သံတော်ဆင့် - Than Taw Sint Tea Shop

သံတော်ဆင့် - Than Taw Sint Tea Shop အကြံတော်ဖွင့်လို့ တစ်ယောက်အသံ တစ်ယောက်ဆင့်၊ စုဝေးရာလည်း ဖြစ်တဲ့ သံတော်ဆင့်

🍳 မုံရွာကစ... တနိုင်ငံလုံးမှာ Trend ဖြစ်သွားတဲ့ "ကပ်ကြော်" နဲ့ "တင်ကြော်" 🫓ဒီနေ့တော့ အညာမြေ မုံရွာဘက်ကနေ စတင်ပြီး အခုဆို...
19/01/2026

🍳 မုံရွာကစ... တနိုင်ငံလုံးမှာ Trend ဖြစ်သွားတဲ့ "ကပ်ကြော်" နဲ့ "တင်ကြော်" 🫓
ဒီနေ့တော့ အညာမြေ မုံရွာဘက်ကနေ စတင်ပြီး အခုဆို တနိုင်ငံလုံးမှာ အတော်လေး ခေတ်စားနေတဲ့ "ကပ်ကြော်" နဲ့ "တင်ကြော်" အကြောင်းလေး ပြောပြပေးချင်ပါတယ်ဗျ။

"ကပ်ကြော်" နဲ့ "တင်ကြော်" ဘာကွာလဲဆိုတော့...

🍳 ကပ်ကြော်
ပလာတာကို ကြက်ဥနဲ့ တစ်ခါတည်း ကပ်ပြီး ကြော်ထားတာပါခင်ဗျာ။ သူ့ကိုတော့ ကြွပ်ကြွပ်ရဲရဲလေး ကြော်မှ စားလို့ အကောင်းဆုံးပါပဲ။ ဝါးလိုက်တိုင်း ကြွပ်ကြွပ်ရွရွနဲ့ အနံ့လေး မွှေးနေတာမျိုးပေါ့။

🍳 တင်ကြော်
သူကတော့ ပလာတာအိအိလေးပေါ်မှာမှ ကြက်ဥကို တင်ပြီး ကြော်ပေးတာပါ။ ကပ်ကြော်လောက် မကြွပ်ဘဲ ပုံမှန်အတိုင်း ပလာတာအိအိလေး ကိုမှ ကြက်ဥနဲ့ တွဲစားချင်သူတွေအတွက် အထူးသင့်တော်ပါတယ်ခင်ဗျာ။

"အဓိက အသက်ကတော့ စားတော်ပဲအနှစ်!"
ဒီ ကပ်ကြော်၊ တင်ကြော်တွေရဲ့ အရသာကို ပိုပြီး ပြည့်စုံသွားစေတာကတော့ ဘေးကပါတဲ့ စားတော်ပဲအနှစ် အိအိလေး ပါပဲဗျာ။ ပဲအနှစ်လေးနဲ့ နယ်ဖတ်ပြီး စားလိုက်ရင်တော့ လျှာပေါ်မှာ အရသာတွေ့ပြီး ရှယ်ဖြစ်နေမှာပါပဲ။

မုံရွာသူ၊ မုံရွာသားတွေသာမက တနိုင်ငံလုံးကပါ ကြိုက်နှစ်သက်ကြတဲ့ ဒီ "အညာစာ" လေးကို သံတော်ဆင့်မှာ စေတနာအပြည့်နဲ့ ပြင်ဆင်ပေးထားပါတယ်နော်။ မနက်ခင်းမှာ ပူပူနွေးနွေးလေး လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

အကြံတော်ဖွင့်လို့ တစ်ယောက်အသံ တစ်ယောက်ဆင့်၊ စုဝေးရာလည်း ဖြစ်တဲ့
သံတော်ဆင့်📜📯

☎️ 09- 777 168 778, 09- 886 449 866
🏠အမှတ် (၂၀) ကျောက်ကုန်းလမ်းနှင့်မဂ္ဂင်လမ်းထောင့်၊ (၁၄) ရပ်ကွက်၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

#သံတော်ဆင့်လက်ဖက်ရည်ဆိုင် #လက်ဖက်ရည်ဆိုင် #ရန်ကင်း #ရန်ကုန် #ကပ်ကြော် #တင်ကြော် #မုံရွာစာ #ပလာတာ #မနက်စာ #အညာစာ

07/01/2026
✨ နှစ်သစ်မှာ စိတ်သစ်၊ အိုင်ဒီယာအသစ်တွေနဲ့ ရှေ့ဆက်ဖို့ သံတော်ဆင့်မှာ ဆုံကြရအောင်! ✨နှစ်သစ်ကူးပြီးစ ဇန်နဝါရီလဟာ တစ်နှစ်တာလ...
06/01/2026

✨ နှစ်သစ်မှာ စိတ်သစ်၊ အိုင်ဒီယာအသစ်တွေနဲ့ ရှေ့ဆက်ဖို့ သံတော်ဆင့်မှာ ဆုံကြရအောင်! ✨
နှစ်သစ်ကူးပြီးစ ဇန်နဝါရီလဟာ တစ်နှစ်တာလုံးအတွက် Plan ချရမယ့် အကောင်းဆုံးအချိန်ပါပဲ!

သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ စီးပွားရေးအကြောင်းပဲ တိုင်ပင်တိုင်ပင်၊
အိုင်ဒီယာအသစ်တွေပဲ ဖလှယ်ဖလှယ်
ဝိုင်းဖွဲ့ပြီး အားရပါးရ ပြောလို့ရဖို့ နေရာရှာနေတယ်ဆို သံတော်ဆင့်ကို သတိရလိုက်ပါခင်ဗျာ။

စကားပြောရင်း ဗိုက်ဆာလာရင်လည်း...
• ပူပူနွေးနွေးနဲ့ စားလို့ကောင်းမယ့် ရွှေတောင်ခေါက်ဆွဲ နဲ့ အုန်းနို့ခေါက်ဆွဲ ရှိသလို၊
• ထူးထူးခြားခြား မြန်မာပါးစပ်နဲ့ အသားကျအောင် ဖန်တီးထားတဲ့ သံတော်ဆင့်ပီဇာ လည်း ရပါသေးတယ်။
• အိမ်ပြန်ရင်လည်း ထမင်းပူပူလေးနဲ့ အမြိန်စားဖို့ ငါးခြောက်ထောင်းကြော်၊ အသားခြောက်ကြော် တို့လို ဟင်းခြောက်ဘူးလေးတွေကိုလည်း အသင့်ဝယ်ယူသွားနိုင်ပါတယ်ခင်ဗျာ။

☕ ခဏခဏ လာတိုင်း ပိုတန်မယ့်အစီအစဉ်
သံတော်ဆင့်မှာ လက်ဖက်ရည် သောက်တိုင်း Point စုပြီး (၁၀) မှတ်ပြည့်တာနဲ့ မိတ်ဆွေတို့ ကြိုက်နှစ်သက်ရာ လက်ဖက်ရည်တစ်ခွက်ကို မေတ္တာလက်ဆောင်အဖြစ် ပြန်လည်သုံးဆောင်နိုင်ဦးမှာပါ။

နှစ်သစ်မှာ အလုပ်အကိုင်တွေ အဆင်ပြေပြီး သံတော်ဆင့်မှာ တန်ဖိုးရှိတဲ့ အချိန်လေးတွေ အတူတူ ဖြတ်သန်းကြရအောင် ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 🙏✨

အကြံတော်ဖွင့်လို့ တစ်ယောက်အသံ တစ်ယောက်ဆင့်၊ စုဝေးရာလည်း ဖြစ်တဲ့
သံတော်ဆင့်📜📯

☎️ 09- 777 168 778, 09- 886 449 866
🏠အမှတ် (၂၀) ကျောက်ကုန်းလမ်းနှင့်မဂ္ဂင်လမ်းထောင့်၊ (၁၄) ရပ်ကွက်၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

#သံတော်ဆင့်လက်ဖက်ရည်ဆိုင် #လက်ဖက်ရည်ဆိုင် #ရန်ကင်း #ရန်ကုန် #စီးပွါးရေး

05/01/2026

ချစ်ရတဲ့သံတော်ဆင့်ရဲ့အမာခံဖန်လေးတွေကော🥰

Vdo ထဲက ဘယ် menu item လေးတွေအမြဲစားဖြစ်ပြီး

ဘယ် menu လေးကိုအကြိုက်ကြဆုံးလဲကာကာတို့ရေ❤️

အကြံတော်ဖွင့်လို့ တစ်ယောက်အသံ တစ်ယောက်ဆင့်၊ စုဝေးရာလည်း ဖြစ်တဲ့
သံတော်ဆင့်📜📯

☎️ 09- 777 168 778, 09- 886 449 866
🏠အမှတ် (၂၀) ကျောက်ကုန်းလမ်းနှင့်မဂ္ဂင်လမ်းထောင့်၊ (၁၄) ရပ်ကွက်၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

#သံတော်ဆင့်လက်ဖက်ရည်ဆိုင် #လက်ဖက်ရည်ဆိုင် #ရန်ကင်း #ရန်ကုန် #နှစ်သစ်ကူး #မနက်စာ #လက်ဖက်ရည်

31/12/2025
✨ ၂၀၂၆ ခုနှစ် နှစ်သစ်မှာ သံတော်ဆင့်ရဲ့ ချစ်မိတ်ဆွေများအားလုံး စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်က...
28/12/2025

✨ ၂၀၂၆ ခုနှစ် နှစ်သစ်မှာ သံတော်ဆင့်ရဲ့ ချစ်မိတ်ဆွေများအားလုံး စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။ ✨

ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံးမှာ သံတော်ဆင့်ကို မိသားစုဝင်တွေလို တစ်စိုက်မတ်မတ် ချစ်ခင်အားပေးခဲ့ကြတဲ့အတွက်လည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်။ 🙏

နှစ်သစ်ရဲ့ အေးမြတဲ့ မနက်ခင်းလေးတွေကို ချစ်ရတဲ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ပူပူနွေးနွေး လက်ဖက်ရည်လေးသောက်ရင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ဒါမှမဟုတ် ဆိတ်စွပ်ပြုတ်လေးတွေနဲ့ အားပါးတရ ဖြတ်သန်းဖို့ သံတော်ဆင့်ကို လှမ်းခဲ့ကြပါဦး။ 🍲☕

အစားအသောက် အရသာတင်မကဘဲ နွေးထွေးတဲ့ ဝန်ဆောင်မှုတွေနဲ့ပါ မိတ်ဆွေတို့ကို စောင့်ကြိုနေမှာပါခင်ဗျာ။

အကြံတော်ဖွင့်လို့ တစ်ယောက်အသံ တစ်ယောက်ဆင့်၊ စုဝေးရာလည်း ဖြစ်တဲ့
သံတော်ဆင့်📜📯

☎️ 09- 777 168 778, 09- 886 449 866
🏠အမှတ် (၂၀) ကျောက်ကုန်းလမ်းနှင့်မဂ္ဂင်လမ်းထောင့်၊ (၁၄) ရပ်ကွက်၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

#သံတော်ဆင့်လက်ဖက်ရည်ဆိုင် #လက်ဖက်ရည်ဆိုင် #ရန်ကင်း #ရန်ကုန် #နှစ်သစ်ကူး #မနက်စာ #လက်ဖက်ရည်

🎉 မြန်မာ့ဂုဏ်ဆောင် မုန့်ဟင်းခါး ကမ္ဘာ့အဆင့်မှာ နေရာရပြီ! 🇲🇲CNN Travel ကနေ ရွေးချယ်လိုက်တဲ့ "ကမ္ဘာ့အကောင်းဆုံး စွပ်ပြုတ် ...
23/12/2025

🎉 မြန်မာ့ဂုဏ်ဆောင် မုန့်ဟင်းခါး ကမ္ဘာ့အဆင့်မှာ နေရာရပြီ! 🇲🇲
CNN Travel ကနေ ရွေးချယ်လိုက်တဲ့ "ကမ္ဘာ့အကောင်းဆုံး စွပ်ပြုတ် အမျိုးအစား ၂၀" စာရင်းထဲမှာ ကျွန်တော်တို့ရဲ့ မြန်မာ့ရိုးရာ မုန့်ဟင်းခါး ပါဝင်သွားပါပြီ။ ✨

ဂျပန်၊ ထိုင်း၊ ဗီယက်နမ် စတဲ့ နိုင်ငံပေါင်းစုံက နာမည်ကြီး ဟင်းရည်တွေနဲ့အတူ တန်းတူသတ်မှတ်ခံရတာ ဖြစ်ပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုရတဲ့ မြန်မာ့မုန့်ဟင်းခါးအရသာစစ်စစ်ကို ရှာနေတယ်ဆိုရင်..."သံတော်ဆင့်" မှာ အခုပဲ လာရောက် မြည်းစမ်းကြည့်လိုက်ပါ။

မွှေးကြိုင်တဲ့ ငါးဟင်းရည်နဲ့ အိစက်နေတဲ့ မုန့်ဖတ်လေးတွေရဲ့ ပေါင်းစပ်မှုက သံတော်ဆင့်ရဲ့ Signature ပဲပေါ့။ နံနက်စာတင်မကဘဲ အချိန်မရွေး စားလို့ကောင်းတဲ့ မုန့်ဟင်းခါး ပူပူနွေးနွေးလေး သုံးဆောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

အကြံတော်ဖွင့်လို့ တစ်ယောက်အသံ တစ်ယောက်ဆင့်၊ စုဝေးရာလည်း ဖြစ်တဲ့
သံတော်ဆင့်📜📯

☎️ 09- 777 168 778, 09- 886 449 866
🏠အမှတ် (၂၀) ကျောက်ကုန်းလမ်းနှင့်မဂ္ဂင်လမ်းထောင့်၊ (၁၄) ရပ်ကွက်၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

#သံတော်ဆင့်လက်ဖက်ရည်ဆိုင် #လက်ဖက်ရည်ဆိုင် #ရန်ကင်း #ရန်ကုန်
#မုန့်ဟင်းခါး

☕ လက်ဖက်ရည်အမြဲသောက်သူတိုင်းအတွက် သတင်းကောင်း! 🙏🏻ဆိုင်စဖွင့်ကတည်းက အမြဲတမ်းအားပေးနေကြတဲ့ ချစ်မိတ်ဆွေ၊ မိဘပြည်သူများအားလု...
22/12/2025

☕ လက်ဖက်ရည်အမြဲသောက်သူတိုင်းအတွက် သတင်းကောင်း! 🙏🏻ဆိုင်စဖွင့်ကတည်းက အမြဲတမ်းအားပေးနေကြတဲ့ ချစ်မိတ်ဆွေ၊ မိဘပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

မိတ်ဆွေတို့ရဲ့ အားပေးမှုကို ကျေးဇူးတုံ့ပြန် အသိမှတ်ပြုတဲ့အနေနဲ့ သံတော်ဆင့်ကနေပြီးတော့ အထူး အစီအစဉ်လေးကို မိတ်ဆက်ပေးလိုက်ပါပြီ!

☕ Loyalty Card အကြောင်း
✅ဆိုင်ကိုလာရောင်သူတိုင်း ဒီလို Loyalty Card ကို ပေးအပ်သွားမှာဖြစ်ပါတယ်။

✅ လက်ဖက်ရည်တစ်ခွက်သောက်တိုင်း အကွက်ထဲမှာ Point (၁) မှတ် စီ တံဆိပ်တုံးထုပေးကာ ရရှိမှာ ဖြစ်ပါတယ်ခင်ဗျာ။

✅ Point (၁၀) မှတ် ပြည့်သွားတာနဲ့ လက်ဖက်ရည်ကြိုက်ရာ အပိုတစ်ခွက်ကို အခမဲ့ ပြန်လည်သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်နော်။

သံတော်ဆင့်မှာ လက်ဖက်ရည် အမြဲသောက်နေသူတွေအတွက်တော့ ရှယ်ပဲဗျို့။ များများသောက်လေ၊ အပိုသောက်ခွင့် ရလေပေါ့!

စေတနာကို အရင်းခံပြီး အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ စောင့်ကြိုနေတာမလို့ ဆက်လက်လာအားပေးကြပါလို့ ဖိတ်ခေါ်ပါတယ်။

အကြံတော်ဖွင့်လို့ တစ်ယောက်အသံ တစ်ယောက်ဆင့်၊ စုဝေးရာလည်း ဖြစ်တဲ့
သံတော်ဆင့်📜📯

☎️ 09- 777 168 778, 09- 886 449 866
🏠အမှတ် (၂၀) ကျောက်ကုန်းလမ်းနှင့်မဂ္ဂင်လမ်းထောင့်၊ (၁၄) ရပ်ကွက်၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

#သံတော်ဆင့်လက်ဖက်ရည်ဆိုင် #လက်ဖက်ရည်ဆိုင် #ရန်ကင်း #ရန်ကုန် #လက်ဖက်ရည် #အထူးအစီအစဉ် #အခမဲ့

🎄 ပျော်ရွှင်စရာ ဒီဇင်ဘာ၊ ခရစ္စမတ်ပိတ်ရက်ရှည်မှာ မိသားစုနဲ့ သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ သံတ...
18/12/2025

🎄 ပျော်ရွှင်စရာ ဒီဇင်ဘာ၊ ခရစ္စမတ်ပိတ်ရက်ရှည်မှာ မိသားစုနဲ့ သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ သံတော်ဆင့်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

အေးချမ်းတဲ့ ဒီဇင်ဘာလရဲ့ မနက်ခင်းတွေမှာ မနက်စာ ကို ပူပူနွေးနွေးလေး စားချင်တယ်ဆိုရင်တော့ ရွှေတောင်ခေါက်ဆွဲ၊ အုန်းနို့ခေါက်ဆွဲတွေအပြင် မုန့်ဟင်းခါး၊ ဆိတ်စွပ် စတာတွေ စုံစုံလင်လင်ရနိုင်ပါတယ်။

ကျောင်းပိတ်၊ ရုံးပိတ်ရက်တွေမို့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အေးအေးဆေးဆေး လက်ဖက်ရည်ဆိုင်လာထိုင်ရင်း Quality Time လေးတွေဖြတ်သန်းနိုင်ကြပါ
လို့

တစ်ယောက်အသံ တစ်ယောက်ဆင့်၊ စုဝေးရာလည်း ဖြစ်တဲ့
သံတော်ဆင့်📜📯

☎️ 09- 777 168 778, 09- 886 449 866
🏠အမှတ် (၂၀) ကျောက်ကုန်းလမ်းနှင့်မဂ္ဂင်လမ်းထောင့်၊ (၁၄) ရပ်ကွက်၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

#သံတော်ဆင့်လက်ဖက်ရည်ဆိုင် #လက်ဖက်ရည်ဆိုင် #ရန်ကင်း #ရန်ကုန် #ခရစ္စမတ် #မနက်စာ #ကျောင်းပိတ်ရြ် #ရုံးပိတ်ရက်

🇮🇳 သံတော်ဆင့်မှာ မြန်မာမုန့်ပဲသရေစာတွေသာမကဘဲ အရသာရှိလှတဲ့ အိန္ဒိယအစားအစာမျိုးစုံလည်း ရနေပြီဆိုတာ သိပြီးပြီလားခင်ဗျာ?မြန်...
23/11/2025

🇮🇳 သံတော်ဆင့်မှာ မြန်မာမုန့်ပဲသရေစာတွေသာမကဘဲ အရသာရှိလှတဲ့ အိန္ဒိယအစားအစာမျိုးစုံလည်း ရနေပြီဆိုတာ သိပြီးပြီလားခင်ဗျာ?

မြန်မာ့ပါးစပ် နဲ့အကိုက်ဆုံးဖြစ်အောင် ဖန်တီးထားတဲ့ အရသာရှိလှတဲ့ အိန္ဒိယရိုးရာအစားအစာတွေကို ဈေးတန်တန်နဲ့ ရနေပါပြီနော်။

🍲 ဆိတ်စွပ်ပြုတ်
ရာသီအကူးအပြောင်းမှာ ပူပူနွေးနွေး ဆိတ်စွပ်ပြုတ်တစ်ပွဲက အအေးမိတာတွေကိုတောင် ပြေပျောက်သွားစေမှာပါ။

🍲 ဆိတ်အူကြမ်း
ဆိတ်အူ ပုဆိုးကြမ်းအစုံကို နူးအိနေအောင်ပြုတ်ထားတာလေးကို ချဉ်ငံစပ် ရှောက်ရွက်လေးနဲ့ စားကြည့်ပါ

🫔 ဆိတ်သားချပါတီ
စားလိုက်ရင် ပါးစပ်ထဲပျော်ဝင်သွားစေမယ့် ဆိတ်သားနုနု မွှေးမွှေးလေးတွေကို ချပါတီလေးနဲ့တွဲစားရင် အရမ်းကောင်း

🥞 တိုရှည်၊ ထောပတ်တိုရှည်၊ ကြက်ဥတိုရှည်၊ ထန်းလျက်တိုရှည်၊ သကြားတိုရှည်၊ ပဲပြုတ်တိုရှည်၊ ကြက်သားတိုရှည်၊ ကြက်ဥတိုရှည်
အမျိုးစုံလှတဲ့ တိုရှည်ကြွပ်ကြွပ်လေးတွေကို အချဉ်ရည်စုံနဲ့ တို့စားလိုက်ရရင်ဖြင့် ရှယ်ပဲဗျို့!

🫓 ပူရီ နဲ့ ချပါတီ
ဟင်းရည်၊ ပဲဟင်း၊ အာလူးဟင်းလေးတွေနဲ့ တို့စားဖို့ ပူရီပွပွ၊ ချပါတီနူးနူးလေးတွေလည်း အသင့်ရှိနေပါပြီ။

🥟 စမူဆာ
အဆာပြေသူ့ချည်းပဲစားမလား၊ ချဉ်ငံစပ်သုပ်ပြီးပဲစားမလား? ကြွပ်ရွနေတဲ့ စမူဆာပူပူလေးတွေက အမြဲတမ်း လူကြိုက်များပါတယ်နော်။

အိန္ဒိယအစားအစာကောင်းကောင်းလေးတွေ သုံးဆောင်ချင်ရင် သံတော်ဆင့်ကိုသာ သတိရလိုက်ပါခင်ဗျာ။ စိတ်တိုင်းကျ ဖြစ်စေရမယ်ဗျို့!

အကြံတော်ဖွင့်လို့ တစ်ယောက်အသံ တစ်ယောက်ဆင့်၊ စုဝေးရာလည်း ဖြစ်တဲ့
သံတော်ဆင့်📜📯

☎️ 09- 777 168 778, 09- 886 449 866
🏠အမှတ် (၂၀) ကျောက်ကုန်းလမ်းနှင့်မဂ္ဂင်လမ်းထောင့်၊ (၁၄) ရပ်ကွက်၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

#သံတော်ဆင့်လက်ဖက်ရည်ဆိုင် #လက်ဖက်ရည်ဆိုင် #ရန်ကင်း #ရန်ကုန် #အိန္ဒိယအစားအစာ #ဆိတ်စွပ်ပြုတ် #တိုရှည် #ပူရီ

💸 အခုလို ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်နေတဲ့ခေတ်ကြီးမှာ စျေးအရမ်းမတက်ဘဲ နဂိုစျေးနီးနီးနဲ့ပဲ ရောင်းချပေးနေတာဟာ သံတော်ဆင့်ရ...
13/11/2025

💸 အခုလို ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်နေတဲ့ခေတ်ကြီးမှာ စျေးအရမ်းမတက်ဘဲ နဂိုစျေးနီးနီးနဲ့ပဲ ရောင်းချပေးနေတာဟာ သံတော်ဆင့်ရဲ့ စားသုံးသူအပေါ်ထားရှိတဲ့ စေတနာပါခင်ဗျာ။❤️

💰 ဈေးနှုန်းမှန်ကန်ခြင်း
စားသုံးသူတိုင်းအတွက် စဉ်းစားပေးရမယ်ဆိုတဲ့အချက်ဟာ သံတော်ဆင့်ရဲ့ ဦးစားပေးပါ။ ဒါ့ကြောင့် ဈေးနှုန်းကို သက်သာအောင် ထားထားပါတယ်နော်။ ပိုက်ဆံအများကြီး မသုံးရဘဲ ဗိုက်ဝဝစားလို့ရအောင် စီစဉ်ပေးထားတာပါ။

🍚 ပိုများတဲ့ ပမာဏ
ဈေးသက်သာရုံတင်မကဘဲ၊ သံတော်ဆင့်ရဲ့ ပွဲတိုင်းဟာ ပုံမှန်ပါနေကျထက် Portion (ပမာဏ) ပိုများပါတယ်။ မနက်စာကို အဝစားချင်သူတွေ၊ ဗိုက်ပြည့်အောင်စားချင်သူတွေအတွက် ကွက်တိပဲပေါ့! တစ်ပွဲမှာပြီး နှစ်ယောက်စားလည်းရနော်!

😋 အကောင်းဆုံးအရသာ
ဈေးသက်သာ၊ ပမာဏများပေမယ့် အရသာမှာ လုံးဝလျှော့မထားပါဘူးနော်! ဆီဆိုအသန့်၊ ကုန်ကြမ်းတွေဆိုလည်း စံချိန်ပြည့်မီတာမှ သုံးပြီး အမြဲသန့်ရှင်းသပ်ရပ်နေအောင် ပြင်ဆင်တာမို့ စားဖူးသူတိုင်းက သိတဲ့အတိုင်း အရသာကတော့ အာမခံပါတယ်ခင်ဗျာ။

စေတနာကို အရင်းခံပြီး စားသုံးသူတွေအားလုံး စိတ်ကျေနပ်မှုအပြည့်အဝရစေဖို့ သံတော်ဆင့် မိသားစုက အကောင်းဆုံး ကြိုးစားနေပါတယ်လို့ အသိပေးပါရစေခင်ဗျာ။ ကောင်းလားမကောင်းလားသိချင်ရင် တစ်ခေါက်လောက် လာရောက် သုံးဆောင်ကြည့်လိုက်ပါနော်🙏

အကြံတော်ဖွင့်လို့ တစ်ယောက်အသံ တစ်ယောက်ဆင့်၊ စုဝေးရာလည်း ဖြစ်တဲ့
သံတော်ဆင့်📜📯

☎️ 09- 777 168 778, 09- 886 449 866
🏠အမှတ် (၂၀) ကျောက်ကုန်းလမ်းနှင့်မဂ္ဂင်လမ်းထောင့်၊ (၁၄) ရပ်ကွက်၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

#သံတော်ဆင့်လက်ဖက်ရည်ဆိုင် #လက်ဖက်ရည်ဆိုင် #ရန်ကင်း #ရန်ကုန် #ဈေးနှုန်းသက်သာ #စေတနာ #အရသာကောင်း

03/11/2025

ယနေ့ ၃ရက်နေ့ ၁၁လပိုင်း ၂၀၂၅ ခုနှစ်တွင်

တန်ဆောင်တိုင်လပြည့်နေ့ ၂ကျိပ်၈ဆူဒေသစာရီလှည့်လည်ကြွချီတော်မူမည် ကိုရည်စူး၍

ကျွန်တော်တို့ သံတာ်ဆင့် Tea Shop မှ နေပြီး
ကျောက်ကုန်း တပင်ရွှေထီးလမ်းထိပ် ဘုရားမဏ္ဍပ်တွင်

မုန့်ဟင်းခါး အချိန်၁၀ အား စတုဒိသာ ကျွေးမွေးမည်ဖြစ်ပါသောကြောင့်

လာရောက်သုံးဆောင်ကြပါရန် ဖိတ်ခေါ်အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျာ🙏🏻

Address

အမှတ် (၂၀) ကျောက်ကုန်းလမ်းနှင့်မဂ္ဂင်လမ်းထောင့်၊ (၁၄) ရပ်ကွက်၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်
Yangon

Opening Hours

Monday 06:00 - 18:00
Tuesday 06:00 - 18:00
Wednesday 06:00 - 18:00
Thursday 06:00 - 18:00
Friday 06:00 - 18:00
Saturday 06:00 - 18:00
Sunday 06:00 - 18:00

Website

Alerts

Be the first to know and let us send you an email when သံတော်ဆင့် - Than Taw Sint Tea Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category