Myint Mo - မြင့်မိုရ် သဘာ၀မြေပဲဆီ

  • Home
  • Myanmar
  • Yangon
  • Myint Mo - မြင့်မိုရ် သဘာ၀မြေပဲဆီ

Myint Mo - မြင့်မိုရ် သဘာ၀မြေပဲဆီ Myint Mo - မြင့်မိုရ် Pure Oil Mill
မြေပဲဆီ၊ ဆုံဆီ၊ နေကြာဆီ၊ နှမ်းဆီ လက်လီ/လက်ကား၀ယ်ယူနိုင်ပါသည်။
ဟင်းချက် video များလည်း မျှဝေပေးနေပါတယ်...
0943133259

 #သီးစုံထမင်းပေါင်း✅ ထမင်းကို ခုလို အသီးစုံထည့်ပြီး ချက်စားဖြစ်ပါတယ်... ဆန်ကိုရေဆေး၊ ပဲငန်ပြာရည်အကြည်/အနောက်၊ ခရုဆီ၊ ဆီပ...
25/09/2026

#သီးစုံထမင်းပေါင်း
✅ ထမင်းကို ခုလို အသီးစုံထည့်ပြီး ချက်စားဖြစ်ပါတယ်... ဆန်ကိုရေဆေး၊ ပဲငန်ပြာရည်အကြည်/အနောက်၊ ခရုဆီ၊ ဆီပါးပါးထည့်နယ်.. ပြီးရင် အတုံးသေးသေးလေးတေလှီးထားတဲ့ မုန်လာဥနီ၊ ပြောင်းဖူး၊ ပဲစိမ်လုံး၊ ရှီတာကဲမှို၊ ၀က်အူချောင်း sausage၊ ခရမ်းချဉ်သီးတလုံးထည့် ပုံမှန်ထမင်းချက်သလို ရေထည့်ပြီး ခလုတ်နှိပ် ချက်လိုက်ရင် အရမ်းအရသာရှိပြီး တခါတည်းနဲ့ ထမင်းအသီးအရွက်စုံ ထမင်းတပွဲရပါပီဗျာ...
#ဟင်းချက်တာကတကယ်ကိုပျော်ဖို့ကောင်းပါတယ်

 #အာလူးကတ်သလိတ်   ✅ အဆာသွပ်မထည့်ပဲ ဒီအတိုင်း အာလူးကိုပြုပ်၊ ခြေပြီး နံနံပင်၊ ငရုပ်သီးအနီအချိုတောင့်၊ ပြောင်းကော်မှုန့်ထည...
22/09/2026

#အာလူးကတ်သလိတ်
✅ အဆာသွပ်မထည့်ပဲ ဒီအတိုင်း အာလူးကိုပြုပ်၊ ခြေပြီး နံနံပင်၊ ငရုပ်သီးအနီအချိုတောင့်၊ ပြောင်းကော်မှုန့်ထည့်ပြီး ကြော်ထားတဲ့ အာလူးကတ်သလိတ်... အရသာအတွက်တော့ ဆား၊ သကြား၊ ကြက်သားမှုန့်နဲ့ ငရုပ်ကောင်းမှုန့်ထည့်ထားပါတယ်ဗျ...
#ဟင်းချက်တာကတကယ်ကိုပျော်ဖို့ကောင်းပါတယ်

 #ပဲထမင်း   ✅ ပထမဆုံးလုပ်စားဖြစ်တဲ့ ပဲထမင်း ကို ကြက်သားဟင်းနဲ့ ဒီနေ့နေ့လည်စား စားဖြစ်ပါတယ်... ပဲကို မနေ့ညကတည်းက ရေစိမ်ထာ...
22/09/2026

#ပဲထမင်း
✅ ပထမဆုံးလုပ်စားဖြစ်တဲ့ ပဲထမင်း ကို ကြက်သားဟင်းနဲ့ ဒီနေ့နေ့လည်စား စားဖြစ်ပါတယ်... ပဲကို မနေ့ညကတည်းက ရေစိမ်ထားပါတယ်... ရေစိမ်ထားတဲ့ပဲနဲ့ဆန်ကို အိုးထဲ ထောပတ်၊ ကရဝေးရွက်၊ နှာနတ်ပွင့်၊ သစ်ဂျပိုးကောက်ထည့်ပြီး သုံးမိနစ်ခန့် အနံ့လေးသင်းလာတဲ့အထိလှော်ပါမယ် ပြီးရင်တော့ ထမင်းပေါင်းအိုးထဲထည့် ရေထည့် ဆား၊ သကြားထည့်ပြီး ချက်ပါမယ်... ထမင်းအိုးရေခမ်းချိန်လောက်မှာ ကြက်သွန်နီ၊ သီဟိုဋ်စေ့ နဲ့ စပျစ်သီးခြောက်ထည့်ပေးလိုက်ပါတယ်... သူနဲ့တွဲစားဖို့ ကြက်သားဟင်းပါချက်ထားတော့ အရသာအရမ်းရှိ ပြည့်စုံသော နေ့လည်စာလည်း ရပါကော‌ဗျာ..
#ဟင်းချက်တာကတကယ်ကိုပျော်စရာကောင်းပါတယ်

✅ သမီးအတွက် လုပ်ပေးဖြစ်တဲ့  #ငှက်ပျောသီးပန်ကိတ်... ငှက်ပျောသီးတစ်လုံး၊ ကလေးနို့မှုန့် ၂ ဇွန်း၊ ကြက်ဥတစ်လုံး၊ ကလေးပန်ကိတ်...
21/09/2026

✅ သမီးအတွက် လုပ်ပေးဖြစ်တဲ့ #ငှက်ပျောသီးပန်ကိတ်... ငှက်ပျောသီးတစ်လုံး၊ ကလေးနို့မှုန့် ၂ ဇွန်း၊ ကြက်ဥတစ်လုံး၊ ကလေးပန်ကိတ်ဂျုံ ထမင်းစားဇွန်း ၂ ဇွန်းစာကို ခွက်တခုထဲခလောက်ပြီး အိုးထဲ ဆီပါးပါးလေးသုပ်လိမ်းပြီး ပန်ကိတ်ကြော်ထားပါတယ်... သူ့ကို အပိုင်းသေးသေးလေးတေပိုင်းပေးပြီး ခွက်ထဲထည့် ကိုယ်တိုင်ယူစားစေပါတယ်... အစတော့ ဆော့ကစားနေပေမဲ့ နောက်တော့ ကိုယ်တိုင်လက်နဲ့ယူစားရတာကိုသဘောကျပြီး အကုန်စားပါတယ်... ဒီရက်ပိုင်း အစားငြင်းနေပေမဲ့ ဒီပန်ကိတ်လေးတော့ အကြိုက်ဆွဲတာ်ဗျာ... 🥰😘
#ဖြည့်စွက်စာ

✅ ‌မိတ်ဆွေများ မြေပဲဆီ၊ ဆုံဆီ၊ နေကြာဆီ၊ နှမ်းဆီများ ၀ယ်ယူအားပေးလို့ရပါတယ် ခင်ဗျ... အညာမကွေးဒေသထွက် မြေပဲဆီစစ်စစ်ရောင်းပေ...
21/09/2026

✅ ‌မိတ်ဆွေများ မြေပဲဆီ၊ ဆုံဆီ၊ နေကြာဆီ၊ နှမ်းဆီများ ၀ယ်ယူအားပေးလို့ရပါတယ် ခင်ဗျ... အညာမကွေးဒေသထွက် မြေပဲဆီစစ်စစ်ရောင်းပေးပါတယ်ဗျ... ကိုယ်တိုင်လည်း မြေပဲ၊ နှမ်းစိုက်ပျိုးသလို၊ မိမိကိုယ်တိုင်လည်းစားသုံးနေတာမို့ အရောအနှောဆိုတာ ဘာမှန်းမသိတဲ့ လိပ်ပြာသန့်တဲ့ ဆီရောင်းသမားပါ ခင်ဗျာ... သုံးကြည့်လို့အဆင်မပြေရင် ပစ္စည်းပြန်ယူ၊ ငွေပြန်အမ်းပေးပြီး အာမခံနဲ့ရောင်းပါတယ်... လက်ရှိလည်း ပုံမှန်၀ယ်ယူအားပေးနေတဲ့ ဖောက်သည်မိတ်ဆွေတေအများကြီးပါဗျာ...
လက်ရှိဈေးကို အောက်မှာရေးပြထားပြီး ပွင့်ပွင့်လင်းလင်းပြော ရောင်းပါမယ်ဗျ... အားလုံး ဆီပုံးခွံအပါဈေးတေပါ ခင်ဗျ...
✅ မြေပဲဆီ တစ်ပိဿ ၂၆,၀၀၀ ကျပ်
👉👉👉 ၁၀ ပိဿဈေး ၂၅၅,၀၀၀ ကျပ်
✅ မြေပဲဆုံဆီ တစ်ပိဿ ၂၇,၅၀၀ ကျပ်
👉👉👉 ၁၀ ပိဿဈေး ၂၇၀,၀၀၀ ကျပ်
✅ နေကြာဆီ တစ်ပိဿ ၂၆,၅၀၀ ကျပ်
👉👉👉 ၁၀ ပိဿဈေး ၂၆၀,၀၀၀ ကျပ်
✅ နှမ်းဆီတစ်ပိဿ ၂၅,၀၀၀ ကျပ်
👍👍👍 ငါးပိဿနဲ့အထက် ရန်ကုန်မြို့တွင်းပို့ခအခမဲ့ပါ (မြို့တွင်းမြို့နယ်များသာ)... အိမ်ရောက်ငွေချေပါ ငွေကြိုမလွှဲခိုင်းပါဖူးဗျာ... ⚠️⚠️⚠️ ငွေကြိုလွှဲခိုင်းရင် အလိမ်အညာပါ ကျွန်တော်မဟုတ်ပါ⚠️⚠️⚠️ ငါးပိဿအောက် မြို့နယ်အလိုက် ပို့ခ ရှိပါမယ်... ပို့ရန်ကြာချိန် လမ်းကြောင်းအခြေအနေအရ ၄ ရက်အတွင်း ပို့ပေးပါတယ်...
👍👍👍 ၂၅ကျပ်သား၊ ၅၀သားဗူးများအပြင် တစ်ပိဿ၊ နှစ်ပိဿ၊ သုံးပိဿ၊ ငါးပိဿ၊ ဆယ်ပိဿ ဗူး ဆိုဒ်စုံမှာယူနိုင်ပါတယ်...
🙏🙏🙏 ဝါတွင်းကာလ အလှူအတန်းများအတွက် ၂၅ကျပ်သားဗူး၊ ငါးဆယ်သားဗူးများကိုလည်း အထူးစီစဉ်ပေးပါတယ်ဗျာ...
📱📱📱မှာယူချင်တယ်ဆိုရင်တော့ page messenger ကနေ လိပ်စာ၊ ဖုန်းနံပါတ်ပေးပြီးမှာယူနိုင်သလို ဖုန်း/Viber 0943133259 ကနေ ဆက်သွယ်နိုင်ပါတယ်ဗျာ...

ကျေးဇူးပါဗျာ...

Congratulations Van!!!! 👊👊👊💪💪💪👏👏👏Joshua “The Fearless” Van
20/09/2026

Congratulations Van!!!! 👊👊👊💪💪💪👏👏👏
Joshua “The Fearless” Van

✅ ဒီရက်ပိုင်း ထမင်းကျွေးချိန် အိမ်ကသမီးတော် ဖြစ်နေတဲ့ရုပ်... အစားငြင်း ဂျီကျချက်ကတော့...🥰 ထမင်းစားပွဲပေါ်မထိုင်ချင်ဖူး ထ...
19/09/2026

✅ ဒီရက်ပိုင်း ထမင်းကျွေးချိန် အိမ်ကသမီးတော် ဖြစ်နေတဲ့ရုပ်... အစားငြင်း ဂျီကျချက်ကတော့...🥰 ထမင်းစားပွဲပေါ်မထိုင်ချင်ဖူး ထမင်းကျွေးရင် ခေါင်းရမ်း မကြိုက်တာဆို ပြန်ထွေးထုတ်... ရုပ်ချောတာတော့ အဖေနဲ့တူလို့ဆိုပေမဲ့ ဒီအဖေကတော့ အစားအသောက်မရွေးကြိတ်တာတော့ မတူပြန်ဖူးရယ် 😊😘🥰

 #ဆီချက်ခေါက်ဆွဲ   ✅ မနက်စာအတွက်အိမ်မှာ ခေါက်ဆွဲတထုပ်ရှိတာနဲ့ ဆီချက်တပွဲကို ၁၅မိနစ်အချိန်ပေးလိုက်တာနဲ့ လုပ်စားလို့ရပါတရ်...
19/09/2026

#ဆီချက်ခေါက်ဆွဲ
✅ မနက်စာအတွက်အိမ်မှာ ခေါက်ဆွဲတထုပ်ရှိတာနဲ့ ဆီချက်တပွဲကို ၁၅မိနစ်အချိန်ပေးလိုက်တာနဲ့ လုပ်စားလို့ရပါတရ်... အရင်ဆုံးခေါက်ဆွဲကို ရေပွက်ပွက်ဆူထဲ သုံးမိနစ်ပြုပ် ရေဆေးပြီး ခွက်တခုထဲအအေးခံထားပါ... အိုးထိုးဆီထည့် နနွင်းမှုန့်၊ ကြက်သွန်ဖြူနုတ်နုတ်စဉ်းများများလေးထည့် ဆီသတ် ပြီးရင် မီးခဏပိတ်ပြီး သူ့ထဲကို ပဲငန်ပြာရည်အကြည်/အနောက်၊ ဆား၊ သကြား၊ ငရုပ်ကောင်းမှုန့်ထည့်ပြီး ဆီချက်အနှစ်လုပ်ပါမယ်... ပြီးရင်သူ့ကို ပြုပ်ထားတဲ့ခေါက်ဆွဲပေါ်လောင်းချ နယ်ပေးလိုက်ရင် ဆီ‌ချက်ခေါက်ဆွဲတပွဲရပါပီ... အသားပြင်ထားတာရှိရင် မိမိစိတ်ကြိုက်အသားကြော်နဲ့ရောစားနိုင်သလို ကြက်ဥကြော်၊ sausage တေနဲ့လည်း စားနိုင်ပါတယ်...
#ဟင်းချက်တာကတကယ်ကိုပျော်ဖို့ကောင်းပါတယ်

 #ထောပတ်ထမင်း   ✅ အိမ်မှာပဲ ထမင်းပေါင်းအိုးနဲ့ အလွယ်လုပ်စားဖြစ်တဲ့ ထောပတ်ထမင်း... အိုးထဲထောပတ်များများထည့် အမွှေးအကြိုင်...
19/09/2026

#ထောပတ်ထမင်း
✅ အိမ်မှာပဲ ထမင်းပေါင်းအိုးနဲ့ အလွယ်လုပ်စားဖြစ်တဲ့ ထောပတ်ထမင်း... အိုးထဲထောပတ်များများထည့် အမွှေးအကြိုင်ကြိုက်ရင် သစ်ဂျပိုးကောက်၊ နှာနတ်ပွင့်၊ ပျဉ်းတော်သိမ်ရွက်ထည့် ဆီသတ်ပြီး ဆန်ရေဆေးထည့်ပြီး သုံးမိနစ်ခန့် ကြော်/လှော်ပါမယ်... ပြီးရင်တော့ ထမင်းပေါင်းအိုးထဲပြောင်းထည့် ပုံမှန်ထမင်းချက်သလို ရေထည့် ဆား၊ သကြားထည့်ပြီး ပေါင်းပါမယ်... ပေါင်းနေချိန်မှာပဲ အိုးထဲ ထောပတ်ထည့် မိမိထည့်လိုတဲ့ အသီးအရွက်တေ မုန်လာဥနီ၊ ပြောင်းဖူး၊ ပဲစိမ်းလုံး၊ သီဟိုဋ်စေ့၊ စပျစ်သီးခြောက်တို့ကို သုံးမိနစ်ခန့် ထည့်ကြော်ပါမယ်... ထမင်းပေါင်းအိုးရေခမ်းချိန် ခလုတ်ပြန်မတက်ခင် အဖုံးဖွင့် စောစောကကြော်ထားတဲ့အသီးအရွက်တေထည့် ယောင်းမနဲ့မွှေပေး အဖုံးပြန်ပိတ်ပြီး ထမင်းအိုး ခလုပ်တက် ကျက်တဲ့အထိ ထားပေးလိုက်ရင်တော့ ထောပတ်နံ့သင်းသင်းနဲ့ ထောပတ်ထမင်း ရပါပီဗျာ...
#ဟင်းချက်တာကတကယ်ကိုပျော်ဖို့ကောင်းပါတယ်

15/09/2026

✅ #တုန်းယမ်းထမင်းကြော်

#ထမင်းကြော်
#ဟင်းချက်တာကတကယ်ပျော်ဖို့ကောင်းပါတယ်

Address

Thein Chaung Street, 21 Ward, South Dagon
Yangon

Website

Alerts

Be the first to know and let us send you an email when Myint Mo - မြင့်မိုရ် သဘာ၀မြေပဲဆီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category