Tinny's Tiny World

Tinny's Tiny World Welcome from Tinny's Tiny World ��

✨ Welcome from Tinny's Tiny World ✨Hello, Tinny ပါ။ဒီ page လေးကို ဖွင့်ထားတာတော့ ကြာပြီ။ သိသလောက်လေးတွေ တတ်သလောက် မှတ်သလ...
14/11/2025

✨ Welcome from Tinny's Tiny World ✨

Hello, Tinny ပါ။
ဒီ page လေးကို ဖွင့်ထားတာတော့ ကြာပြီ။ သိသလောက်လေးတွေ တတ်သလောက် မှတ်သလောက် အသုံးဝင်တာလေးတွေ sharing လုပ်မယ် ဆိုပြီး ဖွင့်ထားခဲ့ပြီးတော့ တစ်ခါမှ post မတင်ဖူးသေးပါဘူး။

အခုကတော့ မနေနိုင်လွန်းလို့ Tinny ရဲ့ Tiny World လေးထဲကို ဝင်ရောက်လာတဲ့ ဂြိုဟ်သားကောင်တွေကို ပြောပြချင်လွန်းလို့ပါ။

အဲ့ဒီဂြိုလ်သားကောင်တွေကတော့ Lilly In The Valley ကနေ ထုတ်ထားတဲ့ Hair Growth Tonic နဲ့ Hair Growth Oil ဆိုတဲ့ နှစ်ခုပါ။

Tinny က ဆံပင် တအားကျွတ်သလို အဆီလဲပြန်ပါတယ်။ ဒီနေ့ခေါင်းလျှော် နောက်နေ့ စီးကပ်တဲ့သူမျိုးပါ။
အခုတော့ ဒီဂြိုလ်သားကောင်တွေနဲ့ တွေ့ပြီး ဆံပင်ကျွတ်တာလဲ တော်တော်လေးနည်းလာသလို အဆီပြန်တာလဲ သိသိသာသာလျော့လာပါတယ်။
အရင်က ဒီနေ့ခေါင်းလျှော် နောက်နေ့စီးကပ်တဲ့သူက အခုဆို ၂ ရက် ၃ ရက်လောက်အထိကို ဆံပင်လေးက သွက်နေတုံးပဲ။
အကြိုက်ဆုံးကတော့ Baby hair လေးတွေ ပေါက်လာတာပါ။
သုံးလာတာ မှတ်မှတ်ရရ တစ်လလောက်ရှိပါပြီ။
တစ်လနဲ့ ဒီလို Result ရတာကို အရမ်းသဘောကျလွန်းလို့ sharing လုပ်လိုက်ရခြင်း ဖြစ်ပါတယ်။

⛔ No sponsor post ပါ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သုံးပြီး ကြိုက်လွန်းလို့ sharing လုပ်ပေးတာပါ။
အောက်မှာ သူ့ရဲ့ Page လေး ထည့်ပေးထားပါတယ်။

https://www.facebook.com/share/1BcVZwhxdP/

Tiny Tinny ✨



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Tinny's Tiny World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category