ရှမ်းကျေးရွာ

ရှမ်းကျေးရွာ Knowledge sharing Hot Line : +95 92508000

Permanently closed.
05/10/2026

“တပြည်ကို ၂,၅၀၀ ဆန်က အရင်က ကြက်စာသမားတွေ ဝယ်တာများတယ်။ အခု အဲဆန်ကို လူတွေ စားနေရတယ်။ အများစုက ၂,၅၀၀ နဲ့ ၄,၀၀၀ တန် ဆန်တွေ ဝယ်တာများတယ်။ အဲဒီဆန်တွေ အောက်စော်နံတယ်၊ ပိုးတွေပါတယ်။ အခြားဆန်တွေက ၈,၀၀၀၊ ၁၀,၀၀၀ ဆိုတော့ မိသားစုများတဲ့အိမ်ကျတော့ မကိုက်ဘူး” လို့ ပြောပါတယ်။

“အစက ကြက်သွန်လှီးရင်း မျက်ရည်ကျတာ။ အခု ကြက်သွန်ဝယ်ရင်း မျက်ရည်ကျတဲ့ခေတ် ရောက်သွားပြီ။ ဈေးတခါသွားရင် အနည်းဆုံး ၂ သောင်းပါမှ သွားလို့ရတယ်။ အစစအရာရာ ဈေးတက်နေတော့ မနက်စာနဲ့ညစာ ပေါင်းစားရတဲ့သူတွေရှိတယ်။ ဒါတွေက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ နိုင်ငံက အပျက်ဘက်ကို ဦးတည်နေတာ။”

Photo : AFJ (DVB)
အပြည့်အစုံ Comment မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဘယ်လောက်ချွေတာန်ိုင်မှာလဲ :'( ဘဝတွေ
03/10/2026

ဘယ်လောက်ချွေတာန်ိုင်မှာလဲ :'( ဘဝတွေ

02/10/2026
01/10/2026

အင်းစိန်ထောင်တွင် အထည်ချုပ်လုပ်ငန်းဖွင့်လှစ်ကာ အကျဉ်းသားများအပေါ် ညှဉ်းပန်းနှိပ်စက် အဓမ္မလုပ်အားပေးစေခိုင်းနေပြီး အလုပ်ကြီးကြပ်သူများတွင် တရုတ်နိုင်ငံသားများပါဝင်

ရန်ကုန်၊ အောက်တိုဘာ ၁

ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း အထည်ချုပ်လုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်နေပြီး သတ်မှတ် ထားသည့် အထည်အရေအတွက် ပြည့်မီအောင် မချုပ်လုပ်နိုင်ပါက အကျဉ်းသားများကို ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း၊ အနားယူချိန်မပေးခြင်းနှင့် နေ့လယ်စာ မကျွေးခြင်းတို့ ပြုလုပ်ကာ အဓမ္မလုပ်အားပေးစေခိုင်းနေကြောင်း မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောကြားသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်၏ အလုပ်ဘုတ်ဌာနတွင် အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်နေပြီး ထောင်ဝန်ထမ်းများနှင့် ပြင်ပမှ တရုတ်နိုင်ငံသားများက စီမံကြီးကြပ်နေကြောင်း သိရသည်။

အထည်ချုပ်လုပ်ငန်းတွင် သတ်မှတ်ထားသည့် အော်ဒါပမာဏ မပြည့်မီပါက အကျဉ်းသားများကို ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း၊ အနားယူချိန် မပေးခြင်းနှင့် နေ့လယ်စာ မကျွေးခြင်းများ ပြုလုပ်နေသည့်အပြင် အလုပ်ဘုတ်မှ ပြန်လည်ရောက်ရှိလာသည့်အခါ သက်ဆိုင်ရာ အဆောင်အခန်းများတွင်လည်း အခန်းလူကြီးများနှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိသူများက ပုံစံထိုင်ခိုင်းခြင်း၊ ထပ်မံရိုက်နှက်ခြင်းများဖြင့် အပြစ်ပေးနေကြောင်း ဦးသက်နှင်းအောင်က ပြောသည်။

“အခုလိုမျိုး အကျဉ်းထောင်ထဲမှာ အထည်ချုပ်လုပ်ငန်းလုပ်တဲ့အထိ ဖြစ်လာတာကတော့ ကျနော်တို့လည်း တော် တော်လေး အံ့ဩရတယ်။ သေချာတာကတော့ သူတို့ဟာ အကျဉ်းသားတွေရဲ့ ဘဝပြန်လည်ပျိုးထောင်ရေးနဲ့ အသက်မွေးဝမ်းကျောင်းအတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်တာဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒီခေါင်းစဉ်ဟာ အကျဉ်း သားတွေအပေါ်မှာ ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ဖို့အတွက် ဖွင့်ပေးလိုက်တဲ့ ခေါင်းစဉ်မဟုတ်ဘူးဆိုတာ သတိပြုရမှာဖြစ်ပါတယ်” ဟု ဦးသက်နှင်းအောင်က ပြောသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် ယခုကိစ္စကို ချက်ချင်းဝင်ရောက်စိစစ်ရန် လိုအပ်ပြီး အကျဉ်းထောင်အတွင်း အဓမ္မခိုင်းစေခံနေရသည့် အကျဉ်းသားများနှင့် တိုက်ရိုက်တွေ့ဆုံစစ်ဆေးရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း အကျဉ်းသားများကို ပုံစံမျိုးစုံဖြင့် အဓမ္မခိုင်းစေမှုများ ရှိနေပြီး အထူးသဖြင့် အလုပ်ဘုတ်ဌာနတွင် အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်စေခြင်းအပြင် အကျဉ်းထောင်အတွင်း ပုံမှန်အလုပ်များကိုလည်း အကျဉ်းသားများအား ခိုင်းစေနေကြောင်း သိရသည်။

အကျဉ်းသားများအတွက် ချက်ပြုတ်ပေးသည့် စားဖိုဆောင်များ၊ ထမင်းဝေသည့် လုပ်ငန်းများနှင့် စိုက်ခင်းလုပ်ငန်းများတွင် အကျဉ်းသားများကို ခိုင်းစေမှုများရှိသကဲ့သို့ မိလ္လာနှင့် ပတ်သက်သည့် အလုပ်များကိုလည်း လူအားဖြင့် လုပ်ကိုင်စေမှုများ ရှိနေကြောင်း ဦးသက်နှင်းအောင်က ပြောသည်။

“အင်းစိန်ထောင်ထဲမှာ ဒီလိုအဓမ္မခိုင်းစေမှုတွေဆိုတာ တကယ်တော့ တော်တော်များများ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားတွေရှိမယ်။ အကျဉ်းထောင်ထဲမှာ ပုံမှန်လုပ်နေကြအလုပ်တွေရှိတယ်။ အကျဉ်းသားတွေအတွက် ချက်ပြုတ်တဲ့ စားဖိုဌာနရှိတယ်၊ ထမင်းဝေရတာရှိတယ်၊ စိုက်ခင်းတွေမှာလည်း အကျဉ်းသားတွေ ခိုင်းတာရှိတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် အကျဉ်းထောင်အတွင်း ရေစုပ်စက်များ ရှိနေသော်လည်း အချို့အဆောင်များတွင် အကျဉ်းသားများကို မိလ္လာရေများကို လက်ဖြင့် ခပ်ယူသွန်စေခြင်းများ ရှိနေကြောင်းလည်း ဦးသက်နှင်းအောင်က ဆက်လက်ပြောသည်။

“အဓမ္မခိုင်းစေနေတာတစ်ခုက အခုလိုမျိုး တိုးတက်နေတာတောင်မှ အကျဉ်းသားတွေက ချီးပုံးတွေကို အခုချိန်အထိ ထမ်းနေရဆဲဖြစ်တယ်။ ချီးပုံးတွေကို လက်နဲ့ဆွဲပြီး အခုချိန်အထိ သွန်နေရဆဲဖြစ်တယ်။ တကယ်ဆိုရင် ရေစုပ်စက်ဝယ်ပြီး စုပ်လည်းရတာကို တချို့အဆောင်တွေမှာ ရေစုပ်စက်တွေရှိတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သိသိလျက်နဲ့ ကျူးလွန်နေတဲ့ အဆောင်မှူးတွေလက်ထက်မှာ အဲဒီရေစုပ်စက်တွေကို ထုတ်မပေးဘဲ အကျဉ်းသားတွေကို ခေါ်ထုတ်ပြီး လက်နဲ့ မိလ္လာရေ ခပ်ခိုင်းတာတွေရှိတယ်။ ဒီလိုခိုင်းစေမှုတွေကတော့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို့ ပြောရမလို ဖြစ်နေပါတယ်” ဟု သူက ရှင်းပြသည်။

အကျဉ်းသားများ၏ အသက်မွေးဝမ်းကျောင်းနှင့် ပြန်လည်ပြုစုပျိုးထောင်ရေးအတွက်ဟုဆိုကာ အလုပ်မျိုးစုံ ခိုင်းစေနေသော်လည်း အဆိုပါလုပ်ငန်းများသည် အဓမ္မလုပ်အားပေးစေခိုင်းမှုအသွင် မဖြစ်စေရန်နှင့် အကျဉ်း သားများ၏ လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများကို မထိခိုက်စေရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြသည်။

အကျဉ်းထောင်လက်စွဲဥပဒေနှင့် နည်းဥပဒေများအရ အကျဉ်းသားများကို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အလုပ်တာဝန်များ ခိုင်းစေနိုင်သော်လည်း အကျဉ်းသားများကို ရိုက်နှက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူ့ဂုဏ်သိက္ခာထိခိုက်စေသည့် အပြုအမူများ ပြုလုပ်ခြင်းနှင့် အဓမ္မလုပ်အားပေးစေခိုင်းခြင်းများကို ခွင့်ပြုထားခြင်းမရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။

အပြည်ပြည်ဆိုင်ရာ ကုန်အမှတ်တံဆိပ်များအနေဖြင့်လည်း အကျဉ်းသားများအပေါ် အဓမ္မလုပ်အားပေးစေခိုင်းမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်မှု မရှိစေရန် သတိပြုကြရန် MICS-TUsF က တိုက်တွန်းထားသည်။

ထို့အပြင် လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ဘဲ အကျဉ်းသားများ၏ လုပ်အားကို ခေါင်းပုံဖြတ်ရယူထားသည့် အဝတ်အထည်များမှတစ်ဆင့် ကိုယ်ကျိုးစီးပွား ရှာဖွေခြင်းမပြုဘဲ ဂုဏ်သိက္ခာရှိသည့် လုပ်ငန်းစုများအဖြစ် ရပ်တည်ကြရန်နှင့် မိမိတို့၏ ကုန်အမှတ်တံဆိပ်များ ယခုဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ Article 33 အရ အရေးယူမှုခံနေရသည့်အချိန်ဖြစ်ပြီး အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးကော်မတီတို့၏ စုံစမ်းစစ်ဆေးမှုများကိုလည်း ရင်ဆိုင်နေရသည့်အချိန်ဖြစ်ကြောင်း MICS-TUsF က ဆိုသည်။

ယခုကဲ့သို့ အကျဉ်းထောင်အတွင်း အဓမ္မလုပ်အားပေးစေခိုင်းမှုများ ဖြစ်ပေါ်နေခြင်းသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအပေါ် ထိခိုက်နိုင်သဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဘက်ပေါင်းစုံမှ သုံးသပ်ကာ ယင်းလုပ်ရပ်များ ရပ်တန့်ရေး ဆောင်ရွက်ရန်လည်း တောင်းဆိုထားသည်။

အဆိုပါ အကျဉ်းထောင်တွင်း အဓမ္မလုပ်အားပေးစေခိုင်းမှုများတွင် အဓိကတာဝန်ရှိသူများအဖြစ် ထောင်ပိုင်ကြီး (ဒုတိယညွှန်ကြားရေးမှူး) လွင်မောင်၊ ဒုတိယထောင်ပိုင် ဝင်းမင်းခိုင်၊ မိန်းဂျေးတာဝန်ခံဦးစီး (ဗိုလ်မှူး) မန်းဝင်းခိုင်နှင့် အလုပ်ဘုတ်တာဝန်ခံဦးစီးတို့ ဖြစ်ကြောင်း MICS-TUsF ဘက်က ပြောဆိုထားသည်။

အကျဉ်း သားများအပေါ် ယခုကဲ့သို့ အဓမ္မလုပ်အားပေးစေခိုင်းနေမှုကို MICS-TUsF အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ICRC အနေဖြင့် ချက်ချင်းဝင်ရောက်စုံစမ်းမှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အထွေထွေညီလာခံတွင်လည်း ယခုကိစ္စရပ်ကို အလေးအနက်ထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း MICS-TUsF က ထုတ်ပြန်ထားသည်။

“အခုချိန်မှာ မြန်မာနိုင်ငံက နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ခံနေရချိန်လည်း ဖြစ်တယ်။ နောက် ပြီးတော့ ILO ရဲ့ အရေးယူခြင်းခံနေရတဲ့အချိန်လည်း ဖြစ်တယ်။ အဲဒီတော့ ဒီလိုမျိုး ချိုးဖောက်မှုတွေ ဖြစ်ပေါ်တဲ့အချိန်မှာ ဒီလိုမျိုး အကဲဆတ်လှတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ တော်တော်လေး အံ့ဩရတယ်။ တော်တော်လေး တုန်လှုပ်သွားတယ်။ ဒါပေမယ့် သိပ်တော့မထူးဆန်းတာက လုပ်ချင်ရာလုပ်နေတဲ့သူတွေကို ကျနော်တို့က ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အဲဒီတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရပ်တန့်ဖို့တော့လိုတယ်။ ဒီကိစ္စရပ်မှာ ပါဝင်ပတ်သက်သူတွေကို အရေးယူဖို့လိုတယ်။ ဒီကိစ္စရပ်ကို ခွင့်ပြုပေးခဲ့တဲ့သူတွေကိုလည်း အရေးယူပေးဖို့လိုတယ်” ဟု သူက သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- Reuters ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ရှမ်းကျေးရွာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရှမ်းကျေးရွာ:

Shortcuts

Share