K&K Pure Milk Product

K&K Pure Milk Product K&K is the best pure milk product. Please come to messenger or directly call to
Thanks. Have a nice day.

Singapore သို့ပို့ဆောင်ပေးခဲ့ပါတယ်
22/08/2026

Singapore သို့ပို့ဆောင်ပေးခဲ့ပါတယ်

ဒီနေ့တော့မထင်မှတ်ပဲ ဇီဝိတဒါန ကာလဒါန အလှူလေးအတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်....အိမ်မှာ ကိုယ်မမွေးဘဲ ကိုယ့်ခြံထဲလာလာအ...
04/06/2026

ဒီနေ့တော့မထင်မှတ်ပဲ ဇီဝိတဒါန ကာလဒါန အလှူလေးအတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်....အိမ်မှာ ကိုယ်မမွေးဘဲ ကိုယ့်ခြံထဲလာလာအိပ်နေတဲ့အာဝုတစ်ကောင် ကိုယ်ကသနားလို့ထမင်းကျွေး အိပ်စရာနေရာသေချာခင်းပေး ရေသေချာတိုက်ပေးထားတာ...တရိစ္ဆာန်ပေမဲ့ တချို့လူတွေထက် သူ့စိတ်ဓာတ်က လေးစားဖို့ကောင်းတယ်...ကိုယ်ကျွေးထားတဲ့ ထမင်းကို တခြားခွေးလာလုစားလဲ ထိုင်ကြည့် ငှက်တေကျီးကန်းတေလာစားလဲထိုင်ကြည့်နေတာ...
သူထမင်းဆာပြီဆိုအိမ်ရှေ့တံခါးရှေ့တည့်တည့် လာနေတယ်...ဒီရက်ပိုင်း ခြေထောက်မှာ အနာဖြစ်နေတော့နေမကောင်းဘူးထင်ပါတယ်..ထမင်းလဲ သိပ်မစား တော့ဘူး သူသေရင်ကိုယ်တွေဒုက္ခရောက်မှာစိုးလို့ အိမ်ထဲ ကိုမဝင်တော့ဘူး...
ဒီနေ့မနက် သူလမ်းဆောင်မလျှောက်နိုင်တော့ဘူး ကိုယ်တေကသေတော့မယ်ထင်ပြီး ပရဟိတဆရာမဆီဖုန်းဆက်ပြီးလာကြည့်ခိုင်းတော့ သူ့အနာကမတွေ့တော့ဘူး အားမရှိလို့သူခေါ်သွားပြိးဆေးသွင်းပြီးပြန်ပို့မယ်တဲ့ ခုတော့ဆရာမကဖုန်းဆက်တယ် သားအိမ်ပြည်တည်နာဖြစ်တာ ခွဲထုတ်ရမယ်တဲ့... 50 50ပဲဆို တော့ဘဂကူးရင်လဲကောင်းကောင်းပဲသွားရတော့မယ်ပေါ့သူ့ကံတရားရှိသလောက်ပေါ့....
ကိုယ်လဲသူ့အတွက်လိုတဲ့ဆေးဖိုးအတွက်တတ်နိုင်သလောက်လေးလှူရင်းပေါ့...

မြန်မာ့နှစ်သစ်မှစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး  စီးပွား ဥစ္စာ ဒီရေအလားတိုးတက်ကြပါစေလို့ K&K မိသားစုမှဆုမွန်ကောင်းတော...
17/04/2026

မြန်မာ့နှစ်သစ်မှစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွား ဥစ္စာ ဒီရေအလားတိုးတက်ကြပါစေလို့ K&K မိသားစုမှဆုမွန်ကောင်းတောင်းပေးပါတယ်...
Photo crd..

14/04/2026

💦🌼 Happy Thingyan Festival 💦🌼
K&K Pure Milk မှ
မိတ်ဟောင်းမိတ်သစ်များအားလုံး
နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🌸🥛
သင်္ကြန်မှာလည်း
K&K Pure Milk နဲ့အတူ
အေးချမ်းသာယာသော အချိန်များ ပိုင်ဆိုင်နိုင်ကြပါစေ။ 💙

ပျော်သလားဟေ့မောင်တို့ရေ.....ပျော်တယ်ဟေ့ပျော်တယ်ဟေ့....ဒီနေ့က စုံရက်ဆိုတော့ အပြင်ထွက် ဆီတန်းစီရတာပေါ့.....လူတစ်စုသာ ခံစား...
28/03/2026

ပျော်သလားဟေ့မောင်တို့ရေ.....
ပျော်တယ်ဟေ့ပျော်တယ်ဟေ့....
ဒီနေ့က စုံရက်ဆိုတော့ အပြင်ထွက် ဆီတန်းစီရတာပေါ့.....
လူတစ်စုသာ ခံစားခွင့်ရတဲ့သုခ ဝေဒ နာ လေးပေါ့....
ဆီစျေးက ၅၀၀၀ပြည့်ဖို့ ၂၅ကျပ်လိုလို့လမသိဘူး တန်းစီ တာတေကဆီဆိုင်ကို ဝလုံးပတ် ၂ပတ်လောက်ရှိတယ်...ခါတိုင်းကိုယ်တေဆီတဲ့ဆိုင်တောင်ဒီနေ့ တန်းအရမ်းရှည်...U Kyawလဲသူများကားတွန်းပေးရတယ်လေ.😊😊
Picnic နေ့လေးပေါ့
ချစ်တို့တေသတိရတယ်ဆိုလို့ပါ....

🌙 စိတ်ဝိညာဉ်ကို ပြန်လည်ပြုပြင်ခြင်းနှင့် အီးဒ်၏ ဘဝသစ်အစ ✨​အီးဒ် (Eid) ဆိုသည်မှာ ပြက္ခဒိန်ထဲက နေ့ရက်တစ်ခုထက်မကဘဲ လူသားတစ်...
21/03/2026

🌙 စိတ်ဝိညာဉ်ကို ပြန်လည်ပြုပြင်ခြင်းနှင့် အီးဒ်၏ ဘဝသစ်အစ ✨

​အီးဒ် (Eid) ဆိုသည်မှာ ပြက္ခဒိန်ထဲက နေ့ရက်တစ်ခုထက်မကဘဲ လူသားတစ်ယောက်၏ စိတ်ဝိညာဉ်ကို တစ်နှစ်စာအတွက် ပြန်လည်ပြုပြင်ထိန်းသိမ်း (Maintenance) ပြီး ဘဝသစ်ကို စတင်သည့် မှတ်တိုင်တစ်ခု ဖြစ်ပါသည်။ 🕌🤍

​🍽️ ၁။ အစာအာဟာရနှင့် လောကီအာရုံကို ထိန်းချုပ်ခြင်း (The Discipline)

လွန်ခဲ့သော ရက်ပေါင်း ၃၀ အတွင်း ကျွန်ုပ်တို့သည် အစာအာဟာရနှင့် လောကီအာရုံများကို အသိစိတ်ဖြင့် ထိန်းချုပ်ခဲ့ကြသည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ဆန္ဒများကို အနိုင်ယူကာ အတွင်းစိတ် (Nafs) ကို ယဉ်ပါးအောင် လေ့ကျင့်ပေးခြင်း ဖြစ်သည်။
🧘‍♂️ မိမိ၏ လိုအင်ဆန္ဒများကို ထိန်းချုပ်နိုင်စွမ်းရှိသူသည်သာ ဘဝ၏ ခက်ခဲသော စိန်ခေါ်မှုများကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်မည် ဖြစ်သည်။ ဤထိန်းသိမ်းမှုသည် ကျွန်ုပ်တို့အား ရုပ်ဝတ္ထုနောက်သို့ အမောတကော လိုက်နေခြင်းမှ ခေတ္တရပ်တန့်စေပြီး ဘဝ၏ အစစ်မှန်ဆုံးသော တန်ဖိုးများကို မြင်တွေ့စေပါသည်။ 💎

​🤝 ၂။ သည်းခံခြင်းနှင့် ကိုယ်ချင်းစာတရား (The Core Values)

ဝါကပ်ခြင်းမှ ရရှိလာသည့် အကြီးမားဆုံးသော လက်ဆောင်မှာ သည်းခံခြင်း (Sabr) ဖြစ်သည်။ ⏳ ဆာလောင်မှုကို စောင့်ထိန်း
ခြင်းမှတစ်ဆင့် ကျွန်ုပ်တို့သည် မပြည့်စုံသူများ၏ ဘဝကို နားလည်လာကြသည်။ ဤ ကိုယ်ချင်းစာတရား (Empathy) သည် လူသားချင်းစာနာမှုကို ဖြစ်ပေါ်စေပြီး အတ္တများကို အရည်ပျော်စေပါသည်။ ❤️

စီးပွားရေးလောကတွင်ဖြစ်စေ၊ လူမှုရေးလောကတွင်ဖြစ်စေ ဤသည်းခံခြင်းနှင့် ကိုယ်ချင်းစာတရား ရှိခြင်းသည် အောင်မြင်မှုအတွက် အကောင်းဆုံးသော အရင်းအနှီးပင် ဖြစ်ပါသည်။ 🌱

​🕊️ ၃။ ရန်ငြိုးများကို ခွင့်လွှတ်ခြင်းနှင့် နှလုံးသားကို ဆေးကြောခြင်း
အီးဒ်၏ အလှဆုံးသော ပုံရိပ်မှာ ရန်ငြိုးဟောင်းများကို မေ့ပျောက်ကာ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်နှုတ်ဆက်ကြခြင်း ဖြစ်သည်။ 🤗 နှလုံးသားထဲတွင် ကိန်းအောင်းနေသည့် အာဃာတနှင့် ရန်ငြိုးများသည် ကျွန်ုပ်တို့၏ စိတ်ကို ညစ်နွမ်းစေသော "ဖုန်မှုန့်" များ ဖြစ်ပါသည်။ ဤအီးဒ်နေ့တွင် ထိုရန်ငြိုးများကို ခွင့်လွှတ်ခြင်း (Forgiveness) ဖြင့် ဆေးကြောလိုက်ခြင်းက စိတ်ဝိညာဉ်ကို အသစ်တစ်ဖန် ပြန်လည်ရှင်သန်စေပါသည်။ ✨ ချစ်ခင်ရသူများကို ပွေ့ဖက်ခြင်းသည် မေတ္တာဓာတ်ကို ကူးစက်စေပြီး လူသားထုတစ်ရပ်လုံး၏ စည်းလုံးမှုကို ခိုင်မာစေပါသည်။ 🌍

​🪞 ၄။ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းနှင့် ဘဝသစ်စတင်ခြင်း
ယနေ့သည် အတိတ်က အမှားများကို သင်ခန်းစာယူကာ အနာဂတ်အတွက် ပန်းတိုင်သစ်များ ချမှတ်ရမည့်နေ့ ဖြစ်သည်။ 🎯 မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း (Self-reflection) မှတစ်ဆင့် ပိုမိုကောင်းမွန်သော လူသားတစ်ယောက်အဖြစ် ပြောင်းလဲရန် သန္နိဋ္ဌာန်ချခြင်းသည် အစစ်မှန်ဆုံးသော အီးဒ်၏ အောင်ပွဲပင် ဖြစ်ပါသည်။ 🏆 ဤသည်မှာ "ဘဝဟောင်း" မှ "ဘဝသစ်" သို့ ကူးပြောင်းသည့် ဝိညာဉ်ရေးရာ အောင်ပွဲတစ်ခုလည်း ဖြစ်ပါသည်။

မူလရေးသူကို crd ပေးပါတယ်....

🗯🗯 K&K ရဲ့ New Menu update price လေးပါ.....🍥🍥 နံမလိုင် (မလိုင် ၂၀၀g+နို့ ၅၀g) 250g-10000🍥🍥 ရှယ်မလိုင်(အဖတ်သီးသန့် ၃၀၀g) ...
16/03/2026

🗯🗯 K&K ရဲ့ New Menu update price လေးပါ.....

🍥🍥 နံမလိုင် (မလိုင် ၂၀၀g+နို့ ၅၀g) 250g-10000
🍥🍥 ရှယ်မလိုင်(အဖတ်သီးသန့် ၃၀၀g) 15000
🍥🍥 ဒူးရင်းမလိုင် 250g-20000
🍓🍥 စတော်ဘယ်ရီ မလိုင် 250g-20000
🍥🍥 rasmalai မလိုင်လုံးနို့စိမ် 15000

🥃🥃 ထန်းလျက်ဒိန်ချဥ် -4500
🥃🥃 သကြားဒိန်ချဥ် -4500
🍓🥃 စတော်ဘယ်ရီ ဒိန်ချဥ် -5000
🥑🥃 ထောပတ်သီးဒိန်ချဥ် -5000
🥭🥃 စိန်သရက်ဒိန်ချဥ် -5000
🥃🥃 ဒိန်ချဥ် အလွတ် -5000

🍥🍥 နို့ခဲ 150g-6000
🥛🥛 နို့ (1liter)-6000
☕☕ စီလုံတီး -5000
🌯🌯 နံပြား ၄ ချပ်-5000

တချို့လူတေကတော့ခုချိန် သူတို့မှာကားမရှိတော့ကိုယ့်အဖြစ်ကိုကြားပြီးအရမ်းပျော်နေမှာမြင်ယောင်မိ...စိတ်ကောင်းကောင်းလေးသာထား အ...
04/03/2026

တချို့လူတေကတော့ခုချိန် သူတို့မှာကားမရှိတော့ကိုယ့်အဖြစ်ကိုကြားပြီးအရမ်းပျော်နေမှာမြင်ယောင်မိ...စိတ်ကောင်းကောင်းလေးသာထား အားလုံးအဆင်ပြေသွားလိမ့်မယ် ကိုယ်လာတဲ့လမ်းကဆီဆိုင် တွေမှာ တန်းစီတာတော်တော်ရှည်တယ် ကိုယ့်အတွက်ကျ မိနစ် ၂၀လောက်ကြာပြီး ရသွားပြီ ကိုယ်စီတုန်းကကိုယ့်နောက်မှာတစီးမှမရှိ ကိုယ်လဲစီပြီးရော အနောက်မှာ အစီး၃၀လောက်ဖြစ်သွားပြီ..အားလုံးအဆင်ပြေကြပါစေ...ကိုယ်ကတော့ပူတငိးတစ်ပန်းကန်နဲ့ပေါ့😊😊

🗯🗯 K&K ရဲ့ New Menu update price လေးပါ.....🍥🍥 နံမလိုင် (မလိုင် ၂၀၀g+နို့ ၅၀g) 250g-8000🍥🍥 ရှယ်မလိုင်(အဖတ်သီးသန့် ၃၀၀g) 1...
25/02/2026

🗯🗯 K&K ရဲ့ New Menu update price လေးပါ.....

🍥🍥 နံမလိုင် (မလိုင် ၂၀၀g+နို့ ၅၀g) 250g-8000
🍥🍥 ရှယ်မလိုင်(အဖတ်သီးသန့် ၃၀၀g) 15000
🍥🍥 ဒူးရင်းမလိုင် 250g-20000
🍓🍥 စတော်ဘယ်ရီ မလိုင် 250g-20000
🍥🍥 rasmalai မလိုင်လုံးနို့စိမ်12000

🥃🥃 ထန်းလျက်ဒိန်ချဥ် -4000
🥃🥃 သကြားဒိန်ချဥ် -4000
🍓🥃 စတော်ဘယ်ရီ ဒိန်ချဥ် -4500
🥑🥃 ထောပတ်သီးဒိန်ချဥ် -4500
🥭🥃 စိန်သရက်ဒိန်ချဥ် -4500
🥃🥃 ဒိန်ချဥ် အလွတ် -4500

🍥🍥 နို့ခဲ 150g-5500
🥛🥛 နို့ (1liter)-5500
☕☕ စီလုံတီး -4500
🌯🌯 နံပြား ၄ချပ်-5000

Today #ရတနာလမ်းရွှေကံကော် #ရေနံမြေအောင်မြင့် #ပြည် ရွှေကံကော်  K ဆရာစံလမ်း ဆိုင်များသို့ #မလိုင်များပို့ဆောင်ပေးခဲ့ပါတယ်
18/02/2026

Today
#ရတနာလမ်းရွှေကံကော်
#ရေနံမြေအောင်မြင့်
#ပြည် ရွှေကံကော်
K ဆရာစံလမ်း ဆိုင်များသို့ #မလိုင်များပို့ဆောင်ပေးခဲ့ပါတယ်

Address

Yangon
11231

Telephone

+959765077008

Website

Alerts

Be the first to know and let us send you an email when K&K Pure Milk Product posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share