PN Publishing House

PN Publishing House စာရေးသူရဲ့ စကားလုံးတွေ စာဖတ်သူတို့ နှလုံးသားထဲ အသက်ဝင်အောင် ဖန်တီးပေးပါရစေ...

“နှလုံးသားတို့ရှိရာကမ္ဘာ- Reader review and appreciation Award စာဖတ်သူအားပေးဆု ဒါမှမဟုတ် စာဖတ်သူတို့ရဲ့နှလုံးသားနဲ့ပြန်လ...
05/09/2026

“နှလုံးသားတို့ရှိရာကမ္ဘာ- Reader review and appreciation Award
စာဖတ်သူအားပေးဆု ဒါမှမဟုတ် စာဖတ်သူတို့ရဲ့နှလုံးသားနဲ့ပြန်လည်ရေးသားပေးတဲ့ review ကို ဂုဏ်ပြုခြင်းဆု"

စာရေးဆရာမ Autumn Maple (ဆောင်းဦးမေပယ်လ်) ရေးသားထားတဲ့ နှလုံးသားတို့ရှိရာ ကမ္ဘာ @ Jewel of The Love, Art & The Nation စာအုပ်လေးကို ဝယ်ယူဖတ်ရှုသူများအတွက် ပြုလုပ်ပေးတဲ့ ဂုဏ်ပြုဆုလေးကို ဆရာမ Autumn Maple က ဒီလိုလေး စီစဉ်ပေးထားပါတယ်။ ဒီဆုလေးတွေ စီစဉ်ရခြင်းက စာဖတ်သူတွေကို အားပေးတဲ့အနေနဲ့ရော စာဖတ်သူတွေရဲ့ နှလုံးသားနဲ့ ခံစားပြီး ပြန်လည်ရေးသားပေးတဲ့ စာအုပ်အပေါ် ထင်မြင်ချက် Review လေးတွေကို လေးစားတဲ့အနေနဲ့ ဂုဏ်ပြုပေးတာပါ။

✅ ဆုတွေအနေနဲ့

၂ သိန်း ၁ ဆု = ၂၀၀,၀၀၀
၁ သိန်း ၂ ဆု = ၂၀၀,၀၀၀
၅ သောင်း ၄ ဆု = ၂၀၀,၀၀၀
၂ သောင်း ၁၀ ဆု = ၂၀၀,၀၀၀
၁ သောင်း ၂၀ ဆု = ၂၀၀,၀၀၀ ကို ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။

(၁) Author’s choice award -
စာရေးသူ ရွေးချယ်တဲ့ ပထမဆု (၂ သိန်းကျပ်)
စာရေးသူ စိတ်ကြိုက် ရွေးချယ်ပေးမယ့် ဆုဖြစ်ပါတယ်ရှင်။

(၂) Publisher Choice Award -
ထုတ်ဝေသူက ရွေးချယ်ပေးတဲ့ ဆု ၂ ဆု ( ၁ သိန်းကျပ် ၂ ဆု)
ထုတ်ဝေသူစိတ်ကြိုက် ရွေးချယ်ပေးမယ့်ဆု ဖြစ်ပါတယ်။ တစ်သိန်းကျပ်နဲ့ ၂ ဆု ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။

(၃) Reader’s Choice -
စာဖတ်သူတွေက ရွေးချယ်ပေးတဲ့ဆု တတိယဆု ၅ သောင်းဆု ၄ ဆု
စာဖတ်သူအချင်းချင်း vote ပေးရွေးချယ်ပေးရမယ့်ဆုပါ။ Vote ပေးရမယ့် Review ပို့စ်တွေကိုတော့ Page မှာပဲ တင်ပေးသွားမှာပါ။

(၄) Review ပေးထားတဲ့မန့်တွေထဲကမှ ရွေးချယ်ပြီး စတုတ္ထဆုအနေနဲ့ ၂ သောင်းဆု ၁၀ ဆု
ဒါကတော့ စာရေးသူနဲ့ ထုတ်ဝေသူတို့စိတ်ကြိုက် ထပ်မံရွေးချယ်ပေးမယ့် ဆုတွေ ဖြစ်ပါတယ်။

(၅) Review ပေးထားတဲ့မန့်တွေထဲကမှ ရွေးချယ်ပြီး ပဉ္စမဆုအနေနဲ့ ၁ သောင်းဆု ဆု ၂၀
ဒါလည်း စာရေးသူနဲ့ ထုတ်ဝေသူတို့စိတ်ကြိုက် ထပ်မံရွေးချယ်ပေးမယ့် ဆုတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးချယ်ခံရတဲ့ စာရေးသူစိတ်ကြိုက်ဆုနဲ့ ထုတ်ဝေသူရွေးချယ်ဆုတွေကို စာအုပ်ကို ဒုတိယအကြိမ်ရိုက်တဲ့အခါမှာ စာမျက်နှာထဲမှာ ထည့်သွင်းဖော်ပြပေးမှာဖြစ်ပါတယ်ရှင်။

✅ ဘယ်လိုပါဝင်ရမလဲ
၁။ ကိုယ်ဝယ်ယူဖတ်ရှုထားတဲ့ စာအုပ်လေးကို ပုံလှလှလေးရိုက်၊
၂။ Review စာ လှလှလေးကို Public နဲ့ တင်ပြီး (ဗီဒီယိုဖြစ်ဖြစ်၊ စာရေးပြီးပဲဖြစ်ဖြစ်၊ TikTok မှာ တင်တင်၊ Facebook မှာ တင်တင်)
၃။ တင်ထားတာလေးကို SS ရိုက်ပြီး အခုပို့စ်ရဲ့ အောက်မှာ တင်ထားတဲ့ Link နဲ့အတူ လာ မန့်ပေးရမှာ ဖြစ်ပါတယ်။
၄။ ဒီ hashtag ( #) လေးတွေနဲ့ ရှာမှာမို့လို့

&TheNation


#နှလုံးသားတို့ရှိရာကမ္ဘာ
ဒါလေးတွေ မဖြစ်မနေ ထည့်ပေးနော်။
၅။ ဒီပို့စ်လေးကို share ပေးဖို့လည်း ပါပါတယ်ရှင်။

✅ ဆုရွေးချယ်မယ့်ရက်
၁ ရက် ၁၀ လ ၂၀၂၆ မှာ ရွေးချယ်ပေးမှာ ဖြစ်ပါတယ်ရှင်။

✅ မှတ်ချက် ။ ။

Good Review ပဲ ဖြစ်စရာမလိုပါ။ ဒီစာအုပ်လေးအပေါ် ဘယ်လိုနားလည်မိလဲ။ စာအုပ်အပေါ် ခံစားမိတဲ့ ခံစားချက်အစစ်အမှန်နဲ့ ကိုယ့်ရဲ့ ခံစားချက်တွေ ပေါင်းစုပြီး Review လှလှလေးတစ်ခု ထွက်လာရင် ရပါပြီ။
စာရေးသူနဲ့ ဘယ်လောက်ထိ ရင်ဘတ်ချင်းထပ်တူကျမလဲဆိုတာကို ထုတ်ဝေသူနဲ့ စာရေးသူ ပူးပေါင်းပြီး ရွေးချယ်ပေးသွားမှာ ဖြစ်တာမို့ Honest Review ပဲ ဖြစ်ရပါမယ်ရှင်။
စာအုပ်ကို ချီးကျူးရေးသားပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိပါ။ ရိုးသားသော သုံးသပ်ချက်၊ ဝေဖန်ချက်များကို လက်ခံပါတယ်။ စာဖတ်သူရဲ့ နက်ရှိုင်းစွာ ဖတ်ရှုနားလည်ခံစားနိုင်မှုနဲ့ ကိုယ်ပိုင်အမြင်ဖော်ပြနိုင်မှုများကို အဓိကထားမှာ ဖြစ်ပါတယ်။


&TheNation


#နှလုံးသားတို့ရှိရာကမ္ဘာ

05/09/2026

နှလုံးသားတို့ရှိရာကမ္ဘာ
စာအုပ် ဝယ်ဖတ်ထားသူတွေအတွက် စုစုပေါင်း ၁၀ သိန်း သုံးထားတဲ့
Lucky Draw
အစီအစဉ်လေး
လာတော့မယ်နော်။
ဘာလေးလဲလို့ ...
Admin တော့ ရင်ခုန် 💗


#နှလုံးသားတို့ရှိရာကမ္ဘာ
#ဂုဏ်ပြုဆု

"ချစ်နေရသမျှ" စာအုပ်လေးကို ဆရာ မောင်ပြည့်(အတွေးအမြင်)မှ လက်မှတ်ရေးထိုးခဲ့ပါတယ်ရှင်။ဆရာ့လက်မှတ်နဲ့ စာအုပ် မှာယူလိုသူများ ...
03/09/2026

"ချစ်နေရသမျှ" စာအုပ်လေးကို ဆရာ မောင်ပြည့်(အတွေးအမြင်)မှ လက်မှတ်ရေးထိုးခဲ့ပါတယ်ရှင်။

ဆရာ့လက်မှတ်နဲ့ စာအုပ် မှာယူလိုသူများ message ပေးပို့မှာယူနိုင်တယ်ရှင်။

#မောင်ပြည့်အတွေးအမြင်

https://www.facebook.com/myanmarsenseinjapan/ဂျပန်က Myanmar' Sense Bookshop မှာ ဆုတို့ PN Publishing House မှ ထွက်ရှိတဲ့...
01/09/2026

https://www.facebook.com/myanmarsenseinjapan/
ဂျပန်က Myanmar' Sense Bookshop မှာ
ဆုတို့ PN Publishing House မှ ထွက်ရှိတဲ့စာအုပ်တွေဖြစ်တဲ့

#စိတ်၏စေရာ ✍️မောင်ပြည့်(အတွေးအမြင်)
#ဘော့စဖိုက ကလေးငယ် ✍️နီနီဦး (ပါရီ-ဆိုဘွန်း)
#မရှိမာနနဲ့ စိတ်ဖြေကြသူများ ✍️မောင်ပြည့်(အတွေးအမြင်)
#ယဉ်ကျေးလိမ္မာ ၃၈ ဖြာ မင်္ဂလာ ✍️ဦးအားရွှေ (အရဟံဓမ္မ မာမက)
#ဆရာဝန်မရှိတဲ့နေရာ ✍️ဒေါက်တာမိုးဇော်အောင်@ဘုန်းသက္က
#အိုမန်ရောက် မြန်မာအိမ်အကူတစ်ယောက်၏ စိတ်ချောက်ချားဖွယ်ရာ ၂ နှစ်တာ ✍️မလေးပျို
#နှလုံးသားတို့ရှိရာကမ္ဘာ ✍️Autumn Maple
#ချစ်နေရသမျှ ✍️မောင်ပြည့်(အတွေးအမြင်)
#မင်္ဂလာအလင်း@၃၈ဖြာမင်္ဂလာ ဆရာဖြစ်လမ်းညွှန် ✍️ဦးအားရွှေ (အရဟံဓမ္မ မာမက) စာအုပ်များကို အော်ဒါတင်မှာယူနိုင်ပြီဖြစ်ပါတယ်ရှင်...

ဝယ်ယူအားပေးသူတိုင်းကို ကျေးဇူးအထူးတင်လျက်

စာဖတ်ခြင်းဖြင့် ဦးနှောက်နှင့်နှလုံးသားကိုပျိုးထောင်နိုင်ပါစေ

📖 “ချစ်နေရသမျှ” — စာအုပ်လေး ထွက်ရှိပါပြီ… ❤️ချစ်ခြင်းတစ်ခုရဲ့ နောက်ကွယ်မှာရှိတဲ့ပျော်ရွှင်မှုတွေ၊ လွမ်းဆွတ်မှုတွေ၊ နာကျင...
01/09/2026

📖 “ချစ်နေရသမျှ” — စာအုပ်လေး ထွက်ရှိပါပြီ… ❤️

ချစ်ခြင်းတစ်ခုရဲ့ နောက်ကွယ်မှာရှိတဲ့
ပျော်ရွှင်မှုတွေ၊ လွမ်းဆွတ်မှုတွေ၊ နာကျင်မှုတွေ၊
မပြောဖြစ်ခဲ့တဲ့ စကားတွေ၊
မလွှတ်ချနိုင်သေးတဲ့ အမှတ်တရတွေကို
စာမျက်နှာတွေပေါ်မှာ ခံစားဖတ်ရှုနိုင်မယ့် စာအုပ်လေးတစ်အုပ်…
ကိုယ်ချစ်ခဲ့ဖူးတဲ့သူတစ်ယောက်အတွက်ဖြစ်စေ၊
ကိုယ်လွမ်းနေဆဲ အမှတ်တရတစ်ခုအတွက်ဖြစ်စေ၊
ဒါမှမဟုတ် ကိုယ့်ရဲ့ချစ်ခြင်းတွေကို ကိုယ်တိုင်ပြန်လည်ခံစားချင်တာဖြစ်စေ…
“ချစ်နေရသမျှ” ဟာ
သင့်အတွက် စာအုပ်တစ်အုပ်ထက်ပိုတဲ့
အမှတ်တရတစ်ခု ဖြစ်လာနိုင်ပါတယ်။ ❤️

“ချစ်နေရသမျှ”
✍️ စာရေးသူ — မောင်ပြည့် (အတွေးအမြင်)
📚 စာမျက်နှာ — ၁၂၀
💰 စာအုပ်တန်ဖိုး — ၁၃,၀၀၀ ကျပ်

စာအုပ်လေးကို မကြာခင်မှာ City Mart ဆိုင်ခွဲများ အပါအဝင် နာမည်ကြီးစာအုပ်ဆိုင်ကြီးများမှာလည်း ဝယ်ယူရရှိနိုင်တော့မှာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ စာအုပ်လေးကို မှာယူချင်သူများအနေနဲ့—
📥 Messenger မှာ “စာအုပ်မှာချင်ပါတယ်” လို့
စာပို့ပြီး အခုပဲ မှာယူနိုင်ပါတယ်။

09456900060
゚viralシ
#ချစ်နေရသမျှ
#မောင်ပြည့်အတွေးအမြင်
#စာအုပ်သစ်

ဆရာမ မို့(သဲကုန်း) ရဲ့ သိင်္ဂါမုန်တိုင်း ကို တိတ်တိတ်လေး သွားကိုင်ကြည့်ခဲ့တယ်ပေါ့။"တစ်ခါတစ်ရံမှာ ကံကောင်းခြင်းတွေဟာ ကံဆိ...
30/08/2026

ဆရာမ မို့(သဲကုန်း) ရဲ့ သိင်္ဂါမုန်တိုင်း ကို တိတ်တိတ်လေး သွားကိုင်ကြည့်ခဲ့တယ်ပေါ့။
"တစ်ခါတစ်ရံမှာ ကံကောင်းခြင်းတွေဟာ ကံဆိုးခြင်းအဖြစ်နဲ့ ဝင်ရောက်လာတတ်တယ်"
#သိင်္ဂါရမုန်တိုင်း

"လောကြီးမှာ ဉာဏ်ကောင်းသူသာလျှင် ကံကောင်းခြင်းများနှင့် ထိုက်တန်သူ ဖြစ်တော့သည်"

တိတ်တိတ်လေး သွားကိုင်ကြည့်ခဲ့တယ် နှင့် သုတရသ စာစုများ

#စာအုပ်မိတ်ဆက်ပွဲအမှတ်တရ ၃၀.၈.၂၀၂၆

#မို့သဲကုန်း

Address

Amphoe Bang Bua Thong, Nonthaburi, Thailand
Yangon
11130

Website

Alerts

Be the first to know and let us send you an email when PN Publishing House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share