29/01/2026
ရွှေဘိုပေါ်ဆန်းမွှေးအသစ် ဝယ်သိမ်းလို့ ရပါပြီ
🌾အခြားဆန်တွေထက် ထမင်းသား ပိုရှည် ပိုကောင်းတဲ့ ရွှေဘိုပေါ်ဆန်းမွှေးထူးရှယ် (Premium Quality) သစ်သစ်မွှေးမွှေးလေးကို ချက်ချင်းဖွင့်စားချင်လို့ပဲဖြစ်ဖြစ်၊ သိမ်းထားချင်လို့ပဲဖြစ်ဖြစ် အနော်ရထာရဲ့ ချစ်မိတ်ဆွေတို့ စိတ်ကြိုက်ဝယ်ယူထားလို့ ရနိုင်တဲ့ ကာလလေး ရောက်လာပြီပဲဖြစ်ပါတယ်။
🌾💸 အဟောင်းစျေးထက် အသစ်စျေးနှုန်းလေးက အရမ်းအရမ်းတန်နေလို့ ရွှေဘိုပေါ်ဆန်းမွှေးထူးရှယ် (Premium Quality) အသစ်လေးကို မှာယူချင်တဲ့ ချစ်မိတ်ဆွေများအတွက် အနော်ရထာရဲ့ ဝန်ဆောင်မှုတွေကတော့ -
✅ အိတ်ကြီး ၁၀၈ ပေါင်အပြည့် ပါဝင်ကြောင်း အာမခံခြင်း၊
✅ ကွန်ပျူတာစနစ်သုံး သိုလှောင်သိမ်းဆည်းမှုကြောင့် ဆန်အမျိုးအစား မှားယွင်းမှု လုံးဝမရှိကြောင်း အာမခံခြင်း၊
✅ ပစ္စည်းလက်ခံရရှိမှ ငွေချေနိုင်ခြင်း (Cash on Delivery)၊
✅ ဝယ်ယူသည့်ဆန်ကို မကြိုက်နှစ်သက်ပါက ပစ္စည်းလက်ခံရရှိသည့်နေ့မှ (၃) ရက်အတွင်း အလဲ Order တင်နိုင်ခြင်း၊
✅ ဆန်သစ်/ဆန်ဟောင်း၊ ဆန်အပျော့/ဆန်အမာ စသည်တို့ကို ဆွေးနွေးတိုင်ပင်၍ ဝယ်ယူနိုင်ခြင်း၊
✅ နေအိမ်၊ တိုက်ခန်း၊ အထပ်အမြင့်များပေါ်သို့ သယ်ဆောင်ပေးခ ထပ်မံပေးချေစရာမလိုခြင်း (No Extra Charges Per Floor)၊
✅ နေ့စဉ်ပို့ဆောင်ပေးခြင်း၊
ဒါ့အပြင် -
✅ ပြင်ပမှ သယ်ယူလာရတဲ့ဆန်အိတ်များကို သံသယကင်းစွာ လုံခြုံစိတ်ချနိုင်စေဖို့ ဆန်အိတ်အတွင်းဘက်မှာ ပလပ်စတစ်တစ်ထပ် ခံပေးထားပါတယ်။
စမ်းစားကြည့်ချင်တာပဲဖြစ်ဖြစ်၊ အိမ်မှာ လူနည်းလို့ပဲဖြစ်ဖြစ် ဆန် ၅ ပြည်ကစလို့လည်း အိမ်အရောက်မှာယူနိုင်ပါတယ်။
🚚ရန်ကုန်မြို့တွင်းမှာဆို လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဆိပ်ကမ်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒဂုံ၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဒေါပုံ၊ သာကေတ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း စုစုပေါင်း ၂၄ မြို့နယ်တောင်မှ ပို့ခမယူဘဲ အိမ်အရောက်ပို့ပေးနေပါတယ်။
တခြားမြို့နယ်တွေကိုတော့ ပို့ခ ပါးပါးလေးပဲယူသလို အမြို့မြို့အနယ်နယ်မှ စားသုံးသူများထံသို့လည်း နယ်ကားဂိတ်များမှတဆင့် ပို့ဆောင်ပေးနေပါသေးတယ်နော်။
📞📞📞
09 255 3000 77
09 255 3000 88
09 255 3000 99 သို့ ဆက်သွယ်မေးမြန်းမှာယူနိုင်သလို အွန်လိုင်းကနေလည်း အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ မှာယူချင်သည့်ဆန်အမျိုးအစားတို့ကို မက်ဆေ့ပို့ပြီး မှာယူနိုင်ပါတယ်။
#ယုံကြည်စွာမှာယူစားသုံးပါ
#အနော်ရထာစားသောက်ကုန်
#အနော်ရထာဆန်
#အနော်ရထာစားသောက်ကုန်
© 2026 Anawrahta. All rights reserved.