HtooPa Agarwood Farm

HtooPa Agarwood Farm စိုက်ပျိုးရေး ဗဟုသုတမျှဝေမယ် ခြံထွက်လေးတွေပြမယ်

18/07/2026

အသီးကုန် ကိုင်းရှင်း ထုံးဖြူး နွားချေး ငုံးချေး မြေဩဇာထည့်-အပင်အားပြန်ဖြည့်

#ထူးပ #တိုက်ကြီးခြံ #ယာတောခြံ #ကြက်မောက်သီး #ဒူးရင်း #ခြံထွက် #ကိုင်းရှင်း #ခြံ #မြေဩဇာထည့်

မျိုးစေ့စာအုပ်အကြောင်း . . .Seed Catalogue ပြင်ဦးလွင် လီဆူဓမ္မတက္ကသိုလ်ရဲ့ SLD ဌာနကနေ seed catalogue တခုပြုလုပ်ထားတယ်။ မ...
12/07/2026

မျိုးစေ့စာအုပ်အကြောင်း . . .
Seed Catalogue

ပြင်ဦးလွင် လီဆူဓမ္မတက္ကသိုလ်ရဲ့ SLD ဌာနကနေ seed catalogue တခုပြုလုပ်ထားတယ်။ မျိုးစေ့စာအုပ်တခုက
Family & Village များအတွက်ဘယ်လို အကျိုးရှိစေသလဲ။

Food Security - စားစရာဖူလုံရေး
Seeds Saving - မျိုးစေ့ထိန်းသိမ်းရေး
Climate Resilience - ဥတုပြောင်းလဲ
ခြင်းဒဏ် ခံနိုင်ရည်ရရှိရေး
Barter Systems - မတူခြားနားတဲ့ မျိုးစေ့များ မိသားစု၊ ရပ်ရွာအကြား မျှဝေစိုက်ပျိုးနိုင်ရေးများအတွက်အကျိုးပြုစေပါတယ်။

မိသားစု၊ ရပ်ရွာများမှာ မရှိမဖြစ်စားသုံးလိုတဲ့ သီးပင်စားပင်များကို အမြဲတစေ လက်ဝယ်ထား စိုက်ပျိုးစားနိုင်မယ်။
အာဟာရ၊ ကျန်းမာရေး၊ ရိုးရာယဉ် ကျေးမှုကဏ္ဍတွေကိုပါ ဂရုပြုပြီးသား ဖြစ်သွားစေပါလိမ့်မယ်။

Family and Community Free Education - မိသားစု၊ ရပ်ရွာရှိကလေး လူငယ်များကို ပါဝင်ပြုစု၊ စိုက်ပျိုး၊
ထိန်းသိမ်းစေနိုင်တယ်။ ဒါဟာ 'ပညာရေး' နည်းလမ်းတရပ်လည်းဖြစ်နေပါပြီ။

စိတ်ထက်သန်သူများ download ရယူ လေ့လာဖို့ခွင့်ပြုပေးသော Sustainable Living Department ဒါရိုက်တာဖြစ်သူ 'ဆရာမသောင်းမေရီ' ကိုကျေးဇူးပါ။

အခမဲ့ download ဆွဲယူနိုင်ဖို့ link ပြုလုပ်ပေးသူ အယ်ဒီတာအောင်အောင် (အိပ်မက်သစ်) ကိုလည်းထပ်တူ thank you လို့ဖော်ပြလိုတယ်။

မျိုးစေ့စာအုပ် Catalogue

https://www.mediafire.com/file/ul3pjde6la95sg7/Seed.Catalog.LITSOM_compressed.pdf

အခမဲ့ ရယူလေ့လာလိုက်ပါ။

(Green Memo)

ဒူးရင်းအသား၁၀၀%နဲ့ထိုးထာသောဒူးရင်ယိုပါ
11/07/2026

ဒူးရင်းအသား၁၀၀%နဲ့ထိုးထာသောဒူးရင်ယိုပါ

ခြံတခုတည်တဲ့အခါ ရောင်းတန်းတွေဝင်လာရင် အောင်မြင်မှု့လမ်းစလေးတွေရှိလာတော့ မြင်သူတကာ အားကျတယ် လုပ်ချင်လာတယ် ခြံပိုင်ဖြစ်ချင...
07/07/2026

ခြံတခုတည်တဲ့အခါ ရောင်းတန်းတွေဝင်လာရင် အောင်မြင်မှု့လမ်းစလေးတွေရှိလာတော့ မြင်သူတကာ အားကျတယ် လုပ်ချင်လာတယ် ခြံပိုင်ဖြစ်ချင်လာတယ် အိမ်မက်တွေမက်ကြသူတွေ သူသူက်ုယ်ကိုယ်အများကြီး

စိုက်ပျိုးရေးခြံ လုပ်ချင်စိတ်ပေါက်လာ အဓိက ဒူးရင်းသီးခြံဆို လူအရမ်းစိတ်ဝင်စားကြတယ် အသီးတွေထွက်လာလို့ ရောင်းရင် စျေးကောင်းရတာမြင်ရ စိတ်ကြိုက်စားရမယ်လို့ထင်ကြတော့ အိမ်မက်ကြိးကြီးမက်ကြတယ်

အထူးအားဖြင့် ပိုက်ဆံရှိသူဌေးတွေဆို အထင်ရှားမြင်သာဆုံး။ ဂုဏ် အင်္ဂါပြရုပ် တခုလိုဖြစ်လာတယ်။
ဒူးရင်းခြံပိုင်သူဌေး 😜😜😜

စီးပွါးရေးသမားဖြစ်တဲ့သူ ငွေရှိတော့ ခြံတည်တာတောင် စီးပွါးရေးဆန်ဆန် ဖြတ်လမ်းနည်းလိုက်ကြတယ်

စိုက်ပျိုးရေး သမားငှါးစိုက် မန်နေဂျာခန့် အပင်ဆို အကြီးပင်မြေချတန်းစိုက် အပင်ကြီးမြန် အသီးအပွင့်အားရှိ ေအာင် ဓါတ်မြေဩဇာ အားဆေးမျိုးစုံ အကူညီကို အစွမ်းကုန်အားထား
နောက်တနှစ်ကျော်ဆို အသီးစစမ်းယူ ငွေနဲ့ရင်းစိုက်သူ ပိုများလာတဲ့ခေတ် ဝါသနာသမားတွေနဲ့ မတူဘူး

ဝါသနာပါတဲ့သူတွေဆိုတာက ကိုယ်တိုင်ခြံထဲဆင်းပြီး အပင်တွေနဲ့ အနီးကပ်နေထိုင် ပြုစုပျိုးထောင်ရတာကို သဘောကျတာ

ခြံတခု အပင်စစိုက်တာကအစ အပင်ရှင်သန် ပိုးမကျ အသီးထွက် အသီးအရည်သွေးမှန် အောင် တဆင့်ချင်းမှာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင် ကျော်ဖြတ်ပြီးမှ ရောင်းတန်းဝင်လာတာပါ

အသီးခြံတခြံရဲ့ နောက်ကွယ်က dark side တွေ အမြဲရှိ အဆင့်တိုင်းရှိ အပင်တိုင်းရှိတာပါ။

#တိုက်ကြီးခြံ #ထူးပ #ယာတောခြံ #ခြံထွက်

ခြံထဲက အသီးတွေ လာလာစားပြီး မြည်းစမ်းပေးတဲ့ကောင်လေးတွေလက်ချက်ပေါ့ ဂေဟစနစ်အတွက် အကောင်းအဆိုးကို လက်ခံလိုက်တာ သဘာဝတုန်ခါမှု...
07/07/2026

ခြံထဲက အသီးတွေ လာလာစားပြီး မြည်းစမ်းပေးတဲ့ကောင်လေးတွေလက်ချက်ပေါ့

ဂေဟစနစ်အတွက် အကောင်းအဆိုးကို လက်ခံလိုက်တာ သဘာဝတုန်ခါမှု့ကို မပျက်ဆီးစေရင် လောကကြီးကပိုအေးချမ်းစေပါတယ်

#တိုက်ကြီးခြံ #ထူးပ #ယာတောခြံ #ခြံထွက် #ပိုးသတ်ဆေးလွတ် #ဓါတုဆေးလွတ် #အရင့်မှန် #သဘာဝ #ဂေဟစနစ်

ရှေ့ကပစ်လိုက်တဲ့ဟာတွေမပါ အလုပ်သင်ဝန်ထမ်း ကျမ တယောက်တည်းရဲ့  ဒီ ၂ရက် လက်တွေ့သင်ခန်းစာ    #ထူးပ  #ယာတောခြံ  #တိုက်ကြီးခြံ ...
06/07/2026

ရှေ့ကပစ်လိုက်တဲ့ဟာတွေမပါ အလုပ်သင်ဝန်ထမ်း ကျမ တယောက်တည်းရဲ့ ဒီ ၂ရက် လက်တွေ့သင်ခန်းစာ #ထူးပ #ယာတောခြံ #တိုက်ကြီးခြံ #ခြံထွက် #ရာသီစာ #ဒူးရင်း #ကိုင်းဆက် #မိချောင်းခေါင်း #အရင့်မှန် #နံပါတ်၁ #ပင်ကြွေသီး #လတ်လတ်ဆတ်ဆတ်

ခြံထဲက ဒီတပတ်ခူးသီးတွေပါ အလုံး၃၀ကျော် ရှေ့မှာ သူ့လောက်နီးနီးခူးပြီးခွဲမြည်းခဲ့ပြီတချိုအသီးက မရင့်ပဲခူးတချိုက မမှည့်ပဲခွဲ...
06/07/2026

ခြံထဲက ဒီတပတ်ခူးသီးတွေပါ အလုံး၃၀ကျော်

ရှေ့မှာ သူ့လောက်နီးနီးခူးပြီးခွဲမြည်းခဲ့ပြီ
တချိုအသီးက မရင့်ပဲခူး
တချိုက မမှည့်ပဲခွဲ
တချိုက ရေဝင်
တချို့က ပိုးထိုး
တချို့က နုပြီးမာ

အစုံ အစုံနဲ့ ရက်တွေ ဖြတ်သန်းလာပြီးသင်ခန်းစာစုံ လေ့လာသင်ယူပြီး ကိုယ့်ခြံကအသီး စိတ်ကြိုက်မြည်းပြီး စား

ကောင်းတဲ့အရသာတွေလည်း စားရတာလဲပါ အမြည်းရောင်းပေးတာလဲပါ
နောက်ထပ် အလုံး ၈၀ လောက်ရှိသေးဆိုပဲ

ဒီနှစ်က အမြည်းစားတာနဲ့ အမြည်းရောင်းပေးတာပဲ ဖြစ်ဖို့များမယ်ထင်ပါတယ် မသေချာသေးပါ

ဒီနှစ် သင်ခန်းစာ နောက်နှစ်အတွက် ပြင်ဆင်ချက်ဖြစ်ပြီး ပိုကောင်းတဲ့ ဆားဗစ်နဲ့ပေးမယ်နော်

#ထူးပ #တိုက်ကြီးခြံ #ယာတောခြံ #ခြံထွက် #ရာသီစာ #ဒူးရင်း #ကိုင်းဆက် #နံပါတ်၁ #နံပါတ်၂ #မိချောင်းခေါင်း #လတ်လတ်ဆတ်ဆတ် #မူစံကင်း

နံပါတ် ၁ မျိုး အပင်အမှတ် ၂၃၊ ၁၇တကီလို
06/07/2026

နံပါတ် ၁ မျိုး အပင်အမှတ် ၂၃၊ ၁၇
တကီလို

နံပါတ်၁မျိုး အပင် ၂၃  ၊ ၁၇ အရသာမှန် အမှည့်မှန် တကီလို ရဘို့ မြည်းရတာ တလုံးတမွှာ 😂😂😂
06/07/2026

နံပါတ်၁မျိုး အပင် ၂၃ ၊ ၁၇
အရသာမှန် အမှည့်မှန် တကီလို ရဘို့ မြည်းရတာ တလုံးတမွှာ 😂😂😂

အပင် နံပါတ် ၁၇ နံပါတ်၁ အလုံးကြီး ပင်ကြွေသီးအသားထူ အချိုသီး အရသာကောင်းဒီနေ့ အိမ်လာလည်တဲ့ မန်းလေးက ညီအမဝမ်းကွဲ မထက် ကံထူးသ...
01/07/2026

အပင် နံပါတ် ၁၇
နံပါတ်၁ အလုံးကြီး ပင်ကြွေသီး

အသားထူ အချိုသီး အရသာကောင်း

ဒီနေ့ အိမ်လာလည်တဲ့ မန်းလေးက ညီအမဝမ်းကွဲ မထက် ကံထူးသူမို့ အသီးမှည့် အရသာကောင်းသောအသီးကို အမြည်းစားလိုက်ရတယ်

တကယ်ကောင်းဆိုပဲ ရောင်းဖို့အားရှိသွားတယ် 😊😊😊😊

#ထူးပ #ယာတောခြံ #တိုက်ကြီးခြံ #ခြံထွက် #ရာသီစာ #ဒူးရင်း #ကိုင်းဆက် #လတ်လတ်ဆတ်ဆတ် #အရင့်မှန် #ပင်ကြွေသီး #နံပါတ်၁

Address

Lu Thant Inn, Bagan Lane, Taik Kyi Township
Yangon
11181

Website

Alerts

Be the first to know and let us send you an email when HtooPa Agarwood Farm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category