Cooking by Saw

Cooking by Saw I love cooking 🧑‍🍳

09940635948 (Viber)

ငါးကျည်းရဲ့ခေါင်းနားက အရိုးက ဘေစင်ထဲကပ်နေတာမမြင်ပဲ မတော်တဆထိုးမိပြီးစူးတာပါ ငါးကိုင်နေရင်းနဲ့တောင် ဒီအရိုးစူးမိရင်နာမှာပ...
12/08/2026

ငါးကျည်းရဲ့ခေါင်းနားက အရိုးက ဘေစင်ထဲကပ်နေတာမမြင်ပဲ မတော်တဆထိုးမိပြီးစူးတာပါ

ငါးကိုင်နေရင်းနဲ့တောင် ဒီအရိုးစူးမိရင်နာမှာပဲလို့တွေးမိသေးတယ် (ကိုယ်စောင့်နတ်က သတိပေးနေတာနေမယ်)

စူးစူးချင်း ယောကျာ်းကို အလန့်တကြားအော်ပြီးတမိတယ် သူလဲပြေးလာပြီး

ဆေးအဝါထည့်ပြီး ပလာစတာကပ်ပြီးညအိပ်တာ မနက်ကျ တဆစ်ဆစ်နဲ့ ထိရင်လဲနာတယ်

ယောကျာ်းက ဟင်းကူချက် ၊ ပန်းကန်ကူဆေးပေးလို့ တော်ပါသေးတယ်

အခု 24 hr ပြည့်ပြီ ပြည်တည်သလိုဖြစ်ပြီး နာနေတုန်းပဲ 🥹

အိမ်ရှင်မ ဖြစ်ပြီးမှ ပုဇွန်ရိုးလဲစူးဖူး ၊ ငါးရိုးလဲ စူးဖူးပြီ

အားလုံးပဲ အရိုးမစူးမိအောင် ဂရုစိုက်ကြပါ 🤍

12/8/26

30/07/2026

ဒန့်သလွန်သီးနဲ့ ငါးကြင်းဖြူ

ငပိရည် ၊ တို့စရာ

သရက်သီးကလက်ဆောင်ရတာပါ ❤️

27/07/2026

အိမ်ရှင်မဆိုတော့ ခြင်းထဲဘာတွေပါလဲပဲ ပြရတော့မယ် 😁

စျေးဝယ်ပြီးပြန်လာရင် ဘယ်လောက်ကုန်ခဲ့တယ်ဆိုပြီးယောကျာ်းကို တွက်ပြဖြစ်တယ်

ဒါမှ ကုန်စျေးနှုန်းတွေဘယ်လောက်တက်နေလဲ သူလဲသိရအောင်လို့ 😬

ကိုယ်တွေက မိသားစုနည်းလို့ ဒီလောက်နဲ့လောက်ငှပေမဲ့

မိသားစုများတဲ့အိမ်တွေဆို ဘယ်လောက်ကုန်ကျမလဲ တွေးကြည့်လို့ရပါတယ် 😪

မနက်စာ ထမင်းမစားချင်တဲ့ ယောကျာ်းအကြိုက် 😬ခရုဆီမပါ ၊ ကြက်သွန်မြိတ်မပါပဲလဲ စားကောင်းပါတယ် 😋ကြက်သွန်ဖြူဆီသတ်ထဲ ကြက်သားပြုတ်...
27/07/2026

မနက်စာ ထမင်းမစားချင်တဲ့ ယောကျာ်းအကြိုက် 😬

ခရုဆီမပါ ၊ ကြက်သွန်မြိတ်မပါပဲလဲ
စားကောင်းပါတယ် 😋

ကြက်သွန်ဖြူဆီသတ်ထဲ ကြက်သားပြုတ်ထားတာမွှေပြီးချက်

ပိုမွှေးအောင် ကြက်သွန်ဖြူကြော်ထောင်းထည့်
ပဲငံပြာရည်အကြည်
ငံပြာရည်
ငြုပ်ကောင်းမှုန့်
နှမ်းဆီမွှေးထည့်

ရောသမမွှေပြီး စားလို့ရပါပီ

လုပ်ရလွယ်ပါတယ် 🤍

26/07/2026

အထုံ ၊ အစပ်လျော့ပါတယ်

အရသာစားကောင်းပါတယ်ရှင်

North Dagon Infinity မှာဝယ်ခဲ့တာပါ

Not sponsored post
Honest review by Saw 🤍

26/07/2026

မာလာကြက်ခြေထောက်
ငပိရည်တို့စရာ

လုပ်ရလွယ်ပြီး ထမင်းမြိန်ပါတယ် 😋

Makro cake counter ကနေ ဝယ်လာတာပါ မငံဘူး ၊ မချိုဘူး ၊ မအီဘူး စားလို့ကောင်းတယ် စားနေရင်း မရပ်ချင်ဘူး 😋 WOW Cheese Lava Cak...
22/07/2026

Makro cake counter ကနေ ဝယ်လာတာပါ

မငံဘူး ၊ မချိုဘူး ၊ မအီဘူး စားလို့ကောင်းတယ်

စားနေရင်း မရပ်ချင်ဘူး 😋

WOW Cheese Lava Cake 🍰

Not sponsored post
Honest review by Saw 🤍

22/07/2026

Makro ကနေ ဝယ်လာတဲ့
ဂဏန်း ၃ ကောင် 🦀

လှုပ်နေတာတွေရှိပေမဲ့ သော်ကေပြီးသားထဲကပဲ ဝယ်ခဲ့ပါတယ်

ချက်နည်းတွေက အမျိုးမျိုးရှိတော့ ချက်မပြတော့ပါဘူး

ယောကျာ်းနဲ့အတူတူစားဖို့ပါ 🤭😋

ကိုယ်ကခြေလေးချောင်းသားမစားပေမဲ့ယောကျာ်းအတွက် ဝက်သားကြော် ကိုယ်တိုင်ကြော်ပေးပါတယ် ဆီ ၊ ကြက်သွန်ဖြူ ၊ ဂျင်းနဲ့ ဆားထည့်ပြီး...
11/07/2026

ကိုယ်ကခြေလေးချောင်းသားမစားပေမဲ့

ယောကျာ်းအတွက် ဝက်သားကြော်

ကိုယ်တိုင်ကြော်ပေးပါတယ်

ဆီ ၊ ကြက်သွန်ဖြူ ၊ ဂျင်းနဲ့ ဆားထည့်ပြီးနူးအောင်ပြုတ်ပါတယ်

ပြီးရင် ရေခမ်းပြီး ဆီနဲ့ကြော်ပြီးသားဖြစ်သွားပါတယ်

စားလို့ကောင်းတယ်ဆိုတော့
နောက်လဲ ချက်ကျွေးပါမယ်

ချစ်တာကိုး ချစ်တာကိုး 😍

ရာသီဉတုပူနေရင် ကော်ဖီအေးရာသီဉတုအေးနေရင် ကော်ဖီပူပူ ခေါင်းကိုက်ရင် သံပရာရည်အေးအေးအသီးတွေလဲ ဖျော်ရည်လုပ်ပြီး အိမ်ဦးနတ်ကိုဆ...
11/07/2026

ရာသီဉတုပူနေရင် ကော်ဖီအေး

ရာသီဉတုအေးနေရင် ကော်ဖီပူပူ

ခေါင်းကိုက်ရင် သံပရာရည်အေးအေး

အသီးတွေလဲ ဖျော်ရည်လုပ်ပြီး

အိမ်ဦးနတ်ကိုဆက်ကပ်ဖြစ်တယ်

အိမ်ဦးနတ်ကလဲ ကိုယ်ဘာကပ်ကပ်

မငြင်းဘူး အကုန်ကြိုက်တယ်လေ 🤭

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Cooking by Saw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share