Swel Restaurant

Swel Restaurant စားသောက်ဆိုင်ဆို....စွဲကို....သတိရပါ အရသာအတွက် စိတ်ပူစရာမလိုသလို ဝန်ဆောင်မှုအတွက်လည်းကျေနပ်နေစေရမယ့် "စွဲ" စားသောက်ဆိုင်။

မိုးအေးအေးနဲ့ ကြေးအိုးနွေးနွေးလေးက သိပ်လိုက်ဖက်…🫢အဲ…မိုးအေးအေးဆိုလို့ “မိုးအေးအေး”နာမည်နဲ့ ကောင်မလေးမဟုတ်ဘူးနော် မိုးဖွဲ...
27/06/2026

မိုးအေးအေးနဲ့ ကြေးအိုးနွေးနွေးလေးက သိပ်လိုက်ဖက်…🫢

အဲ…မိုးအေးအေးဆိုလို့ “မိုးအေးအေး”နာမည်နဲ့ ကောင်မလေးမဟုတ်ဘူးနော်

မိုးဖွဲလေးတွေကလည်းကျ…ဆိုးသွမ်းစရာလည်းမလိုဘဲ

ကြေးအိုးနွေးနွေးလေးနဲ့ ခပ်ဆွေးဆွေးလေး ဖြတ်သန်းချင်တဲ့သူတွေ

“စွဲ” ကို လှမ်းလာခဲ့ဖို့အတွက် ဖိတ်ခေါ်ပါတယ်…။ 😍

⏰ မနက် ၈နာရီခွဲ မှ ည ၉နာရီခွဲအထိ (ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်)
📌 ဆိုင်လိပ်စာ - အမှတ် ၇၊ ဗဟိုလမ်း (အာရှတော်ဝင်မျက်စောင်းထိုး) စမ်းချောင်းမြိုနယ်၊ ရန်ကုန်။
☎️ 09 88150 7700, 09 88150 7711
☎️ 09 88150 7722, 09264 444 202

#အထူးဟင်းလျာများ #စကြေးအိုး #ကြေးအိုးအစုံ #မာလာကြေးအိုး #စားသောက်ဆိုင် #ကြက်ဆီထမင်း

"Portion လည်းလျှံ အရသာလည်းမှန်၊ “စွဲ”ရဲ့ Lunch Box နဲ့အတူ ကုသိုလ်ယူ" 🍱✨အလှူပွဲလုပ်ချင်လို့ပဲဖြစ်ဖြစ်၊ လမ်းဆုံလမ်းခွမှာ စ...
26/06/2026

"Portion လည်းလျှံ အရသာလည်းမှန်၊ “စွဲ”ရဲ့ Lunch Box နဲ့အတူ ကုသိုလ်ယူ" 🍱✨

အလှူပွဲလုပ်ချင်လို့ပဲဖြစ်ဖြစ်၊ လမ်းဆုံလမ်းခွမှာ စတုဒီသာကျွေးမလို့ပဲဖြစ်ဖြစ်၊ ရုံးထဲမှာ ဝန်ထမ်းတွေနဲ့ မိတ်ဖက်တွေကို ဧည့်ခံဖို့ ရုံးတွင်း Event (Town Hall / Meeting) လေး လုပ်ဖို့ပဲဖြစ်ဖြစ်...

ပွဲစီစဥ်ရတဲ့ တာဝန်ခံတွေမှာ "လူအင်အားနဲ့ အချိန်မီပါ့မလား၊ အစားအသောက်ကရော အဆင်ပြေပါ့မလား" ဆိုပြီး ပူရတာချင်း တူတူပါပဲ။

အလှူရှင်တွေနဲ့ အကျွေးအမွေးအတွက် ပွဲစီစဥ်သူတာဝန်ခံတို့ရဲ့ အဲဒီလို ခေါင်းခဲရတဲ့ အပူတွေကို “စွဲ” က အနားမှာ ဝိုင်းဝန်းကူညီပြီး အကုန်တာဝန်ယူပေးပါရစေနော်။ 🥰

ဘယ်လိုပွဲမျိုးပဲဖြစ်ဖြစ် လာသမျှလူအကုန် "ဟင်းကလည်း ကောင်း၊ ထမင်းကလည်း အဝအလင်ပဲ" လို့ ဗိုက်ပြည့်ပြည့်နဲ့ စိတ်ချမ်းသာသွားစေဖို့ “စွဲ” ရဲ့ Lunch Box တွေက အဆင်သင့်ရှိနေပါတယ်။

🍱 စားဖူးသူတိုင်း ကြိုက်ရမယ်လို့ အာမခံနိုင်တဲ့ အသားဟင်းတစ်မျိုး၊ အရွက်ကြော်တစ်မျိုးနဲ့ ထမင်းမြိန်စေမယ့် တို့စရာတစ်မယ်ကို သန့်ရှင်းလတ်ဆတ်စွာ ပြင်ဆင်ပေးထားပါတယ်။

💯"စွဲ" ရဲ့ စေတနာအတိုင်း ဘူးလေးတွေထဲမှာ ထမင်းနဲ့ဟင်းကို အလျှံပယ် လျှံထွက်နေအောင် ထည့်ပေးထားလို့ စားသုံးသူတွေအကြိုက်တွေ့ဖို့အာမခံပါတယ်။ ပွဲစီစဥ်သူတွေ မျက်နှာပန်းလှမယ့် Portion မျိုးမလို့ လုံးဝမျက်နှာမပျက်ရတဲ့အကျွေးအမွေးဖြစ်စေမှာနော်။

စတုဒီသာအလှူအတွက်ပဲဖြစ်ဖြစ်၊ ကုမ္ပဏီပွဲတွေအတွက်ပဲဖြစ်ဖြစ်... ပွဲစီစဥ်သူတို့ရဲ့ မေတ္တာနဲ့ စေတနာတွေကို စားသုံးသူတွေဆီ အပြည့်အဝ ရောက်ရှိသွားအောင် "စွဲ" က ကိုယ့်အလုပ်၊ ကိုယ့်အလှူလိုမျိုးပဲ အစအဆုံး စေတနာပါပါနဲ့ အကောင်းဆုံး ကူညီချက်ပြုတ်ပေးပါရစေ။ 🤗

ပွဲရက်နီးမှ အချိန်မလောက်တာမျိုး မဖြစ်ရအောင် Menu နဲ့ ဘတ်ဂျက်ကို "စွဲ" နဲ့ အခုပဲ အတူတူ တိုင်ပင်လိုက်ကြရအောင်နော်။ 🤝✨

⏰ မနက် ၈နာရီခွဲ မှ ည ၉နာရီခွဲအထိ (ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်)
📌 ဆိုင်လိပ်စာ - အမှတ် ၇၊ ဗဟိုလမ်း (အာရှတော်ဝင်မျက်စောင်းထိုး) စမ်းချောင်းမြိုနယ်၊ ရန်ကုန်။
☎️ 09 88150 7700, 09 88150 7711
☎️ 09 88150 7722, 09264 444 202

#စ #အထူးဟင်းလျာများ #စကြေးအိုး #ကြေးအိုးအစုံ #မာလာကြေးအိုး #စားသောက်ဆိုင် #ကြက်ဆီထမင်း

ဒီတစ်ခါတော့ ဘာနေနေ ထမင်းနဲ့တွဲစားခိုင်းတဲ့ မေမေတွေအကြိုက်ပဲပေါ့…😍အစိမ်းကြော်၊ အရွက်ကြော်၊ ကြက်ကုန်းဘောင်၊ ဝက်ကုန်းဘောင်၊...
25/06/2026

ဒီတစ်ခါတော့ ဘာနေနေ ထမင်းနဲ့တွဲစားခိုင်းတဲ့ မေမေတွေအကြိုက်ပဲပေါ့…😍

အစိမ်းကြော်၊ အရွက်ကြော်၊ ကြက်ကုန်းဘောင်၊ ဝက်ကုန်းဘောင်၊ ပဲပြားပဲပင်ပေါက်ကြော်၊ ဂျပန်တို့ဟူးအစပ်၊ ဂျပန်စတိုင်တို့ဟူးကြော်စတဲ့ အကြော်အလှော်မျိုးစုံကနေ…

ကင်းမွန်သုပ်၊ ပုဇွန်အစိမ်းသုပ်၊ ပုဇွန်ပဲကြာဇံသုပ်၊ ကြက်ခြေထောက်ထောင်း၊ ဆိတ်ထောင်း၊ ပြောင်းဖူးထောင်း၊ ယိုးဒယားသင်္ဘောသီးထောင်းစတဲ့ အထောင်းအသုပ်မျိုးစုံအထိ ထမင်းပူပူလေးနဲ့ တွဲစားရင် မြိန်မှမြိန် 😋

ဟော…ထမင်းသက်သက် အရံဟင်းသက်သက်မစားချင်ဘူး။
အရံဟင်း ရွေးရမှာ ခေါင်းရှုပ်တယ်ဆိုရင်လည်း

ထမင်းရောပါပြီသား ကြက်ဆီထမင်း၊ အမေရိကန်ထမင်းကြော်၊ ထိုင်းစတိုင်ငပိထမင်းကြော်၊ မန္တလေးထမင်းပေါင်း၊ ရန်ကုန်ထမင်းပေါင်း၊ ကြက်ခြေထောက်ပေါင်းစတဲ့ အတွဲလေးတွေနဲ့လည်း အားဖြည့်လို့ရပါတယ်။

ဘာနေနေ…ထမင်းနဲ့စားလို့ရတာဆိုတော့
မေမေတို့လည်း ပြုံးပျော်အောင် “စွဲ”မှာ လာစားကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်…။ 🥰

⏰ မနက် ၈နာရီခွဲ မှ ည ၉နာရီခွဲအထိ (ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်)
📌 ဆိုင်လိပ်စာ - အမှတ် ၇၊ ဗဟိုလမ်း (အာရှတော်ဝင်မျက်စောင်းထိုး) စမ်းချောင်းမြိုနယ်၊ ရန်ကုန်။
☎️ 09 88150 7700, 09 88150 7711
☎️ 09 88150 7722, 09264 444 202

#အထူးဟင်းလျာများ #စကြေးအိုး #ကြေးအိုးအစုံ #မာလာကြေးအိုး #စားသောက်ဆိုင် #ကြက်ဆီထမင်း

"မာလာအရသာလည်း ကြိုက်တယ်…” "ကြေးအိုးလည်း စားချင်တယ်…”ဒီလိုနဲ့ ရွေးရခက်တာကို ရွေးမနေပါနဲ့တော့။ အရသာနှစ်မျိုးကို တစ်မျိုးတည...
24/06/2026

"မာလာအရသာလည်း ကြိုက်တယ်…”
"ကြေးအိုးလည်း စားချင်တယ်…”
ဒီလိုနဲ့ ရွေးရခက်တာကို ရွေးမနေပါနဲ့တော့။

အရသာနှစ်မျိုးကို တစ်မျိုးတည်းပေါင်းစပ်ထားတဲ့ "စွဲ" မာလာကြေးအိုး ရှိတယ်လေ။

အနှစ်သာရပြည့်စုံတဲ့ မာလာအရသာထုံထုံစပ်စပ်ကို ချိုချိမွှေးမွှေးကြေးအိုးနဲ့ ရောချက်ထားတာမလို့ တစ်မျိုးလေးထူးကဲပြီး စားလို့ကောင်းပါတယ်။
နူးအိနေတဲ့အသားလုံးနဲ့ကြေးအိုးရဲ့ပါဝင်ပစ္စည်းတွေက မာလာအနှစ်ရဲ့ အစပ်အဟပ် ကွက်တိမှုနဲ့ရောသမမွှေလိုက်တဲ့အခါ ဆန်းသစ်ပြီး ဘယ်တော့မှမရိုးမယ့် Taste တစ်မျိုးပါပဲ။

မာလာအရသာကြိုက်တဲ့သူရော၊ ကြေးအိုးကြိုက်တဲ့သူပါ တစ်ခါစားပြီးရင်
နောက်တစ်ခါ ထပ်ထပ် "စွဲ" စေမယ့် အရသာမို့...
“စွဲ”ကိုရောက်ရင် တစ်ခါတော့ မြည်းစမ်းကြည့်ဖို့မမေ့နဲ့နော်!😋

⏰ မနက် ၈နာရီခွဲ မှ ည ၉နာရီခွဲအထိ (ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်)
📌 ဆိုင်လိပ်စာ - အမှတ် ၇၊ ဗဟိုလမ်း (အာရှတော်ဝင်မျက်စောင်းထိုး) စမ်းချောင်းမြိုနယ်၊ ရန်ကုန်။
☎️ 09 88150 7700, 09 88150 7711
☎️ 09 88150 7722, 09264 444 202

#စ #အထူးဟင်းလျာများ #စကြေးအိုး #ကြေးအိုးအစုံ #မာလာကြေးအိုး #စားသောက်ဆိုင် #ကြက်ဆီထမင်း

09/06/2026

🍛"စွဲ"ရဲ့ မန္တလေးထမင်းပေါင်းဆိုတာ ဒီလိုလေ🥰

⏰ မနက် ၈နာရီခွဲ မှ ည ၉နာရီခွဲအထိ (ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်)
📌 ဆိုင်လိပ်စာ - အမှတ် ၇၊ ဗဟိုလမ်း (အာရှတော်ဝင်မျက်စောင်းထိုး) စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

☎️ 09 88150 7700, 09 88150 7711
☎️ 09 88150 7722, 09264 444 202

#စွဲ #အထူးဟင်းလျာများ #စွဲကြေးအိုး #ကြေးအိုးအစုံ #မာလာကြေးအိုး #စားသောက်ဆိုင် #ကြက်ဆီထမင်း

မြင်ယောင်ကြည့်လိုက်ပါ... ဇွန်းနဲ့ ခပ်လိုက်ရုံတင်တင် နူးအိနေတဲ့ ဝက်ခြေထောက်စတူး၊ အရောင်လေးက ဝင်းပြောင်ပြီး အသားထဲအထိ ဟင်း...
03/05/2026

မြင်ယောင်ကြည့်လိုက်ပါ... ဇွန်းနဲ့ ခပ်လိုက်ရုံတင်တင် နူးအိနေတဲ့ ဝက်ခြေထောက်စတူး၊ အရောင်လေးက ဝင်းပြောင်ပြီး အသားထဲအထိ ဟင်းခတ်အမွှေးအကြိုင်နံ့လေးတွေက စိမ့်ဝင်နေတာမျိုး။

ပူပူနွေးနွေး ထမင်းဖြူလေးပေါ်ကို ပျစ်နှစ်နေတဲ့ စတူးဆော့စ်ရည် ချိုစိမ့်စိမ့်လေး ဆမ်း... ပြီးရင်တော့ ဆိုင်ရဲ့ Secret အချဉ်ရည်စပ်စပ်လေးကို တို့ပြီး တစ်လုပ်လောက် စားကြည့်လိုက်ရုံနဲ့...
"ဝါးစရာတောင်မလိုဘဲ လျှာပေါ်မှာတင် ပျော်ဆင်းသွားမယ့် အရသာ" 🤤

ဝက်အခေါက်သားလေးတွေရဲ့ တင်းတုန်အိစက်မှုရယ်၊ အသားရဲ့ နူးညံ့မှုရယ်၊ ငရုတ်သီးဆော့စ်ရဲ့ အချဉ်ဓာတ်ရယ် ပေါင်းစပ်လိုက်ရင်တော့ ဒါဟာ ဝက်သားကြိုက်သူတွေအတွက်တော့ နတ်သုဒ္ဒါပါပဲ..🥰

နာမည်နဲ့လိုက်အောင် အရသာစွဲမယ့် 'စွဲ' က ဝက်ခြေထောက်စတူးလေးကို မြည်းစမ်းချင်တယ်ဆိုရင်တော့ အခုပဲ ဆိုင်ကိုလှမ်းလာခဲ့တော့နော်..။

⏰ မနက် ၈နာရီခွဲ မှ ည ၉နာရီခွဲအထိ (ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်)
📍 ဆိုင်လိပ်စာ - အမှတ် ၇၊ ဗဟိုလမ်း (အာရှတော်ဝင်မျက်စောင်းထိုး) စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ 09 88150 7700, 09 88150 7711
☎️ 09 88150 7722, 09264 444 202

#စွဲ #အထူးဟင်းလျာများ #စွဲကြေးအိုး #ကြေးအိုးအစုံ #ဝက်စတူး

အပူရှိန်ကလည်းပြင်းတော့ အစားအသောက်လည်းပျက်တတ်တဲ့ဒီလိုနွေရာသီမှာ... စိတ်ကိုရော လူကိုပါ လန်းဆန်းသွားစေမယ့် ဟင်းပွဲကောင်းလေး...
02/05/2026

အပူရှိန်ကလည်းပြင်းတော့ အစားအသောက်လည်းပျက်တတ်တဲ့ဒီလိုနွေရာသီမှာ... စိတ်ကိုရော လူကိုပါ လန်းဆန်းသွားစေမယ့် ဟင်းပွဲကောင်းလေးတစ်ပွဲတော့ လိုအပ်တယ်နော်! 😍

နွေရာသီနဲ့အလိုက်ဖက်ဆုံးဟင်းပွဲတွေထဲက ဘယ်ဟင်းပွဲလေးက ကိုယ့်ခံတွင်းနဲ့လိုက်ဖက်မလဲဆိုတာကို Comment မှာရွေးခဲ့ပါဦး။

✨ ချဉ်၊ စပ်၊ မွှေး အရသာစုံစုံလေးနဲ့ ခံတွင်းကို ဝုန်းခနဲ ပွင့်သွားစေမယ့် သင်္ဘောသီးထောင်းလေးလား…
✨ အချဉ်ဓာတ်ကဲကဲ ဟင်းရည်ပူပူလေးကို သောက်လိုက်ရင် ကိုယ်တွင်းကအပူတွေ အကုန်ထွက်သွားသလို လန်းဆန်းသွားစေမယ့် ခံစားချက်ကိုရမယ့် ပုဇွန်တုံယမ်းဟင်းချိုလေးလား…
✨ ပေါ့ပေါ့ပါးပါး စားချင်သူတွေအတွက် ဆီချက်မွှေးမွှေးလေးကိုမှ အသားလုံးအိအိလေးတွေ၊ အသီးအရွက် လတ်လတ်ဆတ်ဆတ်လေးတွေနဲ့ ကြေးအိုးဆီချက်လေးလား…

ဒါမှမဟုတ် ဒီထဲမှာ မပါတဲ့ ဟင်းပွဲလေးကို ခံတွင်းတောင့်တနေလားဆိုတာကိုပြောပြခဲ့ပါဦး။ နွေရာသီနဲ့အလိုက်ဖက်ဆုံး ဟင်းပွဲတွေ၊ အသုပ်တွေအစုံရတဲ့ “စွဲ”ကိုလှမ်းလာခဲ့ဖို့လည်း မမေ့နဲ့နော်..🥰

#စွဲ #အထူးဟင်းလျာများ #စွဲကြေးအိုး #ကြေးအိုးအစုံ #မာလာကြေးအိုး #သင်္ဘောသီးထောင်း #ပုဇွန်တုံယမ်းဟင်းချို #ကြေးအိုးဆီချက် #နွေရာသီဟင်းလျာများ

"ဟင်းချက်စရာမလိုဘဲ... မျက်နှာပန်းလှလှ ဧည့်ခံလို့ရမယ့် အကျွေးအမွေး" 🥰အလှူပွဲပဲဖြစ်ဖြစ်၊ အခမ်းအနားတစ်ခုခုလုပ်တော့မယ်ဆိုရင်...
01/05/2026

"ဟင်းချက်စရာမလိုဘဲ... မျက်နှာပန်းလှလှ ဧည့်ခံလို့ရမယ့် အကျွေးအမွေး" 🥰

အလှူပွဲပဲဖြစ်ဖြစ်၊ အခမ်းအနားတစ်ခုခုလုပ်တော့မယ်ဆိုရင် "ဘာကျွေးရင်ကောင်းမလဲ၊ ဘယ်သူနဲ့ချက်မလဲ" ဆိုတဲ့ အတွေးနဲ့တင် တော်တော်လေး လူပင်ပန်း၊ စိတ်ပင်ပန်းတတ်ကြတယ်မလား?

အခုဆိုရင်တော့ အချိန်ကုန်ခံ၊ အလုပ်ရှုပ်ခံပြီး ကိုယ်တိုင်ချက်နေစရာမလိုတော့ပါဘူး။ “စွဲ”ရဲ့ Lunch Box လေးတွေရှိရုံနဲ့တင် အစစအရာရာ အဆင်ပြေသွားပြီလို့ မှတ်လိုက်ပါ။ 💁

✨ မိသားစုကို ကျွေးသလို စေတနာအပြည့်နဲ့ချက်ထားတဲ့ မြန်မာထမင်းဟင်းနဲ့ တရုတ်ဟင်းလျာတွေက ဧည့်သည်တွေ စားလိုက်တာနဲ့ "အရသာရှိလိုက်တာ" လို့ ပြောရလောက်အောင်ကို ထိမိနေမှာပါ။
✨ ဈေးဝယ်၊ ဟင်းချက်၊ ပန်းကန်ဆေး... ဒါတွေကို အကုန်ကျော်လိုက်ပါ။ အချိန်ကုန်သက်သာ၊ လူလည်းမပင်ပန်းဘဲ အချိန်မီ အရောက်ပို့ပေးတဲ့ Lunch Box လေးတွေကိုပဲ ကမ်းပေးလိုက်ရုံဆိုတော့ ကိုယ်တိုင်လည်း အမောပြေ၊ ပွဲကိုလည်း စိတ်အေးလက်အေး ဆင်နွှဲနိုင်တာပေါ့။
✨ လက်ရာကောင်းရုံတင်မဟုတ်ဘဲ သန့်ရှင်းမှုနဲ့ အပြင်အဆင်ကအစ သေသပ်သန့်ရှင်းလို့ လူကြီး၊ လူငယ် ဘယ်သူ့ကိုပဲကျွေးကျွေး အာဟာရဖြစ်စေပြီး မျက်နှာပွင့်စေမှာ အသေအချာပါပဲ။

ဘယ်လိုအကျွေးအမွေးပဲဖြစ်ဖြစ် "အရသာရှိရှိ၊ အလုပ်မရှုပ်ဘဲ ဒါနပြုချင်တယ်" ဆိုရင်တော့ “စွဲ”ရဲ့ ဖုန်းနံပါတ်တွေကို အခုပဲ ဆက်သွယ်လိုက်ပါ။ ❤️

⏰ မနက် ၈နာရီခွဲ မှ ည ၉နာရီခွဲအထိ (ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်)
📌 ဆိုင်လိပ်စာ - အမှတ် ၇၊ ဗဟိုလမ်း (အာရှတော်ဝင်မျက်စောင်းထိုး) စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ 09 88150 7700, 09 88150 7711
☎️ 09 88150 7722, 09264 444 202

#စွဲ #အထူးဟင်းလျာများ #စွဲကြေးအိုး #ကြေးအိုးအစုံ #အကျွေးအမွေး

လျှာပေါ်မှာ စွဲကျန်နေမယ့် Singapore Chicken Rice ရဲ့ အရသာ 🤤ကြက်ဆီထမင်းဆိုရင် ရိုးရှင်းတယ်လို့ထင်ကြပေမဲ့ အရသာကတော့ ထူးခြာ...
30/04/2026

လျှာပေါ်မှာ စွဲကျန်နေမယ့် Singapore Chicken Rice ရဲ့ အရသာ 🤤

ကြက်ဆီထမင်းဆိုရင် ရိုးရှင်းတယ်လို့ထင်ကြပေမဲ့ အရသာကတော့ ထူးခြားပြီးဆွဲဆောင်မှုအပြည့်ရှိတာ စားဖူးသူတိုင်းအသိပဲနော် 😋

🍗 ပထမဆုံး တစ်လုပ်မှာတင် လျှာပေါ်မှာ အရည်ပျော်သွားမယ့် အိစက်နေတဲ့ ကြက်သား... အသားနဲ့ အရေခွံကြားက ဂျယ်လီလို Collagen အလွှာလေးက ကြက်သားရဲ့ အရသာကို ပိုပြီးထူးကဲသွားစေပါတယ်။
🍚 ဟော ကြက်ဆီနဲ့ ဂျင်း၊ ကြက်သွန်ဖြူနံ့ သင်းနေတဲ့ ထမင်းပူပူလေးကလည်း ဆန်စေ့တိုင်းမှာ ကြက်ပြုတ်ရည်ရဲ့ အချိုဓာတ်က စိမ့်ဝင်နေတာကြောင့် ဟင်းမလိုဘဲ ထမင်းချည်းပဲ စားရင်တောင် စွဲလမ်းစရာနော်။
🌶️ ဒါတွေအားလုံးကို ထပ်ပြီးအားဖြည့်ပေးတာကတော့ ချဉ်စပ်ငရုတ်သီးဆော့စ် ပါပဲ။ ငရုတ်သီးရဲ့ အစပ်၊ သံပရာရည်ရဲ့ အချဉ်နဲ့ ဂျင်းရဲ့ အနံ့က အအီကို လုံးဝပြေပျောက်သွားပါတယ်။

တစ်လုပ်စားလိုက်တိုင်း အရသာ မျှတနေမှတော့ စင်္ကာပူကြက်ဆီထမင်းဆို စွဲလမ်းကြတာ အထူးအဆန်းမဟုတ်တော့ဘူးနော်။

မစားဖူးလို့ မြည်းစမ်းချင်တာပဲဖြစ်ဖြစ်၊ စားဖူးလို့ ထပ်ပြီးစားချင်တာပဲဖြစ်ဖြစ် “စွဲ”ကိုသာ လှမ်းလာခဲ့ပါ။ 💁

⏰မနက် ၈နာရီခွဲ မှ ည ၉နာရီခွဲအထိ (ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်)
📍 ဆိုင်လိပ်စာ - အမှတ် ၇၊ ဗဟိုလမ်း (အာရှတော်ဝင်မျက်စောင်းထိုး) စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ 09 88150 7700, 09 88150 7711
☎️ 09 88150 7722, 09264 444 202

#စွဲ #အထူးဟင်းလျာများ #စွဲကြေးအိုး #ကြေးအိုးအစုံ #မာလာကြေးအိုး #စင်္ကာပူကြက်ဆီထမင်း #ကြက်ဆီထမင်း

Address

No 7, Baho Road
Yangon
11111

Opening Hours

Monday 08:30 - 21:00
Tuesday 08:30 - 21:00
Wednesday 08:30 - 21:00
Thursday 08:30 - 21:00
Friday 08:30 - 21:00
Saturday 08:30 - 21:00
Sunday 08:30 - 21:00

Telephone

+959881507700

Website

Alerts

Be the first to know and let us send you an email when Swel Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Swel Restaurant:

Shortcuts

Share