Sushi Box

Sushi Box We creat the best sushi in town with fair price.

ဒီနေ့အတွက် Sweet Energy လေး ဖြည့်ဖို့ Brown Sugar Bubble Milk Tea လေး လာသောက်လိုက်ပါဦး 🤎Brown Sugar ရဲ့ စိမ့်စိမ့်မွှေးမ...
14/08/2026

ဒီနေ့အတွက် Sweet Energy လေး ဖြည့်ဖို့ Brown Sugar Bubble Milk Tea လေး လာသောက်လိုက်ပါဦး 🤎
Brown Sugar ရဲ့ စိမ့်စိမ့်မွှေးမွှေး အရသာနဲ့အတူ အိစက်နေတဲ့ Bubble လေးတွေရဲ့ အထိတွေ့က ပင်ပန်းသမျှကို ခဏအတွင်း ပြေပျောက်သွားစေမှာပါ🙆❤️
တစ်ငုံသောက်လိုက်တာနဲ့ စိတ်ရော လူပါ လန်းဆန်းသွားစေမယ့် အရသာမို့လို့ ဒီနေ့ပဲ ဆိုင်မှာ လာသောက်ဖို့ ဒါမှမဟုတ် Delivery ကနေ မှာယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 🧋✨

" ခွက်ထဲက တိမ်တိုက်လေးများ... ✨☁️"တစ်ခါတလေကျရင် မင်မင်တို့စိတ်ရောလူရော ပင်ပန်းနေတဲ့အခါ ခန္ဓာကိုယ်က အချိုဓာတ်နဲ့ အေးမြမှု...
09/08/2026

" ခွက်ထဲက တိမ်တိုက်လေးများ... ✨☁️"

တစ်ခါတလေကျရင် မင်မင်တို့စိတ်ရောလူရော ပင်ပန်းနေတဲ့အခါ ခန္ဓာကိုယ်က အချိုဓာတ်နဲ့ အေးမြမှုကို တောင်းဆိုတတ်ကြတယ်မဟုတ်လား?🤭

ဒါကြောင့်မို့လို့ နို့စိမ့်စိမ့်လေးနဲ့ သဘာဝအသီး အရသာစစ်စစ်တို့ ပေါင်းစပ်ထားတဲ့ Cloud Series လေးကို ဖန်တီးပေးထားပါတယ်🌨️🌨️

အရသာရှိတဲ့ အသီး လေးတွေရဲ့ ချိုချဉ်မွှေး အရသာနဲ့ နွားနို့ရဲ့စိမ့်သက်တဲ့ အရသာ နှစ်ခုပေါင်းစပ်သွားတဲ့အခါ... 🙈

ပါးစပ်ထဲမှာတင် ချိုမြိန်မှုအပြည့်နဲ့ စိတ်ကို ပေါ့ပါးလန်းဆန်းသွားစေမှာပါ
Strawberry Cloud 🍓 – သဘာဝ စတော်ဘယ်ရီသီး ရဲ့ ချိုချဉ် အရသာလေး

Blueberry Cloud 🫐 – ဘလူးဘယ်ရီ သီးရဲ့ မွှေးပျံ့တဲ့ ရသာ

Kiwi Cloud 🥝 – ကီဝီရဲ့ ချဉ်ပြုံးပြုံးနဲ့ လန်းဆန်းစေမယ့် ခံစားချက်

Mango Cloud 🥭 – သရက်သီးဖတ်လေးတွေပါဝင်တဲ့နွေရာသီအငွေ့အသက် ချိုစိမ့်စိမ့်လေး

Choco Cloud 🍫 – ချောကလက် ချိုစိမ့်စိမ့် နှစ်သက်သူတွေအတွက် အကြိုက်

ဒီနေ့အတွက် ကိုယ့်ရဲ့ Mood နဲ့ ကိုက်ညီမယ့် Cloud လေးတစ်ခုကို ရွေးချယ်ပြီး အမောဖြေလိုက်ပါနော် ☁️🥤🤩

"ရိုးရှင်းမှုထဲကနေ ရရှိလာတဲ့ အမြင့်ဆုံးအရသာ  Sushi Box ရဲ့ Signature Coffee" ☕✨ညှို့ဓာတ်တစ်မျိုးပါဝင်နေသလိုမျိုး ပထမဆုံး...
05/08/2026

"ရိုးရှင်းမှုထဲကနေ ရရှိလာတဲ့ အမြင့်ဆုံးအရသာ Sushi Box ရဲ့ Signature Coffee" ☕✨

ညှို့ဓာတ်တစ်မျိုးပါဝင်နေသလိုမျိုး ပထမဆုံးတစ်ငုံမှာတင် လျှာဖျားမှာ စွဲကျန်ရစ်မယ့် Sushi Box Coffee☕

ခါးသက်သက်ကော်ဖီရဲ့ ရင့်ကျက်တဲ့အတိမ်အနက်နဲ့ ထိတွေ့လိုက်တာနဲ့ ငြိတွယ်သွားမယ့် ခံစားချက်ကို ဖန်တီးပေးထားပါတယ် 🙈🙉

တစ်ခြားနေရာတွေမှာ ရှာတွေ့နိုင်မှာမဟုတ်တဲ့ Sushi Box ရဲ့ သီးသန့် Signature Coffee ဖြစ်တာကြောင့် တစ်ငုံသောက်လိုက်တာနဲ့ 'ဒါဟာ Sushi Box ပဲ' ဆိုပြီး ချက်ချင်းသိသာစေမယ့် အရသာပါ😮‍💨💖

ဒီနေ့တော့ ကိုယ့်ကိုယ်ကို အကောင်းစား ကော်ဖီတစ်ခွက်နဲ့ သီးသန့်ဂရုစိုက်ပေးလိုက်ပါ🥰

📍 Sushi Box မှာ လာရောက်မြည်းစမ်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်🤔

🚴‍♂️ မိုးရွာနေလို့ အပြင်မထွက်ချင်ဘူးဆိုရင်လဲ Grab ကနေ Delivery နဲ့ မှာလို့ရပါသေးတယ်🤩

ကဲ အမြန်သာ မှာစားလိုက်နော်🤭

Order
# Gamonepwint Sanyeitnyein

အလုပ်တွေနဲ့ ရှုပ်နေလား? စာမေးပွဲဖိအားတွေ များနေလား?🧐ခဏလောက် Chill လိုက်ဖို့အတွက် ကျွန်တော်တို့ Sushi Box ရဲ့ Crabstick U...
02/08/2026

အလုပ်တွေနဲ့ ရှုပ်နေလား? စာမေးပွဲဖိအားတွေ များနေလား?🧐

ခဏလောက် Chill လိုက်ဖို့အတွက် ကျွန်တော်တို့ Sushi Box ရဲ့ Crabstick Uramaki လေး ရှိတယ်နော် 😎🦀

ဆူရှီထမင်း စိမ့်စိမ့် မွှေးမွှေးလေးအပေါ်မှာ တင်းတင်းရင်းရင်းရှိလှတဲ့ ဂဏန်းအချောင်း (Crabstick)🦀 ရဲ့လတ်ဆတ်တဲ့ အရသာကိုက်လိုက်တိုင်းမှာ ခံတွင်းတွေ့စေမှာ အမှန်ပဲ😋😋

ပါးစပ်ထဲရောက်ရင် ပျော်ဆင်းသွားမယ့် အရသာမျိုးကိုမှ ရှာနေတာဆိုရင်တော့ ဒါလေးက Perfect ဖြစ်စေမှာပါ🫣

Crab stick Uramaki Sushi လေးကို Grab ကနေ order မှာပီးတော့လဲ အိမ်မှာ chill လို့ရပါတယ်နော်🏍️🚴‍♀️

အမြန်သာ Order တင်လိုက်တော့!"🤩🤍


Box
Sanyeitnyein Gamonepwint

မိုးအေးအေးနဲ့ ထိုင်းထိုင်းမှိုင်းမှိုင်း Mood ဖြစ်နေလား?😴💤Sushi Box က အမိုက်စား Fresh ဖြစ်တဲ့ Soda လေးတွေသတိရလိုက်ပါ! 🍹✨...
10/07/2026

မိုးအေးအေးနဲ့ ထိုင်းထိုင်းမှိုင်းမှိုင်း Mood ဖြစ်နေလား?😴💤

Sushi Box က အမိုက်စား Fresh ဖြစ်တဲ့ Soda လေးတွေသတိရလိုက်ပါ! 🍹✨

သာမန် Juice အအေးတွေ သောက်ရတာ ရိုးအီနေပြီဆိုရင်... 🫣

အရသာရော အမြင်ပါ ဆန်းသစ်တဲ့ Fizzy Series တွေကို စမ်းကြည့်ဖို့ အချိန်တန်ပြီနော်🤭

Aesthetic ကျကျ ဓာတ်ဖမ်းချင်သူတွေ..📸💃

ချိုချဉ်စူးရှရှ ကြိုက်သူတွေ… 🤩

တစ်ငုံသောက်လိုက်တိုင်း စိတ်ဖိစီးမှုတွေ အဝေးကို လွင့်ပြယ်သွားချင်တဲ့သူတွေ…😍

အတွက်…🤭

Sushi Box Fizzy Series လေးရှိပါတယ်🥰
အရသာအနေနဲ့
Strawberry Fizzy 🍓
Kiwi Fizzy 🥝
Blueberry Fizzy🫐
Mango Fizzy 🥭
Peach Fizzy 🍑
Passion Fizzy 🍋
ရွေးစရာများစွာရှိပါတယ်နော်🤗

ကဲ ဘယ်အရသာကို အရင်စမ်းမလဲကွန်မန့်မှာ ပြောခဲ့ဦးနော်! 👇

BOX

ကိုယ့်ကိုယ်ကိုယ် Energy ပြန်တင်ဖို့ Coffee အေးအေးလေးတစ်ခွက် လိုနေပြီလား 💆‍♂️☕️ဒီနေ့လို နေ့လယ်ခင်း အလုပ်တွေရှုပ်ပြီး ပင်ပ...
09/07/2026

ကိုယ့်ကိုယ်ကိုယ် Energy ပြန်တင်ဖို့ Coffee အေးအေးလေးတစ်ခွက် လိုနေပြီလား 💆‍♂️☕️

ဒီနေ့လို နေ့လယ်ခင်း အလုပ်တွေရှုပ်ပြီး ပင်ပန်းနေတဲ့အချိန်မှာ စိတ်ကို ချက်ချင်းလန်းဆန်းသွားစေမယ့် Sushi Box ရဲ့ Cold Brew (၂) မျိုးနဲ့ မိတ်ဆက်ပေးပါရစေ🤭🤗

🍯 Honey Cold Brew
ပျားရည်ရဲ့အရသာ မွှေးမွှေးအေးအေးလေးနဲ့ ရင်ထဲကိုစိမ့်ဝင်သွားမယ့် ပုံစံမျိုး 🫠

ကော်ဖီရဲ့ ခါးသက်တဲ့ အရသာကို ပျားရည်ရဲ့ သဘာဝအချိုလေးက ထိန်းပေးထားလို့ သောက်လိုက်တိုင်း စိတ်ကို ကြည်လင်ပြီး Energy ပြန်ပြည့်လာစေမှာပါ😎

🌼Vanilla Cold Brew
Aesthetic ဆန်ဆန် Vibe လေးနဲ့ ကော်ဖီသောက်ရတာ ဝါသနာပါရင်တော့ ဒါလေးကို ရွေးလိုက်ပါ 🤭

Vanilla ရဲ့ ချိုမွှေးမွှေး ရနံ့က ကော်ဖီရဲ့ ခါးသက်မှုကို နူးညံ့သွားစေလို့ တစ်ငုံသောက်တိုင်း စိတ်ကျေနပ်မှုကို အပြည့်အဝ ပေးစွမ်းနိုင်မှာပါ🫠

ညည်းစီစီ နေ့လယ်ခင်းကို အမိုက်စား Cold Brew လေးတစ်ခွက်နဲ့ ဖြတ်သန်းလိုက်ရအောင်အခုပဲ မှာယူလို့ ရနေပြီ နော်🤩

မင်းနဲ့ကိုယ်နဲ့လို Perfect ဖြစ်တဲ့ အတွဲအစပ်🤭မင်မင်တို့ Sushi Box မှာ မင်းနဲ့ကိုယ်နဲ့လိုပဲ Perfect ဖြစ်တဲ့ ပေါင်းစပ်မှုလေ...
21/06/2026

မင်းနဲ့ကိုယ်နဲ့လို Perfect ဖြစ်တဲ့ အတွဲအစပ်🤭

မင်မင်တို့ Sushi Box မှာ မင်းနဲ့ကိုယ်နဲ့လိုပဲ Perfect ဖြစ်တဲ့ ပေါင်းစပ်မှုလေးရှိတာ သိပြီးပြီလား?🫣

Coffee ရဲ့ ခါးသက်သက် အရသာရယ် ☕️
Cocoa ရဲ့ ပြစ်နှစ်တဲ့ Chocolate အရသာရယ်🍫
ပြီးတော့ နွားနို့စစ်စစ်ရဲ့ စိမ့်သက်တဲ့နူးညံ့မှု အနည်းငယ်ရယ်🥛👀✨

ဒီသုံးခုရဲ့ Perfect Balance ဖြစ်နေတဲ့ စွဲမက်ဖွယ်အရသာ ကျွန်တော်တို့ရဲ့ Sushi Box Mocha လေးကအဖြေပါပဲ ✅

Choco နဲ့ Coffee နှစ်ခုလုံးရဲ့ အနှစ်သာရကို တစ်ခွက်တည်းနဲ့ အပြည့်အဝ ခံစားလို့ရမှာဖြစ်တဲ့အပြင် အရသာက အရမ်းလည်းမချို အရမ်းလည်းမခါးဘဲ လျှာပေါ်မှာတင် စွဲကျန်နေမှာအသေချာပါပဲ🫠🫠

ပြောနေတာကြာပါတယ်🤭
မင်မင်တို့ရဲ့ Sushi Box SYN ဆိုင်လေးကို အမြန်လေးလာခဲ့လိုက်နော်🫣😍😍

မိုးရွာရင် ဗိုက်တာတယ်🥺😋မိုးရွာရင် အဝေးကြီးကို ငေးပြီး လွမ်းရမယ်လို့ ဘယ်သူပြောလဲ🙄🌧️မင်မင်ကတော့... မိုးရွာရင် ပိုဗိုက်ဆာတာ...
12/06/2026

မိုးရွာရင် ဗိုက်တာတယ်🥺😋

မိုးရွာရင် အဝေးကြီးကို ငေးပြီး လွမ်းရမယ်လို့ ဘယ်သူပြောလဲ🙄🌧️

မင်မင်ကတော့... မိုးရွာရင် ပိုဗိုက်ဆာတာပဲ သိတယ် 😋🤭

လွမ်းစရာရှိတာ နောက်မှလွမ်း😁

အခုတော့ မင်မင်တို့ Sushi Box က Mini Set လေးအရင်စားလိုက်နော်🤭

မိုးရွာရင် မင်မင့်လိုဗိုက်ဆာတတ်တဲ့ သူတွေအတွက် မိုးရာသီ အထူး Special Promotion အနေနဲ့ Mini Set + Aqua Drink Special Promotion ရှိတယ်နော်😍

မိုးအေးအေးမှာ Sushi လေးတွေကို အရသာရှိရှိ ဝါးစားပြီး လန်းဆန်းစေမယိ့ Aqua Drink လေးနဲ့ သောက်လိုက်... 🫠🫠

ဒါပဲလေ! 🤭

ရိုမန်တစ် ဆန်မနေပါနဲ့ 😁
ဗိုက်ဆာရင် မင်မင်တို့ရဲ့ Sushi Box SYN ဆိုင်လေးမှာအခုပဲ လာစားလိုက်တော့နော်🥰

ဘာနဲ့မှကိုအစားထိုးမရနိုင်ဘူး🫣🫣Sushi Box ဆိုင်က Kimchi Soup  စားကြည့်ပြီးထဲက တခြားဟင်းရည်တွေနဲ့ အစားထိုးကြည့်ပေမယ့်... 🥲🥲...
13/05/2026

ဘာနဲ့မှကိုအစားထိုးမရနိုင်ဘူး🫣🫣

Sushi Box ဆိုင်က Kimchi Soup စားကြည့်ပြီးထဲက တခြားဟင်းရည်တွေနဲ့ အစားထိုးကြည့်ပေမယ့်... 🥲🥲

မရဘူး 🙅‍♂️

Sushi Box ဆိုင်က Kimchi Soup ရဲ့ ချဉ်စပ်စပ် အရသာလေးရယ် ပွက်ပွက်ဆူနေတဲ့ ဟင်းရည်နီနီလေးထဲက ကင်မ်ချီလေးတွေကို ဝါးလိုက်ရတဲ့ ခံစားမှု...🫠🫠🥰

ကဲကဲ
တံတွေးခဏခဏ မြိုမချနေနဲ့တော့ 🤭
ဆိုင်ကိုပဲ အချချက်ချင်း တန်းလာခဲ့လိုက်တော့်ဗျာ😉😉😋😋

Sushi Box SYN
Address : လှည်းတန်း စံရိပ်ငြိမ် ဂမုန်းပွင့် ၄လွှာ


လူတိုင်းမသိသေးတဲ့ "Sushi Box ရဲ့ လျှို့ဝှက်အရသာ🧐🧐မင်မင်တို့ Sushi Box ဆိုင်မှာ လူတိုင်းမသိသေးတဲ့ လျှို့ဝှက်အရသာလေးရှိပါတ...
28/04/2026

လူတိုင်းမသိသေးတဲ့ "Sushi Box ရဲ့ လျှို့ဝှက်အရသာ🧐🧐

မင်မင်တို့ Sushi Box ဆိုင်မှာ လူတိုင်းမသိသေးတဲ့ လျှို့ဝှက်အရသာလေးရှိပါတယ် 😉😉

အဲ့ဒါက ဘာလဲဆိုတော……🫣🫣🫣

"Cheese Coffee Latte” လေးပဲဖြစ်ပါတယ် 😍😍😍

လူတိုင်းက "Coffee" ကို သိကြတယ် ဒါပေမဲ့ "Cheese Coffee Latte" ဆိုတဲ့ မင်မင်တို့ရဲ့ ထူးခြားတဲ့ လျှို့ဝှက်အရသာအသစ်လေးကိုတော့ လူနည်းစုပဲ သိကြတာနော်
🤫

မင်မင်တို့ Sushi Box “Cheese Coffee latte” ရဲ့အရသာဟာ ရိုးရိုး Latte တစ်ခွက်ထက်ထူးခြားပါတယ်🥰

ခါးသက်သက်ကော်ဖီအောက်မှာ ပုန်းကွယ်နေတဲ့ ခပ်စိမ့်စိမ့် Cheese ရဲ့ အလှည့်အပြောင်းဟာ Plot Twist တစ်ခုလိုပါပဲ🧀
ပထမတစ်ငုံမှာ အံ့ဩသွားမယ် …🤩
ဒုတိယတစ်ငုံမှာ စွဲလန်းသွားမယ် …🫠

ဒီ Taste Revolution ထဲမှာ ကာကာလေး တို့ရော ပါဝင်ပြီးပြီလား? 😉😉

Address

Hledan, San Yeik Nyein, Ga Mone Pwint
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Sushi Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share