SHWE LONE Healthy Food with Love

SHWE LONE Healthy Food with Love နေကြာဆီ၊ မှိုအဆိပ်ကင်း ငရုတ်သီး၊ Dashi

ငွေစုခြင်းရဲ့ ကောင်းကျိုး(၅)သွယ်ငွေစုဆိုတဲ့အလုပ်ကတော်တော်ခက်တယ်ပြောရပါမယ်။“ပြတ်တုန်းလပ်တုန်း ၂၃”“လအစမှာတင် လစာကုန်နေပြီ”...
11/07/2023

ငွေစုခြင်းရဲ့ ကောင်းကျိုး(၅)သွယ်

ငွေစုဆိုတဲ့အလုပ်က
တော်တော်ခက်တယ်ပြောရပါမယ်။

“ပြတ်တုန်းလပ်တုန်း ၂၃”
“လအစမှာတင် လစာကုန်နေပြီ”တို့
စသည်ဖြင့် ကြားဖူးကြမှာပါ။

တကယ်တော့
ငွေစုဖြစ်ဖို့က အရေးကြီးပါတယ်။
ဘာကြောင့်လဲဆိုရင်

(၁)ဘဝမှာကြုံလာနိုင်တဲ့
အရေးပေါ်အခိုက်အတန့်တွေကို
ဖြတ်ကျော်န်ိုင်ဖို့
ငွေကြေးလုံလောက်စွာရှိဖို့ လိုပါတယ်။

(၂)ငွေစုတဲ့အကျင့်က
အကြွေးနွံထဲမနစ်အောင်
ကူညီပေးန်ိုင်ပါတယ်။

(၃) စုဆောင်းထားတဲ့
ငွေကြေးအလုံအလောက်ရှိရင်
အသက်ကြီးတဲ့အထိ ပင်ပင်ပန်းပန်း
လုပ်စရာမလိုဘဲ အနားယူနိုင်ပါတယ်။

(၄)ပိုကောင်းတဲ့အနာဂတ် Plan တွေ
အကောင်အထည်ဖော်နိုင်ဖို့က
ငွေကြေးစုဆောင်းနိုင်မှအဆင်ပြေမှာပါ။

(၅)ပျော်ရွှင်မှုတိုင်းကို
ငွေကြေးနဲ့မဝယ်နိုင်ပေမယ့်
ငွေကြေးဖူလုံမှ အပြည့်အဝပျော်နိုင်မှာပါ။

Dana Daily
Money is an energy

04/06/2023

အစားအသောက်ကို ထိတွေ့ကိုင်တွယ် ချက်ပြုတ်ရောင်းချနေသူများအားလုံးသိသင့်တဲ့ Food Safety ပိုင်းဆိုင်ရာ ဗဟုသုတများနဲ့ ဘေးအန္တရာယ်မကင်းတဲ့ အစားအသောက်တွေရဲ့ ကျန်းမာရေးဆိုးကျိုးများကို သိရှိပြီး ဘေးအန္တရာယ်ကင်းတဲ့ အစားအသောက်တွေကို လူတိုင်း ကိုင်တွယ်ချက်ပြုတ်ရောင်းချနိုင်စေဖို့ ဗဟုသုတများစွာကို ကျန်းကျန်းမာမာ by Alinker မှ ဒေါက်တာထူးအောင်မြတ် နှင့် Nandar's Kitchen မှ မနန္ဒာတို့က Sell Safe Eat Safe page မှာ Live လွှင့် ဆွေးနွေးရင်း မျှဝေသွားမှာ ဖြစ်ပါတယ်။

အဆိုပါ Live ဟာ ယခု ဇွန်လ ၇ ရက်နေ့မှာ ကျရောက်မယ့် World Food Safety Day အထိမ်းအမှတ်အနေနဲ့ ပြုလုပ်တဲ့ Special Live တစ်ခုလည်း ဖြစ်တာကြောင့် ဇွန်လ ၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မှာပဲ ည ၇ နာရီ အချိန်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် Food Safety ကို စိတ်ဝင်စားတဲ့သူတွေ အားလုံး အဲ့နေ့လွှင့်မယ့် Live ကို စောင့်မျှော်အားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်✨

#သန့်သန့်ရောင်းသန့်သန့်စား

အရှုံးမပေးဘဲ တောင့်ခံနိုင်လေ အနိုင်ရဖို့သေချာလေပဲတိုးတက်မှုခရီးစဉ်မှာ ပန်းတိုင်ရောက်ဖို့ တွေးမပူနဲ့။ အဓိက အရှုံး‌မပေးဘဲ ...
03/06/2023

အရှုံးမပေးဘဲ တောင့်ခံနိုင်လေ အနိုင်ရဖို့သေချာလေပဲ

တိုးတက်မှုခရီးစဉ်မှာ ပန်းတိုင်ရောက်ဖို့ တွေးမပူနဲ့။

အဓိက အရှုံး‌မပေးဘဲ တောင့်ခံနိုင်ရင်ကို အနိုင်ရဖို့ သေချာနေပြီ။

အမြင့်ရောက်ဖို့ ပေးဆပ်ရမှာတွေ များလွန်းတဲ့အတွက်၊ အများစုက တာထွက်မှာပဲ သွေးပျက်နေကြတယ်။

လူနည်းစုက တစ်နှစ်အထိ တောင့်ခံနိုင်တယ်။ ဒါပေမယ့် ငါးနှစ်ထက် ပိုပြီး ကြိုးဝိုင်းထဲ ဆက်ထိုးနိုင်တဲ့သူ မရှိသလောက်ရှားတယ်။

ကိုယ်သာ ခြောက်လ၊ တစ်နှစ်၊ ငါးနှစ်အထိ လုံးပမ်းနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ နှုတ်ထွက်နိုင်ခြေ နည်းသွားတယ်။

တိုက်ပွဲအဆက်ဆက် အနိုင်နဲ့ပိုင်းပြီးတဲ့အခါ အိပ်မက်တွေ တကယ်ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု ခိုင်မာလာတယ်။

အိပ်မက်တွေ ရုပ်လုံးမပေါ်သေးရင်နေမယ်၊ ဒါပေမယ့် လောကဓံ အတက်အကျတွေ၊ နာကျည်းမှု၊ ခါးသီးမှုတွေ ကျော်ဖြတ်ပြီးချိန်မှာ ကိုယ်က အောင်မြင်မှုနဲ့ ထိုက်တန်သူဆိုတဲ့ သေချာမှု ရှိလာစေတယ်။

လက်ရှိမှာ ကိုယ်လိုချင်တဲ့ အနာဂတ်တွေ အလှမ်းဝေးနေသေးရင် စိတ်မပျက်နဲ့။

သွေးမပျက်ဘဲ ဆက်တိုက်နိုင်သရွေ့ ကိုယ်ဒူပေနာပေခံ၊ ပေးဆပ်ခဲ့သမျှ တစ်နေ့အဓိပ္ပာယ်ရှိလာမယ်ဆိုတာ နှလုံးသွင်းထားဖို့လိုတယ်။

ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။

29/03/2023

ဒီလိုမျိုး မမျှော်လင့်တာလေးတွေဖြစ်လာတော့ မွန်းကြပ်နေရတဲ့အခုလိုကာလမှာ စိတ်ချမ်းသာစရာလေး တစ်ကွက်လောက်ရလာတာပေါ့လေ။

မီးဖိုဆောင်ကထွက်တဲ့ အမှိုက်တွေကို မြေသြဇာပြန်လုပ်ရင်း သူ့အလိုလိုပေါက်လာတဲ့ ငရုတ်ပင်ကနေ ငရုတ်ပွလေးတစ်တောင့် စထွက်လာတော့ ခဏတာ စိတ်အပန်းဖြေစရာပေါ့။


ရွှေလုံးတို့ Page ကနေ Post လေးတွေ မတင်ဖြစ်တာ ကြာသွားပေမယ့် နိုင်ငံရပ်ခြားကို တင်ပို့မယ့် အော်ဒါလေးတွေ သတိတရနဲ့ လာမှာပေးက...
24/03/2023

ရွှေလုံးတို့ Page ကနေ Post လေးတွေ မတင်ဖြစ်တာ ကြာသွားပေမယ့် နိုင်ငံရပ်ခြားကို တင်ပို့မယ့် အော်ဒါလေးတွေ သတိတရနဲ့ လာမှာပေးကြတာ ကျေးဇူးအများကြီးတင်ပါတယ်။
ငွေနှင်းမှိုအစပ်ကြော်လေး နဲ့
ချဉ်ပေါင်ပုစွန်ခြောက် ဘာလချောင်လေးတွေက ကြာကြာအထားခံလို့ နိုင်ငံရပ်ခြားပို့ရတာလည်း အဆင်ပြေကြတယ်ပြောကြလို့ ပီတိလည်း ဖြစ်ရတာပေါ့လေ။
ပိုကောင်းသည်ထက်ကောင်းအောင်ကြိုးစားနေပါဦးမည်။


#ငွေနှင်းမှိုအစပ်ကြော်
#ချဉ်ပေါင်ပုစွန်ခြောက်ဘာလချောင်

19/03/2023

ရဟန်းခံ၊ ရှင်ပြုအလှူနဲ့ သိမ်ဆင်းလောင်းဖို့ ရှိနေတာစိန်သော့ SAIN THORK ရှမ်းဒေသထွက်ကုန် ကနေ နောင်ဟဲင်းတန် လက်ဖက်ခြောက်လေး လက်ဆောင်ရလိုက်တာနဲ့ အတော်ပဲ၊ သိမ်ဆင်းအလှူမှာ ထည့်ဝင်လှူဒါန်းလို့ ရပြီပေါ့၊ ကျေးဇူးအများကြီးတင်ပါတယ် စိန်သော့ရေ၊
ဒီထက်ပိုပြီး များများရောင်းကောင်းပါစေနော်။


#စိန်သော့ရှမ်းပြည်ထွက်ကုန်

နောက်ဖေးလှေကားက ကယန်းငရုတ်သီးလေး စသီးနေပြီဆိုတာ လာကြွားတာပါ။ 🌶🌶🌶😁
18/03/2023

နောက်ဖေးလှေကားက ကယန်းငရုတ်သီးလေး စသီးနေပြီဆိုတာ လာကြွားတာပါ။ 🌶🌶🌶😁


10/03/2023
06/03/2023

ကုလားပဲ ချက်ပြုတ်နည်းများနဲ့ မြန်မာ့ဆေးကျမ်းများလာအကျိုးအာနိသင်

"နိုင်ငံရပ်ခြားကနေတောင်လှမ်းမှာတတ်ကြတယ်""ငွေနှင်းမှိုအစပ်ကြော်"မီးတွေအပျက်များလို့ ဟင်းချက်ဖို့ အဆင်မပြေဖြစ်နေပါသလားသက...
27/12/2022

"နိုင်ငံရပ်ခြားကနေတောင်လှမ်းမှာတတ်ကြတယ်"
"ငွေနှင်းမှိုအစပ်ကြော်"


မီးတွေအပျက်များလို့ ဟင်းချက်ဖို့ အဆင်မပြေဖြစ်နေပါသလား

သက်သက်လွတ် စားရင်း အသားဓာတ် အားနည်းမှာ ထမင်းစားလို့မကောင်းမှာ စိုးရိမ်ပါသလား၊

မှိုကြော်စားချင်ပေမယ့် အကြောတက် သွေးတိုးမှာ စိုးရိမ်ပါသလား၊

ဂျိုးဂျိုးဂျွတ်ဂျွတ် သရေစာလိုစားဖို့ အပြောင်းအလဲ စဉ်းစားနေပါသလား၊

အကြော်အလှော်တွေ စားရင် ဆီမသန့်မှာ၊ အချိုမှုန့်တွေ ပါမှာ စိုးရိမ်ပါသလား

ငရုတ်သီးမှုန့်ကလည်း အရောအနှောကင်းရဲ့လား

အသားဓာတ်နဲ့ အခြားအာဟာရဓာတ် ပါဝင်နှုန်းမြင့်မား

အကြောမတက် သွေးမတိုး

သရေစာအနေနဲ့လည်း လက်ကမချချင်အောင်စားကောင်း

နိုင်ငံတကာအဆင့်မီ နေကြာဆီသန့်စစ်စစ်နဲ့ ဂျပန်ဟင်းရွက်မှုန့်

မှိုအဆိပ်ကင်း ၁၀၀ ရာနှုန်း ငရုတ်သီးမှုန့် အသုံးပြုပြီး

စေတနာ မေတ္တာအပြည့်နဲ့ ပြင်ဆင်ကြော်လှော်ထားတဲ့
SHWE LONE တို့ရဲ့ Signature Product
"ငွေနှင်းမှို အစပ်ကြော်" က
ရွေးချယ်စရာလေးတခုအနေနဲ့ ရှိနေပါတယ်။
စားဖူးတဲ့သူတွေကြိုက်ကြလွန်းလို့ နိုင်ငံရပ်ခြားကနေတောင် လှမ်းမှာတတ်ကြတယ်။
(အစပ်မစားရင် အချိုကြော်ကိုလည်း ကြိုမှာထားလို့ရပါတယ်နော်)
ဈေးနှုန်းကတော့

ငွေနှင်းမှိုအစပ်ကြော် Regular
100 g (PET ဗူး) 3500 ကျပ်

ငွေနှင်းမှိုအစပ်ကြော် Refill
75 g (လေစုပ်အိတ်) 2500 ကျပ်

(ဆီစျေး ၊ ဂတ်စ်စျေးတွေ တက်ပေမယ့်လည်း အမြတ်နည်းနည်းနဲ့ စားသုံးသူများ အဆင်ပြေအောင် မူလအရည်အသွေး မူလစျေးနဲ့ပဲ ရောင်းချပေးသွားပါမယ်။)
အလွယ်တကူ ဖွင့်စားပြီး လေလုံအောင် ပြန်ပိတ်ထားလို့ရတဲ့ ဗူးပုံစံနဲ့ ဆိုတော့ ကြာရှည်လည်း ထားလို့ရပါတယ်။
Page messenger ကနေ မှာလိုက်တော့နော်။

ချစ်သောမိတ်ဆွေများ သာယာချမ်းမြေ့သော Christmas🎄🗓 New Year ကာလလေး ဖြစ်ပါစေကြောင်း SHWE LONE မိသားစုမှ ဆုမွန်ကောင်း တောင်းပ...
25/12/2022

ချစ်သောမိတ်ဆွေများ
သာယာချမ်းမြေ့သော
Christmas🎄
🗓 New Year ကာလလေး ဖြစ်ပါစေကြောင်း SHWE LONE မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။



Address

Aung Thu Kha Street
Yangon
11231

Website

Alerts

Be the first to know and let us send you an email when SHWE LONE Healthy Food with Love posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share