23/12/2023
" လွယ်ကူရိုးရှင်းတဲ့ #ထမင်းပေါင်းချက်နည်း "
*********************************
ထမင်းပေါင်း
*************
ကြက်သွန်ဖြူကိုကြိတ်၍ ဆီသတ်ပါ။ ( နွမ်းလျှင် )
ကြက်သား ထည့်ကြော်ပါ။ ( အသားကျက်သွားရင် )
ဥနီ,ရေပြောင်း,ရွှေပဲ,ပန်းဂေါ်ဖီ,မှို,ငုံးဥတို့ကို
ထည့်ကြော်ပေးပါ။
ကြက်ပြုတ်ရည် ထည့်ပါ။ ( မရှိလျှင် ရေနွေးပူပူထည့်ပါ )
ကော်မှုန့်ကို ရေနဲ့ဖျော်ပီးထည့်ပါ။
ခရုဆီ ထည့်မွှေပါ။
အချိုမှုန့်,ဆား,ငရုတ်ကောင်း လက်တစ်ညှပ်စာ
ထည့်လိုက်ပါ။
ဟင်းရည် ပျစ်ချွဲချွဲ ဖြစ်လာပီး အသီးအရွက်များ
ကျက်ပီး ခပ်ကျွတ်ကျွတ်အနေအထားနဲ့ ဟင်းရည်
ဆူပွက်နေချိန်မှာ ပန်းကန်ထဲ အသင့်ခူးထားတဲ့
ထမင်းဖြူပေါ် လောင်းချလိုက်ပါ။
ဒါဆို အရသာရှိလှတဲ့ ထမင်းပေါင်းပူပူလေး ရပါပြီ။
#ဘိတ်ချဉ်ကတော့
ရှာလကာရည် , အချိုမှုန့်,ငံပြာရည်
ကြက်သွန်ဖြူ, , ငရုတ်သီးစိမ်းနဲ့စပ်ရုံပါပဲ။
ပြင်ဆင်ထားရန်
**************
ကြက်သွန်ဖြူ ကြိတ်ထားပါ။
ကြက်ပြုတ်ရည် ထည့်ထားပါ။
အသီးအရွက်များကို လှီးဖြတ်ထားပါ။
ကြက်သားကို အတုံးတုံးပီး ဆား,အချိုမှုန့်နယ်ထားပါ။
ခရုဆီကို ပန်းကန်ထဲ ထည့်ထားပါ။
မွှေး ကော်မှုန့် အရည်ဖျော်ထားပါ။
ခရုဆီကအငံမို့ ဆားကိုအနည်းငယ်သာထည့်ပီး
လိုမှထပ်ထည့်ပါ။ အချို့ကတော့ ပဲပြား,ခရမ်းချဉ်သီး,
ငရုတ်ပွထည့်ပါတယ်။
Crd