့ခွေးလေးတွေမှာပါ PTSD ရနိုင်တယ်လို့ဆိုကြပါတယ်။

ဒီငလျင်ဘေးကြီးမှာလည်း ငလျင်ဒဏ်ခံစားခဲ့ရတဲ့သူတွေထဲကတချို့မှာ၊ စိတ်ထိခိုက်ခြောက်ခြားစရာအခြေအနေတွေကို နှဖူးတွေ့ဒူးတွေ့ကြုံတွေ့ခဲ့ရတဲ့ ကယ်ဆယ်ရေးသမားတွေထဲကတချို့မှာပါ PTSD ဖြစ်နိုင်ချေရှိပါတယ်။ ငလျင်ဘေးနဲ့ကြုံတွေ့ခဲ့၊ ကယ်ဆယ်ရေးလုပ်ခဲ့ရတဲ့သူတွေအနေနဲ့ ပုံမှန်မဟုတ်ဘဲကြားနေမြင်နေရတယ်၊ ပုံမှန်မဟုတ်တဲ့အပြုအမူတွေဖြစ်လာတယ်ဆိုရင်ဖြင့် ပရလောကနဲ့ပါတ်သက်တဲ့ကိစ္စတွေ၊ အပမှီတာတွေ၊ စိတ်ဖောက်ပြန်ပြီးရူးသွားတာတွေလို့သဘောမထားကြဘဲ စိတ်ကျန်းမာရေးပါရဂူတွေ၊ နားထောင်ဆွေးနွှေးစိတ်ကုထုံးပေးတဲ့ပညာရှင် (therapist) တွေနဲ့တိုင်ပင်ဆွေးနွှေးတာတွေလုပ်ဖို့လိုအပ်ပါတယ်။

Crd Pyae Phyo Aung

28/03/2025

#မြန်မာငလျင် 😭

ငလျင်ကြောင့်မန္တလေးမှာ မီးလောင်တာ၊လူသေ၊ထိခိုက်မှုတွေများလို့ ဆေးရုံမှာမနိုင်ဘူးဖြစ်နေကြတယ်တဲ့⭐⭐⭐ ၅/၆ အဆင့်ရှိတဲ့ငလျင်နော...
28/03/2025

ငလျင်ကြောင့်မန္တလေးမှာ မီးလောင်တာ၊လူသေ၊ထိခိုက်မှုတွေများလို့ ဆေးရုံမှာမနိုင်ဘူးဖြစ်နေကြတယ်တဲ့

⭐⭐⭐ ၅/၆ အဆင့်ရှိတဲ့ငလျင်နောက်ဆက်တွဲ ထပ်လာနိုင်သေးလို့ ဂရုစိုက်ကြပါတဲ့ 😭
#ငလျင်
#ဖွယ်ဖွယ်ရာရာ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ဖွယ်ဖွယ်ရာရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဖွယ်ဖွယ်ရာရာ:

Shortcuts

Share