TCT Bird's Nest - Est. 1991 - Premium မြိတ်ငှက်သိုက်

  • Home
  • Myanmar
  • Yangon
  • TCT Bird's Nest - Est. 1991 - Premium မြိတ်ငှက်သိုက်

TCT Bird's Nest - Est. 1991 - Premium မြိတ်ငှက်သိုက် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TCT Bird's Nest - Est. 1991 - Premium မြိတ်ငှက်သိုက်, Health Food Shop, No. 7(A), Parami Road, 7 Ward, Mayangone Township, Yangon.

မြိတ်ကျွန်းစုဒေသရှိ ကိုယ်ပိုင်ငှက်သိုက်အိမ်ထွက် အရည်အသွေးအကောင်းဆုံး သဘာဝမြိတ်ငှက်သိုက်စစ်စစ် 𝐓𝐂𝐓 [𝐒𝐢𝐧𝐜𝐞 𝟏𝟗𝟗𝟏]
❌အရောအနှော၊ အတုအပများနှင့် မြိတ်ကျွန်းစုဒေသထွက်မဟုတ်သော အခြားငှက်သိုက်များ လုံးဝမရောင်းပါ။❌

လူကြီးမိဘတွေကို မဖြစ်မနေ ငှက်သိုက် တိုက်သင့်လား❓📌 အသက်အရွယ် ရလာတာနဲ့အမျှ နေ့စဉ်စားသုံးနေတဲ့ ထမင်းဟင်း အာဟာရဓာတ်တွေနဲ့တင်...
23/09/2026

လူကြီးမိဘတွေကို မဖြစ်မနေ ငှက်သိုက် တိုက်သင့်လား❓

📌 အသက်အရွယ် ရလာတာနဲ့အမျှ နေ့စဉ်စားသုံးနေတဲ့ ထမင်းဟင်း အာဟာရဓာတ်တွေနဲ့တင် မလုံလောက်တော့ပါဘူး။ အရင်လို အများကြီး မစားနိုင်တော့သလို စားလိုက်တဲ့ အာဟာရဓာတ်တွေကိုလည်း ခန္ဓာကိုယ်က ကောင်းကောင်းမစုပ်ယူနိုင်တော့ပါဘူး။ ‼️

ဒါဆိုရင် အသက်အရွယ်ရလာတဲ့ "လူကြီးမိဘတွေအနေနဲ့ သဘာဝအားဖြည့်စာ ငှက်သိုက်ကို တကယ်မဖြစ်မနေသောက်ရမှာလား” ❓

✨ စင်စစ်အားဖြင့်တော့ ငှက်သိုက်ဆိုတာ ပုံမှန် အစားအစာတစ်ခုထက်မကဘဲ ရှေးယခင်ကတည်းက သဘာဝရဲ့ အဖိုးတန် အာဟာရဓာတ်စာအဖြစ် သတ်မှတ်ခဲ့ကြတာပါ။ အထူးသဖြင့် အသက်ကြီးပိုင်းမှာ ကြုံတွေ့ရလေ့ရှိတဲ့ -

📍ခုခံအားကျဆင်းတာနဲ့ မကြာခဏ မအီမသာ ဖြစ်တာ
📍အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း အားနည်းတာ
📍အစားဟင်း မဝင်တော့ဘဲ အားအင်ကုန်ခမ်းလွယ်တာ
📍အိပ်ရေးမဝဘဲ စိတ်ကြည်လင်မှု မရှိတာ

စတဲ့ ပြဿနာတွေကို ငှက်သိုက်မှာပါဝင်တဲ့ Amino Acids နဲ့ သဘာဝသတ္တုဓာတ်တွေက ထိရောက်စွာ ကူညီဖြည့်ဆည်းပေးနိုင်ပါတယ်။✨

ဒါဆို မိဘတွေကို ငှက်သိုက် တကယ်တိုက်သင့်လား? ဘယ်လိုအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်... 👇

✅ အရင်ဦးဆုံး ငှက်သိုက်မှာ ပါဝင်တဲ့ Sialic Acid နဲ့ Glycoprotein တွေက အသက်ကြီးပိုင်းမှာ လျော့နည်းလာတဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်ရှင်..✨

✅ ရှေးတိုင်းရင်းဆေးပညာ သဘောအရကော၊ ခေတ်သစ် လေ့လာဆန်းစစ်ချက်တွေအရပါ ငှက်သိုက်ဟာ အဆုတ်ကို အစိုဓာတ်ပေးပြီး အသက်ရှူလမ်းကြောင်းစနစ်ကို အားကောင်းစေတာကြောင့် အအေးမိ လွယ်သူ၊ ချောင်းဆိုးလွယ်တဲ့ လူကြီးတွေအတွက် တကယ်ဆေးကောင်းတစ်လက်ပါပဲ…✨🫁

✅ အသက်အရွယ်ရလာပြီဆိုရင် အစာအိမ်က တဖြည်းဖြည်းနဲ့ အာဟာရဓာတ် စုပ်ယူနိုင်မှု အားနည်းသွားတတ်ပါတယ်။ ဒါပေမယ့် ငှက်သိုက်ကတော့ အစာချေစနစ်ကိုကောင်းမွန်စေပြီး အလွယ်တကူ စုပ်ယူရလွယ်ကူတဲ့ အာဟာရဓာတ်တွေကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

✅ ပြီးရင် သူ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ် (Amino Acids) တွေကြောင့်လည်း လူကြီးတွေ အိပ်ရေးဝဝ အိပ်ပျော်စေပြီး နိုးလာတဲ့အခါ လန်းဆန်းတက်ကြွစေပါတယ်ရှင်။

📌 ဒါကြောင့် မိဘတွေအတွက် အကောင်းဆုံးနဲ့ အာဟာရပြည့်ဝတဲ့ သဘာဝအားဖြည့်စာကို စဉ်းစားတဲ့အခါမှာ ငှက်သိုက်ကလည်း မပါမဖြစ်ပါပဲရှင်…💗

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝငှက်သိုက်စစ်စစ်တွေကို ရွေးချယ်ဝယ်ယူလိုပါက ဒါမှမဟုတ် ဘယ် Quality ကို ရွေးချယ်ရမှန်း မသိပါက Page Chat Box ကနေ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်နော်... 📥

TCT ကနေ ငှက်သိုက်လေးတွေမှာယူအားပေးပြီး စိတ်ကျေနပ်မှုရှိတယ်ဆိုလို့ အများကြီး ဝမ်းသာရပါတယ်နော်🙌🏻 💕💭 နောက်လိုအပ်ခဲ့ရင်လည်း ...
22/09/2026

TCT ကနေ ငှက်သိုက်လေးတွေမှာယူအားပေးပြီး စိတ်ကျေနပ်မှုရှိတယ်ဆိုလို့ အများကြီး ဝမ်းသာရပါတယ်နော်🙌🏻 💕

💭 နောက်လိုအပ်ခဲ့ရင်လည်း TCT ကို လှမ်းလာဖို့မမေ့ပါနဲ့ဦးရှင်….🙆‍♀️

#ငှက်သိုက်

ငှက်သိုက်ခြောက် ပေါင်းနည်း မသိလို့ စိတ်ပူနေပါသလား?သဘာဝငှက်သိုက်ခြောက်ကို အိမ်မှာပဲ အလွယ်တကူ အဆင့်ဆင့် ပေါင်းသောက်နိုင်ဖိ...
21/09/2026

ငှက်သိုက်ခြောက် ပေါင်းနည်း မသိလို့ စိတ်ပူနေပါသလား?

သဘာဝငှက်သိုက်ခြောက်ကို အိမ်မှာပဲ အလွယ်တကူ အဆင့်ဆင့် ပေါင်းသောက်နိုင်ဖို့ ဗီဒီယိုလေးနဲ့တကွ အသေးစိတ် ရှင်းပြပေးထားပါတယ်နော်... 💗

ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…

https://www.facebook.com/2604144023146238/posts/3632813026945994

အရသာရှိရှိ ပေါင်းသောက်ဖို့အတွက် သဘာဝ မြိတ်ဒေသထွက် ငှက်သိုက်စစ်စစ် ရွေးချယ်စရာ အမျိုးအစား (၇) မျိုးကိုလည်း TCT မှာ လိုသလို စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင်...✨

🛒 ဝယ်ယူရရှိနိုင်တဲ့ ငှက်သိုက်ခြောက်အမျိုးအစားတွေကို စျေးနှုန်းနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်နော်..

✅100 ရာခိုင်နှုန်း သန့်စင်ပြီးသား (အသင့်ပေါင်းသောက်ရုံ)

▫️Quality A ငှက်သိုက် - 75,000/-

✅ 98 ရာခိုင်နှုန်း သန့်စင်ပြီးသား အမျိုးအစားများ

▫️ Quality B ငှက်သိုက် - 70,000/-

▫️ Quality B2 (အကြေစ - ခွက်) - 50,000/-

▫️ Quality B3+ (အကြေစ - အကြီး) - 58,000/-

✅ သဘာဝအတိုင်း မသန့်စင်ရသေးသော အမျိုးအစား

▫️Quality C (အမွေးနည်း) - 49,000/-

📌 TCT မှာ ရရှိနိုင်တဲ့ ငှက်သိုက်ခြောက် Quality အလိုက် အသေးစိတ်အချက်အလက်များကို ပိုမိုကြည့်ရှုချင်ပါက ဒီ Link လေးမှာ ဝင်ကြည့်နိုင်ပါတယ်ရှင်...

https://www.facebook.com/share/p/1BwoYfVwbS/

—————————

TCT မြိတ်ငှက်သိုက်များကို မှာယူလိုပါက -

✔️Messenger: https://m.me/TCTBirdsNest

✔️Website: https://tctmm.com တို့မှတဆင့်

📞 09 428 761 495 (+ Viber available)

📞 09 453 836 195 (+ Viber available) တို့ကို

📍 ရုံးချိန် ၉ နာရီ မှ ၄ နာရီအတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်။ (တနင်္ဂနွေနေ့ နှင့် Public Holiday တိုင်း ရုံးပိတ်ပါသည်။)

𝐓𝐂𝐓 (ရန်ကုန်ရုံး) − ခြံအမှတ် 7(A)၊ ပါရမီလမ်းမ၊ 7 မိုင် (AD မီးပွိုင့်အနီး)၊ မရမ်းကုန်း။

❝ သင် တန်ဖိုးထားရသူတွေရဲ့ ကျန်းမာရေးကို အကောင်းဆုံးဂရုစိုက်ပေးမယ့် မြိတ်ဒေသထွက် သဘာဝဇီဝဇိုးငှက်သိုက်စစ်စစ် 𝐓𝐂𝐓 [𝐒𝐢𝐧𝐜𝐞 𝟏𝟗𝟗𝟏] ❞

📌အပတ်စဥ် Sunday တိုင်း 𝐓𝐂𝐓 ရုံးပိတ်ပါတယ်ရှင်.. ရုံးပိတ်ရက်အတွင်းမှာ စာဖြေသူအမြဲမရှိသဖြင့် Reply နောက်ကျခြင်း၊ ဖုန်းမကိုင...
20/09/2026

📌အပတ်စဥ် Sunday တိုင်း 𝐓𝐂𝐓 ရုံးပိတ်ပါတယ်ရှင်.. ရုံးပိတ်ရက်အတွင်းမှာ စာဖြေသူအမြဲမရှိသဖြင့် Reply နောက်ကျခြင်း၊ ဖုန်းမကိုင်ခြင်းများ ရှိပါတယ်ရှင်။💢

=====

ရုံးပိတ်ရက်အတွင်း အော်ဒါမှာယူလိုပါက −

1️⃣ https://tctmm.com
Website မှတဆင့် ရွေးချယ်မှာယူထားနိုင်သလို

2️⃣ https://m.me/TCTBirdsNest
Messenger ကနေလည်း စာပို့ထားပြီး မှာယူလို့ရပါတယ်ရှင်။ (Admin များမှ အလှည့်ကျ စာပြန်လက်ခံပေးပါမယ်ရှင်)

=====

𝐓𝐂𝐓 မြိတ်ငှက်သိုက်အမျိုးအစားအလိုက် ဈေးနှုန်းများကြည့်ရန် −

https://www.facebook.com/share/p/1BKZgqhG2H/

❝ သင် တန်ဖိုးထားရသူတွေရဲ့ ကျန်းမာရေးကို အကောင်းဆုံးဂရုစိုက်ပေးမယ့် မြိတ်ဒေသထွက် သဘာဝဇီဝဇိုးငှက်သိုက်စစ်စစ် 𝐓𝐂𝐓 [𝐒𝐢𝐧𝐜𝐞 𝟏𝟗𝟗𝟏] ❞

သီတင်းကျွတ်၊ တန်ဆောင်တိုင် စတဲ့အခါသမယကြီးတွေ နီးကပ်လာတိုင်း လူကြီးမိဘတွေကို ကန်တော့ဖို့၊ ချစ်ရသူတွေကို လက်ဆောင်ပေးဖို့နဲ...
19/09/2026

သီတင်းကျွတ်၊ တန်ဆောင်တိုင် စတဲ့အခါသမယကြီးတွေ နီးကပ်လာတိုင်း လူကြီးမိဘတွေကို ကန်တော့ဖို့၊ ချစ်ရသူတွေကို လက်ဆောင်ပေးဖို့နဲ့ ကိုယ်တိုင်သုံးဖို့အတွက်ပါ TCT ကိုပဲ နှစ်စဉ် သတိတရ အားပေးနေကျ Customer အမရဲ့ အော်ဒါလေးကိုထုပ်ပိုးပို့ပေးဖို့ အသင့်ဖြစ်နေပါပြီရှင် 💚

ချစ်ရတဲ့ ဖိုးဖိုး၊ ဖွားဖွား၊ ဖေဖေ၊ မေမေတို့ကို ကျန်းမာရေးလက်ဆောင်ပေးဖို့အတွက် အကောင်းဆုံး သဘာဝမြိတ်ငှက်သိုက်စစ်စစ်တွေကို အာမခံအပြည့်နဲ့ စိတ်ချပြီးမှာယူဖို့👇🏻

𝐓𝐂𝐓 Messenger (https://m.me/TCTBirdsNest) ကိုနှိပ်ပြီး
(ဒါမှမဟုတ်)

☎️ 09 428 761 495, 09 453 836 195 တို့ကို

📍 ရုံးချိန် ၉ နာရီ မှ ၄ နာရီအတွင်း ဆက်သွယ်မေးမြန်း မှာယူနိုင်ပါတယ်။

🚫 တနင်္ဂနွေနေ့တိုင်း ရုံးပိတ်ပါတယ်ရှင်။
𝐓𝐂𝐓 ရုံးလိပ်စာ − ခြံအမှတ် 7(A)၊ ပါရမီလမ်း၊ 7 မိုင် (AD မီးပွိုင့်အနီး)၊ မရမ်းကုန်း။

❝ သင် တန်ဖိုးထားရသူတွေရဲ့ ကျန်းမာရေးကို အကောင်းဆုံးဂရုစိုက်ပေးမယ့် မြိတ်ဒေသထွက် သဘာဝဇီဝဇိုးငှက်သိုက်စစ်စစ် 𝐓𝐂𝐓 [𝐒𝐢𝐧𝐜𝐞 𝟏𝟗𝟗𝟏] ❞

TCT ကနေ ငှက်သိုက်လေးတွေ ဝယ်ယူအားပေးပြီး အခုလို စိတ်ကျေနပ်မှုအပြည့်နဲ့ ပြန်လည်မျှဝေပေးလို့ ကျေးဇူးပါရှင့် 💗🙆‍♀️အရည်အသွေးန...
18/09/2026

TCT ကနေ ငှက်သိုက်လေးတွေ ဝယ်ယူအားပေးပြီး အခုလို စိတ်ကျေနပ်မှုအပြည့်နဲ့ ပြန်လည်မျှဝေပေးလို့ ကျေးဇူးပါရှင့် 💗🙆‍♀️

အရည်အသွေးနဲ့ ဈေးနှုန်းကို အမြဲအကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးထားလို့ အိမ်ကလူကြီး မိဘတွေအတွက်ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်သောက်ဖို့ပဲဖြစ်ဖြစ် TCT မှာ စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်နော်။ ❤️

✨ ငှက်သိုက်စစ်စစ်ရဲ့ အရသာနဲ့ အနံ့က ဘယ်လိုရှိလဲ...❓ ✨✅ ငှက်သိုက်က သဘာဝ ပရိုတင်းဓာတ် အကြွယ်ဝဆုံး အစားအစာတစ်ခုဖြစ်တာမို့ ငှ...
16/09/2026

✨ ငှက်သိုက်စစ်စစ်ရဲ့ အရသာနဲ့ အနံ့က ဘယ်လိုရှိလဲ...❓ ✨

✅ ငှက်သိုက်က သဘာဝ ပရိုတင်းဓာတ် အကြွယ်ဝဆုံး အစားအစာတစ်ခုဖြစ်တာမို့ ငှက်သိုက်စစ်စစ်ကို သန့်စင်တဲ့အခါမှာဖြစ်ဖြစ် ပေါင်းတဲ့အခါမှာဖြစ်ဖြစ် သူ့ရဲ့အနံ့က ကြက်ဥအစိမ်းနံ့ သင်းသင်းလေး ရတတ်ပါတယ်ရှင်။🥚

💢 ငှက်သိုက်စစ်စစ်ရဲ့ အရသာက သဘာဝအတိုင်းဆိုရင် ဘာအရသာမှ ထူးကဲပြီး မရှိပါဘူး။ အဲ့တာကြောင့် အသင့်သောက်ပုလင်းတွေမှာဆိုရင် ကျောက်သကြားနဲ့ သဘာဝအချိုလေးတွေကို ထည့်သွင်းပေါင်းကြတာ ဖြစ်ပါတယ်။🍯

✨ပေါင်းပြီးသား အသင့်သောက်ပုလင်းဖြစ်ဖြစ်၊ အိမ်မှာ ကိုယ်တိုင်ပေါင်းတာဖြစ်ဖြစ် ငှက်သိုက်စစ်ရင် သဘာဝ ညှီနံ့ကတော့ ရကိုရတတ်ပါတယ်နော်…💯

📌 ငှက်သိုက်စစ်စစ် ပါဝင်မှုနှုန်း များလေလေ၊ ပေါင်းပြီးသား အသင့်သောက်ပုလင်းထဲမှာ ငှက်သိုက်ရဲ့ သဘာဝ ပရိုတင်း ညှီနံ့ က ပိုပြီး ရလေလေပါပဲရှင်။

✅ အိမ်မှာ ကိုယ်တိုင်ပေါင်းတဲ့အခါမှာလည်း ညှီနံ့ပျောက်ချင်တယ်ဆိုရင်် ဂျင်းပြားအနည်းငယ်၊ ဂိုဂျီဘယ်ရီစေ့ (Goji berries) ဒါမှမဟုတ် တရုတ်ဆီးသီး အဲ့လိုလေးတွေ ရောပြီးထည့်ပေါင်းပေးရင် အနံ့မွှေးပြီး ညှီနံ့သက်သာစေပါတယ်နော်။ အရသာကတော့ ကိုယ်လိုသလို အချိုကြိုက်ရင် ကျောက်သကြားလေးဖြစ်ဖြစ်၊ ပျားရည်နဲ့ဖြစ်ဖြစ် ထည့်သောက်ကြည့်နော်…✨🍯

အခု စာဖတ်နေတဲ့သူတွေရော ငှက်သိုက်ရဲ့ သဘာဝ ညှီနံ့လေးကို ကြိုက်ကြရဲ့လား …❓

သဘာဝအတိုင်း လတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ ငှက်သိုက်စစ်စစ်တွေကိုလည်း TCT မှာ ဆက်သွယ်မှာယူလို့ရပါတယ်ရှင် ✨

Review ကောင်းကောင်းလေးတွေ မြင်ရရင် အမောတွေအကုန်ပြေ ပျော်ရတာပေါ့နော် 🤭TCT ကနေ အမြဲဝယ်ယူအားပေးပြီး အခုလို စေတနာပါပါနဲ့ fee...
15/09/2026

Review ကောင်းကောင်းလေးတွေ မြင်ရရင် အမောတွေအကုန်ပြေ ပျော်ရတာပေါ့နော် 🤭

TCT ကနေ အမြဲဝယ်ယူအားပေးပြီး အခုလို စေတနာပါပါနဲ့ feedbackလေးတွေပေးကြတဲ့ Customers များအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်…❤️

💢အိမ်တိုင်ရာရောက် စိတ်ချလက်ချ မှာယူရရှိနိုင်မယ့် TCT အသင့်သောက်ငှက်သိုက်ပုလင်းများ 🛒🚛✅TCT အသင့်သောက် ငှက်သိုက်ပေါင်းပုလင...
14/09/2026

💢အိမ်တိုင်ရာရောက် စိတ်ချလက်ချ မှာယူရရှိနိုင်မယ့် TCT အသင့်သောက်ငှက်သိုက်ပုလင်းများ 🛒🚛

✅TCT အသင့်သောက် ငှက်သိုက်ပေါင်းပုလင်းတွေဟာ အချိုဓာတ်၊ တာရှည်ခံဆေးနဲ့ ဓာတုပစ္စည်းတွေ လုံးဝမပါဝင်ဘဲနဲ့ အိမ်မှာကိုယ်တိုင်ပေါင်းထားသလိုမျိုး လတ်လတ်ဆတ်ဆတ်ပေါင်းထားတဲ့ ပုလင်းတွေဖြစ်ပါတယ်။

📌 တာရှည်ခံဆေး လုံးဝ (လုံးဝ) မသုံးထားတဲ့ Homemade Quality မြိတ်ငှက်သိုက်ပေါင်းစစ်စစ်တွေဖြစ်လို့ “ရန်ကုန်မြို့တွင်းသာ” ပို့ဆောင်ပေးပါတယ်နော်…✨

✔️ အသင့်သောက် ငှက်သိုက်ပုလင်းတွေမှာ Quality A ငှက်သိုက် အမျိုးအစား တစ်ခုတည်းကို သုံးထားတာကြောင့် သန့်ရှင်းလတ်ဆတ်မှုနဲ့ အာဟာရဓာတ်တွေလည်း အပြည့်အဝရရှိစေမှာပါ။✨

✔️ ငှက်သိုက်ပေါင်းတဲ့အခါမှာလည်း သဘာဝငှက်သိုက်ရဲ့ ကျန်းမာရေးအာနိသင်တွေ မဆုံးရှုံးစေဖို့အတွက် နှစ်ထပ်ကြွေအိုး၊ ကြွေခွက်နဲ့ ကြွေဇွန်း တွေကိုသာ သုံးထားပါတယ်ရှင်။✨

✔️ ဖန်ပုလင်းတွေကိုလည်း အဆင့်ဆင့် ပိုးသတ်ထားတာကြောင့် ရာနှုန်းပြည့် သန့်ရှင်းလတ်ဆတ်မှုကို ၁၀၀% အာမခံပါတယ်။ 💯

✅ ဒါ့အပြင် မှာယူပြီးမှသာ လတ်လတ်ဆတ်ဆတ် ပေါင်းပေးတာဖြစ်လို့ လတ်ဆတ်မှုနဲ့ အာဟာရဓာတ်တွေကတော့ အပြည့်အဝပါပဲနော်…😉

📌 ငှက်သိုက်အသင့်ပေါင်းလေးတွေက လူတိုင်းသောက်သုံးလို့ရတယ်ဆိုပေမယ့် ရောဂါအခံရှိသူများကတော့ ငှက်သိုက်နဲ့မတည့်တာမျိုးမဖြစ်အောင် သက်ဆိုင်ရာဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သုံးစေချင်ပါတယ်ရှင်။

——————

📌 420ml ပုလင်းကြီး ၁ပုလင်း - 70,000

✅၂ ပုလင်းကစ ရန်ကုန်မြို့တွင်း 𝐅𝐫𝐞𝐞 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲

🛒 မှာယူလိုပါက-

👉🏻 Messenger: https://m.me/TCTBirdsNest

👉🏻 Website: တို့https://tctmm.com မှတဆင့်

📞 09 428 761 495 (+ Viber available)

📞 09 453 836 195 (+ Viber available) တို့ကို

📍 ရုံးချိန် ၉ နာရီ မှ ၄ နာရီအတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်။ (တနင်္ဂနွေနေ့ နှင့် Public Holiday တိုင်း ရုံးပိတ်ပါသည်။)

𝐓𝐂𝐓 (ရန်ကုန်ရုံး) − ခြံအမှတ် 7(A)၊ ပါရမီလမ်းမ၊ 7 မိုင် (AD မီးပွိုင့်အနီး)၊ မရမ်းကုန်း။

❝ သင် တန်ဖိုးထားရသူတွေရဲ့ ကျန်းမာရေးကို အကောင်းဆုံးဂရုစိုက်ပေးမယ့် မြိတ်ဒေသထွက် သဘာဝဇီဝဇိုးငှက်သိုက်စစ်စစ် 𝐓𝐂𝐓 [𝐒𝐢𝐧𝐜𝐞 𝟏𝟗𝟗𝟏] ❞

Address

No. 7(A), Parami Road, 7 Ward, Mayangone Township
Yangon
11061

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00

Telephone

+959428761495

Alerts

Be the first to know and let us send you an email when TCT Bird's Nest - Est. 1991 - Premium မြိတ်ငှက်သိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TCT Bird's Nest - Est. 1991 - Premium မြိတ်ငှက်သိုက်:

Shortcuts

Share